ထိုင်းနိုင်ငံ အယုဒ္ဓယမရောက်ဖူးသူများအတွက် ဓာတ်ပုံ

kyawmonkhantAugust 13, 20113min21734


34 comments

  • kyawmonkhant

    August 13, 2011 at 8:22 am

    ထိုင်းနိုင်ငံ အယုဒ္ဓယရောက်တုန်းက ရိုက်ခဲ့တာပါ။ ၂-နှစ်လောက်တော့ရှိပါပြီ။ အဲဒီတုန်းကတော့ MG ကိုလဲ မသိသေးတော့ ဓာတ်ပုံတွေတင်ရကောင်းမှန်းလဲ မသိပါဘူး။ အဲဒီတုန်းကသာ သိခဲ့ရင် ဒီထက်ပိုကောင်းအောင် ရိုက်ခဲ့မှာ။ တခြားပုံတွေကတော့ လူပုံတွေပါနေလို့၊ လူမပါတဲ့ ပုံတွေဘဲ ရွေးတင်ရတော့ အကုန်မတင်နိုင်တော့ဘူး။ ဓာတ်ပုံတင်ရတာလဲ တော်တော် စိတ်ရှည်ရပါတယ်။ ဓာတ်ပုံတွေ အမြဲတမ်းတင်ပေးနေတဲ့ ကိုပေါက်ဆို တော်တော် စိတ်ရှည်မယ်လို့ထင်ပါတယ်။ ကိုပေါက်ရဲ့ လက်ဆော့တော့ မမီပေမယ့် မရောက်သေးသူတွေအတွက် မျှဝေလိုက်တာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

  • ကြောင်ကြီး

    August 13, 2011 at 9:39 am

    ရှေးလက်ရာမပျက်အောင် ထိန်းသိမ်းထားလို့ ပုဂံထက်ပိုများ စိတ်ဝင်စားဖို့ကောင်းမလား၊ ဒါမှမဟုတ် ပုဂံလောက်မကြီးကျယ်ပေမဲ့ တန်းတူစိတ်ဝင်တစား ခံရလေမလား…။ (သိဘူးနော် ထင်တာပြောတာ)

  • manawphyulay

    August 13, 2011 at 10:01 am

    ဟုတ်ကဲ့ ကျေးဇူးပါနော်။ ခုလိုတင်ပေးတဲ့အတွက် မရောက်ဖူးပေမယ့် ရောက်သွားသလို ခံစားရပါတယ်ရှင်။

  • Mee2

    August 13, 2011 at 10:39 am

    မရောက်ဖူးသေးပေမယ့် ခုလိုကြည့်ခွင့်ရတော့ကျေးဇူးပါ။ဘယ်သူ ့လက်ချက်ကြောင့် ခုလို ခေါင်းပြတ်နေတဲ့ ဆင်းတုတွေချည်းဖြစ်နေရပါလိမ့်။တော်တော် မိုက်မဲတဲ့ လူတွေလက်ချက်ဘဲနေမှာ။

    • Foreign Resident

      August 13, 2011 at 1:08 pm

      Haaa… Haaa… Haaa…
      Best comment.
      တော်တော် မိုက်မဲတဲ့ လူတွေ = Myanmar
      Burmese warriors cut those Buddha heads.

  • rocky

    August 13, 2011 at 11:06 am

    မြန်မာတွေတက်သိမ်းထားလို့ ကျန်ခဲ့တာတွေကိုထိန်းသိမ်းထားတယ်ဆိုတာအဲ့ဒါတွေလား။နောင်လာနောက်သားတွေ ကမြန်မာတွေကိုမုန်းတီးအောင်မပြုပြင်ဘဲထားတယ်ဆိုတာလေ။

  • aungnng87

    August 13, 2011 at 12:25 pm

    ဘုရားရုပ်ပွားတော်တွေကခေါင်းပြတ်နေတယ်နော်။ ငလျှင်လှုပ်ထားလို့လား။

  • kai

    August 13, 2011 at 12:33 pm

    ဆင်းတုတွေ..ခေါင်းပြတ်နေတာရယ်.. ဒီအတိုင်းထားတာရယ်ကို..သိတဲ့သူ တယောက်ယောက်က… ရှင်းပြပေးလိုက်ပါလား..။
    ဟင်း..ဟင်း…။ 🙂

    • ကြောင်ကြီး

      August 13, 2011 at 12:39 pm

      အဲဒါ သဂျီးအမျိုးတွေ လုပ်ခဲ့တာပါ…။

      • kai

        August 13, 2011 at 12:48 pm

        ကဲ.. ကိုရင်ကြောင်ကြီးကတော့.. ပြောပြီ..။

        ဆိုတော့.. အဲဒီ(အ)ယုဒ္ဓယ ဖျက်ဆီးတာ.. ကျုပ်တို့အမျိုး.. ဗမာတွေလုပ်ခဲ့တာပါ..။
        (အ)..ဆိုတာကို ဘောင်ခတ်ရေးထားတယ်နော..။
        မြန်မာတွေ.. ယုဒ္ဓယ (ယိုးဒယား) ခေါ်တာကို.. သိထားပါ..။

        ဗမာတွေက.. မွန်ပြည်ကိုသိမ်းတော့လည်း.. ရဟန်းတွေ..ထောင်ချီပြီးဆင်နဲ့နင်းသတ်တယ်..။
        ပြိးတော့.. ဘာတဲ့..။
        ပထမမြန်မာနိုင်ငံထောင်တယ်ဆိုပြိး..ရဟန်း(အရည်းကြီး)တွေ..သောင်းချီကို ..ဘဝတွေဖျက်စီးခဲ့.. သာသနာကို နတ်တွေနဲ့ရောသမမွှေခဲ့တယ်လေ…။

        ထပ်ရေးရင်.. ဖတ်တဲ့သူတွေခေါင်းကြီးကုန်တော့မယ်..။
        ဒီလောက်ပဲ..။ 🙁

  • fatty

    August 13, 2011 at 12:58 pm

    ပုံတွေကကောင်းပါတယ်ဗျ။ တချို့ပုံတွေကို large size နဲ့တင်ရင်ပိုကောင်းမယ်ထင်တယ်။
    မရောက်ဖူးတော့ အတော်ဗဟုသုတရပါတယ်။
    သဂျီးသဂျီးနဲ့ခေါ်နေရာကနေ (အ) သဂျီး ဖြစ်နေအုံးမယ်နော် .. တချို့ အယုဒ္ဓယလို့ခေါ်တာ ဘာကြောင့်လဲ
    သိကြတာမှုတ်ဘူး …။

  • ဟိုအတိတ်က အဆင်ခြင်ဉာဏ်နည်းပါးလု့ိမှားခဲ့တာကို
    အခုထိအညိုးမပြေဘဲ သယ်လာတာ မဖြစ်သင့်ပါဘူး။

  • ဆူး

    August 13, 2011 at 2:14 pm

    လာပြီ လာပြီ.. ဆရာလာပြီ.. ဘုရားခေါင်းတွေ ဘယ်သူဖြတ်လဲ.. ဖြေပေးမယ်။
    ဘန်ကောက်ကနေ တိုးခရီးစဉ်နဲ့ ဆိုရင်တော့ ကျောက်ဖရား မြစ်ထဲကနေ သင်္ဘောကြီး စီးပြီးတော့ နေ့လည်စာ သင်္ဘောမှာတင် စားပြီးတော့ အယုဒ္ဓယ ကိုရောက်ပါတယ်။

