လွမ်းတတ်ရင် လွမ်းစရာပဲပေါ့ The End

မောင် ပေAugust 13, 20111min813

ပို ့ကုန် ၊ သွင်းကုန် ၊ တရုတ်နိုင်ငံ ၏ အခွန်တိုးမြှင့် မှု များကြောင့် ကျောက်သမား ၊ ပဲသမား များ အထိနာကုန်ကြသည် ။

မောင်မောင် တစ်ယောက် ပဲကုန်သည် ကြီး ဦးစိုးမြင့် ထံ ရောက်လာခဲ့သည် ။ သူ  ့ကို အရေးတကြီး ဖုန်းဆက် ခေါ်ထားသောကြောင့် ။

“ မောင်မောင်ရေ ၊ ဦးတို ့အခုစီးနေတဲ့ ဗင်ဖင်ကောက်လေး ပြန်ရောင်းချင်လို ့ ၊ မနှစ် က မင်းဝယ်ပေးထားတာလေ ”

“ ဦး…၊ဈေးက ကျ နေတာနော် ၊ ဦးတို ့ဘောစိ တွေ ပဲ ဗျာ ၊ ကားက အကုန်လုံးအော်တွေ ချည်းပဲ ၊ မရောင်းပါနဲ ့လားဗျာ ၊ ဒီလိုကားမျိုး လိုချင်လို ့ရှာဝယ်မယ်ဆို မလွယ်ဘူးနော် ”

“ မောင်မောင် ၊ မင်းကိုတော့ တူလို သားလို ခင်နေလို ့ ပွင့်ပွင့်လင်းလင်းပဲ ဦးပြောပြမယ် ၊ ဦး လှောင်ထားတဲ့ ပဲတွေ တစ်ဝက်ကျော် ကျိုးတယ် ၊ တစ်ချို  ့ဟာတွေ က ငွေတိုးနဲ ့ လုပ်ထားတာတွေ ဆိုတော့ ၊ အခု ပြန်ဆပ်ချိန် ရောက်နေပြီ ၊ ဒီကား ရောင်းတာ ဘယ်လောက် ရမလဲ ”

“ ဒီနေ ့ဈေးနဲ ့ဆိုရင် ၃၅ဝ ကျော်ကျော်လောက်ပဲ ရတော့မယ် ၊ ဒါတောင် အခုချိန် က လူတွေ ငွေကြပ်နေကြတာ ဆိုတော့ ၊ ဝယ်လက်ကို မနည်းရှာရမှာ ဦးရဲ  ့ ”

“ ဒီလိုဆိုရင်….ဦးတို ့ ဒီလိုလေး လုပ်ကြ ရအောင်လေ ၊ ဦးကား ကို ၃၃ဝ နဲ ့မင်းယူလိုက် ၊ တစ်ကယ်လို ့ ဒီနှစ်ထဲ မှာ ၊ ဦး စီးပွားရေး ပြန်အဆင်ပြေခဲ့မယ် ဆိုရင် ၊ မင်းဆီကနေ ၃၅ဝ နဲ ့ ဦး ပြန်ဝယ်မယ် ၊ ဒီကြားထဲမှာ မင်းကြိုက်ဈေးပေးလာတဲ့သူ ရှိလာရင် လည်း မင်းရောင်းလိုက်ပေါ့ ၊ ဦးပြောတဲ့ အစီအစဉ် သဘောကျလား ၊ ဒါက မင်းကို တူလိုသားလို ခင်လို ့ အကူအညီ တောင်းတဲ့ သဘောပါပဲ..မောင်မောင် ရယ် ၊ ဦးမှာလဲ ငွေက အရမ်းလိုနေလို ့ပါ ၊ ဖြစ်နိုင်ရင်…ဒီနေ ့ပဲ လုပ်လိုက်ပါ ”

