လက်သည်မပေါ် သော ဖေါက်ခွဲမှုများ

kyawhan21August 12, 20111min643

ကမ္ဘာကြီးအား နှစ်ပေါင်းများစွာ ဗြောင်ကြကြ လိမ်ညာနေသော မြန်မာ့ရုပ်သံတွင်တလောလေးကမှ ပြန်ကြားရေးပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းမှ k i a အမည်ခံ ပြည်ထောင်စု ခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့ ၏ အကြမ်းဖက် တိုက်ခိုက်မှုဟု ယိုးမယ်ဖွဲ့စွပ်စွဲချက်အား လက်ဟန်ချေဟန်လေးနှင့် စတိုင်ကြကြ မိန့်ချွေသွားပါသည်။
ပြည်ထောင်စု အစိုးရလက်ထက် ပြည်သူများအား ပေးထားသော ဂတိဂဝတ်များ မည်မျှတိုးတက်လာပါသည်ဟု ခိုင်ခိုင်မာမာ ပြနိုင်ခြင်းမရှိသေးသော်လည်း အဆိုပါဝန်ကြီး၏စတိုင် မှာ ကမ္ဘာကျော် နိုင်ငံရေးသမားတစ်ဦး၏ စတိုင်ပြောင်းသွား သည်ကိုကား မြန်မာပြည်သူများ မြက်ဝါးထင်ထင် တွေ့မြင်ရပါသည်

သို့သော်မြန်မာပြည်သူများ၏ လတ်တလော ပြောင်းလဲမှု လိုအပ်ချက်သည်ကား ထိုအဆောင်အယောင်များမဟုတ်ပေ အမိမြန်မာပြည် တည်ငြိမ်အေးချမ်းပြီး တိုင်းရင်းသားပြည်သူအားလုံးသွေးစည်းညီညွတ်ကြလျှက် ပြည်ထောင်စုထာဝရ တည်တံ့ရေးပင်ဖြစ်ပါသည်။

ဖေါက်ခွဲသတ်ဖြတ်မှုများ၏  အဓိက လိုအပ်ချက်မှာ အဘယ်နည်း၊ အဘယ်ကြောင့်သတ်ဖြတ်နေကြသနည်း၊အမှန်တကယ် တိုင်းပြည်နှင့် လူမျိုးတိုးတက်ရေးကို လိုလားကြသည်ဆိုလျှင် ပြည်သူသဘောထား ဆန္ဒများကို စစ်စစ်မှန်မှန် ကောက်ယူလျှက် စစ်ပွဲများ၊ဖေါက်ခွဲသတ်ဖြတ်မှုများကို စွန့်လွှတ်လျှက် ပြည်သူနှင့်အတူ ငြိမ်းချမ်းရေးကို အပြည့်အဝအကောင်တည်ဖေါ်သင့်ကြောင်းပါဗျာ၊

မြန်မာပြည်သူများ ပြည့်ဝသော ငြိမ်းချမ်းရေးကိုရရှိနိုင်ပါစေ

ကျွန်တော်ကျော်ဟန်ပါ

3 comments

  • Mee2

    August 12, 2011 at 10:38 pm

    ဟုတ်ကဲ့ပါကိုကျော်ဟန်ဆွေးနွေးတာလေးကောင်းပါတယ်။ယခု ဖောက်ခွဲမှုတိုင်းကြားရလေသမျှသော ဖြစ်ရပ်တိုင်းမှာရည်ရွယ်ချက်တော့ရှိကြမှာပါ။ဒါပေမယ့် လက်သည်တွေတော့မိပါပီ။ဘယ်အဖွဲ ့အစည်းကပါ ဟိုအဖွဲ ့အစည်းကပါ အမည်ဘဲတပ်နေကြတာ။တခုစဉ်းစားမိတာရှိပါတယ်။ပြီးခဲ့တဲ့နေပြည်တော် ဗုံးပေါက်ကွဲမှုမှာ လက်သည်တွေရဲ ့အသေးစိတ်သွင်ပြင်လက္ခဏာတွေကိုဖော်ပြနိုင်ပါရဲ ့နဲ ့ဓါတ်ပုံမပါလာတာဘာလှည့်ကွက်ကြီးပါလိမ့်နော်