    ယိုးဒယားတွေ က အမြဲပြောတယ်.. အလောင်းမင်းတရားက တချိန်က စစ်ခင်းပြီး သိမ်းပိုက်ခဲ့တယ်။
    သူတို့ ပြည်သူတွေကို သတ်တယ် နှိက်စက်တယ် မီးရှို့တယ်။
    ဘုရားတွေ မီးလောင်တိုက်သွင်းတယ် စသဖြင့် ဂိုက်က ရှင်းပြတယ်။

    မြန်မာတွေ တွေ့ရင်တောင် အခု သတ်ချင်တဲ့ ပုံစံမျိုးနဲ့ အာခေါင် အာရင်းသန်သန်ရဲ့ ရှင်းပြရှာတယ်။
    သွားခဲ့တာတော့ နှစ်အတော်ကြာပြီး သူတို့ ပြောပုံ ဆိုပုံနဲ့ နည်းနည်း လန့်လာသလို ဖြစ်လို့.. ဘယ်နိုင်ငံကလဲ ဆိုတော့ အသားမဲ တရုတ်လိုလို ဘာလိုလို ပြောလိုက်တယ်။ တိုးလက်မှတ်ဝယ်ထားတဲ့ လူတွေထဲမှာ ဖိလစ်ပိုင်ကြီး တွေ ဘိုတွေ တခြားနိုင်ငံသားတွေလည်းပါတယ်။
    မှတ်မှတ်ရရ ဖိလစ်ပိုင်ကြီးက ဘုရားတွေ ခေါင်းပြတ်နေတယ်။ ဘယ်သူလုပ်တာလဲ မြန်မာ ဘုရင်လာတုန်းက တခါတည်း ခေါင်းဖြတ်သွားတာလားလို့ အင်္ဂလိပ်လို မေးတယ်။

    ဂိုက်က ပြောတယ်.. အသံတိမ်တိမ်လေးနဲ့.. မြန်မာဘုရင် ဝင်သိမ်းတုန်းက ဒီက လူတွေက မီးရှို့ပြီးတော့ ထွက်ပြေးတာ သို့မဟုတ် ဝင်သိမ်းတဲ့ မြန်မာတွေက မီးရှို့တာ ၂ခုတည်းက တခုခု ဖြစ်လိမ့်မယ်။

    အဲဒီ ဖိလစ်ပိုင်ကြီးက ထပ်မေးတယ်.. ဘုရားခေါင်းတွေက ဖြတ်ထားတဲ့ အနေအထားက တိတိလေး လွနဲ့ သို့ မဟုတ် မာတဲ့ အရာ တခုခု နဲ့ ပွတ်တိုက် ဖြတ်ထားတဲ့ ပုံမျိုး ဖြစ်နေတယ် နှစ်ပေါင်းများစွာက ဖြတ်ထားတဲ့ ပုံနဲ့ မတူဘူးလို့ ထပ်မေးလိုက်တယ်။

    ဂိုက်က ပြောရှာတယ်.. အရင်တုန်းက စစ်ကြောင့် လူတွေ ထွက်ပြေးပြီး ဒီနေရာကို စွန့်ခွာသွားတဲ့ အတွက် ဘုရားတွေ နေရာက တောကြီး ဖြစ်ပြီး လူသူ မရှိတာကို အခွင့်ကောင်းယူချင်တဲ့ မုဆိုးတွေက ရှေးဟောင်း ပစ္စည်း ခိုးထုတ်ချင်တဲ့ လူတွေနဲ့ ပူးပေါင်းပြီးတော့ ဘုရားခေါင်းတွေ ခိုးဖြတ်ပြီး သယ်ထုတ်သွားတဲ့ အတွက် ခေါင်းမရှိတော့တာပါတဲ့။
    သူတို့ နိုင်ငံက သယ်ထုတ်သွားတဲ့ ဘုရားခေါင်းတွေက နိုင်ငံ အနှံက ပြတိုက်တွေမှာ ရှိပါလိမ့်မယ်။
    ထိုကဲ့သို့ မှန်ရာကို ဝန်ခံပြီး ရှင်းပြသွားပါတယ်။

    • kai

      August 13, 2011 at 2:42 pm

      ဆူးမမရယ်..။
      အဲဒီလို ဖြေသိမ့်တွေးနေရတာတော့..မဟုတ်ဖူး..။
      သူတို့..ဒီလိုတင်ပြပြောဆိုနေကြတာကမှားတယ်ဆို.. ပညာရှင်တွေနဲ့.. စံနစ်တကျလေ့လာပြိး.. ဓါတ်ပုံအထောက်အထားနဲ့.. အစိုးရမင်းများအဆင့်ကနေ.. မြန်မာတွေကိုယ်စား.. ပြန်လည်ချေပရတာ…။

      တကယ်တော့..မြန်မာတွေဘာလုပ်တတ်တယ်.. ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ.. သမိုင်းမှတ်တမ်းတွေရှိပါတယ်..။
      ကျုပ်အနေနဲ့ကတော့.. အယုဒ္ဓယရဲ့ ၅ဝရာခိုင်နှုန်းအထက်ကို မြန်မာတွေဖျက်ဆီးထားခဲ့တာလို့..ယုံတယ်..။
      ယုံတော့..
      သမိုင်းပညာရှင်တွေနဲ့တိုင်ပင်.. ပြန်စိစစ်ပြီး.မတရားပြုခဲ့တာ…သေချာတယ်ဆိုရင်.. တောင်းပန်ရမယ်လို့..ထင်တယ်..။
      ထိုင်းတွေရဲ့.. ကျေအေးနားလည်ခွင့်လွတ်မှု ယူရမယ်လို့.. ယူဆတယ်..။

      ဒါက.. မွန်မြတ်တဲ့စိတ်ပဲ..။ လူသားဆန်တဲ့စိတ်ပဲ…။
      မြန်မာပြည်ရဲ့ အခြေခံယဉ်ကျေးမှုမှာ အဲဒါအားနည်းတယ်.။
      ကိုယ့်ဘိုးဘွားတွေအမှားကို.. ဖြေသိမ့်တွေးတွေးတယ်.။
      ဒါက..မလုပ်သင့်ဘူး.။
      မတောင်းပန်ဘူး..။ ခွင့်မလွတ်ဘူး….။ သံသရာအဆက်ဆက်.. ဒီအတိုင်းသယ်သွားတယ်.။

      ပြောရရင်.. တိုင်းရင်းသားတွေကိုလည်း.. ဗမာတွေလုပ်ထားတာတွေလည်းအများကြိးပဲ..။
      ဘယ်ဘုရင်..မင်း..အစိုးရ.. ဗမာအကြီးအကဲကမှ.. တရားဝင်. ဝန်ချမတောင်းပန်ဖူးဘူး.။
      ကျေအေးနားလည်ခွင့်လွှတ်ဖို့.. ခွင့်မတောင်းကြဘူး..။

      • researcher

        August 13, 2011 at 5:25 pm

        သူကြီးပြောသလိုပဲ ဟိုတုန်းက မြန်မာဘုရင်တွေ လက်ထက်က မြန်မာတွေ လွန်ခဲ့တာ အတွက် ပြန်တောင်းပန်ပါမယ်။

        အခုလောလောဆယ်တော့ ထိုင်းမှာ အလုပ်သွားလုပ်နေတဲ့ မြန်မာတွေကို ထိုင်းက မုဒိန်းကျင့်၊ သေနတ်နဲ့ပစ် လုပ်နေတာတွေအတွက် ထိုင်းက မြန်မာကို အရင်တောင်းပန်ပါဦး။ ပြီးရင် မြန်မာက ထိုင်းကို ပြန်တောင်းပန်ပါမယ်။

