လွမ်းတတ်ရင် လွမ်းစရာပဲပေါ့

မောင် ပေAugust 13, 20111min1014

` မင်္ဂလာပါ ဦးဦးတို ့ ၊ မင်္ဂလာရှိစေကြောင်း နှုတ်ခွန်းဆက်သ ပါတယ် ´

နေရာက မိဘမဲ့ထိန်းသိမ်းစောင့်ရှောက်ရေးကျောင်းတစ်ခု အတွင်း တွင် ဖြစ်သည် ။ ကိုကို ၊ ညီညီ နှင့် မောင်မောင် တို ့ သူငယ်ချင်း သုံးယောက် ၏ စုပေါင်း အလှူငွေ လှူရင်း ကျောင်းရှိ ကလေး များ ကို တစ်ရက်စာ မနက်စာ၊နေ ့လည်စာ ၊ ညစာ ကျွေးကြသည် ။ ၃ယောက်သား  ကလေးများ အတွက် ဗလာစာအုပ် များ နှင့် ခဲတံ ၊ ပေတံ ၊ ဘောပင် များ လှူဒါန်းသည် ။ မိဘ မဲ့ ကလေးများ က ချစ်စဖွယ် ၊ သနားစဖွယ်လေး လိမ္မာ ယဉ်ကျေးစွာဖြင့် နှုတ်ဆက်ကြသည် ။ ဆုတောင်း မေတ္တာပို ့ပေးကြသည် ။  မြင်ကွင်း ကို ကြည့်ရင်း သူငယ်ချင်း သုံးယောက် ဝမ်းသာ ပီတိ ဖြစ်ကြရသည် ။

` နောက်တစ်ခေါက် အလှူ ကို ဘယ်မှာ လုပ်မယ် စိတ်ကူးလဲ ငညီ ´

` ငါတော့ ဒီလို နေရာမျိုးကို အခု မှ ပထမ ဆုံး ရောက်ဖူးတာ ဆိုတော့ ၊ မင်းတို ့ပဲ ရွေးကြပါ ။ ဘယ်မှာပဲ ဖြစ်ဖြစ် ငါတို ့လှူလိုက်တဲ့ ဟာ က အခုလို တစ်ကယ် အကျိုးရှိတယ် ဆိုရင် ကုသိုလ် တွေ အများကြီး ရမယ် လို ့ငါထင်တာပဲ ၊ ကိုကို မင်းဘယ်လိုထင်လဲ ´

` ကုသိုလ် မရမှာတော့ မပူနဲ ့ငါ့ကောင် ၊ မင်း အခု လက်ရှိ ရည်းစား ထက် ၁ဝ ဆ ချောတဲ့ ရည်းစားတွေ တမုန်းရမှာ အသေအချာပဲ…ဟားဟား ´

ကိုကို သည် ကျောက်ကုန်သည် ၊ ညီညီ သည် မိဘများ၏ ပွဲရုံလုပ်ငန်း ကို ဦးစီးနေသူ ၊ မောင်မောင်  ကတော့ အကျိုးဆောင် ၊ ပွဲစား ။ သူတို  ့၃ ယောက် သည် ၁ဝ တန်းကျောင်းသား ဘဝ ကတည်း က အတူ တွဲခဲ့ ကြသော စိတ်တူ ကိုယ်တူ ရှိသူများဖြစ်သည် ။ သူတို ့၃ ယောက် စီးပွားရေး ကိုယ်စီ လုပ်ကိုင်ကြသောအခါ ၊ ၃ ဦးသား ဝင်ငွေများကို နည်းနည်းချင်းစီ စုပြီး အလှူ လုပ်ကြခြင်း ဖြစ်သည် ။ ကိုကို တို ့အလှူ အကြောင်း ကို ကြားသိသွားသော မိတ်ဆွေ အပေါင်းအသင်းများ က လည်း သဘောကျ သွားကြပြီး ၊ သူတို ့ပါ ပါဝင် လှူဒါန်း ချင်လာသည် ။ ထို ့အတွက် သူတို ့၃ ဦး ထဲ တွင် အချိန်ပေးနိုင်သူ က မောင်မောင် ၊  သူ ့ကို  အလှူငွေ လိုက်ခံ သည့် တာဝန် ပေးလိုက်ကြသည် ။

