ကဗျာဆရာ မပြောဖြစ်လိုက်တဲ့ပုံပြင်

သူရႆဝါAugust 13, 20112min522

 

 

[၁]

ဧပရယ်လ်မှာ

“လွမ်းတယ်” ဆိုတာ

ကိုယ့်စိတ်ကြိုးတန်းပေါ် သူပစ်တင်လှန်းခဲ့တဲ့

အဝတ်ကလေးတစ်ထည်ဖြစ်လာခဲ့တယ်

 

[၁ း ၁]

တစ်ခါတုန်းကပါ

ကံကောင်းချင်တော့ သူငယ်ချင်းတွေနဲ့

ကံဆိုးချင်တော့ သူငယ်ချင်းတွေနဲ့

ငပလီလိုက်မသွားဖြစ်ဘူး

သို့သော် ဆားငန်ရေက ငန်ဖြစ်အောင်ငန်ခဲ့

 

တစ်ခါတုန်းကပါ

“အချစ်” ဆိုတာ

ကဝေမက လှလှပပလေး ကိုယ်ထင်ပြတာ

ဒါကိုမှ ကိုယ်နဲ့မကွာသိမ်း

အသက်ရှည်ဆေးလိုလိမ်းခဲ့ရ

 

တစ်ခါတုန်းကပါ

ညနေကြိုညနေကြား

ညနေသလားဖူးတဲ့လူငယ်

ညနေတကာမှာ . . . .

တစ်ခါတုန်းကပါ

တစ်ခါတုန်းကပါ

တစ်ခါတုန်းကပါ . . . . . .

 

[၂]

ပြီးခဲ့သောနေ့ရက်တိုင်း

ပြီးခဲ့သော . . . . .

သံဆူးကြိုးတွေလိုနေ့ရက်တိုင်း

ငါ့အပေါ် ရိုင်းကြပါစေ . . . . .

 

[၂ း ၁]

လှည်းတန်း မှ မြေနီကုန်း

ညဆယ်နာရီယွန်းယွန်း

တစ်ရာကျပ်တိတိ

မြေနီကုန်းမီးပွိုင့် . . . ညစဉ်ညတိုင်း

ဖုန်းခေါ်ဆိုမှု

 

စမ်းချောင်း – ရန်ကင်း

ဖန်ကြိုးမျှင်ဆက်သွယ်ရေး

…….@gmail.com is typing
. . . . . . . . . . Net Diary . . . is connected to . . . . .

Dial-Up . . . .

Hi

း))

 

ကွန်ပျူတာနှစ်လုံး ၊ အချိန်မတော်လိုင်းကား ၊

စမ်းချောင်းမြို့နယ် မင်းလမ်းတွင် . . . . . .  ၊

. . . . . . အရာရာတည်ရှိ . . . . ညဉ့်နက်သန်းခေါင်ရင်ခုန်နှုန်းများ

 

[၂ း ၂]

“တစ်ယောက်တည်းခြောက်ခြောက်ခြားခြားမို့ ဖုန်းခေါ်ပါ” မှအစပြု၍

နှစ်ယောက်စာ အစပြု ၊ ကြည်နူး ၊ ကြေကွဲ ၊ ကျန်ရစ်များသို့ . . . . .

အဆုံးသတ်ခေါ်ဆို

၀၁၅ . . . . . Redial . . . . . . ဝ၁၅

ငှက်ကလေးတစ်ကောင်လိုအသံမျိုး

၁ဝ နာရီ . . . ၁၁ နာရီ . . . ၁၂ နာရီ . . အစ . . . ည

၅ နာရီ . . . . အရုဏ်ဦး

 

အိပ်ချိန်စားချိန် လွှဲပြောင်းခြင်းရောဂါ

သင်္ကန်းကျွန်းမှ ၊ လှည်းတန်းမှ ၊ စမ်းချောင်းမှ . . . . စမ်းချောင်းသို့

“အသံကြားရုံနှင့်ချစ်မိသော”  ကိုယ်တွင်း၌ အင်းဆက်ပိုးမွှားအချို့ပေါက်ရောက်

 

[၂ း ၃]

