နိုင်ငံအနှံ့ အပူချိန် လွန်ကဲ၊ သောက်သုံးရေ ခက်ခဲ

ShwemannmayMay 10, 20101min541
မြန်မာနိုင်ငံနေရာအနှံ့ အပူချိန်လွန်ကဲမှုဒဏ် ခံစားနေရကာ မြို့ပြများတွင် လျှပ်စစ်မီးလာချိန်မမှန်သည့်အတွက် သောက်သုံးရေ အခက်အခဲ တွေ့နေရကြောင်း သိရသည်။

“မီးမမှန်တော့ ရေလည်းပျက်တာပေ့ါ။ ရေတွင်းကလည်း ပူတော့ခမ်းကုန်တယ်လေ။ အဲ့ဒီတော့ ဝယ်သုံးရတယ်။ ရေက တစည်ကို ကျပ် ၆၀ဝ ပေးရတယ်။ တချို့ကျတော့လည်း ရှိတဲ့အိမ်မှာ သွားချိုးကြရတာပေါ့”ဟု ရန်ကုန်တိုင်း သန်လျင်မြို့တွင် နေထို်င်သူတဦး က ပြောသည

မန္တလေးမြို့ခံတဦးကလည်း“ရေက ည ၁၁ နာရီဆို ပုံမှန်လွှတ်ပေးနေကျ အဲ့ဒါကို မမှန်တော့ဘူး။ အခု တော်တော်ဆိုးတယ်။ တကယ်လို့ လာပြီဆိုရင် မော်တာ ရှိတဲ့သူကလည်း မော်တာနဲ့မောင်းဖြည့်ပေ့ါ။ မရှိတဲ့သူ ကျတော့လည်း ခပ်ထည့်ကြပေါ့။ အဲ့ဒီအချိန်မှာ မီးပျက်သွားတယ်ဆိုရင် နောက်နေ့အတွက် သုံးစရာ ရေမရှိဘူး။ မီးမပျက်ပါစေနဲ့ ဆုတောင်းရတာပေါ့”ဟု ဆိုသည်။

မန္တလေးမြို့ကျုံးမြောက်ပြင်ရှိ လမ်းထောင့်များတွင် ထားရှိသော အများသုံးရေကန်များမှာ ပုံမှန် နွေရာသီကာလများတွင် အများပြည်သူများ သုံးစွဲရန်အတွက် ရေလွှတ်ပေးထားသော်လည်း ယခုအခါတွင် အဆိုပါ ရေကန်များတွင် ရေမရှိကြောင်း ၎င်းကဆက်ပြောသည်။

အပူဒဏ်ကြောင့် သက်ကြီးရွယ်အိုများသာမက လူငယ်ပိုင်းများအထိ သေဆုံးမှုများရှိကြောင်းလည်း သိရသည်။

“လူကြီးတွေကတော့ ဦးနှောက်သွေးကြောပြတ်တဲ့ ရောဂါများတယ်။ လူငယ်တွေကတော့ ရေချိုးမှားတာတို့၊ တချို့အရက် အလွန် အကျွံ သောက်လို့ သေတာတွေများတယ်”ဟု နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူက ဧရာဝတီကိုပြောသည်။

အလွန်ပူပြင်းသောကြောင့် လူကြီး၊ လူငယ်များနှင့် ကလေးသူငယ်များတွင် မိတ်၊ ယားနာ အများအပြားပေါက်ကြကြောင်း သိရသည်။