မောင်မောင် သည် အိမ်၊ခြံ၊မြေ၊ကား၊ဆိုင်ကယ်၊ဖုန်း ဝယ်ရောင်း ပွဲစား အစုံလုပ်သည် ။ သူ သည် လူမှန် တစ်ယောက် ။ ယနေ ့ချိန်ထိ မည်သူ ့ကိုမှ မဟုတ်တာ မလုပ်ခဲ့ ၊ သတ်မှတ်သော နှုန်းထား အကျိုးဆောင်ခ ကို သာ ယူပြီး ပွဲစား လုပ်သည် ။ မြတ်မည် ထင်လျှင် အိမ်၊ခြံ၊ကား၊ဆိုင်ကယ် ဝယ်ထားသည် ။ ကြိုက်ဈေးရမှ ပြန်ရောင်းသည် ။ ထို ့အတွက် မောင်မောင့် မှာ အချိန်ပို များ ရှိသည် ။ ထို ့အတွက်လည်း မောင်မောင် တစ်ယောက် နိဗ္ဗာန်ဆော် ဖြစ်လာသည် ။

သည်တစ်ပါတ် အလှူငွေ ကောက်ရန် ညီညီ ့ဆီ သို ့ပထမ ဦးဆုံး မောင်မောင် လာခဲ့သည် ။ ယခု လက်ရှိ မောင်မောင် ဝယ်ထားသည် မှာ စက်မှုဇုံထုတ် လိုက်ထရပ် ( light truck ) ၊ အသိ တစ်ယောက် က ဗိုက်နာနေသဖြင့် ၊ သူများရောင်းလျှင် လဲ ဈေးနှိမ်ခံ ရမည့် အတူတူ ၊ မောင်မောင် ဝယ်ထားလိုက်ခြင်းဖြစ်သည် ။ ညီညီ ့ဆီ ရောက်တော့ ၊ မောင်မောင့် ကား ကို ကြည့်ပြီး ညီညီ သဘောကျ နေသည် ။

` မင်း ဒီကား ဝယ်ထားတာလား ´

` အေး…၁ဝသိန်းလောက် ကျန်မယ် ထင်တယ် ၊ အားလုံး အောကြော ပဲနော် ၊ ဘာလို ့လဲ… မင်းကြိုက်လို ့လား ၊ မင်းလို ချင်ရင်တော့ ၅ သိန်းပဲ အမြတ်ပေးလိုက်..ငါ့ကောင်..ဟားဟား ´

` မဟုတ်ပါဘူး ကွာ ၊ ဒီလိုက်ထရပ် ရှိတော့ ၊ ဒီတစ်ခေါက် ငါတို ့အလှူသွားလုပ်ရင် ၊ ပစ္စည်းတွေတင်စရာ ကား ရတာပေါ့ ၊ နောက်ပြီး ငါ့ အလုပ်သမား တွေ က ဒီတစ်ခါ သွားရင် သူတို ့လဲ လိုက်ပြီး လုပ်အားဒါန ပြု ချင်တယ် ပြောနေလို ့ကွ ၊ မင်းကား ရှိတော့ သူတို ့ပါ တင်ခေါ်ခဲ့တာပေါ့ ´

` ကောင်းသားပဲ ၊ မင်းကောင်တွေ လုပ်အားဒါန ပြုမှာဆိုရင် တို ့..အဆင်ပိုပြေတာပေါ့ ´

` အော…ဒါနဲ  ့ ၊ ဟိုကောင်…ကိုကို  ့ဆီ မှာ တို ့အလှူထဲ ကို အလှူငွေ ထည့်မယ့်သူတွေ အများကြီး တိုးလာတယ် ကြားတယ် ၊ ငါ က ဒီတစ်ပတ် အတွက် ၁ သောင်း ကွာ ၊ နောက်ပြီး ငါ တို ့ အကြောင်း သိသွားတဲ့ ကုန်စည်ဒိုင် က ဘော်ဒါတွေ  လှူထားတဲ့ ၈ သောင်း ရှိတယ် ၊  ဒီတစ်လ က တော့ အလှူငွေ တော်တော် များမယ် ငါ့ကောင် ´