မောင်မောင် စဉ်းစားနေသည် ။ ဦးစိုးမြင့် ပြောသည့် အစီအစဉ် က သူ ့အတွက် အရမ်းကောင်းသည် ။ ကျပ်သိန်း ၃၅ဝ ကျော် ပေါက်သည့် ကား ကို ၃၃ဝ ဖြင့်ရမည် ။ ကိုယ်ချက်ချင်း ပြန်ရောင်းလျှင် ကို သိန်း၃၅ဝ ပြေးမလွတ် ၊ ကား က လည်း ဘာပြစ်ချက် မှ မရှိ ၊ သည်လူကြီး ငွေပေါ်သည် အထိ စောင့်ပေးနိုင်လျှင် ၊ ကား အကောင်းစား လည်း စီးရမည် ၊ ပိုက်ဆံ သိန်း ၂ဝ လည်း မြတ်မည် ။ တခြားကို ပြန်ရောင်းချင်လျှင်လည်း ရောင်းပါ ဟု စကားက လည်း ဆိုထားသည် ။ သူ ဝယ်လိုက်ပြီ ဆိုကတည်း က သူ ့ကို ကူညီပေးရာလည်း ရောက်မည် ။ သို ့နှင့်

“ ကောင်းပါပြီ ၊ ဦး ကား ကို ကျွန်တော် ယူပေးမယ် ၊ ပိုက်ဆံ ချေဖို ့ကျွန်တော် ပြန်ယူ လိုက်ဦးမယ်နော်  ”

“ ကျေးဇူးပါပဲကွာ ။ ဦးထင်ပါတယ် ၊ ဒီနှစ် မကုန်ခင် ၊ ဦးတို ့လုပ်ကွက်တွေ ပြန် အခြေအနေ ကောင်းလာမယ်လို ့၊ အဲ့ခါကြ မင်းဆီ မှာ  ဒီကား ရှိနေသေးရင် ဦး ပြန်ယူမယ် ၊ မရှိတော့ဘူး ဆိုရင်လည်း…မင်းပဲ ဦးအတွက် တစ်စီး ပြန်ရှာပေးပေါ့ကွာ ”

မောင်မောင် တစ်ယောက် ဗင်ဖင်ကောက် ကားအလန်းလေး နှင့် ဖြစ်သွားသည် ။ ဒီအတွက် သူ ရှာထားသမျှ ပိုက်ဆံ အားလုံး ကားထဲ ဝင်သွားသည် ။ သို ့သော် သေချာပေါက် မြတ်မည့် ကိစ္စ မို ့မောင်မောင် တစ်ယောက် ပြုံးတပျော်ပျော် နှင့် ။

“ ချီးယားစ်….သူငယ်ချင်း ၊ မင်း အနေ နဲ ့ ဒီလို ကားအကောင်းလေး ကို လုံးဝ ကွက်ကျန် ရလိုက်တဲ့ အတွက် ငါတို ့ဂုဏ်ပြုပါတယ် သူငယ်ချင်း ”

“ အဲဒါ ဘာဆန်းသေးလို ့လဲ ၊ ဒီကောင် ့ လိုက်ထရပ် ဟိုနေ ့က ရောင်းလိုက်ပြီလေ ၊ မမြတ်ဘူး ဆိုရင် ၂ဝ ပဲ ၊ ဟုတ်တယ်မလား ငမောင် ”

“ ပါးပါးလေး ပါကွာ ၊ ဝယ်တဲ့သူ က လဲ ငါ့ကားမှ ငါ့ကား ၊ အသည်းအသန် ကြိုက်သွားတာ ကိုးကွ ၊ သည့်ပြင်ကားတွေ ငါလိုက်ပြတာတောင် မကြည့်ချင်တော့ပါဘူး ဆိုပဲ ”

“ ကဲပါလေ ငါတို ့မောင်မောင့်ကို ဂုဏ်ပြု ကြရမှာပဲ ၊ လာ ”

“ ချီးယားစ်… ”

