သင်က အထိုင်များသူလား

moonpoemAugust 11, 20111min15314

သင်က ရုံးမှာ ရှိတဲ့ ကွန်ပြူတာရှေ ့မှာ အမြဲတမ်းထိုင်ပြီး အလုပ်လုပ်နေရသူတစ်ယောက် လား။ ဒါဆိုရင် တစ်ခုလောက်မေးပါရစေ။
သင်ရဲ ့ထိုင်ပုံထိုင်နည်းက ဘယ်လိုများပါလိမ့်။ ကျန်ုပ်အထင်ပြောရမယ်ဆိုရင်တော့ အမြဲတမ်းထိုင်နေရတဲ့ အတွက်ကြောင့်
ခါးကို တောက်လျှောက်မဆန် ့နိုင်ပါဘူး။ သင် ဟာ လက်ပြင်ကုန်းကုန်းနဲ ့ပဲ ကွန်ပြူတာရှေ ့မှာ ထိုင်ပြီး အလုပ်လုပ်နေတယ် မဟုတ်လား။ မိတ်ဆွေ ဒါဆိုရင် သင့်ရဲ ့ထိုင်ပုံဟာ ကျန်းမာရေးအတွက် ဘယ်လိုမှ မသင့်တော်ပါဘူး။ ထိုင်ခုံမှာ ပုံစံမမှန်ဘဲ ထိုင်တာများလာပြီ ဆိုရင်တော့ တင်ပါးအသားတွေ ပျော့တွဲလာတာ၊သွေးကြောပိတ်တာတွေဖြစ်ပေါ်လာနိုင်စေပါတယ်။
ဒါကြောင့် သင့်ကို အကြံ ပြုချင်တာက

၁။ သင်အမြဲထိုင်နေမယ့်အစား ဖုန်းပြောတဲ့ အခါ မတ်တပ်ရပ်ပြီး ပြောပါ။
၂။ ပုံစံတစ်ခုတည်းမှာပဲ ထိုင်မနေပါနဲ့။
၃။သတိရတဲ့ အချိန်တိုင်းမှာ ခါးကိုဆန့်ပြီး ထိုင်ပါ။
၄။သင့်ရဲ ့ရုံးမှာ လိုအပ်တဲ့ ပစ္စည်း တွေကို သင်နဲ ့နီးတဲ့နေရာမှာမထားပါနဲ ့။ဝေးတဲ့နေရာမှာ ထားထားပါ။ ဒါမှသင်ဟာ လမ်းလျှောက်ပြီး ထယူဖြစ်မှာပါ။ အမြဲတမ်းထိုင်နေလို ့ဗိုက်ခေါက်တွေ ခါးတွေမှာ အဆီစုနေမှာထက်စာရင်
ထပြီး လမ်းလျှောက်ယူရမှာက သင့်အတွက် မပင်ပန်းလောက်ဘူး ထင်ပါရဲ ့။
၅။ ရုံးမှာ အဆင်ပြေမယ်ဆိုရင်ခေါင်းအုံးအမှီနဲ ့ထိုင်ပါ။ ခေါင်းအုံးအမှီဟာ ခါးရဲ ့ပုံစံကို ပေါ်လွင်စေပါတယ်။
၆။လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် အိမ်မှာပဲ ဖြစ်ဖြစ် ထိုင်မယ်ဆိုရင် အကောင်းဆုံးပုံစံက ဆောင့်ကြောင့်ထိုင်တာဖြစ်ပါတယ်။
ဆောင့်ကြောင့်ထိုင်မယ်ဆိုရင် ခုံနဲ့ထိုင်တာလောက်တော့ ခါးကိုပဲ အမှီပြု နေတဲ့ပုံစံမဟုတ်တော့ပါဘူး။ ပေါင်တွေကိုပါ
အားပြုထားတဲ့အတွက်ကြောင့် ခါးနာခြင်းကို သက်သာစေပါတယ်။
(Good Health Jounalကို ကိုးကားပါသည်)