“လူလတ်ပိုင်းတွေ လူငယ်ပိုင်းတွေကတော့ ခံနိုင်သေးတာပေါ့။ အသက်ကြီးပိုင်းနဲ့ ကလေးတွေကျတော့ လုံးဝမခံနိုင်ဘူး။ ကလေးတွေဆို ည မအိပ်နိုင်ကြဘူး”ဟု အထက်ပါ သန်လျင်မြို့ခံက ဆိုသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သော မြင်းမူမြို့၏ ဧပြီ ၂၃ ရက်နေ့အမြင့်ဆုံးအပူချိန်မှာ ၄၆ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်(၁၁၅ ဒသမ ရ ဒီဂရီဖာရင်ဟိုင်)သည် လွန်ခဲ့သော နှစ်ပေါင်း ၂ရ နှစ်အတွင်း ၎င်းမြို့၏ ဧပြီလ အတွက် အမြင့်ဆုံးအပူချိန် စံချိန်သစ် ဖြစ်ကာ ယခင် စံချိန်ဟောင်းမှာ ၂၀၀၆ ခုနှစ် ဧပြီ ၁၂ ရက်တွင် ၄၆ ဒသမ ဝ ဒီဂရီ စင်တီဂရိတ်(၁၁၄ ဒသမ ၈ ဒီဂရီ ဖာရင်ဟိုက်) ဖြစ်ကြောင်း၂၀၁ဝ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင် ပဲခူးတိုင်းအတွင်းရှိ ရေတွင်း ရေကန်များတွင်လည်း အပူချိန်လွန်ကဲမှုကြောင့် ရေများ ခန်းခြောက်ကာ သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်းလည်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ အဝင်လမ်းဘေးရှိ လူအများသောက်သုံးရေကန်အဖြစ် အသုံးပြုရုံသာမက ညောင်ရွှေမြို့ မြောက်ဘက်ပိုင်းရှိ လယ်ယာခြံမြေများ ကိုပါ စိုက်ပျိုးရေပေးဝေနေသည့် အဓိက ကန်ကြီးနှစ်ကန်မှာလည်း မြေသားအက်ကွဲသည် အထိ ခန်းခြောက်ခဲ့ကြောင်း ယခုတပတ်ထုတ် ဝီးကလီး အလဲဗင်း ဂျာနယ်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ အပူချိန် မြင့်တက်ခြင်းမှာ မိုးမရွာသွန်းသဖြင့် အပူချိန်မှာ နေ့စဉ်ရက်ဆက်ဖြစ်လာသောကြောင့်ဟု သိရသည်။

“ဒီမှာက မိုးတိမ်တွေက တော်တော်လေးပါးနေတာပေါ့နော်။ ရာသီဥတုက အယ်လ်နီညိုဖြစ်နေတော့ မိုးတိမ်တွေက အရှေ့တောင် အာရှတခုလုံးမှာ တော်တော်လေးနည်းနေတယ်။ ဒါပေမယ့် အပူချိန်ပြန်ကျတာ နှစ်ရက်လောက်တော့ရှိပြီ။ အခု ရန်ကုန်မှာ မိုးတွေ တောင်ချိန်းနေပြီ။ အပူရှိန်က သိသိသာသာ ပြန်ကျသွားပြီ။ အဓိကကတော့ မိုးမရွာလို့ပါ”ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ထမ်းခဲ့ဖူးသူ ဦးထွန်းလွင်က ဧရာဝတီသို့ ပြောသည်။

