နို်င်ငံခြားသားနှင့် မြန်မာအမျိုးသမီးတို့အား လက်ထပ်ပေးခြင်းမပြုရန် တရားရေးဝန်ထမ်းနှင့် ဥပဒေဝန်ထမ်းများကို ညွှန်ကြားထား

klnMay 10, 20101min470

နိုင်ငံခြားသားနှင့် မြန်မာအမျိုးသမီးများအား ထိမ်းမြားလက်ထပ်ပေးခြင်းကိစ္စကို လက်ခံဆောင်ရွက်ခြင်းမပြုရန် တရားရေးဝန်ထမ်းများနှင့် ဥပဒေဝန်ထမ်းများကို သက်ဆိုင်ရာမှ ညွှန်ကြားထားကြောင်း တရားရုံးချုပ်ရှေ့နေတစ်ဦးက ပြောသည်။ ယင်းညွှန်ကြားချက်ကို ယခင်ကတည်းက ထုတ်ပြန်ထားသော်လည်း ယခုအခါ ယင်းကဲ့သို့ကိစ္စများ မပြုလုပ်ရန် တရားရေးဝန်ထမ်းနှင့် ဥပဒေဝန်ထမ်းများအား တင်းတင်းကျပ်ကျပ် ထပ်မံညွှန်ကြားထားကြောင်း သိရသည်။ “ကျွန်တော်တို့လို ဥပဒေဝန်ထမ်းတွေအပြင် ကျေးရွာရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်တွေကိုလဲ သက်ဆိုင်ရာက ထပ်မံညွှန်ကြားထားတယ်လို့သိရတယ်။ မြန်မာနိုင်ငံအတွင်းမှာ တရားဝင် လည်ပတ်အလုပ်လုပ်ကြတဲ့ နိုင်ငံခြားသားတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေ၊ ပြဋ္ဌာန်းချက်ညွှန်ကြားချက်တွေနဲ့အညီ နေထိုင်ခြင်းမရှိရင် ၁၉၄ရခုနှစ် လူဝင်မှုကြီးကြပ်ရေး(အရေးပေါ်ပြဋ္ဌာန်းချက်များ)အက်ဥပဒေအရ ပြည်နှင်ဒဏ်ပေးနိုင်ပါတယ်”ဟု တရားရုံးချုပ်ရှေ့နေ့ ထပ်မံပြောသည်။ နည်းလမ်းအမျိုးမျိုးဖြင့် သွေးဆောင်ကာ နိုင်ငံခြားသားများနှင့် လက်ထပ်ပေးရန်ဆောင်ရွက်နေသော အမျိုးသားစိတ်ဓာတ်ကင်းမဲ့သည့် လူပွဲစားများကိုလည်းဖော်ထုတ်ကာ အရေးယူပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံအသီးသီးမှ ဝင်ရောက်လာကြသည့် နိုင်ငံခြားသားများအနက် အချို့သော နိုင်ငံခြားသားများသည် မြန်မာနိုင်ငံရှိ လူပွဲစားများနှင့်ဆက်သွယ်၍ မြန်မာအမျိုးသမီးများကို နည်းလမ်းအမျိုးမျိုးဖြင့် ဖြားယောင်းသွေးဆောင်နေကြကြောင်း ၂၀၁ဝခုနှစ် မေလ ၁၁ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။