ရေဆန်စီးခွင့်ပြုပါ

ရွှေအိမ်စည်October 26, 20122min42615

ဘယ်ပန်းချီဆရာမှရေးမမှိသောမိဘ မေတ္တာကိုအနှိုင်းမဲ ့တင်စားကြပါတယ်။

 ကမာ္ဘတဝှမ်းလုံးရှိ မေတ္တာတရားကြီးမားကြကုန် သော …မိဘတွေ ကမေတ္တာတရားစုန်ရေအနေနဲ ့ပဲရှိကြပြိး။

ဒီတခါကျမအမြင်က.ကျမဖတ်ဖူးခဲ ့သော..သားသမီးက မိဘကျေးဇူးတရားကို ပြန်ကြည့်ရမဲ ့.မေတ္တာတရားဆန်ရေအနေနဲ ့ပြန်ရေးပါမယ်။

သူကြီးက အမြဲပြောတတ်တယ်လေ..မတူသောအတွေးနဲ ့ရေးပါလို ့။။။။။

ဘယ်ပန်းချီရေးမမှိသောမိဘ များရဲ ့အနှိုင်းမဲ ့မေတ္တာကိုကျမရဲ ့ပိုးစုန်းကြူးမျှသောအတွေးခေါ်အမြင်ကမှားယွင်းမိခဲ ့ရင်ကျမကိုခွင့်လွတ်ပေးပါလို ့၊

တချို ့သောသားသမီးတွေမေ ့လျှော ့နေမှာစိုးလိုသတိပေးလိုက်တာပါ။

တခါတခါလူဆိုတာမျိုးကမှားတတ်ကြတယ်လေ.သိလို ့မှားတာရယ်..မသိလို ့မှားမိတတ်ကြပါတယ်၊။

 

မိဘအရင်းတွေရဲ ့မေတ္တာတရားဟာဘယ်လောက်ထိကြိီးမားမယ်ကျမ မခန် မှန်းနိုင်ပါဘူး..

မွေးစားမိခင်တွေ ရဲမေတ္တာတရားကကျမအပေါ်ကြီးမားလွန်းလှပါတယ်။

 

ရေဆန်ဆိုတာ.

သားသမီးဆိုးတော့ မိဘက ဆုံးမတယ်။

ပိုလိမ္မာအောင် ကျောင်းကဆရာကို သေချာ လိုက်အပ်တယ်။

အမြင်မတော်တာတွေရင် ဆုံးမပါတဲ့အိမ်နီးချင်းတွေကိုလည်း အကူအညီတောင်းတယ် တူလိုသားလိုသဘောထား မလိမ္မာရင် ပြောပါဆိုပါတဲ့။

ဘုန်းကြီးကိုလည်း အပူပေးတယ် ဒီဒကာငယ် မလိမ္မာဘူးဘုရား ဆုံးမပေးပါတဲ့။

မိဘမေတ္တာ သားသမီးတွေက်ု လိမ္မာစေချင်တာ အမြင်မတော်တာ မလုပ်စေချင်တာ။

မတင့်တယ်တာ မဖြစ်စေချင်တာ စေတနာစကားတွေ စိုးရိမ်စကားတွေဆိုကြတာ။ သွန်သင်ကြတာ။

 

သားသမီးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ မိဘတွေ ကိုယ့်ကိုဘယ်လိုရှာဖွေကျွေးနေတယ် စိတ်မဝင်စားဘူး။

လိုချင်တာဝယ်ပေး တောင်းတာ ရရင် ကျေနပ်နေတာပဲ။

နေ ့တဓူဝ ကိုယ့်မိဘရဲ ့ဒုက္ခကို သားသမီးဘယ်နှစ်ယောက်က စစ်ဆေးကြည့်ဖူးပါသလဲ။

ကျနော့မိဘ ကျမမိဘ မလိမ္မာလို ့ဆိုပြီးကော ဘုန်းကြီးအပ်ကြသလား။

ကျနော့အဖေ အမြင်မတော်တာ လုပ်နေလို ့ကော ဘောလုံးပွဲတွေလောင်းနေတာကော အိမ်နီးချင်းကို အကူအညီတောင်းကြလား။

 

ကျမ အမေတော့ မတရား နှစ်လုံးထီ ကိုင်နေတယ် ကော ဆရာတော် ကို တိုင်တာကြားဖူးလား။

 

