ဘာမှမထူးဆန်းဘူး

ရွှေအိမ်စည်August 25, 20111min1107

အချစ်တွေ အများကြီးရလိုက်လို့ ဘဝဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။
အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘဝဟာ ပိုတန်ဖိုးရှိသွားတာပါလို ့ဆောင်ပါးလေးတစ်စောင်မှာ
ဖတ်ဖူးမိပါတယ်..။

အချစ်နဲ့ ပက်သက်ပြီး လူတွေဟာ ကိုယ်လောက် ကိုယ့်ချစ်သူအပေါ်မှာချစ်နိုင်တဲ့သူမရှိဘူးဆိုပြီးခံယူချင်ကြတယ် ယူဆတတ်ကြတယ်။
အဲဒီအယူအဆတွေနဲ့အတူနောက်ဆက်တွဲ ပြဿနာတွေဖြစ်လာရင်လဲ အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုပြီး
ဖြစ်သမျှပြဿနာအပေါ်မှာ အရမ်းခံစားတတ်ကြတယ်။

ရည်းစားန ဲ့ကွဲကြတဲ ့ အခါမျိုးမှာပိုဆိုးပါတယ်…။
အရမ်းခံစားပြီး ကိုယ့်ကိုကို ဘယ်လိုမှမထိမ်းနိုင်ဘူးဆိုပြီး ရက်ရက်စက်စက်ကိုအသည်းကွဲတယ်လို ့ယုံကြည်နေမိတယ်။ကိုယ့်ကိုကိုယ်တောင် လက်ရှိရပ်တည်နေတဲ ့ဒီနေရာကပျောက်ကွယ်သွားချင်တယ်..။
တချိုု ့ဆိုသတ်သေရမလို ပြင်းထန်တဲ့ခံစားချက်တွေဖြစ်လာတတ်တယ်(တကယ်အချစ်ကြီးတတ်ခဲ ့ရင်ပေါ့)။

အဲသလို ဖြစ်လာခဲ့ပြီဆိုရင် အဓိက ယုံကြည်ထားရမှာက ကိုယ့်ကိုကိုယ် ဘာသာရေး အဆုံးအမတရားနဲ ့အရင်ဖြေရပါမယ်..။
ခွင့်လွတ်သည်းခံ စိတ်ကိုမွေးပြီးမှ စိတ်ထိမ်းချုပ်နိုင်တယ်ဆိုတာကိုပြသဖို ့ပါပဲ။
သိပ်တော့ မခက်ခဲပါလှပါဘူး…။

ကျမတို ့ကိုရီးကားတွေ ထဲ ကလိုအော်ကြည့်မယ်…။ပင်လယ်ကမ်းစပ်..ဒါမှမဟုတ်..လူသူရှင်းတဲ ့နေရာတွေ ၊ဒါမှမဟုတ်မိုးပျံဗူးပေါင်းတွေ လွတ်တင်ရင်း မကျေနပ်တာတွေ ကို ဆိုပြီးအော်လိုက်မယ်…၊ သံကုန်ဟစ်ကြည့်မယ်ပေါ့။
မရသေးရင်ထပ်အော်မယ်..ထပ်..ဟစ်ကြွေးပစ်လိုက်မယ်…။
အကြိမ်ကြိမ်ကြိုးစားကြည့်ကြပါမယ်…။နောက်ဆုံးမအော်နိုင်အောင်မောသွားတဲ့ အထိပေါ့။ (အိမ်အနီးနားမှာတော့မလုပ်မိစေနဲ ့နော်……သိတယ်ဟုတ်…အတင်းပြောကြမှာစိုးလို ့ပါ)

ပြီးရင်စိတ်ကြိုက်အစားတွေ စားပစ်လိုက်မယ်(တနေ ့တာပဲ..စားပစ်မှာပါ…နို ့မို ့ဝလာမှာစိုးလို ့ပါ)
နောက်ပြီး ဘာလုပ်စရာရှိလဲဆိုတာကိုစဉ်းစားပါ။စဉ်းစားပြီးရင် အလုပ်ကိုမြန်မြန်လုပ်။ အဝတ်တွေ လျော်မယ်..။
ဘာမှ လုပ်စရာမရှိရင်တောင် ကိုယ့်နေရာကိုယ့်အိပ်ခန်းလေးကို သန့်ရှင်းရေးလုပ်ပေါ့။ သီးချင်းတွေ ဖွင့်ပြီး
မြန်မြန်လုပ်။လုပ်ရင်းနဲ့ သီးချင်းတွေ လိုက်အော်ဆိုရင်းနဲ ့ဒဏ်ရာတွေသက်သာလာပါလိမ့်မယ်။