ကိုကို ၊ ညီညီ နှင့် မောင်မောင် တို ့သူငယ်ချင်း ၃ယောက် ဘီယာခွက်တိုက်လိုက်ကြသည် ။ မောင်မောင် က သူ  ့ကားအသစ် ဖွင့်ပွဲ အတွက် စားသောက်ဆိုင် မှာ လိုက်ပြုစု ခြင်း ဖြစ်သည် ။ နောက်ပြီး ပြီးခဲ့တဲ့ တစ်ခေါက် လှူခဲ့သည့် ဘုန်းတော်ကြီးစာသင်ကျောင်း အတွက် လိုအပ်နေသော အုတ်ရေကန် တစ်ကန် ဆောက်လှူဖို ့တိုင်ပင်ကြသည် ။

“ ဒီတစ်ခါ က ရေကန်ကြီး ဆောက် မှာဆိုတာ ကို အလှူငွေ ထည့်မယ့် လူတွေ ကို သေချာပြောပြနော်…မောင်မောင် ”

“ အေးပါဟ…၊ ငါသိပါတယ် ၊ ငါတို ့အဖွဲ  ့အလှူရှင်စာအုပ် မှာ လည်း ထပ်တိုး ရိုက်ခိုင်းထားပါတယ် ၊ ရေကန် လှူမယ် ဆိုတဲ့အကြောင်း ပါအောင် ”

“ အုတ်တို ့ဘိလပ်မြေ တို ့အတွက် က အုတ်သူကြီး ကိုချစ်တီး က ဈေးအနည်းဆုံး နဲ ့လုပ်ပေးမယ် ပြောထားတယ် ”

“ ကောင်းတာပေါ့ ကွာ ၊ ဆောက်ပေးမယ့် အင်ဂျင်နီယာ အတွက် မင်းတို ့ဘယ်သူ ့ကို စီစဉ်ထားလဲ ”

“ ငါတို ့၁ဝ တန်း တုန်းက ထိပ်ပြောင်ပြောင် နဲ ့ စည်သူအောင် ဆိုတဲ့ကောင် ကို မှတ်မိသေးလား …ငညီ ”

“ အေး…သိတယ်လေ ၊ ငယ်ကတဲ က ပြောင်တဲ့ကောင်ပဲ ”

“ သူက ဘီအီး စီဗယ်လ် ရထားတာ ဟ ၊ သူ ့ကို အပ်လိုက်မယ်လေ ၊ ဘယ်လို သဘောရလဲ ”

“ ကောင်းတာပေါ့ ၊ တို ့သူငယ်ချင်း အချင်းချင်း အားပေးရာလဲ ရောက်တာပေါ့ ၊ ကိုကို မင်းရော ဘယ်လို လဲ ”

“ မင်းတို ့၂ ကောင် စိတ်တိုင်းကျ ရင် လုပ်လိုက်တော့လဲ ၊ ငါ့မေးနေစရာ လိုသေးလား ကွာ ၊ အားလုံး အတူတူပဲဟာ ”

“ ဟုတ်ပြီ…။ ဒါဆိုရင် ခွက်တိုက် လိုက်ကြစို ့ လာ …….ရည်းစားချစ် ၊ စီးပွားဖြစ် ၊ ဘာမှ မလုပ်ပဲ သူဌေးဖြစ်….. ချီးယားစ် ”

ပုံမှန် အတိုင်း ရက်တစ်ပတ် ၏ တနင်္ဂနွေ နေ ့တွင် မောင်မောင် တစ်ယောက် နိဗ္ဗာန်ဆော် အဖြစ် အလှူငွေ ခံ ထွက်လာခဲ့သည် ။ သည်တစ်ခါ ပြောင်းလဲ သွားတာ က တော့ ဗင်ဖင်ကောက် အလန်း လေး နှင့် ။ ကိုကို နှင့် ညီညီ တို ့ဆီ က အပြန် ဝေါ့ရှော ့ဆရာ ကိုမျိုးမင်း အလုပ်ရုံ ဆီ ဝင်လိုက်သည် ။ ကိုမျိုးမင်း က အလုပ်ရုံတွင် မရှိ ။ သူ  ့လက်ထောက် တပည့်ကျော် ကောင်လေး က၊ ကိုမျိုးမင်း ပေးခဲ့သည့် အလှူငွေ ကို မောင်မောင့် ထံ ပေးရင်း မောင်မောင့် ပုံစံ ကို သေချာ ကြည့်နေသည် ။