ရတဲ့လခနဲမမျှသုံးနေတာနည်းနည်းလေးမှမတွေးတတ်ဘူးလား။

မိဘကမဟုတ်တာတွေလုပ်နေရင်ဒုက္ခရောက်မှာမစိုးဘူးလား။

အိုကြီးအိုမကြမှ ကိုယ့်မိဘ အသေမဖြောင့်ဖြစ်မှာ စိတ်မပူမဟုတ်လား။

 

မေတ္တာမှမတူတာ။မိဘကသားသမီးအပေါ်ထားတဲ့မေတ္တာနဲ့သားသမီးကမိဘအပေါ်ထားတဲ ့မေတ္တာမတူနိုင်ပါဘူးနော်

လိမ်လိမ်မာမာ လေး ကာဗာတောင် ယူလိုက်သေး။ ကံကြီးထိုက်မှာစိုးလို ့တဲ့

အတ္တ အတ္တ ကိုယ်ကတော့ကံကြီးထိုက်မှာစိုးတယ် မိဘတော့ငရဲသွားစေပေါ့။

အမှန်ကတော့လမ်းမှားနေတဲ့ မိဘကို လမ်းမှန်ပေါ်တင်ပေးမှ တကယ် ကုသိုလ်ရမှာ။

ကိုယ့်မိဘကိုတကယ်ချစ်ရင် ပြောရမှာပေါ့။ အဖေကြီးရယ်အမြင်မတော်လို ့ပါပေါ့။

သားသမီးပြောရင် မိဘက လက်ခံပါတယ်။

မိဘနဲ ့သားသမီး ဆိုတာ တစ်ယောက်ကိုတစ်ယောက် ရွေးချယ်လို ့ရတာမဟုတ်ဘူး။

 

ဗိုက်ထဲရောက်လာတဲ့ကလေးကို သူခိုးလားလို ့မေးပြီး ဗီဇာမပေးပဲထားလို ့ရတာမဟုတ်ဘူး။

 

ကိုယ့်မိဘကိုလည်း လူလိမ်လားလို ့smsပို ့မေးနိုင်တာမဟုတ်ဘူး။

ရေစက်ကြောင့်ဆုံကြပြီ။ မိဘကတော့ဘာလေးဖြစ်ဖြစ်ချစ်တာပဲ။ ကောင်းစေချင်တာပဲ။

ကိုယ်တွေ သားသမီးတွေကကော မိဘ ကိုတကယ်ချစ်ကြရဲ ့လား။

တကယ်ချစ်ရင်တော့ မဟုတ်မှန်းသိရက်နဲ ့ဒီ့အတိုင်းပစ်မထားသင့်ဘူး။

 

ကိုယ့်မိဘဒုက္ခရောက်မှာကို လက်ပိုက်ကြည့်နေရင်တော့ တကယ်ကံကြီးထိုက်မှာလို ့ထင်တာပဲ။

မိဘကျေးဇူးဆပ်တယ်ဆိုတာမိဘကိုငွေပုံပေး၊လိုအပ်တာဝယ်ပေးယုံတင်မဟုတ်ဘဲ၊

မိဘလမ်းမှားရောက်ခဲ ့ရင်လည်း..သားသမီးတစ်ယောက်အနေနဲ ့လမ်းမှန်ပို ့ပေးရပါမယ်..။

 

ဘုရားကျောင်းကန်တရားမနာတတ်သောမိဘများရှိရင်လည်း..အမေရယ်ဒိတရားလေးနာကြည့်ပါ..

အဖေရယ်ဒိတရားလေးနာကြည့်ပါ…နဲ ့ဘာသာတရားနဲ ့လည်းကျေးဇူးဆပ်နိုင်ပါတယ်..

ဒါကြောင့်သူငယ်ချင်းရေ…မိဘကျေးဇူးဆပ်နိုင်ဘို ့ရေဆန်ပြန်စီးနိုင်ဘို ့အတွက်

 