` အေး..များတော့ ၊ ကောင်းတာပေါ့ကွ ၊ ငါတို  ့လှူ မှာ က လည်း တစ်ကယ် လိုအပ်တဲ့ နေရာတွေ ပဲ ဆိုတော့ ၊ လှူတဲ့ သူ အားလုံး တစ်ကယ် ကုသိုလ်တွေ အများကြီး ရမှာ ကွ ၊ မင်း သေချာ မရှင်းပြလိုက်ဘူး လား ´

` ပြောတယ်လေကွာ…၊ဒါနဲ ့မင်း အလှူငွေ နဲ ့အလှူရှင် စာရင်း ကို သေချာ လုပ်ဦးနော် ´

` အဲဒါအတွက်တော့ မပူနဲ ့ငါ့ကောင် ၊ အခုလောလောဆယ် ငါ့မှာ ဒိုင်ယာရီ စာအုပ် လို တစ်အုပ် အသစ် လုပ်ထားတယ် ၊ ဝမ်းသာစရာ တစ်ခု က ၊ ငါ့ အသိ ပုံနှိပ်စက်ပိုင် တစ်ယောက် က ငါတို ့အလှူငွေ မှတ်တမ်း လုပ်ဖို ့ဘောင်ချာ စာအုပ် ရိုက်လှူ မယ်တဲ့ ဟ ´

` ဟာ..အရမ်းကောင်းတာပေါ့ကွာ ၊ မင်း လူ နဲ ့နောက်ကြ မိတ်ဆက်ပေးဦးလေကွာ…´

` အေးပါ…၊ ငါ အခု ကိုကို ့ဆီ ဆက်ဂိုးလိုက်ဦးမယ်နော် ´

မောင်မောင် တစ်ယောက် ကိုကို ့ ဆီ ရောက်လာခဲ့သည် ။

` မင်းကွာ..ငါစောင့်နေတာ ကြာပေါ့ ၊ မင်းဖုန်းက လဲ ဆက်သွယ်မှု ဧရိယာ အပြင်ဘက် တဲ့ ´

` ငညီ  ့ဆီ မှာ စကားကောင်းနေလို ့ကွ ၊ အလှူငွေ လည်း အများကြီး ရခဲ့တယ် ဟ ´

` ဒါဆိုရင်တော့ ဝမ်းသာစရာပဲ ပေါ့ကွာ ၊ ငါ ့ဆီ မှာလဲ နဲနဲ များတယ်ကွ ၊ ငါ က ဒီတစ်ပတ် လှူမှာ က ၁၅၀၀ဝ ကွာ ၊ ဒါက ငါနဲ ့အတူလုပ်တဲ့ ကျောက်သမားတွေ လှူတာ ၆၅၀၀ဝ ´

` ငါတို ့ဒီတစ်ခါ အလှူကတော့ ရှယ် လှူ နိုင်မယ် အသေအချာပဲ ဟေ့ ´

` မင်း…ကိုမျိုးမင်းအိမ်ကို သိတယ်မလား ၊ ကားဝေါ့ရှော့ ( work shop ) ဆရာ လေ ´

` အေး…သိတယ်လေ ၊ ဘာလို ့လဲ ´

` သူ က ငါတို  ့လှူတဲ့ သတင်းကြားတော့ ၊ သူ ပါ လှူချင်လို ့တဲ့ ၊ အဲဒါ ပြီးရင် ၊ မင်း သူ ့ဆီ သွား အလှူ ခံ လိုက်ပါဦးကွာ ´

