ဘဏ်တွေ မှာ ၅၀၀ဝ ကျပ်တန် ပိုက်ဆံလိမ်ယူနေ

Mobile HouseAugust 13, 20111min17714

ကျွှန်တော် အသိထဲမှာကို ၅ယောက်လောက် ခံခဲ့ရပြီ မလို့ ပါ။ပိုက်ဆံ လွှဲ ရင်ဖြစ်ဖြစ် ၊သွင်း ရင်ဖြစ်ဖြစ် ၅၀၀ဝတန်ပါတယ် ဆို ၁ရွက်လောက် တော့ အတုပါ ဆိုပြီးသိမ်းသွားတယ် ။ပြန်မလဲပေး ဘူး ။အတုဖြစ်ကြောင်းလဲမပြဘူး ။ကိုယ် တိုင် ရဲ စခန်းအပ်မယ် ဆိုလဲ မရဘူး ။သူငာ်ချင်းတို့ ကြုံ လာရင် မန်နေဂျာခေါ် ခိုင်း ပြီး အတုအစစ် ခွဲခိုင်းပါ ။  ၅၀၀ဝ တန်တွေ က အတို အရှည်တူသော် လဲ ငွေကြိုးများ နေ ရာလွဲနေ ။သပ်ရပ်မူ မရှိပါ ။စက်ရုံကြောင့် လွဲ တာ လား ဘာကြောင့် လဲ ။အခုအတုတွေ ပေါ်လာတော့ ဘယ်လိုစစ်မလဲ ။အောက်ကပုံကတော့ အတုရဲ့ကွဲပြားချက်ပါ။

14 comments

  • MaMa

    August 13, 2011 at 7:45 am

    ခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်။အရင်ကအတုဆိုရင် ဘဏ်တွေက တဝက်ပြန်ပေးသေးတယ်။ ခုတော့ ပြန်မပေးတော့ဘူး။

  • icecube

    August 13, 2011 at 8:25 am

    တစ်မျိုးပီး တစ်မျိုး မရိုးနိင်တော့ပါလား ၊ နေရာအနှံ့ အကျင့်ပျက် ချစားခြင်းတွေ ဘယ်တော့မှ လျော့နည်း
    ပါတော့မလဲ ၊ မနေတတ် မဖြေတတ် ကျေနပ်စရာလဲ မရှိ နိုင်တော့ပါဘူး။

  • etone

    August 13, 2011 at 8:51 am

    အဲ့ဒီငါးထောင်တန် အတုတစ်ရွက်များ နေ့စား အလုပ်သမား တယောက်လက်ထဲ မတော်တဆ.. လုပ်အားခအဖြစ် … ရောက်ကြည့်ပါလား … ဘယ်လိုသွားသုံးမလဲ … ။ … လူတွေ အကျင့်ပျက်တာ များလာပြီ … ။ အဲ့ဒီ ငါးထောင်တန် ထွက်ကတည်းကိုက သိပ်ဘဝင်မကျတာ .. 🙄

  • windtalker

    August 13, 2011 at 9:42 am

    ဟုတ်တယ်ဗျ
    အားလုံးပဲ သတိထားသင့်ပါတယ်
    ယခင် က ငါးထောင်တန် မပေါ်ခင်ကတော့
    တစ်ထောင်တန်ပေါ့ဗျာ
    ငွေလွှဲရန် ကိစ္စရှိလို ့ဘဏ်မှာ ငွေလွှဲဖို ့ပိုက်ဆံ သွင်းလိုက်ပြီ ဆိုရင်
    အမောင် တို ့အမ တို ့က အတုလို ့ထင်ရင် ၊ ဘာမှ မပြောပဲ ကိုယ့်ရှေ ့တင် ဆွဲဖြဲ လိုက်သဗျ
    ဖြဲသမျှ အရွက် အရေအတွက် ကို ကိုယ်က ထပ်ဖြည့်ပေး ရတယ်
    ကိုယ့်ရှေ ့တင် ပေါ့နော်
    ဒါနဲ ့၊ မခံစားနိုင်လို ့ဆိုပြီး ၊ ကိုယ်တိုင် မသွား ၊ ကိုယ်တိုင် မလုပ်တော့ဘူး
    ခိုင်းလိုက်တဲ့ သူ ကို သေချာ မှာရတယ်
    အတု ပါခဲ့တယ် ဆိုရင် ဘာမှ မလုပ်ပဲ ပြန်ပေးဖို ့
    ပြန်မပေးရင် နောင်နောက် ကို ၊ ခင်ဗျားတို ့ဘဏ်ကို ထပ်လာမှာ မဟုတ်ဘူး ဆိုတာလေး ကို
    သတိပေးခိုင်းရတယ် ဗျာ ။

  • aungmyat

    August 13, 2011 at 10:03 am

    ကျေးဇူပါ ခုလို့ပြောပြတော့ မခံစားရတော့ဘူးပေါ့..

