ဝက်သားတုတ်ထိုး

ရွှေအိမ်စည်August 12, 20111min27127

နားရွက်ပြာကတည်းကမစားရတာကြာပါပြီ..။
နားရွက်ပြာတဲ ့ဝက်မျိုးလည်းကုန်လောက်ပြီထင်ပါတယ်..။
ဒီတစ်ပါတ်တော့ဖြစ်ချင်ရာဖြစ်…စွဲတော့မယ်..
ဝက်သားတုတ်ထိုးစားချင်တဲ့ အချိန်တိုင်းအာသီသ ရှိနေတာကြာပါပြီ ။
အစားအသောက်အကြောင်းပဲ စဉ်းစားနေမိတယ်။
အချိန်တိုင်း ဒီအကြောင်းပဲ စဉ်းစားနေမိတာ ရှေ ့ရေးစီးပွားရေးအတွက်ပါ။
ကျမငယ်ငယ်ကလည်းစိတ်ကူးမိတယ်..တုတ်ထိုးရောင်းဖို ့လေ။

…………

ဝက်သားတုတ်ထိုးက မန္တလေးမှာ စားရတာနဲ ့ရန်ကုန်မှာ စားရတာ မတူလှဘူး။
မန္တလေးက အဓိက အသားကို ပြုတ်ထားတာဆိုတော့ အသားက ပျော့တယ်။
တုတ်နဲ ့ထိုးထားတာတင် မဟုတ်ပဲ ပွဲနဲ ့လဲစားလို ့ရတယ်။
ပွဲနဲ ့ကြတော့ အသားပြုတ်တဲ့အရည်ရောပြီး ကြက်သွန်ဖြူ၊ငရုတ်သီး ကို ပါးပါးလှီးထည့်၊
ငရုတ်သီးဆော့ရယ် သံပုရာသီးညှစ်ပြီး စားကြတယ်။
တုတ်နဲ ့ထိုးထားတာကြတော့ မန္တလေးမှာ အကင်လို ့ခေါ်တယ်။
အကင်နဲ ့ပွဲနှင့်ပေါ့။
ပြီးတော့ အသား၊အူနဲ ့အဆုတ်ကို မီးအေးအေးလေးနဲ ့ကြွတ်နေအောင်
ကြော်ထားတဲ ့အကြွတ်ကြော်ဆိုတာ ရှိသေးတယ်။
အဲဒါနဲ ့ကြတော့ ဝက်ပြုတ်ရေကို သံပုရာသီးညှစ်ပြီးသောက်ပေါ့။
ရန်ကုန်မှာ တုတ်ထိုးစားတော့ ခေါက်ဆွဲကြော်ကြာဇံကြောနဲ ့လည်းရောစားပါတယ်။

်ရန်ကုန်ဆိုင်တွေအားလုံးထဲ မှာတော့ဒီဆိုင်တွေ ကအကောင်းဆုံးပါဘဲ..။

စဉ် ့အိုတန်းလမ်းထိပ်ကတုတ်ထိုးဆိုင်

လမ်းမတော်သံဈေးရှေ ့က မငယ်ဆိုင်.

၁၃ လမ်းကမောင်မြင့်ဆိုင်လည်း အရမ်းစားကောင်းပါတယ်။

ကျောင်းမြောင်းသီတာလမ်းကခွေးနီုဆိုင်

အင်းလျားရေကူးကန်ဘေး က တုတ်ထိုးဆိုင်

ဝါးတန်းလမ်းလူပျိုကြီးဥိးချစ်တုတ်ထိုးဆိုင် (စိတ်တိုင်းကျလက်ဘက်ရည်ဆိုင်နဲ ့ပန်ဒါဟော်တယ်ကြားက)

စမ်းချောင်း ပဒုမ္မာကွင်း La Belle ရှေ ့ က ဝက်သားတုတ်ထိုး…ဒီဆိုင်များကတော့ ကျမ………..