14 comments

  • mr.lone

    August 11, 2011 at 4:03 pm

    ကျေးဇူးတင်ပါတယ် ။အခုဖတ်ဖတ်ချင်းပဲ ခါးကိုဆန့်လိုက်ပါပြီ ….ပထမတော့ ခါးကုန်းပြီးထိုင်နေမိတာ … စာလည်းတွေ့ရော ခါးမတ်လိုက်တာ အညောင်းပြေသလိုတော့ ရှိသားနော် ။

  • chitlay

    August 11, 2011 at 4:05 pm

    ရုံးမှာက ကွန်ပြူတာရှေ့ တစ်နေကုန်ထိုင်နေရတာ … ခါးကိုတော့ ဆန့်ပြီးမထိုင်မိဘူး … အပြင်းကြောတက်ပြီး လက်ပြင်ကုန်းကုန်းနဲ့ပဲ ထိုင်နေတာ ဇာတ်ကြောတွေတော့ တအားတက်တယ် …
    သတိရရင်တော့ လမ်းထထလျှောက်ပေးပါတယ် … ထမင်းစားချိန်ဆိုလဲ ထမင်းစားပြီးတာနဲ့တန်းထိုင်တာပဲ အထိုင်များတဲ့သူမို့လို့ထင်တယ် ဗိုက်ခေါက်နဲ့ ခါးမှာ အဆီတွေလာစုနေတယ် … ဆောင့်ကြောင့်တော့ ကြာကြာမထိုင်နိုင်ဘူး ခြေထောက်နာလို့ … ဒီလိုဗဟုသုတလေးတွေ သိရတဲ့အတွက် moonpoem ကိုကျေးဇူးတင်ပါတယ်။

    • moonpoem

      August 11, 2011 at 4:10 pm

      ထမင်းစားပြီး နာရီဝက်ကြာတဲ့အထိ မထိုင်ရဘူးတဲ့။ လမ်းလျှောက်တာကလည်း ဗိုက်အောင့်နိုင်စေတဲ့ အတွက် မတ်တပ်ရပ်သင့်တယ်လို ကြားဘူးပါတယ်။ စားပြီးပြီးချင်း ထိုင်ရင်လည်း ကြာတော့ ဗိုက်ခေါက်ထွက်မယ်ထင်တယ်နော်။

  • zawmyothu

    August 11, 2011 at 4:09 pm

    ဒီစာဖတ်နေတဲ. အချိန် ခါးဆန်.လိုက်ပါသည် ဟီးးးး

  • နွယ်ပင်

    August 11, 2011 at 4:15 pm

    အမြဲတမ်းလိုလို သက်တောင့်သက်တာလေးပဲ ခါးကုန်းပြီး ထိုင်နေဖြစ်တာများတယ်
    အခုစာဖတ်နေတုန်းတော့ ပြန်မတ်လိုက်ပြီ 😀 ခဏနေရင်တော့ အရင်လို ပြန်ဖြစ်သွားမယ်ထင်တယ်
    တစ်နေကုန်ဆိုတော့ ကြာကြာမတ်ပြီး မထိုင်နိုင်ပါဘူး
    အခုလို ပိုစ့်တင်ပေးတဲ့ လမင်းကဗျာကို ကျေးဇူးပါနော် ………..