ဒါလေးဖတ်ပြီး စိတ်ကူးရတာနဲ ့တင်လိုက်တာ။ ပာုတ်ပါတယ်သတင်းတွေမှာပါတဲ့အတိုင်းပါပဲ။ မန်းလေးမှာ ပူလိုက်တာလွန်ပါရော။ မီးကလည်း ညနေခင်း၅ နာရီလာရင် ည ၁၁နာရီကျပြတ်တာပါ။ ဒါက လာရမယ့်အချိန်ကိုပြောတာနော်။ ဒီ ကြားထဲမှာလည်းမောင့်သဘောပဲ လာချင်လာတယ် မလာချင်မလာဘူး ၅ မိနစ်လောက်လာပီး ၃ ။၄ နာရီလောက်ပျက်ချင်ပျက်သွားတတ်တာမျိူး ။ပြန်လာချင်မှလည်းလာတတ်တယ်  လာချိန်သာမမှန်တာ ပျက်ချိန်ကတော့ကွက်တိပဲ  ည ၁၁ လာပီးရင်တော့ မနက်ပိုင်း ၅ နာရီထိလာတတ်တယ်။ အဲလိုဆိုရင်တော့သိပ်မပျက်တတ်ဘူး။ ပြီးရင်တော့ တစ်နေ ့လုံးမလာတော့ဘူးပဲ
ရေ ကရော   အင်းကျူံးရေတွင်းတွေတော့ရှိတယ်လေ ဒါ ပေမယ့် သိပ်အများကြီးမပာုတ်တော့ဘူး။ တချိူ  ့အများသုံးကျူံးရေတွင်းတွေတော့ကောင်းသေးတယ် တချိူ ့တော့လည်းမသုံးကြတော့ဘူး ။ ၈၃ လမ်းနဲ ့၂၁ လမ်းဒေါင့်ကကျုံးရေကန်တော့ ခုထိလူတွေသုံးနေကြတုန်းပဲ ။ အဲဒါဆို ရွှေမန်းမေတို ့ငယ်ငယ်လေးတည်းကရှိတာ။ အရင်တုန်းကတော့ ကျူံးရေ ပဲရှိတာကိုး နောက်ပိုင်းမီတာရေတွေသုံးကြတော့ တချိူ ့လည်းကျုူံးတွင်းတွေကို ပစ်ပယ်လိုက်ကြရော
မီတာရေကတော့သိပ်အားကို းလို ့မရဘူး။ သူကလည်း လျှပ်စစ်မီးလို ပဲ မောင် ့သဘောပဲ။ ဆိုတော့ မီးလာချိန် နဲ ့ရေလွှတ်ချိန်နဲ ့ကိုက်ရင်တော့ ရေရတာပေါ့ မပာုတ်ရင်တော့ သုံးစရာမရှိဘူးပဲ  မီးမလာဘူးဆိုတော့လည်း ဘာအရေးလဲနော် မီးပျက်ရင်မီးစက်နဲ ့တင်ကြတာပ ။တတ်နိုင်တဲ ့ တစ်ချို ့အိမ်တွေကတော့ မီးစက်နဲ ့တင်ကြတယ်။ ရေလည်းထိုနည်းလည်းကောင်းပေါ့ တတ်နိုင်တဲ ့သူတွေကတော့ မီတာရေမလာလည်း အဝီစိတွင်းတူူးကြတာပေါ့ ။ ဒါတောင်နော် အဝီစိတွင်းတူးဖို ့ဆိုတာ နေရာကအဆင်ပြေဦးမှ ။ ဒါတွေကအရင်တုန်းကတည်း က ရှိခဲ ့ဖြစ်ခဲတာတွေပါ ။အရင်တုန်းက တော့ရေပြသနာကသိပ်မသိသာပေမယ် ့ခုနောက်ပိုင်း ရာသီဥတု ပို ပူလာတဲ့အချိန်ကျ ရေ ရောမီးရောက ပြသနာဖြစ်လာတယ်
လမ်းမှာတစ်ယောက်နဲ ့တစ်ယောက် နှုတ်ဆက်စရာ စကားလုံးပိုကြွယ်ဝလာတာပေ့ါ ။ ပူလို်က်တာနော် ။ ပာုတ်တယ် ညက အရမ်းပူတာပဲနော် အိပ်လို ့ကိုမရဘူး ။ေ၇ရလိုက်လား စသဖြင့်ပေါ့လေ နှုတ်ဆက်ရတာကို က 2010 ဖက်ရှင်ပေါ့  😀

One comment

  • banban

    May 10, 2010 at 9:04 am

    8.5.2010 စနေနေ့ညတုန်းက ပြင်ဦးလွင်မှာ မိုးတွေရွာတယ်…လေရောမိုးရောပဲ…မိုးကြိုးပစ်တာတောင်အဆစ်ပါသေး 😀 ..
    မန်းလေးရဲ့ရပ်ကွက်တွေမှာလည်း လွန်တွေဆွဲနေကြပါပီ…
    (ဖားကြီး၃ကောင်အော်နေပီဆိုတော့…မိုးကရွာရန်ရွာနှုန်း ၆ဝလို့တော့ ပြောတာပဲ :P)
    ရေခမ်းတာကတော့… ရေတွေအများကြီးရှိတဲ့..အင်းလေးကန်ကြီးတောင်…ရေတွေနည်းကုန်ပီရော…
    မီးမလာတာကတော့… ပြောမနေပါနဲ့တော့… ဘယ်အချိန်လာမယ်ဆိုတာကိုတောင် မှတ်မရတော့ဘူး…ခန့်မှန်းလို့မရတော့ဘူး..
    (ဟိုးအရင်ကတော့ ဘယ်အချိန်လာမယ်ဆိုတာကို ခန့်မှန်းလို့ရသေးတယ်)

Leave a Reply