မြန်မာ့ပန်းချီ .. အဆက်

fattyAugust 12, 20112min10210

ကျနော်အခုတင်နေတဲ့ပန်းချီပြပွဲက ၁ဝ ရက်နေ့ကဘဲ ပြီးသွားပါပြီ ..။ ဒါကြောင့်လက်ကျန်ပုံတွေ တင်လို့ရသမျှတင်ပေးလိုက်ပါတယ်။

ဗိုလ်ချုပ်ဈေး ပန်းချီပြခန်းက တပါတ်တခါပြောင်းပါတယ်။
အခု နောက်ပြပွဲတခု စနေပါပြီ။ ရောက်ဖြစ်ရင် စိတ်ကြိုက်ပုံလေးတွေ တင်နိုင်အောင်ကြိုးစားပါ့မယ်။
အရင်ပိုစ်မှာတင်ထားတဲ့ ပုဂံဘုရားပွဲပုံ နဲ့ နွားလည်းချွတ်ပြီးနားနေပုံက ပန်းချီကားတကားကို ၃ သိန်းပါ။
ပြခန်းကိုဆက်သွယ်ပြီးဝယ်ယူနိုင်ပါတယ်။
ဖုံးနံပါတ်တော့မသိသေးပါဘူး ။
နောက်ဆုံး မင်းသားမင်းသမီး ၂ပါးသွားကဟန် က ကောက်ရိုးပန်းချီပါ။

10 comments

  • nozomi

    August 12, 2011 at 4:18 pm

    ဒုတိယပုံ၊ကိုရင်လေးတွေ၊ငှက်ပျောဖီး အကုန်သဘောကျပါတယ်
    ဒုတိယပုံကတော့ ကြည့်မိလိုက်တာ တော်တော်နဲ့ကိုရှေ့ဆက်သွားလို့မရတော့ဘူး
    အတွေးတွေ များသွားရတယ်

  • kai

    August 12, 2011 at 4:26 pm

    ပထမဆုံးပုံက… အပေါ်ကလူကို..အပေါ်ဆင့်နေရာက ကြည့်ဆွဲထားတာဖြစ်ပေမဲ့.. ပင်လယ်ပြာရဲ့ဆွဲဆောင်မှုပျောက်ပြီး.. လန့်စိတ်လေး ပေးလိုက်တယ်လို့ ထင်တာပါပဲ..။
    ( မူရင်းမမြင်ရတာမို ့..လှိုင်းအစပ်ရိပ်ကလေးတွေကြည့်ပြီး… ပင်လယ်လို့ပဲ..မှတ်ချက်ချလိုက်တာပါ)

    ယောကျာ်းနေရာမှာ.. မိန်းကလေးတယောက်သာဆိုရင်… အတွေးတော်တော်များသွားလောက်ပါတယ်..။ 🙂

    • ဆူး

      August 12, 2011 at 5:26 pm

      မိန်းမ မဟုတ်ပဲ ယောကျား ဖြစ်နေရခြင်း အကြောင်းအရင်းက အိမ်ပြန်ရင် ဝမ်းစာ ပိုက်ဆံ မပါလို့ ဘယ်လို လုပ်ရမလဲ စဉ်းစားနေတာ.. အိမ်သူက ကလေးတွေ နဲ့ ထမင်းချက်ဖို့ စောင့်နေလို့ ပန်းချီထဲ မပါနိုင်သေးဘူး။ ဟိဟိ

  • PaukPhaw

    August 12, 2011 at 6:29 pm

    ငှက်ပျောသီးပဲ ကြိုက်တယ်ဗျာ..
    ချွတ်စွတ်ပဲ..
    ပူးတောင် ပူးနေလိုက်သေးတယ်.
    ဂွတ်ထ

  • MaMa

    August 12, 2011 at 6:44 pm

    ကူးယူထားလိုက်ပါတယ်။ ခွင့်ပြုပေးပါ နော်။

  • စုန်းထီး

    August 12, 2011 at 8:54 pm

    ဖီးကြမ်းသီး
    သားသားကြိုက်ကြိုက်
    အခုတောင် စားချင်မိပြီ … 😀

  • စုံ စုံ

    August 13, 2011 at 11:50 am

    အပေါ်ဆုံးပုံရယ်
    ငှက်ပျောသီးရယ်ကြိုက်တယ်
    အပေါ်ဆုံးပုံကိုဘာမှန်းမသိဘဲကြိုက်ပေမယ့်
    ငှက်ပျောသီးပုံကတော့တူလွန်းလို့ကိုကြိုက်တာ
    တော်တော်လက်ရာမြောက်တယ်

  • fatty

    August 14, 2011 at 2:16 pm

    ကျနော့အမြင်ပြောတာ … အပေါ်ဆုံးပုံမှာ သူငယ်လေးတစ်ယောက် ပင်လယ်ပြင်ကြီးကိုကြည့်ပြီးငေးမောနေတယ် … ဝမ်းရေးလား .. အချစ်ရေးလား …
    အချစ်ရေးဖြစ်ဖို့များတာပေါ့နော .. အဲဒီမှာ အတွေးကျယ်ပြန့်ပုံကို ပင်လယ်ပြင်ပုံနဲ့
    ကာလာ plain လုပ်ပေးထားလို့ ပိုပြီးကျယ်ပြန့်သွားတာပေါ့ .. ပင်လယ်ကို high light မလုပ်
    ထားဘူး … လုပ်လိုက်ရင် ခံစားသူတွေရဲ့အာရုံက ပန်းချီဆရာပေးချင်တဲ့ ရည်ရွယ်ချက်ကိုရောက်မှာမဟုတ်တော့ဘူးလေ … သူငယ်လေးဆီကိုမရောက်ဘဲ ပင်လယ်ရဲ့အလှကို ရောက်သွားလိမ့်မယ် …။

  • MaMa

    August 14, 2011 at 4:48 pm

    အကြိုက်ဆုံးပုံ ရွေးပေးရရင် ဒုတိယပုံကို ရွေးချင်တယ်။ တစ်ယောက်တည်း လမ်းလျှောက်နေတဲ့ပုံမှာ လှုပ်ရှားမှုပုံရိပ်လေးကို တွေ့ရတယ်။ လေကလေးတိုက်နေတာလည်း ပုံပေါ်တယ်။ ကျယ်ပြန့်တဲ့ကောင်းကင်ပြင်ကြီးနဲ့ မြေကြီးလမ်းကလေးကလည်း စိတ်ထဲတမျိုးပဲ ခံစားရတယ်။

  • manawphyulay

    August 14, 2011 at 5:50 pm

    ပန်းချီကားတွေက ဝယ်ချင်စရာတွေကြီးပဲနော်။ ဈေးတွေကလည်း ရှယ်တွေပဲ…. ဘာမှမဝယ်နိုင်သေးပါဘူး။ သွားတော့ သရေကျဦးမယ်။

Leave a Reply