လွဲမှားနေသော ညနေခင်းများ…

soulflyAugust 12, 20111min995

ညနေဘက်တွေ လမ်းလျှောက်ထွက် ဖြစ်တော့ ဘီယာဆိုင်တွေမှာ လူတွေစည်နေတာ တွေ့ရတယ်။ အများစုကလည်း လူငယ်လေးတွေ ဖြစ်နေကြတယ်။ အရက်သေစာဆိုတာ လူငယ်တွေ အရမ်းကြီး မဆိုင်ဘူးလို့ထင်မိပါတယ်။ ကိုယ့်လူမျိုးတွေ တိုးတက်ရာတိုးတက်ကြောင်း မရှာကြဘဲ လမ်းလွဲလိုက်နေတယ်လို့ ခံစားမိတယ်။ တခြားလူမျိုးတွေ ကျောင်းတွေ သင်တန်းတွေ အပြင်းအထန်သွား ပြီးကြိုးစားနေချိန်မှာ ကျွန်တော်တို့ လူမျိုးတွေက ဘီယာဆိုင်တွေမှာ ရောက်နေကြတယ်။ လွဲမှားနေကြတဲ့ ညနေတွေ ဖြစ်နေတယ်လို့ တို့လူငယ်တွေ မခံစားမိကြဘူးလား။ ပြင်ဆင်ချိန်တွေ ရှိပါသေးတယ်…မြန်မာလူငယ်တွေ။

5 comments

  • unclegyi1974

    August 12, 2011 at 9:45 pm

    ဟုတ်တာပေါ့ ပြင်ဆင်ဖို့ဆွေးနွေးတိုင်ပင်ရအောင်
    ဘီယာဆိုင်မှာဆုံရအောင်လေ
    ကွမ်းပေါင်းလေးပါဝယ်ခဲ့ပါအုန်း

  • Mee2

    August 12, 2011 at 11:38 pm

    အင် အရေးထဲနော် အန်ကယ်ကြီကကွမ်းပေါင်းမှာနေရသေးတယ်။ကောင်းတဲ့ပို ့စ်ကလေးပါ။ညနေတိုင်း ညနေတိုင်းအစည်ကားဆုံးနေရာက ဘီယာဆိုင်ဖြစ်နေတာ။လူငယ်တွေအတွက်ကတော့ စိတ်ကုန်စရာပါဘဲ။သူတို ့ရွေးတဲ့ဘီယာဆိုင်မှာတောင်မှ ကောင်မလေး ချောချောလေးတွေ စားပွဲထိုးတဲ့ဆိုင်မှဆိုပါလား။ဘာတွေဖြစ်ကုန်ပါပီလဲ။

  • icecube

    August 13, 2011 at 8:43 am

    ဒီလိုပဲလေ တိုးတက်လာတာတဲ့သဘောပါ။
    နိုင်ငံခြား သွား အလုပ်လုပ်တဲ့ သူတွေ မတော့ အချိန် က ငွေ လိုပါပဲ၊
    ဒီကလူငယ်တွေကတော့ လ ္ဘက်ရည်ဆိုင် ၊ ဘီယာဆိုင်တွေမှာ အချိန်ဖြုံးနေကြတယ်လို့ မြင်မိတယ်၊
    ရှေ့ အလားအလာကတော့ တော်တော်ကောင်းမဲ့ ပုံစံပါပဲ။

  • lusoegyikoko

    August 13, 2011 at 12:13 pm

    တိုင်းပြည်တိုုးတက်ဖို့ကပြည်သူကအဓိကပါပဲ။အုပ်ချူပ်သူ ကိုပဲအမြဲ အပြစ်ပြောနေကြတယ်နော့်။ ဒိီ postနဲ့ကြုံ လို့ပါ။ မကောင်းတာတော့မကောင်းတာပေါ့။အဓိက ကပြည်သူပါပဲ။ ပြည်သူဆိုတာ သူနဲ့တန်တဲ့အစိုး ရပဲ ရမှာပါ။စိတ်တော့မဆိုးကြနဲ့နော်။ဘယ်ကစလို့ ဘယ်လိုပြင်ရမလဲဆိုတော့ အန်ကန်ကြီးပြောသလို ညနေကြရင် ဘီယာ ဆိုင်မှာဆွေးနွေး ကြအောင်နော့်။

  • alinsett

    August 14, 2011 at 2:17 pm

    ကိုယ် လည်းပြောချင်နေတာ ။ အခု ဆို ညနေ တောင်မဟုတ်ဘူး။ မနက်စောစော 6း00လေက်မှာတောင် ရက်ကွက်ထဲက အရက်ဆိုင်က လူစည်နေပြီ။

    ရင်နာတယ် ။ တို ့ဆီက လူငယ် တချို ့အတွက် အချိန် ဆိုတာ တန်ဖို းမဲ ့လိုက်တာ..။သူများနိုင်ငံတွေမှာများ….24 နာရီ မလောက်လို ့ တဲ ့။

    အခု လို သတိပေး တဲ ့ပို ့စ်လေး ကို တင်ပေးလို ့ ကျေးဇူးတင်ပါတယ် ။

Leave a Reply