ငွေပေးမှ ဘုရားဖူးရတော့မှာလား…..?

ဝိညာဉ်ပြာAugust 12, 20111min21423

ဒါက အစကတည်းက ရှိချင်လည်းရှိမှာပေါ့လေ။ ကျွန်တော်ခုတလော စဉ်းစားမိတာလေးပါ၊ တချို ့ဘုရား တွေမှာတော့ ရှိချင် ရှိ ပေါ့ မရှိလည်းမရှိလောက်ပါဘူးလေ။ ကျွန်တော် မန္တလေးတောင်ကို ဘုရားဖူး သွားတော့ အဝင်မှာ ဝင်ကြေးကောက်ပါတယ်။ ပြီး ဆို်င်ကယ် ကား ထားတဲ ့နေရာရောက်တော့ လည်းအပ်ခ ပေးရပြန်ပါတယ်။ အပ်ခပေးရတာကို မပြောလို ပါဘူး။ အဝင်မှာကောက်တာ က ဝင်ကြေးသဘောလိုမျိုး ဖြစ်နေတယ်လို ့ကျွန်တော်ထင်ပါတယ်။ ဒါကကျွန်တော့်ဘက်ကအမြင်ပေါ့။ ဘုရားအတွက် ဘတ်စုံပြုပြင်ဖို ့ကောက်တာဆို လဲ ကိုယ်စေတနာရှိသလောက်ပေါ့နော်။ ခုဟာက သတ်မှတ်ကျေးကောက်သလို ဖြစ်နေတာ။ ကျွန်တော်အထင်ပေါ့နော်။ ဒီစာမှာ ကျွန်တော့် အမှားပါရင်လဲ တောင်းပန်ပါတယ်။ ကျွန်တော်စဉ်းစားမိ တာကို ပြန်ပြောပြတာပါခင်ဗျာ။ အမှားပါရင်လည်း ခွင့်လွှတ်စေချင်ပါတယ်။ အမြင်မတော်တာရှိရင်လည်း comment ပေးပြီးပြောလို ့ရပါတယ်ခင်ဗျာ။

23 comments

  • PaukPhaw

    August 12, 2011 at 6:24 pm

    စက်ဘီး၊ဆိုင်ကယ်၊ကား ခတော့ ကောက်တာ လက်ခံပါတယ်..လူဝင်ကြေးက ဘာလို ့ကောက်တာတုန်း

    ဘုရား ဂိတ်စောင့်က ရန်ကုန် ကန်တော်ကြီးက ပြောင်းလာတာ မကြာသေးလို ့အကျင့်ပါပြီး ကောက်တာနေမှာပါ..

  • ဆူး

    August 12, 2011 at 7:45 pm

    ရွှေတိဂုံ ဘုရားကို ကားနဲ့ သွားမယ် ဆိုရင် ကားဝင်ခ ၁၀ဝ ကောက်တယ်။
    လမ်းလျှောက်သွားရင် မပေးရဘူး။
    နိုင်ငံခြားသား ဆိုရင်တော့ ၅ဒေါ်လာ ထင်တယ် ပေးဆောင်ရတယ်။
    ပြည်တွင်းက နိုင်ငံသား လမ်းလျှောက်လာရင် မပေးရပါဘူး။

    • etone

      August 13, 2011 at 10:27 am

      အဲ့ဒီငါးဒေါ်လာက အခုထက်ထိ ကျပ်ခုနှစ်ထောင့်ငါးရာနဲ့ … တန်ဖိုးဖြတ်တုန်း မဆူးရေ… ။
      ဒေါ်လာဈေးသာ ကျနေတာ… အခုထိ အဲ့ဒီဈေးကတော့ မကျသေးဘူး 😀

  • naywoonni

    August 12, 2011 at 8:14 pm

    ဘုရား……….ဘုရား…… ဘုရားကိုတောင်ရုံသွင်းနေပြီလား အံ့ရော ….အံ့ရော……..