—————–

ကျောင်းသူဘဝတုန်းက တုတ်လေးနဲ ့ထိုးပြီးစားရတာ အရမ်းသဘောကျတာပဲ(တုတ်လည်းမပစ်ချတတ်၊ မချိုးတတ်ပါ)

မှတ်မှတ်ယယ တုတ်ထိုးစားတာအပြန် ကားစီးဖို ့ဘဲချန်ပြီးစားဘူးပါတယ်..။

လမ်းမှာ ရန်ကင်းနားကားပျက်လို ့ နောက်ကားစီးဖို ့ငွေကပါမလာပါဘူး…စပယ်ယာကလည်း လူလည်ပါ…စက်ပြင်ဆရာသွားခေါ်အုံးမယ်ဆိုပြီးထွက်သွားတာအကြာကြီးပါ…။

မစောင့်နိုင်လို ့..ရန်ကင်းကကျောက်မြောင်းအထိလမ်းလျှောက်ပြန်ခဲ ့ဘူးပါတယ်)

ရန်ကုန်မှာကျ အသားကို နည်းနည်းပြန်ကြော်ပါတယ်။

ကျွန်မကတော့ ပြုတ်တဲ့အရသာကိုကြိုက်ပါတယ်။
မိမိနှစ်သက်ရာ ဝက်သားကလီစာများကို ရွေးဝယ်ထားပါ။

ပါဝင်သောပစ္စည်း

ဝက်အသည်း၊နှလုံး၊လျှာ ၊အူချို ၊အူပိတ် သွေးခဲ၊ အသား၊ တစ်ပိသာ
ဆား
အချိုမှုန် ့
သကြား
ပဲငံပြာရည်
ဂျင်း လိုသလောက်
တရုပ်မဆလာ လိုသလောက်
ြကြက်သွန်ဖြူ လိုသလောက်
နာနတ်ပွင့် ၅ ပွင့်
ငရုပ်ဆော့
သံပုရာသီး
ငရုပ်သီးစိမ်း
ဘဲဥ၁ဝ လုံး

ပြုလုပ်ပုံအဆင့်ဆင့်

ဝက်အသည်း၊နှလုံး၊လျှာ ၊အူချို ၊အူပိတ် သွေးခဲ၊ အသား တို ့ကို ရေသေချာဆေးပါ။
ပြီးလျှင်ချင်းထောင်းရေနဲ ့နယ်ပေးပါတယ်။
နောက် ဆား၊သကြားအနည်းငယ်၊
ပဲငံပြာရည်အနောက်၊ငံပြာရည်၊တရုတ်မဆလာ၊ကြက်သွန်ဖြူထောင်း
တို ့ဖြင့် နှံအောင်ဆုတ်နယ်ပေးပါ။ ထို ့နောက် အသားများကို ပြုတ်ပေးပါ။
ပေါင်းအိုးနဲ ့ပေါင်းပေးရင် အရသာပိုကောင်းပါတယ်။
အသားပြုတ်အိုးထဲကို ဂျင်းအချောင်းလေးတွေလှီးပြီး ထည့်ပေးပါတယ်။
နာနတ်ပွင့်အလွယ်တကူရမယ်ဆိုရင် ထည့်ပြုတ်ပေးပါ။

အသားနူးပြီဆိုရင် မိမိစိတ်ကြိုက်ပြင်ဆင်စားသုံးနိုင်ပါပြီ။
အချဉ်အတွက်ကတော့ ငရုတ်ဆော့ကို
ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်းလှီးထည့် သံပုရာရည်ညှစ်ပြီး ပြင်ဆင်ပါ။
အရည်လေးနဲ ့စားမယ်ဆို မိမိနှစ်သက်ရာအပိုင်းကို ပါးပါးလှီး၊
အရည်ဆမ်း၊အချဉ်ထည် ့ပြီး စားသုံးပါ။
ထမင်းနဲ ့စားမှာမလို ့ဆိုရင်တော ့ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း
ပါးပါးလှီးပါ။