တချို ့ယောက်ကျင်္ားလေးတွေ ကအသည်းကွဲရင်(ချစ်သူနဲ့အဆင်မပြေရင်) အရက်သောက်တယ်ဆိုတာ မှန်ကန်တဲ့ နည်းလမ်းတော့မဟုတ်ပါဘူး။

မိန်းခလေးတွေ ကတော့အသည်းကွဲ ရင်သောက်စရာမရှိဘူးနော်…ကျစရာမျက်ရည်ဘဲ ရှိကြပါတယ်။။
ဒါဟာမှားယွင်းတဲ့အယူအဆတခုပါပဲ။တကယ်လို ့အသဲကွဲနေရင် ကိုယ့်အလုပ်ကိုကြိုးစားပြီးလုပ်ပါ။

သူငယ်ချင်းတို ့..အတွက် အကျိုးရှိမဲ့ ဖြေဆေးတခုပါပဲ။
ပြီးတော့ သူကိုမှ မရရင်ငါတော့ သေတော့ မှာဘဲအတွေး ကိုစွန် ့လွတ်ရပါမယ်..။
(အစမှာတော့ ခက်ခဲနေပါလိမ့်မယ်….နောက်တော့အဆင်ပြေပါလိမ့်မယ်..။)

ကိုယ့်ချစ်သူကိုဘာနဲ့ မှ အစားထိုးလို့မရပါဘူးဆိုပြီးထင်နေတာဒါဟာ….တကယ်တော့မမှန်ကန်ပါဘူး။
ဒီနေ့ခေတ်မှာ ဗိုက်ထဲမှာ တကယ်ရှိနေတဲ့ အတွင်းကလီစာ ကျောက်ကပ်..၊အသဲ ၊နှလုံးကို၊ တောင်အစားထိုးပြီးကုသနေပါပြီ။
(မလို တာဖယ်လိုတာချန်ပေါ့…အသည်းကွဲ ရင်လည်း..ပြန်ချုပ်လို ့ရမယ်ထင်ပါတယ်)

ခြေပြတ် လက်ပြတ် သွားရင်တောင်..အစားထိုးကုသနိုင်ပြိး..အကြောသေနေတဲ ့ခြေလက်တွေ တောင်လျှပ်စစ်နဲ ့ပြန်ရှင်နိုင်တယ်လေ..ဟုတ်တယ်ဟုတ်..။

ချစ်သူဆိုတာလဲတကယ်တမ်းတော့အစားထိုးလို့ရပါတယ်။အစားထိုးလို့မရဘူးဆိုတာ ညာပြောနေတာ။
(အစားထိုးလို ့ရတယ်ဆိုတာ..ချစ်သူနေရာမှာဥပမာ-စာတွေ ပိုဖတ်မယ်ပေါ)
ဒါပေမယ့် လူဆိုတာကလည်းညာတာလေးကိုပဲကျေနပ်နေတော့ ညာပြီးရင်ညာပေါ့လေ…..

ပထမဆုံး ချစ်သူစထားစဉ်မှာတော့ဒါကိုလက်ခံချင်မှ လက်ခံပါလိမ့်မယ်။
နောက် ချစ်သူပြောင်းမယ်…တယောက်၊နှစ်ယောက်၊သုံးယောက်
ပြောင်းပြီးချစ်လာရင်တော့ ဒါတွေကိုတဖြေးဖြေးနားလည်လာပါလိမ့်မယ်။ ဒါပေမယ့်ကိုယ့်မှာစည်းကမ်းတော့ ထားရမယ်။ ချစ်သူနဲ ့သွားလာနေထိုင်မှုစည်းတော့ စောင့်ထိမ်းနိုင်မှဖြစ်မယ်နော်..။(တချို ့စိတ်နောက်ကိုလိုက်မိသူတွေ အတွက်၊ စိတ်ကို မထိမ်းချုပ်နိုင်ရင်တော့ မလုပ်မိဖို ့လိုပါတယ်)

ဒါမှမဟုတ်လည်း ရခဲလှစွာသော လူ ့ဘဝမှာ အမြတ်ဆုံးသော အပျိုကြီးဘဝကို ကျမလို လက်ဝယ်ပိုင်ဆိုင်ထားချင်ပါလျှင်တော့…
Express Yourself!
A place for free expression..ထဲက အပျိုကြီးလူပျိုကြီးဂုဏ်သရေရှိအဖွဲ ့(ဂေဇတ်)ထဲ တွင် အာလူးပူတီ ဧ။် ဖိုသီဖတ်သီ စာပန်းခင်းကို မန်ဘာဝင်လိုက်ပါ။