“ အာစရိ ကတော့ ရှယ်ပဲနော် ”

“ ဘာရှယ်တာလဲ ကွ ၊ အားလုံး ပုံမှန်ပါပဲ ငါ့ကောင် ရ ”

“ ဪ…..အာစရိ မှာ တစ်ပတ်၊တစ်ပတ် အလှူငွေ တွေ အများကြီး ရမှာပဲနော် ”

ကိုမျိုးမင်း ၏ လက်ရင်း တပည့်ကျော် ကောင်လေး က မချိုမချဉ် မျက်နှာပေး ဖြင့် ပြောလာသည် ။ မောင်မောင် သူ ့မျက်နှာ ၊ သူ ့လေသံ ကို ကြားရပြီး စိတ်ထဲ တွင် အလွန် ခံပြင်းသွားသည် ။

“ ဟေ့ကောင်..၊ မင်း ဘာအဓိပ္ပါယ်နဲ ့ဒီစကား ကို ပြောတာလဲ ၊ ပြန်ပြောစမ်း ”

“ ဪ ၊ အလှူငွေ ခံ လို ့ရတဲ့ ပိုက်ဆံ က အများကြီး ရမှာပဲ လို ့ ၊ ဒါနဲ ့အာစရိ တောင် ကားအသစ်တွေ ဘာတွေ နဲ ့ဖြစ်သွားပြီနော် ”

“ ဒီမှာ ၊ ငါ့ကောင် မင်း ရဲ  ့ဖြုတ်ဦးဏှောက် ၊ ဖြုတ် အတွေးအခေါ် လောက်နဲ ့ တက်မလာနဲ ့သိလား ၊ မင်းတို ့ကောင်တွေ ဒီလို ကျက်သရေ မရှိတဲ့ အတွေးအခေါ်မျိုးပဲ တွေးနေလို ့လဲ ၊ အခု လို မွဲတေ နေတဲ့ ဘဝ က မတက်တာ ၊ ငါ မင်းကို ဘာမှ ဖြေရှင်းစရာ အကြောင်းမရှိဘူး ၊ မင်း ဆရာပြန်လာရင် ၊ မင်း ငါ့ကို အခု ပြောတဲ့ အကြောင်းအရာ အားလုံး ပြန်ပြော လိုက် ၊ အေး…မင်းမပြောရင်လည်း ၊ ငါ ဖုန်းဆက် ပြောရလိမ့်မယ် ၊ ရော့..ဒါမင်းဆရာ လှူတဲ့ အလှူငွေ အတွက် လက်ခံ ရရှိကြောင်း အလှူခံ ဖြတ်ပိုင်း  ”

စိတ်ဆိုးလွန်းသဖြင့် အလှူခံ ဖြတ်ပိုင်းကိုတောင် ကောင်းကောင်းမွန်မွန် မပေးနိုင်တော့ ပဲ ပစ်ပေးခဲ့သည် ။

မောင်မောင် တစ်ယောက် ဒေါသဖြစ်ဖြစ် နှင့် ကားမောင်း ထွက်လာခဲ့သည် ။ သူ ကြုံရပုံ ကို ပြောချင်သဖြင့် ကိုကို ့ဆီ မောင်းလာခဲ့သည် ။ ကိုကို က အပြင်ထွက်သွားသည် နှင့် တိုးနေသည် ။ ညီညီ့ ဆီ ဖုန်းဆက်ပြီး ညီညီ ရှိသည့် နေရာ သို ့ထွက်လာခဲ့သည် ။

ညီညီ့ ဆီ ရောက်တော့ ဒေါသ တကြီး ဖြင့် အကြောင်းစုံ ပြောပြ လိုက်သည် ။ ညီညီ လည်း ကြားအပြီး စိတ်တို စိတ်မကောင်း ဖြစ်သွားသည် ။