        တကယ့် မျက်မှောက်ခေတ်မှာ ဖြစ်နေတဲ့ ထိုင်းရဲ့ ရက်စက်မှုတွေ ကို ဖုံးကွယ်ပြီး ရှင်ဘုရင် ခေတ်က မြန်မာတွေရဲ့ ရက်စက်မှုကို ဇာတ်နာအောင် ဖေါ်ပြတတ်တဲ့ ထိုင်းတွေပါ။

        • ဆူး

          August 13, 2011 at 5:28 pm

          သဘောကျလို့ အပေါင်းပေးသွားတယ် ဗျို့…

        • pan pan

          August 15, 2011 at 10:42 am

          မျက်မှောက်ခေတ်မှာ ထိုင်းကရက်စက်တာတွေဟာ မြန်မာတွေအပေါ်အရင်ရန်ငြိုးကြောင့်ဖြစ်မယ်
          မြန်မာဆိုရင် အရမ်းမုန်းတယ်တဲ့
          ကလေးတွေကို ကျောင်းသုံးဖတ်စာမှာ မြန်မာတွေအရင်က နယ်ချဲ့ဖူးတာတွေသင်ပေးတယ်တဲ့
          ဒီက မြန်မာ့သမိုင်းဖတ်စာမှာ အင်္ဂလိပ်တွေ၊ ဂျပန်တွေကျူးကျော်တာသင်သလိုပေ့ါ
          အတိုင်းအဆတော့ တူမယ်မထင်ဘူး

      • shwe ni

        August 14, 2011 at 1:15 am

        Ko Kai
        သူတို့သာရိုးသားရင် မြန်မာ ဘုရင်သူတို့ကိုတိုက်တာ ကိုပြောသလို သူတို့ Cambodia ကိုတိုက်တာလဲပြောသင့်တာပေါ့ ဒါဆို ကောင်းကောင်းကြီးကိုတောင်းပန်သင့်တယ်

        မန်းတလေး ဘုရားကြီးဝင်းထဲက ကြေးရုပ်ကြီးတွေက မြန်မာ ဘုရင် ထိုင်းကသိမ်းလာကြောင်း မြန်မာတွေကပြောထားတယ် .အဲဒီ ကြေးရုပ်ကြီးတွေက ထိုင်း ဘုရင်Cambodia ကသိမ်းလာကြောင်း လဲပါတယ် ။ ထိုင်း ကိုတု်င်က ကျတော့ အဲဒီအကြောင်းများ လုံးဝမဖော်ဘူးပါဖူး ။ သမိုင်းကြောင်းကို ဖုံးထားတာ ။

        • kai

          August 14, 2011 at 2:52 am

          ဘာဖြစ်လို့.. သူတို့လူမျိုး..နိုင်ငံကိစ္စ..ကိုယ်ကဝင်ပြော..စဉ်းစားပေးနေတာလည်း..။
          ဒီလိုလုပ်တာဟာ.. စည်းဘောင်ကျော်နေပြီ မစဉ်းစားမိဘူးလား..

          အိမ်နီးချင်း..အင်မတန်ရှည်လျှားတဲ့.. ရာဇဝင်..သမိုင်းစာရင်းတွေမှာ.. ကိုယ်မှား..သူမှား.. ၂ဖက်စလုံးကိုယ်စီမှားကြမှာသေချာတယ်.။
          ဒါကို.. ပိုကြီးမြတ်သူက..အရင်တောင်းပန်ပြီး.. ခွင့်လွတ်မှုယူသင့်တာပေါ့…။
          ကိုယ်ဘိုးဘွားတွေ..လုပ်ခဲ့တာတွေကို.. တာဝန်ယူတဲ့သဘောလည်းပါသလို… သဘောထားကြီးကြောင်း ပြတာလည်းဖြစ်တာပေါ့..။
          ဒါမျိုးက.. ငြိမ်းချမ်းရေးဆီသာ.. ဦးတည်စေတာပါ…။ 🙂

  • kyawmonkhant

    August 13, 2011 at 3:23 pm

    ကျနော်သွားခဲ့တုန်းကတော့ မြန်မာ အဖော် ၃ယောက်အပါအဝင် ကားနဲ့သွားခဲ့တာ ဂိုက်လဲ မပါဘူးလေ။ ဒါကြောင့် သူတို့အမြင်ကိုမသိခဲ့ရပါဘူး။ ဒါပေမယ့် အဲဒီနေရာနဲ့ပတ်သက်လို့ ရေးထားတဲ့ ဆိုင်းဘုဒ် တစ်ခုကတော့ အဲဒီအပျက်အစီးတွေဟာ ငလျင်ကြောင့် ပျက်ခဲ့တယ်လို့ ရေးထားတာလို့ထင်တယ်ဗျ။ မြန်မာတွေ ဖျက်ဆီးခဲ့တာလို့ မတွေ့ခဲ့ပါဘူး။
    ကျနော်လဲ သေချာ မမှတ်ခဲ့မိဘူး။ အမှန်က ဓာတ်ပုံရိုက်ယူလာရမှာ။ ဒီပုံတွေတင်ဖြစ်တာလဲ ထိုင်းနိုင်ငံရဲ့ရှေးဟောင်းနယ်မြေတစ်ခုကို မရောက်ဖူးသေးတဲ့ ရွာသားများ မျက်မြင်ဖြစ်သွားအောင်တင်ဖြစ်တာပါ။ ကျနော်တို့ရဲ့ ပုဂံရဲ့ ကြီးကျယ်ခမ်းနားပုံနဲ့တော့ ယှဉ်လို့မရပါဘူး။

  • May

    August 13, 2011 at 4:44 pm

    They keep this damages and they maintain this because they wanna show how Myanmar treated them.

    As you know when we visit to Thai, if they know we are from Myanmar they are gossiping each other and they hate Myanmar because of Ayudaya.

  • စစ်ဖြစ်တယ်ဆိုမှတော့ ရှုံးတဲ့သူ ခံစတမ်းဘဲလေ။
    လောက ထုးံစံအရ သမိုင်းမှာ အမှန်ဆိုတာ ပြောဘို့ခက်ပါတယ်။
    မြန်မာက ရေးမယ် ကသဲ အာသံ မဏိပူရ ယိုးဒယားတို့အားနယ်ပယ်ချဲ့ထွင်သိမ်းပိုက်တော်မူသည်ပေါ့။
    ဟိုကပြန်ရေးမယ် နယ်ချဲ့ကျုးကျော်သည်ပေါ့။
    ယုးိဒယားတွေကို ရှေးကမြန်မာတွေက ရက်စက်စွာလုပ်ခဲ့တယ်လို့ ဘယ်သူအတိအကျအထောက်အထားနဲ့ပြောမလဲပေါ့။
    အခုဘုရားခေါင်းပြတ်နေတာမြင်တာနဲ့မြန်မာလုပ်တာလို့တစ်ဘက်သတ်မပြောနိုင်သလို
    မလုပ်ဘူးလို့လဲ မပြောနိုင်ပြန်ပါဘူး။
    အဲဒီခေတ်ကလူတွေက မရှိတော့ဘူးလေ။
    အဲလိုတွေပြောနေမယ့်အစား အာရှ အိမ်နီးခြင်းနိုင်ငံအချင်းချင်း သင့်မြတ်အောင်နေဘို့ဘဲတိုက်တွန်းသင့်တယ်။

    လက်ရှိမြန်မာနို်င်ငံအနေအထားအရ အုပ်ချုပ်သူကဘယ်သူဖြစ်နေနေ ဘာဖြစ်နေနေ မြန်မာပြည်နေတဲ့မြန်မာနို်င်ငံသားကတော့
    မြန်မာဘက်ကရပ်တည်မှာဘဲဗျာ။