ရေဆန်စီးခွင့်ပြုပါ

အမိအဖမေတ္တာ

တုနှိုင်းမမှီတောင်ကျရေပမာစီး

အစုန်ခရီးနှင်

မမောမပန်းတသွင်သွင်ထွေးဖက်

ကောင်းရာညွှန်လတ်

အနွေးဓါတ်နှင့်မွန်းမံ

သောကတွေရင်စည်းခံလို့

သားဖို့၊သမီးအတွက်

နေ့စဉ်လဆက်

နှစ်အထပ်တည်တိုင်အောင်

ပင်ပန်းလှပြီနော်

ဒါကြောင့်အမေ နဲ ့အဖေရေ

ထည်ကြည်စွာဘာဝနာနဲ ့

အေးချမ်းစွာတရားရိပ်နားပါတော့

 သားတို ့တကြော့ပြန်

လောကဒဏ်ရေဆန်ခရီး

အမိအဖကျေးဇူးတခါခွင့်ရယ်ကြံ ု

တဖန်ပြန်စီးခွင်ပြုပါ။ ။

ချစ်သာသား

ရွှေအိမ်စည်

မိဘကျေးဇူးဆပ်ခွင့်လူတိုင်းရပါစေ

15 comments

  • kai

    October 26, 2012 at 1:41 pm

    ရွှေအိမ်မမ..
    ကော်မန့်.. ကိုယ်ဖာကိုယ်ပိတ်မိသွားပုံရပါတယ်..
    ပြန်ဖွင့်လိုက်ပြီဖြစ်ပါကြောင်း..

  • ကိုခိုင်ရေ
    ကျနော်ကြုံဘူးတာတော့ ကော်နက်ရှင် ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတဲ့အချိန်တင်မိရင်
    ကော်မင်းက အလိုလို အော်ဖ်ဖြစ်သွားတတ်ပါတယ်။
    တမင်မပိတ်ဘဲ ပိတ်နေတာ ဒီနေ့တောင်တစ်ပုဒ်အဲလိုဖြစ်သွားတာ
    သူများပြောမှသိတယ်

  • kyeemite

    October 26, 2012 at 3:23 pm

    ရေဆန်စီးခွင့်ပြုပါတယ်
    အဖေမကောင်းရင်အဖေ့ပြော
    အမေမကောင်းရင်အမေ့ပြော
    ပြောခွင့်ပြုပါတယ်
    ဒါပေမဲ့ စိတ်ကူးကတော့..ဟုတ်ပေမဲ့
    လက်တွေ့မှာတော့ခက်လှပါတယ်…
    ကြိုးစားကြည့်ကြပါလို့သာ….

  • jullies cezer

    October 26, 2012 at 3:31 pm

    မရွှေအိမ်စည်ရေ ဒါကပြောရခက်တယ် တချို့မိဘတွေက ငါပြောသလိုလုပ်
    ငါလုပ်သလိုမလုပ်နဲ့ဆိုပြီး အသိအခေါက်ခက်အဝင်နက်တွေကျ ဘယ်လိုမှ
    လမ်းမှန်အောင်လုပ်ပေးလို့မရတာတွေ ကျွန်မပတ်ဝန်းကျင်မှာအများကြီး
    တွေ့ခဲ့ဖူးပါတယ် အစ်မပြောသလိုလက်ခံတဲ့မိဘတွေရှိကြသလို လက်မခံတဲ့
    မိဘတွေလည်းဒုနဲ့ဒေးပါပဲ ………..

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    October 26, 2012 at 3:57 pm

    ပြောတော့အလွယ်သား….
    လေးမိုက်ပြောသလို… မိဘတွေကရော… ငါပြောတာနားထောင် ငါပြောတာ ၁၀၁% အမှန်…
    သားသမီးပြောတာ ဘယ်လောက်မှန်မှန် လက်ခံနိုင်ပါ့မလား…
    မိချောင်းမင်းရေကင်းပြသလိုလာမလုပ်နဲ့လို့ ဘယ်နှစ်ခါလောက်အပြောခံရမလဲမသိ…

    မြန်မာနိုင်ငံရဲ့ပတ်ဝန်းကျင်မှာ မိဘကိုမှားလို့ မှားနေတယ်လို့ပြန်ပြောတဲ့ သားသမီးက သားသမီးဆိုးသားသမီးမိုက်စာရင်းထဲမှာ အော်တိုဝင်ပြီးသား…
    မိဘစုံတွဲအားလုံးရဲ့ ၃၀%လောက်ရှိပါ့မလားတောင်တွေးမိတယ်…
    လက်တွေ့လုပ်ကြည့်ပေါ့… ကံကောင်းပါစေလို့ဘဲပြောမိတယ်…

    ဗျာ…အဖေ…???
    ဂဇက်မှာ ဗဟုသုတရတဲ့စာတွေဖတ်နေတာပါဗျာ… အလေလိုက်နေတာမဟုတ်ပါဘူး…
    ……………….
    ခင်ဗျာ… အဖေ့ကိုဆန့်ကျင်တာမဟုတ်ပါဘူး… အားအားယားယားကွန်ပျူတာရှေ့ထိုင်နေတာလဲမဟုတ်ပါဘူး…
    ………………
    ဗျာ…..?????????
    ဟုတ်…?????????
    ဟုတ်…?????????