ပဲပင်ပေါက်ရေနွေးဖျောပြီး သခွားသီးနဲ ့မုန်လာဥနီကိုအချောင်းလေးတွေ လှီးပေးပါ။
အသားနဲ ့ရောပြီး ငံပြာရည်တို ့နဲ ့သုတ်စားပါ။

အသားကို ကြော်ပြီးမှစားချင်သူများအတွက် အသားကို ဆီမြုပ်အောင်ထည့်ပြီး ကြော်ပါ။
ပြီးမှ ပြန်ပြီးပေါင်းပေးပါ။

ဒါဆိုရင် အရမ်းစားကောင်းတဲ ့ဝက်သားတုတ်ထိုးရပါပြီနော်။ စာပြီးရင်ဆွေမျိုးပါမေ ့နိုင်လို ့အရင် ဆွေမျိုးစာရင်းစမှတ်ပါ

ကဲ စွဲမယ်ဟေ ့

ရွှေအိမ်စည်(ဂေဇတ်ထမင်းဆိုင်)

မှတ်ချက်…ထမင်းဆိုင်တွင်..ယခင်အဟောင်းစာရင်း များသာတင်သည်။

နာနတ်ပွင့်မမြင်ဘူးသော….
ဂျော်နီပုကြည့်ရန်

27 comments

  • mihninlay

    August 13, 2011 at 12:05 am

    တောက်….မစားရတာကြာနေပြီ…ကြည့်ရင်းသွားရည်ကျလာပြီနော်…ဟင်းဟင်းဟင်းဟင်း

  • nature

    August 13, 2011 at 7:07 am

    ဝက်သားကို နယ်ပြီး ခဏနှပ်ထားရင် ပိုကောင်းမယ်ထင်တယ်။ ဝါးတန်းလမ်း Dream ရှေ့က အဘချစ် ဝက်သားတုတ်ထိုးဆိုင်က အူပိတ်နဲ့ ဝက်သားလုံးကောင်းတယ်။ ညနေ ၄နာရီလောက်မှ ဖွင့်တယ်။ တနင်္ဂနွေ ပိတ်တယ်။ ဝက်သားဒုတ်ထိုးနဲ့စားဖို့ အချဉ်ကတော့ ငရုပ်ဆီကို ငံပြာရည်အနောက် (ကြာညို့)အနည်းငယ်၊ သကြားအနည်းငယ်ထည့် ပါ။ ကြိုက်တတ်ရင် သံပုရာသီးကို အရည်ညှစ်ထည့်ပါ။

  • MaMa

    August 13, 2011 at 7:58 am

    ဝက်နားရွက်ပြာဖြစ်လို့ မစားရဲပါဘူးဆိုမှ ရွှေအိမ်ဆူနော် အဲ မှားလို့ ရွှေအိမ်စည် နော်- ဟင်းးးးးးးးးးးးး
    🙁

  • ကြောင်ကြီး

    August 13, 2011 at 9:36 am

    ဝက်မျိုးဖြုတ်ရေး ကော်မတီဥက္ကဌ ဒေါ်ရွှေအိမ်စည်ခင်များ ဝက်သားဒုတ်ထိုးအမယ်များထဲက အရိုးနုဆိုတာကို ကျနော်တို့ဆီက ဆိုင်တွေမှာ ရှာမတွေ့ပါ။ ဝက်၏မည်သည့်အစိတ်အပိုင်းကဖြစ်သည်ကို သိလိုပါသည်။။

    • pan pan

      August 15, 2011 at 11:02 am

      အရိုးနုကတော့ ဝက်နားရွက်က အရိုးနုလေးက တယ်စားကောင်း….
      အဲဒါလေး အကြိုက်ဆုံး
      အဟင်း….သွားရည်တောင်ကျလာပြီ