“ ငါ…အခု ၊ ကိုမျိုးမင်း ရဲ  ့ဖုန်းဆက် အလာ ကို စောင့်နေတယ် ၊ သူ ့တပည့် လုပ်ပေါက် အတွက် ၊ သူ ဘယ်လို ပြောမလဲ ဆိုတာ ငါသိချင်နေတယ် ”

“ မင်းသူ ့ဆီ လှမ်းဆက်လိုက်ပါလား ၊ တော်ကြာ ဟိုကောင် က ကိုမျိုးမင်း ကို ပြန်မပြောရင် ကိုမျိုးမင်း မသိလောက်ဘူး ”

မောင်မောင် ၊ ကိုမျိုးမင်း ဖုန်း ကို လှမ်းဆက်လိုက်သည် ။ ဖုန်းဝင်သွား သည် ။ မကိုင် ။ number busy လုပ်ပစ်လိုက်သည် ။ သူ ့ဖုန်း မို ့မကိုင်တာများလား ဟု တွေးပြီး ၊ ညီညီ့ဖုန်း ဖြင့် ထပ်ခေါ်လိုက်သည် ။ ဖုန်းဝင်သွားသည် ။ မောင်မောင် က ညီညီ ့ကို ပါ ကြားရစေရန် ဖုန်းစပီကာ ကို ဖွင့်ထားလိုက်သည် ။

“ ဟယ်လို ၊ ကိုညီ ပြောပါ ”

“ ဟယ်လို ၊ ကိုမျိုးမင်း လား ၊ ကျုပ် မောင်မောင် ပါ ၊ ကိုညီ မဟုတ်ဘူး ၊ သူ ့ဖုန်း နဲ ့ဆက်လိုက်တာ ”

“ ဪ….ဟုတ် ကိုမောင် ၊ အမိန် ့ရှိပါ ”

“ ခင်ဗျား အခု ၊ ခင်ဗျား ဝေါ့ရှော ့ ကို ပြန်ရောက်ပြီလား ”

“ ဟုတ်တယ် ၊ အခု ကျွန်တော် ဝေါ့ရှော့ မှာပါ ၊ ဘာကိစ္စ ရှိလို ့လဲ ”

“ စောန က ၊ ကိုမျိုးမင်း ဝေါ့ရှော ့ကို ကျွန်တော် ရောက်ခဲ့တယ် ၊ ကိုမျိုးမင်း အလှူငွေ ကို လည်း လက်ခံ ရရှိခဲ့တယ် ၊ ဒါနဲ ့ ကိုမျိုးမင်း တပည့် က ၊ ကိုမျိုးမင်း ကို ဘာမှ ပြန်မပြောဘူးလား ”

“ ဪ…သူ ၊ ကျွန်တော့် ကို ပြောတာ ကတော့ ၊ ကိုမောင်မောင့် ကို အမှန်တွေ ပဲ ပြောလိုက်တယ်တဲ့ ၊ ဘာလို ့များပါလိမ့် ”

“ ဟာ..မဟုတ်သေးဘူးနော် ၊ ကိုမျိုးမင်း…ခင်ဗျား တပည့် က ပြောပုံက ၊ ကျွန်တော် က ပဲ အလှူငွေ တွေ ကို အလွဲသုံးစား လုပ်နေတဲ့ ပုံ ပြောလိုက်တာ ၊ ကျွန်တော့် ပိုက်ဆံ နဲ ့ကျွန်တော် ကားဝယ်ထားတဲ့ဟာ ကို အလှူငွေ တွေ နဲ  ့ဝယ်ထားတဲ့ အပေါက်မျိုး ချိုးလိုက်တာ ဗျ ”

“ ဟုတ်ချင်လဲ ဟုတ်နေမှာပေါ့ ကိုမောင်မောင် ရယ် ၊ စိတ်ဆိုးစရာ လိုလို ့လားဗျာ ”

“ ဘယ်လို..၊ဘယ်လို ၊ ကိုမျိုးမင်း ခင်ဗျား ဘယ်လို ပြောလိုက်တယ် ”