    (ပြောရရင်.. တိုင်းရင်းသားတွေကိုလည်း.. ဗမာတွေလုပ်ထားတာတွေလည်းအများကြိးပဲ..။
    ဘယ်ဘုရင်..မင်း..အစိုးရ.. ဗမာအကြီးအကဲကမှ.. တရားဝင်. ဝန်ချမတောင်းပန်ဖူးဘူး.။
    ကျေအေးနားလည်ခွင့်လွှတ်ဖို့.. ခွင့်မတောင်းကြဘူး..။)

    အခုလို ပြန်လည်ထူထောင်ဘိုု့လုံးပန်းနေတဲ့အနေအထားမျိုးမှာ
    ဒီလိုကော်မင်းမျိုးကလဲတက်မလာသင့်ဘူး။
    ပြည်တွင်းစစ်ပြန်ဖြစ်ရင် သူများနိုင်ငံမှာသွားနေတဲ့ ခိုလှုုံနေတဲ့သူ ဘယ်သူမှ ဒုက္ခမရောက်ဘူးလေ
    လက်ရှိမြန်မာနိုင်ငံထဲမှာနေတဲ့ ပြည်သူပြည်သား (တိုင်းရင်းသားအားလုံးအပါအဝင်)ကလက်တွေ့ဒုက္ခရောက်မှာအမှန်ပါဘဲ။
    အဲတော့အရင်က ဘာဖြစ်ခဲ့ဖြစ်ခဲ့အခုအေြခြအနေမျုးိမှာသွေးကြွအောင်လုပ်တဲ့စကားမျိုး မပြောသင့်ဘူး။
    နိုင်ငံခြားတိုင်းပြည်တိုင်းမှာလဲ အခုလို အမှားတွေရှိခဲ့မှာအမှန်ပါဘဲ။
    လူတွေဖြစ်နေသမျှအမှားမကင်းပါဘူး။
    လူ့အခွင့်အရေးအပြည့်အဝရတယ်လို့ အော်နေတဲ့နိုင်ငံတွေမှာလဲ အခုအချိန်ထိလူမျိုးရေးခွဲခြားမူ့တွေ အနှိပ်စက်ခံရတာတွေ ဆင်းရဲမွဲတေနေတာတွေရှိနေတုန်းပါဘဲ။
    အခုတော့ တစ်ဆိတ်ရှိ မြန်မာကို ဘဲတစ်ဘက်သတ်ပြောနေတာတော့ သဘာဝမကျပါဘူး။
    အဲလိုပြောနေသူတွေကကော လက်ရှိမြန်မာနိုင်ငံမှာ ရှိတဲ့သူတွေကို ဘာတွေကူညီပေးပြီးပါပြီလဲ။
    ဘယ်လောက်ထိရောက်အောင်လုပ်ပေးထားပါပြီလဲ။

    • Foreign Resident

      August 14, 2011 at 2:41 am

      Dear Ko Pauk,

      “လူ့အခွင့်အရေးအပြည့်အဝရတယ်လို့ အော်နေတဲ့နိုင်ငံတွေ”
      You cannot imagine what is democracy & what is human Right
      without living in those country for more than 3 years.
      ( I mean permanently & actively living in those countries for more than 3 years )

      For example,
      I am a Captain of a Foreign Going Ship & at least, half of my life was going around, all over the world,
      So, before I migrated to Australia, I thought I knew/learned enough of their culture, Democracy & Human Right practices.

      But, I was wrong.
      When, I arrived to Australia & permanently stayed there,
      (even) I got culture shock.

      Try to stay there (or ask to those who stayed there) for more than 3 years,
      then, day by day, you will realize
      (the idea will slowly immersed into your mind consciously and unconsciously)
      what is liberty, democracy, human right & fair go.

      That’s why, all of the foreign residents, got ( roughly ) the same ideas when they commented for somethings ( which might be strange & different view for Myanmar resident ).
      In this situation, I mean, developed countries which included, USA, Britain, Canada, Australia, major Europe countries & etc…,
      but not included, China, Thailand, Singapore & Malaysia.

      Sorry for my reply ( it might be little harsh, really sorry )
      Please, go abroad & breath fresh & different air 😛

    • kai

      August 14, 2011 at 3:03 am

      ကိုပေါက်ရေ.
      သဘောမတူရင်..လွတ်လပ်စွာ ကွဲလွဲကြတာပေါ့နော..။ 🙂

      ဂျပန်က.. သူတို့ဘိုးဘွားတွေကမ္ဘာစစ်မှာကျူးလွန်ခဲ့တာတွေကို.. အခုထိ..အစိုးရသစ်တက်တိုင်း… ကိုရီးယား၊ တရုတ်ပြည်..စတဲ့နိုင်ငံတွေကို ..တောင်းပန်တယ်..။
      တောင်းပန်ယုံတင်မဟုတ်.. နစ်နာသူတွေကို ..အခွင့်အရေးပေးတယ်..။ ငွေလျှော်တယ်..။

      အမေရိကန်တွေ..ဩစတေးလီးယန်းတွေ.. အင်ဒီယန်းတွေ.နေးတစ်တွေမြေနေရာသိမ်း.. သတ်ဖြတ်ခဲ့တာတွေအတွက်တောင်းပန်တယ်..။ အမှားဝန်ခံတယ်..။ ကျန်ရစ်သူတွေကို.. အထူးအခွင့်အရေးပေးတယ်..။

      ကိုယ်လုပ်တာခဲ့မဟုတ်.. မိမိတို့နဲ့..ဘာဆိုင်လည်းတွေးစရာလည်းမဟုတ်.. ဒါဟာ..မြင့်မြတ်စိတ်နဲ့..တာဝန်ယူမှုဖြစ်ပြီး.. စည်းလုံးညီညွတ်မှုဆီကို ဦးတည်စေတယ်..။
      မြန်မာပြည်မှာ.. နိုင်ငံတကာအတွေ့အကြုံရှိတဲ့.. အစိုးရအဖွဲ့တက်လာရင်.. ဒီလိုတောင်းပန်တာမျိုးလုပ်ပြီးမှ.. တိုင်းရင်းသားတွေရဲ့ခွင့်လွတ်မှုရယူပြီး..နားလည်မှုပြည့်ဝတဲ့.. ပွင့်လင်းမြင်သာရှိတဲ့.. ပြည်ထောင်စုကို ပြန်တည်ဆောက်ရမှာပဲ..။
      ပြန်လည်ထူထောင်တာ လုပ်တာမျိုးမှာ.. သမိုင်းကိုဖုံးဝှက်ပြီး.. လုပ်လို့မရဘူး..။ လုပ်ရင်..လှိုက်စားခံရမှာပဲ..။

      တကယ်တော့..ဗမာဆိုတာလည်း.. ကရင်၊ကယား၊ကချင်၊ရခိုင်…မွန်တို့လို..လူမျိုးစုတခုပါပဲ…။
      ဒါနဲ့ပါတ်သက်ပြီး.. ခုတလော.. ပြည်ပရောက်မြန်မာတွေမှာ..အင်မတန်လှုပ်လှုပ်ရှားရှားဖြစ်နေပါတယ်..။
      အဆင်ပြေရင်.. သူတို့စာတွေ..စုစည်းတင်ပေးဥင်္ီးမယ်..လေ..။

      • Foreign Resident

        August 14, 2011 at 3:17 am

        Think Burmese, Think !!!
        If you still think your လူမျိုး is လူသားဆန်, မြင့်မြတ် & နိုင်ငံကြီးသား.
        Be responsible !!!
        Think !!!
        Pleaseeeeee !!!