` ကောင်းပြီလေ….၊ ငါ အခု မင်းဆီ က အပြန် ၊ သူ ့ဆီ ဝင်လိုက်မယ် ´

သို ့နှင့် မောင်မောင် တစ်ယောက် တက်ကြွ စွာ ဖြင့် အလှူ ခံ ထွက်ခဲ့သည် ။ သည်တစ်လ သူတို ့အလှူငွေ စုစုပေါင်း ၅ သိန်းခန် ့ရသည် ။  ဘုန်းတော်ကြီး စာသင်ကျောင်း တွင် သွားရောက် ငွေပဒေသာပင် လှူဒါန်းရင်း ဆွမ်းကျွေးလေး လုပ်ကြသည် ။ သူတို ့၃ ဦး နှင့် အတူ မိတ်ဆွေ အပေါင်းအသင်း များလည်း ပါလာသည် ။ အားလုံး ပျော်ပျော်ပါးပါး ၊ တက်တက် ကြွကြွ ဖြင့် လှူဒါန်း ဒါန ပြုကြသည် ။ ကျောင်းထိုင် ဘုန်းတော်ကြီး မှ သူတို ့တွေ ၏ အလှူ ဒါန အတွက် ဆုတောင်း အမျှဝေ ပေးသည် ။ အားလုံး ဝမ်းသာ ပီတိ ကိုယ်စီ  ဖြင့် ။

` ပဲဈေးတွေ ကျ လို ့ ဒီလတော့ ငါ အများကြီး မလှူနိုင်ဘူး ကွာ ´

` သူငယ်ချင်းရာ….၊ ငါတို့ စလုပ်ကတဲ က ဘယ်ရွေ  ့ဘယ်လောက် လှူ ရမယ် ဆိုပြီး သတ်မှတ်ထားတာ မှ မဟုတ်တာ ၊ နောက်ပြီး အလှူ လုပ်တယ် ဆိုတာ စိတ်စေတနာ ရှိသလောက် လှူကြတာပဲ မလား ၊ ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ ့ကွာ ၊ ဒီလို ပဲပေါ့ ….နောက်..မင်း အဆင် ပြန် ပြေတဲ့ အချိန် ကြ ၊ မင်း အများကြီး လှူချင် လှူလို ့ရမှာပါကွာ ´

` ငါ လဲ………..ဟို နေ ့က ကျောက်ရှုံးသွားတာ ၊ ငါလဲ ညီညီ ့လို ပဲ ကွာ ၊ မောင်မောင် ရာ ´

` ဘာမှ စိတ်မညစ်ပါနဲ ့သူငယ်ချင်းတို ့ရာ ၊ ဒီတစ်ပါတ် အဆင်မပြေပေမယ့် ၊ နောက် တစ်ပတ် တွေ အဆင်ပြေလာမှာပေါ့ ၊ ငါ့မလဲ ဝယ်ထားတဲ့ ကားတွေ ၊ ဆိုင်ကယ်တွေ က အရောင်း မထွက် ပါဘူး ကွာ ၊ အမြဲတမ်းတော့ ဘယ်အဆင်ပြေနိုင်မလဲ ၊ ကြိုးစားကြရမှာပေါ့ ကွာ ….နော် ၊ ဘာမှ စိတ်မညစ်နဲ ့ ´

(  ဇါတ်သိမ်း ကို ထပ်မံ ရေးတင်ပါမည် )

အားလုံး ကို ကျေးဇူးတင်ပါသည် ။

 

4 comments

  • icecube

    August 13, 2011 at 8:38 am

    သာဓု သာဓု သာဓု ပါ ၊ စဉ်ဆက်မပြတ်လှုနိူင်ကြပါစေ၊

  • aungnng87

    August 13, 2011 at 12:08 pm

    ဆန့်တငံ့ငံ့ဖြစ်သွားပြီ။မြန်မြန်ရေးပါ။

  • ကြောင်ကြီး

    August 13, 2011 at 12:27 pm

    လွမ်းတတ်ရင်လွမ်း
    နမ်းတတ်ရင်နမ်း
    အကြမ်းတော့မဖက်နဲ့
    တခန်းရပ်နဲ့
    ဇာတ်လမ်းပြတ်သွားမယ်..။

  • manawphyulay

    August 13, 2011 at 5:24 pm

    ဟ ဘာတုန်း… ဖတ်ကောင်းတုန်းရှိသေးတယ်… ဘယ်နှယ်ရပ်လိုက်တာတုန်း.. ကိုရီးယားကားတွေ မကြည့်ပါဘူးဆိုမှ… ဒါတွေ စိတ်ညစ်လို့…

Leave a Reply