  • kyawhan21

    August 13, 2011 at 9:48 pm

    ကျွန်တော်ပြောချင်တာကဒီလိုပါ ဖေါက်ခွဲမှုတစ်ခုဆိုတာတော့ ပြုလုပ်တဲ့သူမှာ လိုအပ်ချက်ရှိတာမှန်ပါတယ်၊အာဏာလက်ဝယ်ပိုင်သူနဲ့ အာဏာလိုချင်သူ လူတန်းစားနှစ်ရပ်ရဲ့ ပဋိပက္ခမှာ စစ်ရေးဟာလိုအပ်နေမှာပါ၊ဒါပေမယ့် ပစ်မှတ်က အပြစ်မဲ့တဲ့ပြည်သူတွေတော့မဖြစ်သင့်ပါဘူး၊စစ်ရေးပစ်မှတ်တွေပဲဖြစ်သင့်ပါတယ်၊
    နောက်တစ်ခုကမြန်မာပြည်ဟာ အီရတ်မဟုတ်သလို အာဖဂန်နစ္စတန်လဲမဟုတ်ပါဘူး အခုတော့မြန်မာပြည်သူတွေဟာ တရားဝင်လဲသတ်ခံရ တရားမဝင်လဲသတ်ခံရနဲ့ဗျာ နှစ်ပေါင်း60ကျော်အာဏာလုပွဲတွေထဲ အသက်ပေါင်းများစွာ ပေးဆပ်နေကြရတာ ဒါတွေကရပ်တန့်သင့်ပါပြီ၊
    လွတ်လပ်တဲ့မြန်မာပြည်မှမြန်မာပြည်သူတွေ လုံခြုံမှုကင်းနေကြတာ ဒီစစ်အာဏာရှင်တွေနဲ့ ပြည်ထောင်စုခွဲထွက်ရေး လက်နက်ကိုင်တွေကြောင့်ပါ သူတို့ပြည်သူ့အတွက်စဉ်းစားပေးသင့်ပါပြီ၊
    ပြည်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည် အပါဝင် ကိုမင်းကိုနိုင်တို့လိုအဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေ ပြည်ပရောက်မြန်မာပညာရှင်တွေနဲ့တိုင်းပြည်ကောင်းစားရေး ပြည်သူကောင်းစားရေးအတွက်လေ အတူလက်ပြီး ညီညီညွတ်ညွတ်နဲ့ ဆွေးနွေးအဖြေရှာသင့်တယ်လို့ ယုံကြည်နေကြတာပါ ၊ ma me`2
    ဘယ်လိုထင်မိပါသလဲခင်ဗျာ

  • Mee2

    August 13, 2011 at 11:23 pm

    ဟုတ်ကဲ့ တွေးလဲမတွေးတတ်ပါဘူး။ဒါပေမယ့် သေချာတာတခု က ခုတွေ ့ဆုံဆွေးနွေးကြတဲ့ အမေစုနဲ ့ဦးအောင်ကြည်နဲ ့ပေါ့။သူတို ့ပြောတဲ့ အသွင်ပြောင်းအစိုးရလက်ထက်မှာ ဆက်တိုက်တွေ ့ဆုံတာ ခု ၁၈ ဘဲခြားတယ်။တိကျသေချာတဲ့အဖြေတခု ထွက်မယ်လို ့မျှော်လင့်မိပါတယ်။စစ်သား တွေနဲ ့ဆွေးနွေးရတာ တန်တော့မတန်ဘူး။ဘာလို ့လဲ ဆိုတော့ ပညာတတ်ဖြစ်တဲ့ အမေစု နဲ ့ဒီကောင်မျိ ုးတွေ တွေ ့ဆုံဆွေးနွေးနေရတာ အမေစု ဖက်ကရောပြည်သူ ဘက်ကရောတွေးကြည့်ရင် အင်မတန်ရိုင်းတဲ့ကောင်တွေလို ့ဘဲမြင်ပါတယ်

Leave a Reply