    • Foreign Resident

      August 14, 2011 at 3:11 am

      Dear Ko Pauk,
      “အခုအချိန်ထိလူမျိုးရေးခွဲခြားမူ့တွေ အနှိပ်စက်ခံရတာတွေ ဆင်းရဲမွဲတေနေတာတွေရှိနေတုန်းပါဘဲ”

      I have to admit, it (လူမျိုးရေးခွဲခြားမူ) might be still there.
      But, it can only be personal & it is illegal.
      Their Law fully ( I said fully ) protect this (လူမျိုးရေးခွဲခြားမူ).

      Generally, In AU, those Caucasian looks pity, they don’t even dare to discriminate ( say out ) to those minorities & weaker.
      ( Discrimination in sex, race, religion, age, etc )

      The best example is
      The president of United State, Mr. Obama is simply & undeniably Black.
      Don’t you think, this is what they called democracy & human right ?
      Don’t you want to cheer or applaud them ?

      OK.
      I admit they made mistake ( actually, everybody made mistake )
      But, the best thing about them is
      ( let say gentle man manner )
      they admitted that they made a wrong thing &
      They submitted their real & humble apology.

      For example,
      Australian ( white ) admitted they wrongly treated to native Aborigine.
      They submitted their apology & asked for forgiveness.
      Now, they try their best for those suffered Aborigine.
      Now, Aborigines don’t need to do anything & get everything free from Caucasian.

      That is what called gentleman ( နိုင်ငံကြီးသား ) manner.
      I think we (Burmese) should follow this step/pace.

      ( သမိုင်းပညာရှင်တွေနဲ့တိုင်ပင်.. ပြန်စိစစ်ပြီး.မတရားပြုခဲ့တာ…သေချာတယ်ဆိုရင်.. တောင်းပန်ရမယ်လို့..ထင်တယ်..။
      ထိုင်းတွေရဲ့.. ကျေအေးနားလည်ခွင့်လွတ်မှု ယူရမယ်လို့.. ယူဆတယ်..။
      ဒါက.. မွန်မြတ်တဲ့စိတ်ပဲ..။ လူသားဆန်တဲ့စိတ်ပဲ…။
      မြန်မာပြည်ရဲ့ အခြေခံယဉ်ကျေးမှုမှာ အဲဒါအားနည်းတယ်. )

  • naynaykyaw

    August 13, 2011 at 7:15 pm

    လူပုံပါရင်ပါပစေပေါ့ ဗဟုသုတရအောင်စုံစုံလေးတင်ပြပါ

  • ဆူး

    August 13, 2011 at 7:42 pm

    သိတာလေး နည်းနည်း ထပ်ပြီး ပြောပြချင်တယ်။
    ညောင်ပင်လို အပင်တခုမှာ အမြစ်တွေ ဘုရားမျက်နှာ ပတ်ထားတဲ့ ပုံစံမျိုး.. တနည်းအားဖြင့် ဘုရားခေါင်းတော်ကို ညောင်ပင်က မြိုထားပေမဲ့ မျက်နှာလေး ထွက်နေတဲ့ ပုံမျိုး ဖြစ်နေတယ်။
    အဲဒါကို အဓိက လိုကို လုပ်ပြီး အယုဒ္ဓယ အမှတ်အသား လုပ်ပါတယ်။ သူတို့ အဆိုအရ ညောင်မြစ်သည် ဘုရားမျက်နှာကို လုံးဝ အုပ်မသွားဘူး ဒါကြောင့် တန်ခိုးကြီးတယ်။

    အဲဒီ ညောင်မြစ်တွေ ကြားက ဘုရားမျက်နှာတော် ကို ကြည့်ပြီး သူတို့ အထင်ကတော့ (ဂိုက်) မြန်မာတွေ ဝင်တိုက်တုန်းက တန်ခိုးကြီး ဘုရားကို မတွေ့အောင် မြုပ်ထားပြီး အပင် စိုက်ခဲ့သလား.. သို့မဟုတ်.. အဲဒီ ပုံတွေ ထဲမှာ အောက်ဆုံးက ဘုရား ခေါင်း မပါဘူး.. အဲဒီ ဘုရားကြီး ရဲ့ ခေါင်းများလား..
    သို့မဟုတ်.. မြေကြီးအောင်မှာ သစ်ပင်ထဲမှာ ဘုရားရှိတာကို သိအောင် နတ်တွေက သိသာအောင် ထုတ်ပြလေသလား..
    ထိုကဲ့သို့ ရှင်းပြတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 13, 2011 at 8:50 pm

    စာရင်းချုပ်လိုက်တော့
    သမိုင်းကို ဆေးဆိုးပန်းရိုက်လုပ်ပြီး အားလုံးလုပ်စားနေကြတာဘာဘဲလို့ ဆိုပါ၏။
    အားလုံးကိုသိစေခြင်သည်မှာ
    ထိုဒေသ ပရဝုဏ် ထည်းတွင် မြန်မာပြည် ရွှေ့ပြောင်းလုပ်သားများလည်း
    သက်ဆိုင်ရာ အလုပ်ကိုင်များကို လုပ်ကိုင်စားသောက်နေကြသည်မှာ
    အေးဆေးလွန်းပေစွ မှသည် အချို့မှာ ကလေးများပင်မွေးထားလိုက်သေး၏
    ဂိုက်ဆိုတဲ့သတ္တဝါကလည်း အပြောကောင်းမှ ရမှာဆိုတော့ ပြောတာပေါ့ဗျာ
    ဒီလိုပြောတန်းဆို ဂျပန်တွေ သူတို့ဆွေမျိုးတွေကို ပြောင်ပြန်ကြီးကို လုပ်သွားတာဘဲ
    ကျုပ်ဂျီးဒေါ်ကြီးနေတဲ့ရွာနားကိုတောင် နိပွန်မာစတာ စစ်ကြောင်းတစ်ကြောင်းဖြတ်သွားတယ်ဆိုဘဲ
    ထိုင်းတွေဂျပန်ကိုတွေ့ရင် ဖင်ကုန်ပုံများ ခင်ဗျားတို့မတွေ့ဘူးကြဘူးထင်တယ်
    စာအုပ်ထည်းမှာဖတ်ဘူးတာကတော့
    အဲ့သည်ဒေသကို ရှေ့ကနေ စစ်တိုက်တာ ကြေးစားပေါ်တူဂီတွေလို့ဆိုတာဘဲ စာအုပ်ထည်းမှာ
    သူ့အပြောကတော့ ဒီကလားတွေက စစ်နိုင်တာနဲ့ ရတာကိုယူတာလေ
    ဟိုကလည်း ရတနာတွေကို ဘုရားတွေမှာ ဌာပဏာဝှက်ထားကြတယ်လို့ဆိုပြန်တယ်
    ဒါလဲ စာအုပ်ထည်းမှာဘဲ
    သဂျီးစကားနဲ့ ပြောရရင် သိပ္ပံမတတ် ရူပဗေဒ မတတ်တော့
    ဘိလပ်မြေလဲကောင်းကောင်းလုပ်တတ်ပုံမပေါ်သေးဘူးလေ
    ဒါ့ကြောင့် ဒီအချိန်နဲ့ဒီအချိန် ဦးခေါင်းတွေ ပြတ်ကုန်တာဖြစ်မှာပေါ့ ဥတုအန္တရယ်ကျတာလဲပါပေမပေါ့
    ပြောရရင်တော့ အောလပုံပေါ့ဗျာ
    ဘာဘဲဖြစ်ဖြစ်ပေါ့ သမိုင်းတစ်ခုအတွင်းက ဖြစ်ခဲ့တာတွေကို
    သက်ဆိုင်သူတွေအနေနဲ့ အပြန်အလှန်ကြေအေးရာကြေအေးကြောင်းပြောဆိုကြရင်တော့ကောင်းတာပေါ့
    ပြဿနာက မြန်မာပြည်က ခွေးမသားအာဏာရှင်တွေက
    တိုင်းပြည်ကိုရောင်းစားတာကလွဲရင်ဘာမှလုပ်တာမဟုတ်ဘူး

  • shwe ni

    August 14, 2011 at 1:25 am

    ရွှေတိဂုံ ဘုရားကရွှေတောင် မြန်မာ ဘုရင်တိုက်တုန်းက သီမ်းတဲ့ရွှေ ။
    ယခု မြန်မာကြောင်လို့ ခေတ်စားနေတာ . မြန်မာ ဘုရင်တိုက်တုန်းက သီမ်းသွားတဲ့ထိုင်းကြောင်ဆိုပဲ .