ရန်ကင်း ဆယ့်နှစ်လုံးတန်းမှတ်တိုင်တွင် ညနေငါးနာရီ

လမ်းဘေးအသားကင်ဆိုင်လေး . . . . မှုန်မှိုင်း

လော်လီပေါ့ပ်လိမ္မော်ရောင်

မကြာခဏ . . . . ရန်ကင်းညနေများ

မြကျွန်းသာကန်ဘောင်

ခြေထောက်နဲ့လျှောက်ရင်း နှလုံးသားနဲ့လျှောက်

 

“ဖွဖွငြင်သာလှဲပါ ၊ အေးချမ်းမွှေးမြပါ ၊ ယပ်ခပ်ပေးချင်တယ်

မငြင်းလိုက်ပါနဲ့ . . . မငြင်းလိုက်ပါနဲ့

ဒီအချိန်လေးပဲ ဂရုစိုက်ရတာ”

ဆုပ်ကိုင်ထားတဲ့လက်ဖမိုးနှစ်ခုကြားမှာ

“ချစ်သူ” အဖြစ်ဟာတည်ရှိ

 

[၂ း ၄]

လေးဆယ့်ကိုးလမ်း – ရန်ကင်း

ရန်ကင်း – လေးဆယ့်ကိုးလမ်း

၁၀၈ ဒိုင်နာ

ကိုယ်ရေးကိုယ်တာအားလပ်ချိန်သည်

ကိုယ့်နှလုံးသားရေးရာ မအားလပ်ချိန်ဖြစ်

 

ဆယ့်ငါးမိနစ်တိုင်း ဆယ့်ငါးမိနစ်တိုင်းတွင်

ရင်ခုန်သံမြန်ဖူးသော ရူးမိုက်မှုမျိုး

လှည်းတန်းမှမြေနီကုန်း . . . ညဆယ်နာရီ . . .

အခါမလပ်ဆက်သွယ် . . . . ညဖြစ်လိုက် . . . မနက်ဖြစ်လိုက် . . .

 

ပြင်းထန်စူးရှတဲ့ သဘာဝလေဘေးဒုက္ခ

ဧရာဝတီတိုင်း . . . ထို့နောက် ရန်ကင်းနှင့်မြောက်ဒဂုံ

ဖုန်းလိုင်းများပြတ်တောက် . . .

ဖန်ကြိုးမျှင်ဆက်သွယ်ရေး ပျက်ဆီး . . . ပျက်ဆီး . . . ပျက်ဆီး . . .

Hi

Hi

Hi

Hi

း((

…….@gmail.com is offline and can’t receive messages right now.

…….@gmail.com is offline and can’t receive messages right now.

…….@gmail.com is offline and can’t receive messages right now.

 

ရန်ကင်းလမ်းဆုံမီးပွိုင့်လို . . . . စိတ်သွားတိုင်း ကိုယ်ထက်ပိုင်းကျိုးကျ

 

[၂ း ၅]

“ဟယ်လို . . . . .”

“ကို . . . . . . . . . . .”

အဲဒီအသံကို တစ်သက်လုံးမမေ့တော့ဘူး

မုန်တိုင်းကိုမေ့သွား . . .

ရက်သုံးဆယ်ကြာလွမ်းဆွတ်မှုကိုမေ့သွား

ရန်ကင်းသည်အရင်အတိုင်း

ကိုယ်တို့နှစ်ယောက် . . . အရင်အတိုင်း

Hi

း))

 

[၃]

လူ့ပြည်က အသက်တစ်စင်းနဲ့

လူ့ပြည်က ဓါးအဝှေ့

ငရဲမှာ . . . . တွေ့သလို . . . ဇွန်လ

 

[၃ း ၁]

လောကနိယာမအတိုင်း အပြောင်းအလဲဇာတ်ညွှန်း

ပုံမှန်မဟုတ်တော့သော မိုးရေစက်တွေ

အဆင်မပြေခြင်းများ ” ကဗျာ

မင်းကအတ္တကြီးတယ်ဆိုရင်တောင် ငါက

အဲဒီအတ္တကိုကောင်းမွန်စွာသယ်ဆောင်နိုင်သူမဟုတ်ဘူး

ငါကမင်းကိုပျောက်ဆုံးနေသလို

မင်းလည်းငါ့ကို ဖျောက်ဖျက်ပစ်နေခဲ့တာမဟုတ်လား။

 