  • ogre

    August 13, 2011 at 10:42 am

    ငါးထောင်တန်တင်မဟုတ်ပါဘူး
    တစ်ထောင်တန်ဆိုလည်း အတုပါလို့ဆိုပြီသိမ်းသွားတယ်
    နောက်ထပ်တစ်ထောင်သာစိုက်ပေးလိုက်ရတယ်။။။
    ရုံးပိုင်ပိုက်ဆံဖြစ်လို့ရုံးကိုပြန်တင်ပြဖို့အတုပိုက်ဆံပြန်တောင်းတော့ပေးလို့မရဘူးဆိုပြီငြင်းတယ်
    ပြပါဆိုတော့လည်းမပြဘူး…။။
    အစိုးရဘဏ်တွေမှာအဖြစ်များတယ် ပုဂ္ဂုလိကဘဏ်တွေမှာ လုံးဝအဲဒါမျိုးမတွေ့ရသေးဘူး..။။

  • aungnng87

    August 13, 2011 at 11:03 am

    ဇာတ်လမ်းတွေကတနေ့တမျိုးမရိုးနိုင်ဘူး။ အဲဒီ၅၀၀ဝတန်ဇယားရှုုပ်နေတာတော်တော်ကြာနေပြီ။
    တရားမဝင်လုပ်ပစ်လိုက်ရင်ပိုကောင်းမယ်။

  • Mee2

    August 13, 2011 at 11:54 am

    အင်း သတိထားရမှာပေါ့။ပိုက်ဆံယူလို ့၅၀၀ဝတန်ပါရင် အသေအချာစိစစ်ယူရမလိုဖြစ်နေပါပီ။ဝိသမလောဘသမားတွေက လဲလွန် ပါတယ်နော်။သတိထားရအောင်ခုလို ညွှန်းပေးတော့ ကကျေးဇူးပါနော် blackprince

  • ဆူး

    August 13, 2011 at 2:50 pm

    ကျပ်ငါးထောင်တန် ငွေစက္ကူအတုများ အဆက်မပြတ်တွေရှိနေ။

    စားအုန်းဆီ ကိုယ်စားလှယ်အချို့ ဘဏ်လာသွင်းတဲ့ ငွေထုတ်တွေထဲက ကျပ်ငါးထောင်တန် ငွေစက္ကူအတုတွေ အဆက်မပြတ် တွေ့ရှိနေရကြောင်း မြန်မာနိုင်ငံသားများ ဘဏ်လီမိတက်မှ သိရပါတယ်။ ‘ကျပ်ငါးထောင်တန် တစ်ထုပ်ကို အတုတစ်ရွက်နှုန်းနဲ့ ထည့်နေတာ တစ်ရက်ကို အတုထုတ်အား ဘယ်လောက်ရှိမယ် မသိတော့ဘူး။ ဂိုဏ်းနဲ့ တောင်လုပ်နေလား ထင်စရာဖြစ်လာတယ်၊ အရင်က ခြောက်လမှ အတုတစ်ရွက် နှစ်ရွက်ပဲ ရတာ၊ အခုလို များများ မရဖူးဘူး’ လို့ မြန်မာနိုင်ငံသားများ ဘဏ်လီမိတက် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံသားများဘဏ်က တွေ့ရှိထားတဲ့ ကျပ်ငါးထောင်တန် ငွေစက္ကူအတုအားလုံးရဲ့ ပမာဏကို မှတ်တမ်းတင်ပြီး ဗဟိုဘဏ်ကို အပ်မှာဖြစ်ပါတယ်။ ကျပ်ငါးထောင်တန် ငွေစက္ကူ အတုရဲ့ အသားက ဖယောင်းလို ချောနေပါတယ်။ ငွေစက္ကူအစစ်က ဖိပြီးပွတ်လိုက်ရင် အဖုအထစ်လေးတွေ တွေ့ရမှာဖြစ်တယ်။ ငွေစက္ကူ အတုမှာ ဗဟိုဘဏ်က ရိုက်နှိပ်ထားတဲ့ လုံခြုံရေး အမှတ်အသား ရေမစာ မပါဘူး။ လုံခြုံရေး အမှတ်အသားဖြစ်တဲ့ ငွေကြိုးပေါ်မှာ ငွေစက္ကူ တန်ဖိုး ဖော်ပြတဲ့စာသား မပါဘူး၊ ငွေစက္ကူ အစစ်က ဆေးသားပီပီပြင်ပြင်နဲ့ ဂဏန်းပီပီသသ ရှိပေမဲ့ အတုက ဆေးသားမှိန်ပြီး ပီပီသသ မရှိဘူး လို့ ငွေကြေးဌာန တာဝန်ရှိသူ တစ်ဦးက ရှင်းပြပါတယ်။ အစပိုင်းမှာ စားအုန်းဆီ ကိုယ်စားလှယ်တွေ ဘဏ်လာသွင်းတဲ့ ငွေအားလုံးကို စစ်ဆေးတာမျိုးမလုပ်ဘဲ လက်ခံမိရာက ငါးထောင်ကျပ်တန် ငွေစက္ကူအတုတွေ ပါလာတဲ့ အပြင် တစ်ထောင်ကျပ်တန် အထုပ်ထဲမှာ ကျပ် ၅၀ဝ တန်ကြားညှပ်ထားတာနဲ့ ငွေစက္ကူအစုတ်ကို အလယ်ကနေ တစ်ခြမ်းဖြတ်ဆက်ထားတာစတဲ့ ပြဿနာအမျိုးမျိုး နေ့စဉ်တွေ့ကြုံနေရတယ်လို့ မြန်မာနိုင်ငံသားများဘဏ်လီမိတက်​ တာဝန်ရှိသူထံက သိရပါတယ်။ အခု အတုတွေ့တဲ့အတွက် မြန်မာနိုင်ငံသားများဘဏ် ဝန်ထမ်းတွေက အတုနေရမှာ အစစ်အစားထိုး စိုက်လျော်ရတာ ဇွန်လတစ်လတည်း မှာ ကျပ်လေးသိန်းကျော်ပါတယ်။ ဇူလိုင်လဆန်းပိုင်းမှာ အစားထိုး စိုက်လျော်ရတဲ့ငွေကျပ် ၅၀,၀၀ဝ ကျော်နေပြီ ဖြစ်ပါတယ်။ ဘဏ်ဝန်ထမ်းတွေက စိုက်လျော်ရတာများတဲ့အတွက် မပေးနိုင်၊ မစိုက်နိုင်တော့ဘူး ဖြစ်လာတယ်လို့ မြန်မာနိုင်ငံသားများဘဏ် ငွေလက်ခံတဲ့ ဝန်ထမ်းတစ်ဦးက ရှင်းပြပါတယ်။ တခြားဘဏ်အချို့မှာလည်း အခုလို ကျပ်ငါးထောင်တန် ငွေစက္ကူ အတုပြဿနာမျိုးနဲ့ တွေ့ကြုံနေရတယ်လို့ ဆိုပါတယ်။ တစ်ရွက်ချင်းပွတ်ပြီး ရေတွက်မယ်ဆိုရင် အနည်းငယ် အချိန်ကြန့်ကြာမှု တွေရှိလာနိုင်ပါတယ်။ အခုနောက်ပိုင်း ကျပ်ငါးထောင်တန်ဆိုရင် တစ်ရွက် ချင်းစစ်ပြီး လက်ခံနေရကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