“ ဒီမှာ …အခု ကျွန်တော် ကားအင်ဂျင် ပြန်လုံးနေရလို ့မအားသေးဘူးဗျာ ၊ နောက်မှ ပြောကြသေးတာပေါ့ ”

“ ဟိတ်လူ…နေဦး…… ”

ဖုန်းက ကျသွားခဲ့ပြီ ။ မောင်မောင် တစ်ယောက် ဒေါသကြီးစွာ ဖြင့် အနီးရှိ ထိုင်ခုံများ ကို ပြေးကန်လိုက်သည် ။ ညီညီ ကတော့ စိတ်မကောင်းခြင်းများစွာဖြင့် ခေါင်းတစ်ခါခါ ၊  ထို ့နောက် ညီညီ ၊ ကိုကို ့ကို ဖုန်းဆက် ခေါ်လိုက်သည် ။ မောင်မောင် က တော့ တဆတ်ဆတ် တုန် လျှက် ထိုင်နေသည် ။ ၁ဝ မိနစ်ခန် ့အကြာတွင် သူတို ့ဆီ ကိုကို ရောက်လာသည် ။

“ မောင်မောင် ၊ စောန က မင်း ငါ့အိမ် ဝင်သွားသေးတယ်ဆို ၊ ငါ က ကျောက်သွားကြည့်နေတာ ၊ ဖုန်းလှမ်းဆက်လိုက် ရနေတာပဲ ဟာ ”

ညီညီ  က ရှူး ဟု အမူအရာ ပြ ကာ ကိုကို ့ကို သူ  ့နား ခေါ်လိုက်သည် ။ မောင်မောင့် ၏ ဖြစ်ပုံများ ကို အကုန် ပြောပြလိုက်သည် ။ ကိုကို ပါ ဒေါသ ထွက်လာသည် ။

“ မောင်မောင်…ဘယ်လို လုပ်မယ် စိတ်ကူးလဲ ၊ အခုကိစ္စ ကို ငါမကျေနပ်ဘူး ၊ ဒါ သပ်သပ်မဲ့ အပုပ်ချ စော်ကား တာပဲ ၊ ဒီကောင့် ကို သွားရိုက်မလား ၊ငါတို ့၃ယောက် ”

မောင်မောင် တစ်ယောက် ခေါင်းခါပြရင်း သက်ပြင်းရှည်ကြီး ချလိုက်သည် ။

“ အဲဒီလို လုပ်စရာ မလိုပါဘူး ကွာ ၊ ငါတို ့လုပ်နေတာ ကုသိုလ်ကောင်းမှုလေ ၊ စိတ်ထိန်းပါဦး ကိုကို ရာ ”

“ မဟုတ်သေးပါဘူး ၊ ငမောင်ရာ ၊ မင်းတို ့ငါတို ့လုပ်နေတယ်ဆိုတာ စာရင်းနဲ ့သေချာလုပ်ကြတာပဲ ၊ အလှူခံ ဖြတ်ပိုင်းစာအုပ် နဲ ့အတိအကျ ရှိနေတာ ကို အဲ့ကောင် သိရဲ  ့သားနဲ ့ကွာ ၊ မင်း ကားအရောင်းအဝယ် အဆင်ပြေနေတာ တွေ ကို မြင်ပြီး မနာလို ဖြစ်လို ့များလား ”

“ ငါ ကတော့ ၊ အခု သေချာ စဉ်းစားပြီး ပြီ ၊ ငါ့အနေနဲ ့ဒီ အလှူငွေ လိုက်ကောက်ခံ တဲ့ ၊ ငွေလိုက်စု တဲ့ အလုပ် ကို ငါမလုပ်နိုင်တော့ဘူး ၊ လုပ်လဲ မလုပ်ချင်တော့ဘူး ၊ မင်းတို ့ပဲ ဆက်လုပ်ကြတော့ ၊ မင်းတို ့ဆက်လုပ်မယ် ဆိုရင်တော့ ငါ အလှူငွေ ထည့်မယ် ”