  • ဓါတ်ပုံပို့စ်တစ်ခုကို ဒီလောက်ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖလှယ်တာကို ဖတ်ရတဲ့အတွက် မန်းဂေဇက်ကို ကျေးဇူးအထူးတင်မိပါတယ်။ ဆရာခိုင်ရယ်၊ FR ရယ်၊လေးပေါက်ရယ်၊ ဆူးရယ် အားလုံးကို ကျေးဇူးတင်မိပါကြောင်း၊ မန်းဂေဇက်ဟာ ကျွန်တော်တို့အတွက် တကယ့်ကို မရှိမဖြစ်ဖြစ်နေပါပြီ။

  • Foreign Resident

    August 15, 2011 at 11:51 am

    For your information,
    I heard a famous Thailand story,
    One Thailand princess cursed to all Myanmar people that,
    Myanmar male to become slave &
    Myanmar female to become prostitute.

    They proudly said, that’s why,
    Myanmar are now coming to work in their country as hard labor & prostitute.

  • kai

    August 15, 2011 at 12:24 pm

    ဒီပို့စ်ကို.. အထောက်အကူပြုတဲ့.. စာတခု..ရာဟူးမေးလ်ရရုထဲကနေ.. ကူးတင်ပေးလိုက်ပါတယ်..။
    မူရင်းစာရေးသူကို ခွင့်မတောင်းထားပါသော်လည်း.. စာရေးထားသူက..နားလည်ခွင့်လွတ်ပေးလိမ့်မယ် ထင်ပါတယ်..။
    ဖတ်ကြည့်ကြပါနော..။
    ဆွေးနွေးကြရာမှာ အထောက်အကူဖြစ်ဖို့သာ ရည်ရွယ်ပြီး.. အောက်ကစာတွေဟာ.. မူရင်းရေးသူရဲ့အာဘော်သာဖြစ်ပါကြောင်း..။