  • zawmyothu

    August 13, 2011 at 10:20 am

    အရမ်းကြိုက်တဲ. ဝက်သား ဒုတ်ထိုးလာပြီ ဟီးးးး

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 13, 2011 at 11:57 am

    ကြိုက်ပြီဗျို့
    လုပ်ကိုစားဦးမယ် အဟုတ်
    ကျေးဇူးလည်းအရမ်းအရမ်းတင်တယ် နောက်ပြီး
    ကိုယ်ကြိုက်တဲ့ အသီးအနှံတွေ ဥပမာ မုန်လာဥလို ကြောင်လျှာသီးလို အစရှိတဲ့
    ဘကြီးတေးဘဲ တွေကို ချဉ်ပတ်စိမ်နည်းလို့ခေါ်မလား ချဉ်ဖတ်ထည့်နည်းလို့ခေါ်မလား
    အဲ့သည်နည်းလေးတွေပေးပါဦးလို့တောင်းဆိုလိုက်ပါတယ်
    သူများတင်ထားတာလေးတွေရှိရင်လည်း ညွှန်းကြပါဦး
    ကိုယ်ကြိုက်တဲ့အသီးအရွက်တွေကို ကိုယ့်စိတ်ကြိုက်အချဉ်လုပ်ပြီး
    ငါးငပိနဲ့ လွေးခြင်နေတာ

  • aungnng87

    August 13, 2011 at 12:03 pm

    တို.ကဝက်သားမစားဘူး။ ဝင်စပ်စုကြည့်တာ။

  • kai

    August 13, 2011 at 12:18 pm

    သေပြီဆရာ..။
    ဝက်ကို ပေါင်ချိန်တွေတက်နေလို့..ရှောင်နေပါတယ်ဆိုနေမှ…။
    အင်း..
    .. အမှတ်တရ.. မှတ်သွားလောက်အောင်.. သတင်းစာထဲထည့်လိုက်မှနဲ့တူတယ်..။ 🙂

  • ရွှေအိမ်စည်

    August 13, 2011 at 12:19 pm

    လာမယ်ခဏစောင် ့ဘယ်လိုပြရမှာလည်း..ကောမက်မှာပုံထဲ ့ရလား..့ကျနော်မသုံးတတ်သေးဘူး

    ဟားဟား…ကျနော်..လိုတရဧဒဥယျာဉ်ထဲ ရှာကြည့်မယ်

  • ရွှေအိမ်စည်

    August 13, 2011 at 12:28 pm

    ဂျော်နီ………………………..မိုက်ကယ်………………………….
    ကိုပုအတွက်……

    နာနတ်ပွင့်ရှာဖွေတင်ပေးပါသည်…
    လာကြည့်ပါ..ဘယ်ကပြရမှန်းမတဘူး

  • ရွှေအိမ်စည်

    August 13, 2011 at 12:30 pm

    ချည်ပါတ်စိမ်တာများ..လွယ်မှလွယ်…..ထမင်းဆိုင်မှာဆိုအလာကားတောင်ရတယ်…
    ဟိးဟိးစာမလား..နေတိုင်းချက်ရောင်းမယ်……

    နတ်တွေဆိုတော့အငွေ ့ကိုရှူ..
    သူတော်ကောင်းဆိုတော့အမြင်နဲ ့ရှူ.

    ပိုက်ဆံကတော့ဝင်ကြီးတိုင်းသဲူကီးဆီက…ပွိုင့်နှုတ်ခိုင်းလို ့ရရင်……

    ဟယ်…ဒီလိုစိတ်ထားမကောင်းပါဘူး……………

  • ဆူး

    August 13, 2011 at 2:30 pm

    သူငယ်ချင်းတွေက အမြဲ ကြွားတယ် ငါက ဝက်သား ဒုတ်ထိုး ၁၀၀ဝ ဖိုး စားတယ် ၂၀၀ဝ ဖိုး စားတယ် စသဖြင့်…
    သူတို့ ပြောတာ အားကျလိုက်တာ.. တခါတော့ စားမယ် ဆိုပြီး ဝင်စားတာ ၁၀၀ဝ ဖိုးတောင် မပြည့်ဘူး ၈၀ဝ ဖိုး ထက် ပို မစားနိုင်ဘူး။
    အိမ်ပြန်တော့ ရင်တွေ ပြည့်လိုက်တာ.. နေလို့တောင် ကောင်းဘူး။
    မှတ်သားလောက်ပါပေတယ်။