    သွားဦးမယ်ဗျာ…
    အဖေကခိုင်းနေပြီ…

  • အလင်းဆက်

    October 26, 2012 at 8:30 pm

    သိပ်ကောင်းတဲ ့ ပိုစ်လေးပါပဲ.ဗျ ာ ။

    ဒီလ….

    ဂေဇက် ဆု အတွက်….အဆိုပြု..ပါတယ်ဗျိ ု ့။
    ခေါင်းစဉ်က အစ…
    စာ တစ်လုံးချင်စီမှာာကို…
    နှစ်သက်စရာ.. အပြည့်ပါ ။

  • မောင်ပေ

    October 26, 2012 at 9:16 pm

    မိဘကျေးဇူး
    အထူးသိပြီး
    တတ်သမျှဆပ်ပါ
    ထိုအခါ
    ဘုန်းကြီးသက်ရှည်
    ကျန်းမာ ချမ်းသာ
    အနာကင်းရာ
    စိတ်ချမ်းသာ

  • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

    October 26, 2012 at 10:26 pm

    မိဘပြောတိုင်းမမှားသလို….
    မိဘပြောတိုင်းလည်း မမှန်ပါဖူး……..

    မိဘက မှားနေရင် ပါးပါးနပ်နပ်လေးနဲ ့ ပြင်ပေးတက်ရမှာက သားသမီးတာဝန်….
    မိဘက မှားနေရင် အရှက်မကွဲစေပဲ သတိပြုမိအောင် လုပ်ရမှာက သားသမီးတာဝန်…..
    မိဘက ခေတ်နောက်ကျနေတာကို မပစ်ပယ်ပဲ သေသေချာချာ နားလည်အောင် ရှင်းပြရမှာက သားသမီးတာဝန်…..

    မိဘဆိုတာ အိုသွားပါပီ….
    သူတို ့ဟာ ကိုယ့်ရဲ့ အသစ်ရခါစ ရီးစားလေးလို ့ပါပဲ….
    အလုပ်များနေတဲ့ ကိုကို မမ တွေဆိုရင် မိဘနဲ ့ ခဏတာ တွေ ့ရမှာပဲ….
    တွေ ့တဲ့အချိန်လေးမှာပဲ ဆိုးချင်တယ် နွဲ ့ချင်တယ်…..
    လိုချင်တာလေးတွေ ခိုင်းချင်တယ်…..
    မှားနေမှန်းသိရင်တောင် ကိုယ့်ကို အလိုလိုက်စေချင်တယ်……
    ဒါကို နားလည်စေချင်ပါတယ်……

    ဟာ ဒီအဘိုးကြီး ခေတ်မမှီလိုက်တာ အောက်လိုက်တာ ဘာတွေမှန်းလည်း မသိဖူး… နားလည်းမလည်ဖူး…..
    သူတို ့ခေတ်က အင်တာနက်တောင် မရှိဘဲနဲ ့… သားကို ဆရာ မလုပ်စမ်းပါနဲ ့ဆိုတဲ့စကားတွေက….

    ဆဲတဲ့ စကားလုံး တလုံးမှ မပါပေမဲ့…… သူတို ့ရဲ့ရင်ထဲ ဒါးနဲ ့မွန်းပီး ဒဏ်ရာကို ဆားနဲ ့ပတ် တာထက် နာကျင် ရပါကြောင်း……..

    လေးစားလျက်
    တိမ်မည်း….

  • padonmar

    October 26, 2012 at 11:03 pm

    သဒ္ဓါမရှိတဲ့ မိဘကို သဒ္ဓါရှိအောင်
    သီလမရှိတဲ့ မိဘကို သီလရှိအောင် လုပ်ပေးနိုင်ရင် မိဘကျေးဇူးဆပ်ခြင်းမည်တယ်လို့ မှတ်ဖူးပါတယ်။

  • candle .