မလိုချင်ခဲ့တဲ့ ဇွန်လမိုးခေါင်ရေရှားနေ့တစ်နေ့ဟာ

ကိုယ့်ဒိုင်ယာရီထဲ . . . ကိုယ့်ရင်ဘတ်ထဲ အတိအကျရောက်လာ

 

[၃ း ၂]

မင်္ဂလာရုပ်ရှင်ရုံမှ ဇာတ်ကားတစ်ကား

နေ့လည် ၁၂ နာရီခွဲပွဲ

ပြသချိန် ၁၅ဝ မိနစ်

“လေးနာရီအရောက်အိမ်ပြန်ရမှာ. . . .”  ဇာတ်ဝင်ခန်း

အငှားကားတစ်စီးထဲမှာ အဝေးကြီးဝေးသွား . . . မျက်ဝန်းတွေ

မွန်းလွဲသုံးနာရီခွဲ ၊ ရန်ကင်းမှလက်ဖက်ရည်ဆိုင်အိုလေးထဲ

နဂါးမျက်စောင်းကို နေပူပူထဲထိုင်စောင့်

“ပြန်လာပါ . . . ပြန်လာပါ . . . ပြန်လာပါ” ဂါထာခေါ်ရင်း

တစ်မိနစ်ချင်း တစ်မိနစ်ချင်း ကြေကွဲခြင်းကို ခေါ်လာ

အိုဇုန်းလွှာဟာ နူကလီးယားဗုံးလို ပေါက်ကွဲနေသလားကွယ်

ပူလောင်၍ . . . ပူလောင်၍ . . . ပူ . . . လောင် . . . ၍

 

[၃ း ၃]

အများသုံးဖုန်းတစ်လုံးဘေး

“. . . . . . ကိုခေါ်ပေးပါ”

အသံကိုမမြင်နိုင်ဘူးလို့မပြောနဲ့

အစိမ်းရောင်အသံကို နားနဲ့ဆတ်ဆတ်မြင်ရ

 

“ပျော်မယ်ထင်လို့ချစ်ခဲ့တာ . . . . .”

“ပျော် မယ် ထင် လို့ ချစ် ခဲ့ တာ . . . . .”

“ပျော်မယ် . . . . ထင် . . . . လို့ . . . .”

တစ်သက်လုံးမမေ့တော့ဘူး

ထို့နောက် . . . ဖုန်းခေါ်ဆိုမှုပြတ်တောက် . . .

 

[၃ း ၄]

နေကြတ်လကြတ် . . . အဆက်မပြတ်သော

အင်္ဂါချို့ယွင်းသည့်ရက်သတ္တပါတ်

 

နံနက်ခြောက်နာရီ . . . အရာရာရပ်တန့်

နာရီလက်တံများ ၊ အသက်ရှူသံများ ၊

မျက်လုံးများ . . . ဖန်သားပြင်တစ်ခုပေါ်မှာရပ်တန့်

ဖန်ကြိုးမျှင် . .  တစ်ဖက်သတ်ဆက်သွယ်ရေး

Inbox (1)

1 unread mail

 

. . . . . . ဆုံးဖြတ်လိုက်တယ် . . . .

ချစ်သူတွေအဖြစ်က . . . ရပ် . . တန့် . . . . ကြဖို့

. . . . . . အကောင်းဆုံးဖြစ်မယ်ထင်ပါတယ် . . . .

. . . . နှစ်လအတွင်း . . .  . . . . . . . . . . . . . . .

. . . . . . . . အရာ . . . အားလုံးအတွက် . . . . . .

ကျေးဇူး . . . . တင် . . ပါ . . . တယ် . . . . . . . .

 

ဟင့်အင်း . . မဟုတ်ဘူး . . . မဟုတ်ရဘူး

Refresh !! Refresh !!

1 unread mail

1 unread mail

 

[၃ း ၅]

ရင်ထဲ . . . . ဟင်းလင်းပြင်တစ်ခု

ဒါပေမယ့် ရင်ထဲပြည့်ခဲ့

လွန်ခဲ့တဲ့ ဧပရယ်လ်မှာကျန်ခဲ့တဲ့ ဧပရယ်လ်နတ်သမီးကို

. . . . . တွေးမိတယ် . . .