    • pan pan

      August 15, 2011 at 10:48 am

      အဲလိုသာဆို ဘုရားကန်ထရိုက်ပေါ်လာမှာ စိုးရိမ်ရတယ်

  • hmee

    August 12, 2011 at 8:18 pm

    တမျိုးပါလား။ တခါမှတော့ မကြားဖူးသေးဘူး။

  • windtalker

    August 12, 2011 at 9:22 pm

    မပေးရပါဘူး ။
    သေချာလည်း စုံစမ်း စဉ်းစားကြပါဦး
    ဖိနပ် ၊ စက်ဘီး ၊ ဆိုင်ကယ် ၊ မော်တော်ကား အပ်ခ ကတော့ ပေးရမှာပဲလေ
    ထိန်းသိမ်းပေးခ သဘောမျိုး ကောက်တဲ့ ကိစ္စပဲ
    ဗုဒ္ဓဘာသာဝင်တွေ အတွက် သံသယ ဖြစ်စရာ ခိုင်မာတိကျ မှု မရှိတဲ့ စာမျိုး ကို မရေးစေလိုပါနော် ။
    ဖိနပ် စက်ဘီး ဆိုင်ကယ် ကား အပ်ခ ပေးရရုံနဲ ့တင် ဘုရားဖူးတာ ကိုပါ ရောပြီး မရေးလိုက်ပါနဲ ့

  • unclegyi1974

    August 12, 2011 at 10:01 pm

    တောင်ခြေကနေချေလျှင်တက်ပါ
    ဘာကြေးမှမပေးရပါ

  • မန်းတောင်ပေါ်ကျနော်လဲဆိုင်ကယ်နဲ့တက်ပါတယ်။
    လမ်းဖြတ်သန်းခတော့ကောက်ပါတယ်။
    ဗျာဒိတ်ပေးနားမှာ တစ်ရာထဲပါ။
    ကျန်တာတော့ မပေးရပါဘူး။
    ဆိုင်ကယ်အပ်ခမကုန်ချင်ရင် ခြေလျင်တက်ပါ။
    တစ်ခါခြေလျင်တက်တာ တစ်ပြားမှ မကုန်ခဲ့ပါ။
    လေ့လာမူ့အားနည်းနေသေးတယ်ထင်ပါတယ်။

  • Mee2

    August 12, 2011 at 10:52 pm

    ဟုတ်ပါတယ်။ဘုရားမှာ ဆိုင်ကယ်အပ်ခ ကားရပ်နားခလောက်ဘဲပေးရတာပါ။ကိုယ့်ပစ္စည်းတန်ဖို းနဲ ့စာရင်ပေးဆောင်ရတာတန်ပါတယ်။ဒါတောင်မှပျောက်တတ်သေးတယ်. ဟိ ဟိ

  • windtalker

    August 13, 2011 at 12:09 am

    ဒီ ပို ့စ် ကို တင်တဲ့သူ ဟာ
    ဗုဒ္ဓဘာသာ ဝင် တစ်ယောက် လို ့ကျွန်တော် မထင်မိပါဘူး ( အထင်ပါနော် )
    ဗုဒ္ဓဘာသာ ဝင် တစ်ယောက် ဟာ ကိုယ့်ဘာသာ ကို အကြည်ညို မဲ့စေမယ့်
    လက်လွတ်စပယ် အလုပ် ၊ အပြုအမူ ၊ အရေးအသား မျိုး ဘယ်တော့ မှ ရေးမှာ မဟုတ်ပါဘူး
    ငရဲ ဆိုတာ ရှိကြောင်း
    ကိုယ်လုပ်လိုက်တဲ့ အလုပ်ဟာ ကိုယ့်ကို ပြန်ပြီး တုံ ့ပြန်ကြောင်း ကို
    သိရှိကြတာ ဗုဒ္ဒဘာသာဝင်တွေ ပဲ ရှိတာမို ့ပါ
    ဂေဇက် မှာ စာရေးရတာ လွယ်ပါတယ်
    ကိုယ် မယုံကြည် မသက်ဝင်တဲ့ ဘာသာတရား ကို ခုတုံးလုပ် မရေးသားပါနဲ ့လို ့တောင်းဆိုချင်ပါတယ်

    • kai

      August 13, 2011 at 2:34 am

      ကိုရင်ရေ..။
      အဲဒီလို ..ပုဂ္ဂိုလ်ကို မူတည်ပြီး. မစွတ်စွဲရဘူးလေကွယ်..။
      အချက်အလက် အခြေခံ.. ရေးသားပြန်ပြောပါလို့နော..။ 🙂

    • Foreign Resident

      August 13, 2011 at 4:43 am

      Dear Wind Talker,

      This is just friendly talking & don’t take it serious.