    ဖေ့ဘွတ်မှ ကူးယူထားပါသည်။

  • zawthulay

    August 13, 2011 at 3:31 pm

    အင်း… အဲလိုသိမ်းယူထားတာတော့မကောင်းဘူးပေါ့နော် .. တစ်ဝက်လောက်ပြန်ပေးတယ်ဆိုလည်းတော်သေးတယ်

  • unclegyi1974

    August 13, 2011 at 11:02 pm

    ငါးထောင်တန်အတုမမိစေတဲ့နည်းပါ
    ငါးထောင်တန်ဆိုလက်မခံပါနဲ့ဒါဆိုဘယ်တော့မှ
    ငါးထောင်တန်အတုမမိတော့ပါ

  • kontwins

    August 14, 2011 at 12:20 am

    အော် အဲလိုမျိုးလဲရှိသေးတာပဲနော်
    အတုနဲ့အစစ် ပြသာနာလဲ မသေးပါဘူး
    ပြောပြတဲ့လူတွေလဲ ကျေးဇူးပါ ။

  • ဝေဝါး

    August 14, 2011 at 11:34 am

    ကြားထဲက ဘာမသိ ညာမသိ ရိုးရိုးသားသားလုပ်ကိုင်စားကြတဲ့ အပြစ်မဲ့ပြည်သူတွေ နစ်နာဆုံးရှုံးမှုတွေ ဖြစ်တာပေါ့။ ပြည်သူတွေကတော့ လောကထဲမှာ ရိုးရိုးကုတ်ကုတ် လိုက်နာကြတာပါပဲ။ ကိုယ်မှားလဲကိုယ်ခံ သူတို့မှားလဲကိုယ်ခံ။ ပြည်သူတွေမှာ အဘက်ဘက်က လုံခြုံမှုမရှိဘူးဆိုတာ ထင်ရှားတယ်။ တကယ်ဆိုရင် တာဝန်ရှိသူက တာဝန်သိသင့်တယ်။ သိသလိုလို တတ်သလိုလို လျောက်လုပ်။ နာမည်ကောင်းယူ။ အမှားနဲ့တွေ့တော့ ပြည်သူတွေကို တာဝန်ယူခိုင်း။ ဒါ ကောင်းသလား။

  • pan pan

    August 15, 2011 at 11:11 am

    တစ်ရွက်ဆိုတစ်ရွက်ပဲ ၅၀၀ဝကြီးတောင်နော်
    စုထားဆောင်းထားတဲ့ ငါးထောင်တန်လေးတွေ ပြန်စစ်ဦးမှ…
    အထင်ကြီးသွားလား
    သားရေပင်နဲ့စီးထားတာတွေမဟုတ်ဘူး
    စာအုပ်ကြားထဲညှပ်ထားတဲ့ အရွက်လေးတွေ 😀

Leave a Reply