 

နှစ်ဆန်းတစ်ရက်နေ့ဖွား နာမည်လေးလုံးနှင့်မိန်းမပျို

ဆယ့်သုံးချပ်ဖဲကစားနည်းတစ်မျိုး

ပန်းချစ်သူသီချင်း . . . ဆိုပြဖို့ . . .

စခရေဘယ်လ်အတူကစားဖို့

ဂစ်တာတီးမသင်ပေးလိုက်ရ

စစ်တုရင်ကစားနည်းမသင်ပေးလိုက်ရ

နှစ်လဟာ ဘာမှမကြာလိုက်သလိုပဲကွယ်

 

မျက်ရည်ကျမိ ၊ ငိုမိတယ်

အလောင်းအစားတစ်ခုခုကြေး . . . ဝေးကြည့်ကြတာဖြစ်မယ်

လူငယ်တွေဆော့နေကျ ကစားနည်းတစ်ခုခုပဲဖြစ်မယ်

အဲဒီလိုပဲဖြစ်မှာပါ . . . . အဲဒီအတိုင်းပဲဖြစ်မှာပါ

 

[၄]

ကဗျာဆရာက . . . အတန်ကြာ

ငြိမ်သက်ခဲ့အပြီးမှာ . . . .

ပုံပြင်လေးတစ်ပုဒ်ပြောဖို့ ပြင်ဆင်ပါတယ်

အာဒံရဲ့ဝတ်ရုံအောက်မှာ နံရိုးအပိုတစ်ချောင်းရှိခဲ့တယ် ” လို့ . .

ပုံပြင်တစ်ပုဒ်ပြောဖို့စတင်တယ်

ကျိန်စာမပြေသေးတော့ . . . .

လေတွေ ရူးရူးဟူးဟူးတိုက်ခတ်လာတယ်

. . . . . ပုံပြင်လေး . . . မပြောလိုက်ရဘူး

 

[၅]

ကဗျာဆရာမပြောဖြစ်လိုက်တဲ့ပုံပြင်ထဲကို . . .

အောက်ပါအတိုင်း . . . ဟာ . . . ကျရောက်လာခဲ့တယ်

 

ကိုယ်.သူမ

ကိုယ် (သူမ)

ကိုယ် . . . သူမ

ကိုယ် . . . . . သူမ

ကိုယ် . . . . . . . . . သူမ

ကိုယ် . . . . . . . . . . . . . .

ကိုယ် . . . . . . . . . . . . . . . . သူမ

. . . . . . . . . . . . . . . . . . . . . .  သူမ

ကိုယ် . . . . . . . . . . . . . . . . . . . . . .

ကိုယ် . . . . . . . . . . . . . . . . . . . . . . . . သူမ

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . သူမ

ကိုယ် . . . . . . . . . . . . . . . . . . . . . . . . . .

ကိုယ် . . . . . . . . . . . . . . . . . . . . . . . .

ကိုယ် . . . . . . . . . . . . . . . . . . . . .

ကိုယ် . . . . . . . . . . . . . . . . .  သူမ

ကိုယ် . . . . . . . . . . . . . .

ကိုယ် . . . . . . . . . . .

ကိုယ် . . . . .

. . . . ကိုယ်

. . .

 

 

သူရဿဝါ

နိုဝင်ဘာ ၄ ရက် ၊ ၂၀၀၉ ခုနှစ်

www.thurathawah.net

www.facebook.com/Thura Thawah

www.facebook.com/LiteraryArtBlog

2 comments

  • researcher

    August 13, 2011 at 5:02 pm

    သရော်စာ အရေးအသားကို ပိုကြိုက်တယ်။ အဲဒီ ပုံစံမျိုးရေးတဲ့သူလဲ ရှားတယ်။

  • ကိုသူရရယ်မပြောတာတောင်မောနေအောင်ဖတ်လိုက်ရတာ
    ပြောများပြောလိုက်လို့ကတော့

    အခု……………………….
    ညတော့……………………………………….
    အိ်ပ်နိုင်မယ်မထင်ဘူး………………………………………..

Leave a Reply