    ===========

    ရဲရင့်ငယ်ချင်ဗျား
    ဂရုရဲ့ အမြင်နှင့် ဖြစ်ချင်တာလေး ဆွေးနွေးတာကိုဘဲ ကျေးဇူးတင်ပါတယ်
    လူမျိုးရေး ဆိုတဲ့ စကားကို ပေါ့ပေါ့ တွေးလို့မရဘူး ရန်သူက တို့ ပေး ရှုွိ ့ ပေး ထောင်ပေးလိုက်တဲ့ကိစ္စဖြစ်စေ လုံးဝအုပ်သုံ မသိလိုက်ဘဲသမိုင်းကို နီးကပ်ရာအသိုင်းအဝိုင်းက ဖန်တည်း ဇာတ်လမ်းဆင် ရေးလို့ သိရတဲ့အတွက် ဖြစ်စေ။ အဖြစ်မှန်ကို ရှာဖွေ ကြည့်တတ်ဖို့လိုပါတယ်။
    သံယောင်ကြား နောင်လာနောက်သား ရှေ့က လူပြောလိုယုံရဟာ များကြတော့ ပတိပက္ခ တွင်းထဲ ပို့ပေး လိုက်တာနဲ့ တူတူပါဘဲပါတီစွဲ လူမျိုးစွဲ ဂိုဏ်းဂဏ စွဲကို ချွတ်လို့ရတာက ပညာပါ -ပညာရဲ့ နောက်မှလည်း သစ္စာ ဆိုတဲ့ မျှတစွာ မေတ္တပါတဲ့ အေုကြာင်းက ကပ်ပြီးပါမှ ရပါတယ်။
    သို့မဟုတ် အမြင်တိုင်း အသိတိုင်းမှ အရောင်တွေ လွှမ်းနေတယ်။ ဒီ သတိရှိဖို့ များစွာလိုတယ်။
    ဆုတ်ခေတ်နှင့် ပျက်ခေတ်မှာ မွေးလာ လူဖြစ်လာတဲ့ =အများအတွက် အသိရှိသူ ဘဝ တာဝန်ပေးထားကို မလွဲမသွေ ဆောင်ရွက်ရမှာဘဲ။အဲဒိတာဝန်အတွက် ကြွားလို့ ဝါဘို့ -အာဏာပြ ဖို့ ဆိုတဲ့ ဥတလိ မနုဿ ဓမ္မ (ငါသာအတတ်ဆုံး အတော်ဆုံး) သဘောမျိုးမဟုတ်ဘဲ ဗုဒ္ဓဘာသာ စကားနှင့် ပြောရလျှင်
    သတ္တဝါများအပေါ် မေတ္တာထားကာ (လူသားများ အတွက် အကျိုးရှိသော) အခု စကားအဆိုရ
    လူသားဝါဒ ကျင့်သုံးရေး- လောကကြီး အကောင်းအဆိုး တိုးတက်မှု ကို သိပါလျှက် နှင့်
    ကျောက်ခေတ် အတွေးအခေါ် တွေနဲ့ အများထိခိုက်အောင် အားလုံး အတွက် အကျိုးမရှိတဲ့
    လုပ်ရပ်များတွေကို သိလာလျှင်တော့ = ကြိုတင်ကာကွယ်မှု မလုပ်ပါက = လူ့အသိုင်းအဝိုင်း
    ပျက်စီးမှု က တဖန် ပြန်ရောက်လာဦးမှာဖြစ်တယ်။ နေရာတိုင်းမှာ သူလည်းသိ ကိုယ်လည်းသိ
    ဆိုတာ မရှိပါဘူး ။ အထူုးသဖြင့် နိုင်ငံရေး မှာဖြစ်စေ လူမှုရေးမှာဖြစ်စေ စီးပါွးရေးမှာဖြစ်စေ မသိသူကျော်သွား သိသူ ဖေါ်စားပါဘဲ။ လူ့လောက မှာ နေ့စဉ် မွေးဖွါးနေသော လူတွေထဲမှာ
    ထိုင်းသူ အံ့သူ က များပြီး ပါးနပ် လိမ္မာသူက နဲလွန်းလှပါတယ်။ ဒါကြောင့် လယ်သူ ပါးသူ များက-
    ရိုးအ သူများအပေါ် နေရာတိုင်းတွင် လိမ်လည် လှည့်ဖျားပြီး -ဗိုလ်ကျ သွေးစုတ်နေကြတာပေါ့
    ကိုယ့်တိုင်းပြည်နဲ့ ကိုယ့် အမျိုးသား အတွက် တကယ် စေတနာရှိရင်တော့ ယခင်က ဖြစ်ပေါ်ခဲ့တဲ့ လူတန်းစား သွေးခွဲမှု တိုင်းပြည်သွေးချောင်းစီးမှုကို အစ မဖေါ်ကြဘဲ ဝိုင်းဝန်းကာကွယ်ဖို့လိုပါတယ်။ ဒီပွဲငါမလုပ်ရလို့ ငါမပါရလို့ ငါသဘော မတူပါ ဆိုတဲ့ အတွေးအခေါ် များ မထားဘဲ အများအတွက် ဘယ်သူလု့ပ်လုပ် ငါမပါလည်း ငါကထောက်ခံပါတယ် ဆိုတဲ့ -မုဒိတာ -တရားဆိုတဲ့ ကျေနပ်စိတ် နှစ်သိတ် စိတ်တွေ မွေးကြဖို့လိုပြီဖြစ်တယ်။
    တိုင်းရင်းသားအရေး လူမျိုးရေးကြောင့် လူ့သယံဇာတ အသက်ဇီဝိန်များ သိန်းသန်း ချီပြီးသေ ကျေသွားကြပါပြီ။ ဒုတိယ ကမ္ဘာ စစ် နောက်ပိုင်း တိုင်းရင်းသား များ အထူးသဖြင့် တနင်္သာရီ ကျုပ်တို့ဒေသမှာ သံလွင်မြစ်-ဂျိုင်းမြစ် အတ္တရံ-မြစ်များရေ တွင် မျောနေကြသော အလောင်းကောင်များ ရေ တွက် လို့မရအောင် များပြားလှပါပြီ။
    ဝါဒ ရေး လူမျိုးရေး နိုင်ငံရေးအာဏာ ကြောင့် အနိမ့်ဆုံးအဆင့်သို့ ရောက်ခဲ့ပြီးပြီ။
    လက်တွေ့ မသိသူ စာတွေ့က သိပ်ပြီး မခံစားကြရဘူး ကျုပ်တို့ကလက်တွေ့ မျက်တွေ့
    ခံခဲ့ရပါတယ်။ စစ်အာဏာရူး ဗိုလ်စုတ် နေဝင်းက- ဂေါ်ရခါး -၄-ချင်း(၁) ကချင်(၂) သုံးပြီး ကရင်ပြည်နယ် မွန်ပြည်နယ် တောထဲ မှာ သူပုံ ဆိုသူတွေကို သတ်တယ်။ ပဌမ လမ်းစဉ် မွန်ကရင် သောင်းကျန်းသူ များက လည်း ဗမာ မြင်ရင်သတ်တာဘဲ သံတောင်။ တောင်ငူ ။ သထုံ ။ ဖါးအံ ။ လှိုင်းဘွဲ။ ကော့ကရိတ်။ ကြားအင်းဆိပ်ကြီး။ စသည့် မြို့နယ်များမှာ။ မွန်တွေ ကရင်တွေရှိသလို ။ ဗမာစကားပဲ -ဲ တတ်တဲ့ မွန်တွေကရင် တွေလည်း များစွာသေကြေပျက်စီးပြီး သွေးချောင်းစီးခဲ့ရတယ်။ (ဥပမာ ကော့ကရိတ်ခရိုင် ထဲမှ ာ ကော့ဘိန်း=ကော့ပေါက် ကပ်နေတဲ့ ရွာကြီးနှစ်ရွာ ကော့ဘိန်းက မွန်စကားပြောပြီး ကော့ပေါက်က -ဗမာစကားပြောကြတယ်။ ကတိုးနှင့် ကော့နှပ်- ရွာက ဆက်နေသော်လည်း ကတိုးက ဗမာလို့ပြောကြပြီး ကော့နှပ်က မွန်လိုပြောကြသည်။ထုံးအိုင် မောင်ကျန် (လှိုင်းပွဲမြို့နယ် ဘားအံမြို့နယ် တွေမှာ -မွန်တွေကရင်တွေ -ဗမာစကားသာ ပြောတတ်၍ ဓါးစာခံ ဖြစ်လို့ သေကျေသွားကြရရှသည်။ ကြာအင်းဆိပ်ကြီး ချောင်းနှစ်ခွ- ရေးနယ် သံဖြူစရပ်နယ်တွင်လည်းများစွာ သတ်ကျ သေကျ သည်။ ဒါတွေ အားလုံး -ကျောက်ခေတ်က လူရိုင်းတွေ ရဲ့ လုပ်ရပ်သာဖြစ်သည်။
    ဒါက လက်တွေ့တွေပါ ဇတ်ဟောင်းပြန်မပြ ချင်တော့ပါ။ အဆုံးမှာတော့ တိုင်းပြည် ဆုတ်ယုတ်မှုပါ။ တိုင်းပြည်ဖြစ်ခဲ့တဲ့ စစ်ပွဲတွေ သတ်ပွဲတွေ ပြန်စမြုတ်ပြန်ရင်တော့. လွန်ခဲ့သော ထီးပြိုင်နန်းပြိုင်ခေတ်က သုဝန ဘုံမိ္မ- ခေါ်တဲ့ အရှေ့တောင်အာရှ (ရွှေနိိုင်ငံ) ယခုထိုင်းနိုင်ငံ ဗုဒ္ဓဘာသာများ၏ ဘိဋကတ် သုံးပုံ ကို ဗမာများ လာပြီး တိုက်ခိုက်ယူခဲ့သော နှစ် တစ်ထောင်လေးရာ ကျော်က (KANPHANPHIT) မြန်မာလို ခေါ် စိန်တန်တိုင်းမြို့- တွင်၎င်း- တောင်ငူခေတ် အလောင်းဘုရား ခေတ်မှာ ပိစနလုတ် စကိုထိုင်း အိန္ဒရာဒရာဇ် မင်းကြီး (ရာမ ခန်းငယ် -RAMKHAMHAENG) -၏ ဖခမည်းတော်-တည်ထောင်သော နို်င်ငံ(လွန်ခဲသော -ရ၅၀-နှစ်ကျော်)အား တိုက်ခိုက် ဖျက်စီးချင်း။ ဟံသာဝတီူ မင်းလက်ထက် အယုဒ္ဓယား အား လာရောက်ဖျက်စီးချင်း (နှစ်ပေါင်း သုံးရာကျော်)အား အငြိုးထား သမိုင်းဆိုးအား ပြန်ဖေါ်ကြစတမ်း ဆိုက ထိုင်းလူမျိုးတွေ ယနေ့ ထိုင်းနိုင်ငံတွင် ပြေးလာကြသော ဗမာဒုက္ခသည် သန်းပေါင်း များစွာ အတွက် စားစရာမရှိ နေစရာမရှိ ဖြစ်ရပါတော့မယ်။
    မှတ်ချက် – RAMKHAMHAENG မွန်ဘုရင်သည် ထိုင်းစာပေကို စတင် ထီထွင်သူဖြစ်သည်။
    မြန်မာနိုင်ငံသားများအတွက် အတိတ်ကို အတိတ်မှာထားပြီး လူမျိုးရေး ပတိပက္ခ အား ထားပြစ်ဖို့
    လိုပါပြိး ပြန်ဖေါ်လာသုူသည် ရိုးသားမှု မရှိဟုသာမြင်သည်။ ထိုင်းလူမျိုးများသည် ခွင့်လွှတ်တပ်ခြင်းကြောင့်
    တိုင်းပြည်တိုးတက်ခြင်း။ လူမျိုးရေးပြဿနာ မရှိခြင်းမှာ အဟောင်းကို စမြုပ် မပြန် တတ်ခြင်းပါ။
    အမျိုးသားရေးတွင် စည်းလုံးညီညွတ်ရေးသာ အဓိကဖြစ်သည်
    စည်လုံးမှု အတွက် အနှောက်အရှက်ပေးမည့်သူသည် စစ်အုပ်ချုပ်ရေးနှင့် အာဏာရှင်စံနစ် ကို
    သက်ရှည်လိုသော သူများသာဖြစ်သည်။ ဒီမိုကရေစီ အစစ်နှင့် ယဉ်ကျေးမှု အစစ်မှ သာ
    တိုင်းပြည်တိုးတက်ခြင်းနှင့် ငြိမ်းချမ်းမှု အဒွန့်ရှည်ရေးသာဖြစ်သည်။ အမျိုးသားယဉ်ကျေးမှုသည် လူအချင်းချင်း သတ်ဖြတ်မှု မဟုတ်ကြောင်း သိစေလိုသည်။
    စစ်အာဏာရှင်ကို ဝိုင်းဝန်းပြီး တော်လှန်နေသော ခေတ်မှာပင်လျှင် ပြည်ချစ်ခေတ်
    ရှစ်လေးလုံးခေတ် အသက်စွန့်သွားကြသော မျိုးချစ်များသည် စစ်အာဏာရှင် နှင့် မတိုက်ရဘဲ လူမျိုးရေး ညံ့ဖျင်း
    တဲ့ အသိကြောင့် သေသူများကို မဖေါ်ပြလိုတော့ပါ။
    ဒါကြောင့် လူသတ် အကြမ်းဖက်မှုသည် စစ်တပ်ဖြစ်စေ လူမျိုးစုဖြစ်စေ ရပ်တန်းက
    ရပ်ကြဖို့ ယဉ်ကျေးသိမ်မွေ့ဖို့သာ လိုအပ်ပြီဖြစ်ပါသည်။ စိတ်ကူးမယဉ်ကြရန်လည်း တိုက်တွန်းရင်း စစ်မှန်သော
    ဒီမိုကရေစိရေး စစ်အာဏာရှင်စံနစ် ပြုတ်ကျရေးသာ အဓိက ဖြစ်ပါသည်။
    မိအေး နှစ်ခါ အနာမခံတော့ပါ။ ခင်ညွန့်ခေတ် က အပြစ်ခတ်ရပ်စဲရေး အကြောင်းပြပြီး တော်လှန်ရေးနယ်မြေမှန်သမျှ နယ်ချားတလျောက် တနိုင်ငံလုံးနည်းပါး စစ်စခမ်းတွေအပြီးပိုင်သိမ်းထားနိုင်ပြီ။ အခုတဖန် ဒီမိုကရေစီ မစစ်သော အုပ်ချုပ်ရေးက ဒီမိုကရေစီ ပေးမယ်လို့
    ဘယ်သူ့ပါးစပ်က ပြောနေစေ ကျုပ်တို့ မယုံကြည်သေးပါ။ ယုံကြည်စေလိုလျှင် တော့ အာဏာရှိသူများ “
    အာဏာ အလွဲသုံးစားမပြုဘဲ။ နိုင်ငံရေးပြစ်မှု နှင့် ထိမ်းသိမ်းထားသူများအား အားလုံး လွှတ်ပေး။
    စစ်တပ်ကို အုပ်ချုပ်ရေးအာဏာမှ လွှတ်ပေး။ ပြည့်သူ့လွှတ်တော် လက်ထဲ အာဏာ ပေးလိုက်ပါ။
    ရိုးသားသန့်ရှင်းစွာဖြင့် –
    ခတ္တိယ-သီလ (ဘန်ကောက်)