    • etone

      August 12, 2011 at 1:38 pm

      အတူတူပဲ… အဲ့လိုနေရမှ နေသာ ထိုင်သာရှိတယ်လို့ ထင်နေတာ … ။ တနေ့လုံးထိုင်ရတာ များလာတော့ … ဗိုက်ကလေးပူလာတယ် ဟဲဟဲ …

  • Ma Sweet

    August 12, 2011 at 8:09 am

    ကျေးဇူးပါ moonpoem ရေ…… ဒီစာလေးဖတ်မှ ထိုင်တာကိုဂရုစိုက်မိတယ်
    ဒီလိုပို့စ်လေး တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

  • pan pan

    August 12, 2011 at 9:07 am

    ထိုင်ရင်ခါးကုန်းထိုင်သူများတယ်
    တို့က ရုံးမှဆို ခါးကုန်းထိုင်တဲ့အခါလည်းရှိတယ်
    ထိုင်ခုံမှာခပ်လျှောလျှောလေး ထိုင်တဲ့အခါလည်းရှိတယ်
    ကိစ္စရှိလို့ မတ်တပ်ထမှ ညောင်းကိုက်နေတာသိတော့တယ်
    တခါတလေ တင်ပျဉ်လေခွေထိုင်တယ် ခုံပေါ်မှာပဲ
    အပျင်းကြီးပြီး အထိုင်မပြင်ဘဲ လက်တော့ကို ဗျူးပြောင်းကြည့်တဲ့အခါလည်းရှိတယ်
    ကျန်းမာရေးညီညီထိုင်တာတော့ တစ်ရက်၅မိနစ်တောင်မရှိဘူး 😀
    ခုတော့ ခါးလေးမတ်လိုက်ပြီနော်

  • moonpoem

    August 12, 2011 at 9:25 am

    နောက်နေ ့တွေလည်း မတ်မတ်လေးထိုင်ကြရင် ကောင်းမယ်နော် ညီမလည်း အမြဲတမ်းလက်ပြင်ကုန်းထိုင်ဖြစ်တာများတယ်။

  • Snowy

    August 12, 2011 at 9:29 am

    တိုက်ဆိုင်တာများလားကွယ် … Snowy အခု ခါးနဲ့ ကျောတွေ အရမ်းနာနေလို့ ဆေးခန်းတောင် သွားပြထားရတယ် အဓိကကတော့ အထိုင်များပြီး Stress များလို့ပါတဲ့ အမြဲတမ်း ဦနှောက် မျက်လုံးတွေ မနားတမ်းလုပ်နေရတော့ အလုပ်တွေသိပ်များနေတဲ့ အခါကျတော့ အဲဒါကို သတိမထားမိတော့ဘူး သတိထားမိတဲ့အချိန် ဇာက်ကြောတွေ ခါးတွေ တော်တော်တောင့်နေပြီ 🙁

  • manawphyulay

    August 12, 2011 at 11:34 am

    ဟုတ်ပါတယ်။ ခုဆို အထိုင်များတော့ ချိချင်သလိုလို လူက ဝမလာတော့ဘူးဖြစ်နေတယ်။ ဘယ်လိုလုပ်ရမှန်းမသိဘူး။ ဒီလိုနည်းတွေရှိပေမယ့် မလုပ်ဖြစ်တာများပါတယ်။

  • mzm

    August 12, 2011 at 11:50 am

    ဖတ်တုန်းခဏ ခါးဆန့်လိုက်ပါသည် နေသာထိုင်သာရှိပါသည် ကျေးဇူးတင်ပါသည်။

  • Mee2

    August 12, 2011 at 11:24 pm

    ကျေးဇူးတင်ပါတယ်။ခုတော့ အညောင်းပြေသွားလို ့ပါ ဟိ ဟိ။အညောင်းဆန ့ရင်ရုံးမှာက ဒဏ်ငွေတဲ ့——

  • nature

    August 13, 2011 at 7:13 am

    ခါးကုန်းပြီးထိုင်နေတာကြာရင် အူခေါက်ပြီး ဆီးချုပ်ဝမ်းချုပ်ဖြစ်တတ်တယ်လို့ ကြားဖူးပါတယ်။ အဝေးပြေး ဟိုင်းဝေး ယာဉ်မောင်းတွေမှာ ဖြစ်တာများတယ်လို့ ကြားဖူးပါတယ်။

Leave a Reply