ဘာမှမထူးဆန်းဘူး

လျှောက်နေကျလမ်းလေးအတိုင်း

လမ်းလျှောက်ထွက်ခဲ့ကာလာ

မြင်နေကျရှုမျှော်ခင်းတွေနဲ့

ရှူနေကျလေကိုပဲရှူလို့၊

စိတ်ကလေး

မလွမ်းအောင်နေလို့မရဘူး

ကျမလေလွမ်းလွမ်းနေ ….တယ်

သူ့ခမျာ

မပျော်အောင်လည်းနေလို့မရဘူး

ကျမလေ….ပျော်ပျော်နေတတ်တဲ ့သူ

ပျော်ရွှင်တတ်သော
ရွှေအိမ်စည်…
(လောလောဆည်တော့…အသည်းကွဲတာတနှစ်ပြည့်ခါနီးပြီ)

7 comments

  • မီးမီး သော်

    August 25, 2011 at 1:23 pm

    “”ဒါမှမဟုတ်လည်း ရခဲလှစွာသော လူ ့ဘဝမှာ အမြတ်ဆုံးသော အပျိုကြီးဘဝကို ကျမလို လက်ဝယ်ပိုင်ဆိုင်ထားချင်ပါလျှင်တော့…”””
    ကြည့်ပါဦး ရွှေအိမ်စည်က သူများတွေကိုအပျိုကြီး လုပ်ခိုင်းနေပါပီ။ထပ်ပြီး အားပေးပါဦးမယ် အသည်းကွဲရင် အစာများများစားပါ။စိတ်ခိုင်ခိုင်ထားပါ။

  • နွယ်ပင်

    August 25, 2011 at 1:37 pm

    အသည်းကွဲနေရင် ကွဲနေတဲ့ အသဲကိုပြန်ဆက်ပေးဖို့
    ကော်ကောင်းကောင်းကို ရှာလိုက်ပါ ရွေအိမ်စည်ရေ .
    အသည်းက ခဏခဏကွဲနေရင်လဲ အသည်းကွဲနေတယ်ဆိုတဲ့
    ခံစားချက်က ဖြစ်မလာတော့ဘူးတဲ့ ကဲ ဘယ်ဟာကိုရွေးချင်လဲ …… 🙂

  • ရွှေအိမ်စည်

    August 25, 2011 at 1:53 pm

    Express Yourself!
    A place for free expression..ထဲက အပျိုကြီးလူပျိုကြီးဂုဏ်သရေရှိအဖွဲ ့(ဂေဇတ်)ထဲ တွင် အာလူးပူတီ ဧ။် ဖိုသီဖတ်သီ စာပန်းခင်းကို မန်ဘာဝင်လိုက်ပါ။
    …ဟိဟိ

  • pooch

    August 25, 2011 at 1:59 pm

    ကဲကဲ …..အာလူးပူတီရေ လောလောဆယ်တော့ အဖော်လုပ်ပေးမယ် … ဟုတ်ပြီလား ..သွားအော်ချင်တဲ့ နေရာရှိရင်လည်း လိုက်ခဲ့ပေးမယ်…. 🙂

  • မီးမီး သော်

    August 25, 2011 at 2:08 pm

    အာလူးပူတီတော့ မစားတော့ပါဘူး။ရွှေအိမ်စည်ရေ.

    ဟိုက် အပေါ်မှာ က pooch ကအဖော်လိုက်ခဲ့မယ်ဆိုပါလား?????!!!!

  • Moe Z

    August 25, 2011 at 2:11 pm

    ဘာမှအားမငယ်နဲ့ အော်မေ့ဂိုဏ်းမှာ လက်ထောက်ဂိုဏ်းချုပ်ရာထူး လစ်လပ်နေတယ်..

  • ရွှေအိမ်စည်

    August 25, 2011 at 2:17 pm

    လာပါကွာ…ရုံးမှာဖရီးရိုက်ရတဲ ့နေ ့ဘဲ….
    တနေ့ ကုန်အောင်..ဘီးလေးနဲ ့ ရွာပြင် ရှောက်လည်မယ်…..

    ဒန်တန်တန်………….
    အံမယ်…..
    Moe Z says:……..
    တော်တို ့ကျုပ်တို ့အလှမမြင်ဘူးသေးလို ့ပါတော်…..
    ဘာ)))))))))အော်မေ့ဂိုဏ်းမှာ လက်ထောက်ဂိုဏ်းချုပ်ရာထူး

Leave a Reply