“ ဟ…ငါတို ့၂ ယောက် အတွက်ကြ ၊ မင်းလို မျိုး အချိန် အများကြီး မပေးနိုင်ဘူးလေကွာ ၊ ငါတို ့၃ယောက် လုပ်တဲ့ ကိစ္စမှာ ၊ နောက်အခု အလှူရှင် အသစ်တွေ အများကြီး ထပ်တိုးလာတယ် ၊ အဲဒါတွေ ကို မင်း မှ လိုက်အလှူလိုက်မခံ နိုင်ရင် ၊ ဘယ်လို ဆက်လုပ် ကြ မှာလဲ ကွ ”

“ စိတ်မကောင်းပါဘူး ကွာ ။ မင်းတို ့၂ ယောက် ပဲ အဆင်ပြေအောင် ကြည့်လုပ်လိုက်ပါ ၊ ငါ အလှူငွေ က ပုံမှန် လှူပါ့မယ် ။ အခု ငါကြုံခဲ့ရတာ တစ်ယောက် ပဲ ရှိသေးတယ် ။ နောက်လူတွေ က ပါ ၊ အခု မျိုးမင်း ပြောသလို မျိုး ထပ်ပြောလာခဲ့ရင် ငါ ့စိတ် ထိန်းနိုင်မှာ မဟုတ်ဘူး ။ ဒီတော့ မင်းတို ့ဘာသာ ဆက်လုပ် ကြတော့ ”

ကိုကို နှင့် ညီညီ နှစ်ယောက် သား ခေါင်းချင်းဆိုင် တိုင်ပင် လိုက်ကြပြီး နောက် ဆုံးဖြတ်ချက် ချလိုက်သည် ။ သူတို ့လောလောဆယ် ကောက်ခံ ထားရသမျှ အလှူငွေ စုစုပေါင်း ကို ၊ ဘုန်းတော်ကြီးကျောင်း အုတ်ရေကန် အတွက် ဆောက်လှူဒါန်းမည် ။ လိုအပ်သည့် ငွေ ကို သူတို ့၃ ယောက် ဖြည့်စွက်ကြမည် ။ ဒီအလှူကိစ္စကို စာရွက် စာရင်း များဖြင့် သေချာ ထုတ်မည် ။ ဒီအုတ်ရေကန် လှူပြီး လျှင်တော့ ၊ အရှိန်ရနေပြီ ဖြစ်သော ၊ သူတို ့အဖွဲ  ့လေးကို ရပ်ဆိုင်း လိုက်တော့မည် ဟု ဆုံးဖြတ်လိုက်ကြလေတော့သည် ။ နောက်ကို လှူချင်လျှင် ကိုယ့်ဘာသာ ကိုယ် ငွေစုပြီး မှ လှူတော့ မည် ဟု လည်း ဆုံးဖြတ်လိုက်ကြသည် ။

သူတို ့၏ ကောင်းမွန်သော ရည်ရွယ်ချက် ဖြင့် လုပ်ကိုင်ခဲ့သော ပရဟိတ လုပ်ငန်းလေးသည် ……………………………..   ။

( အားလုံး ကို ကျေးဇူးတင်ပါသည် ။ စာလုံးရေ ၁၄၀ဝ ပါရှိပါသည် ။ )

 

3 comments

  • ဆူး

    August 13, 2011 at 9:19 pm

    ချီးမွမ်း ရရက် ကဲ့ရဲ့ ရရက်တဲ့..
    ဖြတ်သိမ်းလိုက်တော့ နှမြောစရာကြီး။

  • Mee2

    August 14, 2011 at 12:15 am

    ဟုတ်ပါတယ်။ဆက်ပြီးလုပ်သင့်တာပေါ့။မောင်မောင်ကလဲ စိတ်ကြီးပါဘဲ။ဒီလို ဘဲ အတိုက်အခံမရှိရင် မတိုးတက်နိုင်ပါဘူး

Leave a Reply