    • နွယ်ပင်

      August 15, 2011 at 11:12 am

      အဲတာဆိုရင်တော့ ဆူးက နွယ်ပင့်ကိုတောင်မမှီတော့ဘူး
      နွယ်ပင်ဆို တစ်ခါစားရင် အနည်းဆုံး 2000 ပဲ
      တစ်ခါများ နှစ်ယောက်အတူသွားစားတယ် 6000 ကျော်သွားလို့
      မနည်း ဘရိတ်အုပ်လိုက်ရတယ် 😛

  • hmee

    August 13, 2011 at 2:38 pm

    တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပဲ လုပ်စားဖြစ်ပါပေါ့လား။ အခုမနက် ဝက်သားတုတ်ထိုးကို ကြာဇံကြော်လေးနဲ့ သုတ်စားရင်း ပန်းကန်ကိုင်ပြီး ရွာထဲဝင်တာ ရွှေအိမ်စည်ရဲ့ တုတ်ထိုးနဲ့ တိုးတာပဲ။ ဝက်သားနယ်ရင် ခရုဆီလေးပါထည့်နယ် အရသာပိုကောင်းပါတယ်။ အသည်းကိုတော့ တခါတည်းထည့်မပြုတ်နဲ့ မာပြီး ခါးသက်သက် ဖြစ်သွားတတ်တယ် အစာပလာတွေနဲ့ နှပ်ထားပြီး အိုးချခါနီး ၁ဝမိနစ်လောက်အလိုမှာထည့် ပိုကောင်းပါကြောင်း။ ဦးကြောင်ရေ အရိုးနုက နားရွက်နဲ့ လည်ချောင်းမှာပါပါတယ်။ ကိုအောင်ပုရေ အချဉ်တည်တာ အလွယ်လေးပါ ပုလင်းတလုံးထဲကို ဆန်ဆေးရေ ဦးရည်ထည့် ဆားထည့် ထမင်း နှစ်ဇွန်းလောက်ထည့် နနွင်းမှုန့်လေး နဲနဲထည့် အချဉ်တည်ချင်တဲ့ အသီးအရွက်ထည့် နေပြထား ၃ရက်ဆိုချဉ်ပါပြီ။ မှီကတော့ ပဲပင်ပေါက်ကို အမြဲလိုလို အချဉ်တည်ပြီး တို့စား၊ သုတ်စားပေါ့။ ရွှေအိမ်စည် ပင်ပန်းမှာ စိုးလို့ ကိုယ်စားဖြေပေးတာ။ 🙂 😛

  • cobra

    August 13, 2011 at 5:18 pm

    လှိုင်မြို ့နယ်၊ကန်လမ်းထဲကဆိုင်လည်းကောင်းတယ်။
    ရွှေပဒုမ္မာလ္ဘက်ရည်ဆိုင်ရှေ့မှာ။

  • ရွှေအိမ်စည်

    August 13, 2011 at 5:49 pm

    ်ရန်ကုန်ဆိုင်တွေအားလုံးထဲ မှာတော့ဒီဆိုင်တွေ ကအကောင်းဆုံးပါဘဲ..။

    စဉ် ့အိုတန်းလမ်းထိပ်ကတုတ်ထိုးဆိုင်

    လမ်းမတော်သံဈေးရှေ ့က မငယ်ဆိုင်.