    October 27, 2012 at 11:38 am

    အမရေ..
    အရမ်းကောင်းတဲ့ပိုစ့်လေးပါ..
    အိပ်ပျော်နေသူကို ပုတ်နှိုးလိုက်သလိုပါဘဲ..
    တချို ့ကြတော့လည်း အော်..ငါ့ မိဘ အသက်ကြီးပြီ
    ကျန်နေသေးတဲ့ ဘဝလေးမှာ သူတို ့စိတ်ချမ်းသာသလိုသာ
    ဖြတ်သန်းကြပါစေတော့ လို ့..ဆိုပြီး မိဘကို အလိုလိုက်မိကြတာပါ..

  • ဦးဦးပါလေရာ

    October 27, 2012 at 10:19 pm

    ထူးခြားတဲ့ အတွေးလေးပါပဲ..
    လေးလေးနက်နက်ထောက်ခံလိုက်ပါတယ်။

    အပေါ်က သီဟသူရတိမ်မည်းရဲ့ ကွန်မင့်လေးကိုလဲ နှစ်သက်မိပါကြောင်း…။

  • Mobile

    October 27, 2012 at 11:09 pm

    မြင်မိုရ်တောင်ဦးမြင့်ခေါင်ကျူးဂုက်ကျေးဇူးကို အထူးသိလျက်မိဘစက်
    အရေးအသား အသုံးအနှုန်း ဖတ်၍အလွန်ကောင်းပါကြောင်း

  • kai

    October 28, 2012 at 3:03 am

    ယူအက်စ်နိုင်ငံရေးမှာ.. အကြီးဆုံးလာဖြစ်နေတဲ့.. ပြဿနာတခုပဲ..
    ဒါက.. အခုလာမယ့်ရွေးကောက်ပွဲမှာ.. သမ္မတ(အစိုးရ) ဖြစ်မှုကိုတောင် အဆုံးအဖြတ်လာပေးနေပါတယ်..
    ဘာလည်းဆိုတော့.. ကိုယ်ဝန်ဖျက်သင့်/မသင့် ကိစ္စပါ..။
    တိုက်ရိုက်ပြောရင်တော့.. သားသမီးကို.. ဗီဇာပေး/မပေး ဆုံးဖြတ်ခွင့်ပေါ့..။

    နောက်တခုထပ်ဖြည့်ရရင်..
    ယူအက်စ်မှာ.. ကလေးကိုယ်ဝန်ရှိရင်.. ဗိုက်အပ်ရပါတယ်..။
    အဲဒီမှာတင်.. ဗိုက်ထဲကကလေးကို.. ခေါင်းအရွယ်တိုင်း. ခန္ဓာအချိုးတွေတိုင်း.. ခါးချဉ်ဆီဆွဲထုတ်စစ်ဆေး.. ဦးနှောက်ဉာဏ်ပြည့်သူ..ဒေါင်းစင်ဒရုန်းဖြစ်မဖြစ်.. သေသေချာချာစစ်ကြတယ်..
    မိဘက.. ရွေးချယ်ခွင့်ရှိပါတယ်..

    ကလေးလေးကတော့..မိဘကို.. ရွေးချယ်ခွင့်မရှိသေး..
    အဲဒါကြောင့်..
    မြန်မာပြည်ထဲပဲကြည့်…
    ဘင်္ဂ ါလီတွေ မယားအများကြီးယူတော့.. မွေးလာတဲ့ကလေးတွေ.. လူဦးရေပေါက်ကွဲမှုဖြစ်နေတယ်တဲ့..
    ဆိုတော့..
    ရွေးချယ်ခွင့်မရပဲ.. မွေးလာတဲ့.. အဲဒီကလေးတွေ(မှာ/ကို). ဘာအပြစ်ရှိသလည်း.. ဘာပုဒ်မတပ်ပေးနေချင်ကြသလည်း..

    အဲဒါလေးတွေ.. .မတူတဲ့အတွေးနဲ့.. ဝင်ဖြည့်တွေးပေးလိုက်ကြောင်း..။

  • ကိုခိုင်ရေ
    မိဘနှစ်ပါးပေါင်းပြီး နောက်တစ်ခုဖြစ်လာအောင်သူတို့ကိုယ်တိုင်လုပ်ထားပြန်တော့
    ဖြစ်လာမယ့်ကလေး က ဘာရွေးခွင့်ရှိမလဲနော်

Leave a Reply