      For your information & consideration,
      I already showed myself in my previous comments that,
      (1) I am a true follower of Lord Buddha.
      (2) I even organized (just arrange for others) 2 to 3 meditation courses in Myanmar.
      (3) I still participate in one famous Buddhist group in Myanmar.
      (4) Both of my parents ( father, mother ) & myself are အဘိဓမ္မာ students of ဆရာမ Daw KHT, Kabar Aye Par Choke Sayardaw, Dr. Min Tin Mon, Su Htuu Pan Sayar Han & etc. Still learning & participating in Buddhist activities.

      But, ( it is my opinion only )
      How can I say frankly ?
      Fact is fact & truth is truth.
      If the Buddhist people did the wrong thing.
      I will clearly say, it is a wrong thing.
      ( Because, it is the truth, the whole truth & nothing but the truth )

      Whether အကြည်ညို မဲ့စေ or not, it was caused by this wrong doer, not me.
      I would be barely a whistle blower.
      Sometimes, those act of criticism (whistle blowing) is really necessary (bitter truth) & it is really advantageous.

      Don’t forget, Our lord Buddha love the truth &
      In fact, our lord Buddha is the holy person who revealed the truth.

      PS,
      I did not say ဝိညာဉ်ပြာ information is true or not.
      I just explain my logic.

      Thank. 🙂
      Be peaceful. 🙂

  • blackprince72

    August 13, 2011 at 2:11 am

    ဘယ်လိုပဲပြောပြော ပါ လမ်းကြေး ကောက် တယ် ဆို တာ ဘုရား ကို ပြန်လည် ပြု ပြင်ဖို့လား ?ဒါမ မဟုတ် လေလံ ပဲ ပစ်ထား လား ပဲ ။

  • surmi

    August 13, 2011 at 2:18 am

    ဘာကြေးဘဲကောက် ကောက် ရတဲ့ ကုသိုလ် နဲ့ ယှဉ် ရင် တန်ပါ တယ် ဒါပေမဲ့ အလှူ ငွေ ကို ကန် ထရိုက် ပေးထားတာတော့စဉ်း စား ရင် ကောင်းမယ် ဖိနပ် အိမ်သာ အတွက်မပြောလိုပေမဲ့ အလှူခံ ပုံး ကန်ထရိုက်ကတော့ဆိုးပါတယ်။

  • manawphyulay

    August 13, 2011 at 10:09 am

    မန်းလေးတောင်တော် သွားဖို့ ကားခ၊ လမ်းစရိတ်၊ ခုဘုရားပေါ်တက်ဖို့တောင် ကောက်နေပြီလား အမလေး အဝေးကနေဖူးရတော့မလိုဖြစ်နေပြီ။ ဘာအတွက် ဘယ်လိုကြေးကောက်တယ်ဆိုတာ မပြောဘူးလား။

  • zoe

    August 13, 2011 at 10:41 am

    အရင်တုန်းကတော့ ဘုရားနဲ့ပန်းခြံ တွေမှာ ဓာတ်ပုံ ရိုက်ရင် ပိုက်ဆံ အကောက်ခံရတာ ကြုံဘူးတယ် ။ အင်မတန်စိတ်အ နှောက်အရှက် ဖြစ်ရတယ် ။ အခုတော့ မရှိတော့ ဘူးထင် တယ် ။

  • နေရာဒေသတစ်ခုကို သွားလိုက်လို့ရလာတဲ့စိတ်ကြည်နူးပျော်ရွှင်စေဘို့အတွက်ပေးရတဲ့
    အခကြေးငွေကို ထည့်မတွက်ရင် ပိုစိတ်ချမ်းသာပါတယ်။
    တကယ်ပေးရတဲ့ ဖြတ်သန်းခ အပ်ခတွေက မဖြစ်စလောက်ပါဗျာ။

  • MaMa

    August 13, 2011 at 6:16 pm

    ဒီနေရာမှာ ကိုပေါက်ကို ထောက်ခံပါတယ်။ တခါတလေ အကြီးအကျယ် စိတ်ထဲထားပြီး အနှောင့်အယှက် ဖြစ်နေရတာတွေက တကယ့်တကယ်ကျတော့ ဘာမှလည်း မဟုတ်ဘူး။