    ၁၃ လမ်းကမောင်မြင့်ဆိုင်လည်း အရမ်းစားကောင်းပါတယ်။

    ကျောင်းမြောင်းသီတာလမ်းကခွေးနီုဆိုင်

    အင်းလျားရေကူးကန်ဘေး က တုတ်ထိုးဆိုင်

    ဝါးတန်းလမ်းလူပျိုကြီးဥိးချစ်တုတ်ထိုးဆိုင် (စိတ်တိုင်းကျလက်ဘက်ရည်ဆိုင်နဲ ့ပန်ဒါဟော်တယ်ကြားက)

    စမ်းချောင်း ပဒုမ္မာကွင်း La Belle ရှေ ့ က ဝက်သားတုတ်ထိုး…ဒီဆိုင်များကတော့ ကျမက သုတေသနပြုထားသလောက်ဘဲဗျ..လာစားဘူးပါတယ်…သံလမ်းမှာအမျိုးတွေရှိတယ်လေ..

    ဦးချစ်မောင်. .မြလမ်းကဆိုင်ဆို..ဝက်ဦးနှောက်တောင်ရတယ်…

    တောင်ဒဂုံမြောက်ဒဂုံ……….အင်းစိန်အဆုံး…..
    နယ်(ရောက်ဘူးသမျှ)ထဲ မှာတော့…..တဆိုင်ချင်းစီတောင်သုတေသနပြုထားတာ..ဟဟ

  • MaMa

    August 13, 2011 at 6:12 pm

    သူများလို ဝက်သားဒုတ်ထိုးနည်း မတတ်တော့ တတ်တာလေး ဝင်ပြီး ဆရာလုပ်လိုက်ဦးမယ်။ မှီ ပြောတဲ့နည်းအပြင် နောက်နည်းတမျိုးနဲ့လည်း အချဉ်စိမ်လို့ ရသေးတယ်။ အချဉ်စိမ်ချင်တဲ့ အရွက်ကို ဆားနဲ့နယ်။ အရွက်နွမ်းရင် အရည်ကိုသွန်ပစ်ပြီး ဆန်ဆေးရည် ထဲထည့်စိမ်။ နောက် ၁-၂ ရက် နေရင် စားလို့ရပြီ။

  • စားချင်ပါရက်ကယ်နဲ့
    ဝလာလို့ မမြင်ယောင်ဆောင်။
    ကင်းအောင်နေပါတယ်ဆိုမှ
    ဆိုးလိုက်ပါတဲ့ ရွှေအိမ်စည်ရယ်
    ကိုပေါက်သတိရအောင်
    ပုံတွေဆောင်လို့ပြ
    စားချင်စိတ်က တားမရတော့ဘူးနော်…………………….

  • thit min

    August 13, 2011 at 6:32 pm

    အစားအသောက်မီးလိုတောက် ။ …..ကျနော်လည်းပါတယ်ဟီးဟီး

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 13, 2011 at 8:57 pm

    အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာ
    ဘာရယ်တော့ဟုတ်ပါဘူး
    အိမ်ရှင်မတွေဘာတွေရတဲ့အခါ ချက်ပြုပ်ကျွေးမွေးတတ်အောင်လို့ပါ
    တစ်ကယ်ပါ
    ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ

  • ရွှေအိမ်စည်

    August 13, 2011 at 10:12 pm

    ဟဟ..ကြောငြာကလည်းဝင်သေးတယ်..လူပျိုဖြစ်ကြောင်း။။။

    အိမ်မှုသိမ်းထုပ်ချက်ပြုတ်သေချာတဲ ့..မိုက်ကယ်ပု..သို ့

    ========

    ကိုပေါက်ရယ်….ဒွနေ ့တော့နတ်မင်းကြီးကအငွေ ့ဘဲရှူ ့…
    မနက်ဖြန်ချက်ကြွေးမှာ…..ကငရုပ်သီးစိမ်းဟင်း..ဟိဟိ(အပွ)

  • mandalarthu

    August 15, 2011 at 12:00 pm

    Thanks,Shwe Aein si,
    I also life this kind of pork since 8 years ago,I prefer Mandalay to Yangon cos’ it is more delicious.Thanks for sharing this photo…,it makes me……:)

  • thit min

    August 15, 2011 at 12:03 pm

    I am worring about stree-vendor( wet thar htoke htoe thal) whether washing or not “his hand” after going toilet. And, if not……………..?

Leave a Reply