  • ကိုခိုင်နဲ့Foreign Residentတို့ရေ
    သူ့အမြင် ကိုယ့်အမြင်မတူတာကို ငြိမ်းချမ်းစွာကွဲလွဲခွင့် ရှိတာသိပ်ကောင်းတာပေါ့။
    မှန်ပါတယ် ကျနော်သည် နိုင်ငံခြားမှာမနေဘူးသလို ရောက်လဲမရောက်ဘူးပါ။
    ဒီတော့ ကျနော်အမြင်အတွေးသည် စာအုပ်ထဲမှာဖတ်ရသလာက် သတင်းစာမှာဖော်ပြသလောက်
    အင်တာနက်မှာ ကိုတွေ့ဘူးသလောက်
    ရုပ်ရှင်မှာ ပြသလောက်သာမြင်ရတဲ့အတွက် အဲဒီနိုင်ငံတွေမှာနေသူလောက် မပြည့်စုံဘူးဆိုတာလက်ခံပါတယ်။
    ယခင်ရှေးကလူတွေမှားခဲ့တာကို နောက်လာနောက်သားက
    တောင်းပန်သင့်တယ်ဆိုတာလဲလက်ခံပါတယ်။
    ဒါပေမယ်မြန်မာသမိုင်းမှာ တကယ်လေ့လာရင် စစ်ပွဲတွေလောက်နဲ့သာပြီးခဲ့တာလဲအမှန်ပါဘဲ။
    တရုပ်ဝင်တော့ ပုဂံတစ်ခါပျက်တယ်။
    မြန်မာကလည်း အိမ်နီးချင်းနိုင်ငံတွေကို ပြန်တိုက်တော့ ပြည်ပျက်တယ်။
    အဲတော့ အယုဒ္ဒယ မြို့ပျက်ရတာကို မြန်မာတွေကြောင့်လို့ အခုထိ ပြောနေတာကို အမှန်လို့ ယူဆနိုင်ပါ့မလား
    ဇာတ်မနာ နာအောင်လုပ်ထားတဲ့လုပ်ကွက်များဖြစ်နေမလားလို့ တွေးမိပါတယ်။
    ဒါပေမယ့်ဒီအဖြစ်အပျက်တွေကလဲ အဲဒီခေတ်က အဖြစ်အပျက်မှန်လို့ပြောလို့ရပါ့မလားလို့ ကျနော်အနေနဲ့
    အမြဲတမ်းသံသယဖြစ်မိတယ်။
    သမိုင်းအချက်အလက်တစ်ခုကို ယူကြမယ်ဆိုရင် ကျန်ခဲ့တဲ့စာပေအထောက်အထားကို သာလက်ကို်င်ထားပြိးပြောကြရတာများပါတယ်။
    အဲတော့ တစ်ခုမေးချင်ပါတယ် သတင်းစာ ပုံနှိပ်မီဒီယာ တွေပေါ်မှာတင်ကျန်ရစ်တာကို သမိုင်းအမှန်ယူမလား တကယ်အဖြစ်အပျက်မှန်ကို အမှန်ယူမလားဆိုတဲ့မေးခွန်းပါဘဲ။
    ဒီမေးခွန်းရဲ့အကျယ်အပြန့်ကို ကိုခိုင်တို့ ကို အသေးစိတ်ရှင်းပြစရာမလိုအောင်သဘောပေါက်မယ်ထင်ပါတယ်။
    ကျနော့်အမြင်ကတော့ အတိတ်ကပြီးခဲ့တာကြီးကို ပစ္စပ္ပါန်ထိ ဆွဲယူလာပြီး
    အလုပ်တစ်ခုလို တောင်းပန်လိုက်ကျေအေးလိုက် စိတ်မထင်ပြန်ထအော်လိုက်လုပ်နေတာကြီုးကို
    သိပ်သဘောမတွေ့တာပါဘဲ။
    ဒါကတော့ ကျနော့်အမြင် မှန်တယ် လက်ခံရမယ်လို့ မဆိုလိုပါဘူး။
    ကိုယ့်အတွေးနဲ့ကိုယ်ပါဘဲ။

Leave a Reply