  • windtalker

    August 13, 2011 at 6:28 pm

    ကျွန်တော် ၁ဝ တန်းဖြေပြီး အရွယ် ပေါ့ ။
    အိမ်က ဆိုင်ကယ် ဝယ်ပေးပါတယ် ။
    ညနေ တိုင်း မန်းတလေး တောင်ပေါ် ကို ဆိုင်ကယ်နဲ ့တက်တယ် ။
    ဘော်ဒါတွေ လည်း ပါတာပေါ့ ။
    အဲဒီမှာ ကိုယ်ပိုင် ဆိုင်ကယ် နဲ ့စတက်ဖူးခဲ့တာပေါ့နော် ။
    တောင်ပေါ်ကို ကိုယ်ပိုင် ကား ၊ ဆိုင်ကယ် နဲ ့တက်မယ် ဆိုရင်
    တောင်ထိပ် ဘုရား ရင်ပြင်တော် မရောက်ခင် လမ်းတစ်ဝက် မှာ
    လမ်းအသုံးပြု ခ ကောက်ခံ ပါတယ်
    ကျွန်တော် ၁ဝတန်းစာမေးပွဲ ဖြေအပြီး တက်ခဲ့တုန်းကတော့
    ဆိုင်ကယ် တစ်စီး ၅ဝ ကျပ် ၊ ကား တစ်စီး ၁၀ဝ ကျပ် ကောက်ပါတယ်
    တောင်ထိပ် ဘုရားဖူး ဖို ့၊ ဆိုင်ကယ် ကား ရပ်နားတဲ့ ဆီ မှာ ရပ်တော့
    အပ်ခ ပေးရတာ ကိုတော့ ဘယ်လောက်လဲ ဆိုတာမမှတ်မိတော့ပါ
    အဲဒီနောက်ပိုင်း မတက်ဖြစ်တော့ပဲ
    မနှစ် ၂၀၁၀၊ရလပိုင်း ထဲ မှာ တစ်ခါ
    ဆိုင်ကယ် နဲ ့တက်ဖြစ်တယ်
    လမ်းအသုံးပြုခ ဆိုင်ကယ် အတွက် ၂၀ဝ ကျပ် ကောက်ခံတယ် ။
    ကား ဆို ရင် ၅၀ဝ ကျပ်
    တောင်ထိပ် ဘုရားရင်ပြင်ပေါ် တက်ဖို ့ကားဆိုင်ကယ် အပ်ခ က သီးသန် ့ပေးရတယ် ။
    အဲဒါ က ဆိုင်ကယ် တစ်စီး ၃၀ဝ ကျပ် ၊ ကား ၅၀ဝ ကျပ် ပါ ပဲ
    ဒါပဲ ပေးရတာပါ ။
    ဒီ ငွေကြေး က တော့ ပေးသင့်လား ၊ မပေးသင့်ဘူးလား ဆိုတာ ???
    တောင်ပေါ်ဘုရား ရောက်လို ့
    ကိုယ့်ဘာသာ ကိုယ် သဒ္ဒါတရား ဖြစ်လို ့၊ လှူချင် လို ့လှူတာ ကတော့ ကိုယ့်အပိုင်းပဲပေါ့
    ဘယ်သူ က မှ ပိုက်ဆံ မတောင်းပါဘူး
    ဒီနှစ် ၂၀၁၁ ထဲ တော့ ၊ မန်းတလေး တောင်ပေါ် မတက်ဖြစ်သေးဘူး ။
    တောင်ပေါ်ကို နေ ့စဉ် ကျန်းမာရေး အတွက် လေ့ကျင့်ခန်း အဖြစ် တက်နေတဲ့ သူတွေ ဆီကလဲ
    ဘာမှ ပြောသံ မကြားရပါဘူး ။

  • thit min

    August 13, 2011 at 7:39 pm

    In case of taking entrance fee, it is better to put donation box at the gate and let people donate as their desire.

  • chitthu135

    August 15, 2011 at 10:32 pm

    ငရဲကိုဇောက်ထိုးကြမဲ့သူတွေကအဲ့လူတွေပဲ

  • thihayarzar

    August 20, 2011 at 9:27 pm

    အားလုံးပဲ ……. ယူတက်ရင် မြတ်တယ် ….

Leave a Reply