နိုင်ငံ တကာ က လာရောက် ကြည့်ရှု့ သူတွေ နှင့် စည် ကားနေပြီး တောင် ကိုရီးယားနိုင်ငံ၊ ဂျင်ဒိုဆိုတဲ့ ကျွန်း ကလေး တစ် ခုမှာ မိုးစက်ရဲ့အံ့ ဩဖွယ်ရာ ဖြစ်ရပ် ဆန်းကျယ် လို့ ခေါ်ဆိုတဲ့ အလွန် ထူးဆန်းလွန်းတဲ့ သဘာဝဖြစ်ရပ် တစ်ခုနှစ်စဉ်ဖြစ်ပေါ်လေ့ ရှိကြောင်း သိရသည်။ တစ်နှစ်ကို နှစ်ကြိမ်၊ ပင်လယ်ရေ ကျချိန်မှာ အဆိုပါ ဂျင်ဒိုကျွန်းနှင့် မိုဒိုကျွန်း အကြားက ရေပြင်မှာ အရှည် ၂.၈ ကီလိုမီတာ (၁.၇မိုင်ခန့်) နဲ့ အကျယ် ၄၀မီတာ (၁၃၁ပေ ခန့်)ရှိတဲ့ မြေပြင်ပေါ်လာပြီး လူတွေဖြတ်သွားလို့ ရအောင် တစ်နာရီလောက် ကြာအောင် ဖြစ်နေတတ်ကြောင်း သိရသည်။ ထိုသဘာဝ ဖြစ်ရပ်ဆန်းကို ပွဲတော်တစ်ခု အနေနဲ့ ကျင်းပကြပြင် ကမ္ဘာတစ်ဝန်းက လာရောက်ကြသူတွေလည်း နှစ်စဉ် ပါဝင်လေ့ရှိကြသည်။ ထိုဖြစ်ရပ်ဆန်းကို ၁၉၇၅ ခုနှစ်အထိ ပြင်ပကမ္ဘာမှ မသိရှိကြသေးပါဘူး ၄င်းနှစ်မှာ ပြင်သစ်ပြည်က သံတမန်တစ်ဦး တောင်ကိုရီးယားကို လာရောက် လည်ပတ်ခဲ့ပြီး နောက် ထိုအကြောင်းကို ပြင်သစ်သတင်းစာမှာ ရေးသားခဲ့ပြီး ကမ္ဘာက သိရှိသွားခဲ့တာဖြစ်သည်။ ကမ္ဘာ့တခြား ဘယ်နေရာမှာမှ ဒီလိုမရှိဘဲ ထိုဖြစ်ရပ်ဆန်းရဲ့ သမိုင်းကတော့ တစ်ချိန်မှာ ဂျင်ဒိုကျွန်းရဲ့ ရွာကလေးဟာ ကျားဆိုးတွေရဲ့ ရန်ပြုတိုက်ခိုက်ခြင်းခံခဲ့ရပြီး ရွာသားတွေ အားလုံးဟာ အနီးအနားက မိုဒိုကျွန်းကို ထွက်ပြေး ခိုလုံနိုင်ခဲ့ကြပေမယ့် အသက် အရွယ်ကြီးရင့်သူ အဘွားအို တစ်ဦးကတော့ ကူညီမယ့် သူမရှိလို့ နောက်မှာ ကျန်နေခဲ့ရရှာပြီး စိတ်ပျက်အားငယ်စွာနဲ့ သူမဟာ ပင်လယ်စောင့်နတ်မင်းကို တိုင်တည် ရှိခိုးဆုတောင်းခဲ့ရာမှ၊ နတ်မင်းကြီးက ပင်လယ်ပြင်ကြီးကို နှစ်ခြမ်းခွဲကာ သူမကို သွေးဆာနေတဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ ဘေးကနေ လွတ်အောင် မိုဒိုကျွန်းကို ထွက်ပြေးနိုင်ဖို့ ဖန်ဆင်းပေးခဲ့တယ် လို့ဆိုကြပါတယ်။ အဲဒီကနေစပြီး နှစ်စဉ်နှစ်တိုင်း ပင်လယ်ရေပြင်ဟာ ကျွန်းနှစ်ကျွန်းကို ကူးပြီး လူတွေဖြတ်သန်း သွားနိုင်အောင် လျော့နည်းပေးခဲ့ရတယ်လို့ ဆိုကြသည်။ ကြုံတောင့်ကြုံခဲမို့ လာရောက် ဆင်နွှဲကြပြီး ထိုပွဲတော် အဖြစ်အပျက်ဟာ နှစ်စဉ် မေ ၁၈ရက်မှာ ဖြစ်ပေါ်လေ့ရှိကြောင်း ကိုရီးယားတွေကတော့ နှစ်စဉ် မတ်၊ မေနဲ့ ဇူလိုင်တွေမှာ ပွဲတော်ကို ကျင်းပကြကြောင်း သိရသည်။ အခုတော့ ပိုမိုများပြားလာတဲ့ ဧည့်သည်တွေကြောင့် ပွဲတော်ကို ဧပြီမှာလည်း ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရ သည်။

original Link လေးပါ – http://www.yoyarlay.com/international-news/international-news/asia/11152-2011-08-11-07-25-33

About ရွှေတိုက်စိုး

has written 79 post in this Website..

   Send article as PDF