အရှေ့ ဘက်ကရေတံခွန်ကြီး (ပွဲကောက်-ပြင်ဦးလွင်)

ပွဲကောက်ရေတံခွန်ကိုရောက်ရင် အနောက်ဘက် က ရေတံခွန်အသေးလေး။
အဲဒီမှာတော့ ရေဆင်းကူးသူများတယ်။
အရှေ့ဘက်မှာတော့ ရေတံခွန်အကြီး၊
ရေဆော့ရင်းဓါတ်ပုံရိုက်သူများတယ်။
ဒီကြိုးတံတားလေးက ကိုကျော်ပြီးအရှေ့ဘက်ဆက်သွားရင် ရေတံခွန်ကြီးဆီကိုရောက်တယ်လေ။
ဒီဘုရားလေးအောက်ခြေမှာ ရေတံခွန်အစပေါ့။
သူ့အောက်မှာ ပထမအဆင့်စတော့ ရေနည်းနည်းလေးပိုစီးလာတယ်။
ဒီနေရာမှာရေအပြန့်ပိုကျယ်လာပြီး ဒုတိယအဆင့်ကိုစ စီးနေပါပြီ။
ရေစီးလဲပိုသန်လာသလို ရေတံခွန်ဘေး က သစ်ပင်ကောက်ကောက်ကြီး အထီးကျန်နေတော့ မြင်ရတာ လွမ်းစရာ………
အစနေရာလေးကို အပေါ်ကနေစီးကြည့်ထားတာလေ
ဒီနေရာမှာရေတံခွန်က အကြီးကြီးဖြစ်ပြီးခွဲဖြာသွားတာ လှမလှ ရေကျသံတွေ တဝေါဝေါနဲ့ကြားနေရပြီ။
ဒီနေရာကတော့ အမြင့်ဆုံးတွေ့ရသလိုရေတံခွန်အားလုံးကိုလည်းမြင်နေရပါတယ်။
ရေတံခွန်နားမှာကောင်လေးနဲ့ကောင်မလေးဘာတွေတိုင်ပင်နေတယ်မသိဘူးနော……….
အော်……သူတို့ကဓါတ်ပုံတွေရိုက်နေကြတာကိုး…………….
ဒီနားကကြည်ံရင်ရေတံခွန်ကြီးကအလှဆုံးဘဲ။
ရေသံတွေတဝေါဝေါ နဲ့ကြောက်စရာတောင်ကောင်းတယ်။
အမြင့်ကနေအောက်ကိုငုံ့ကြည့်ရတာ တကယ်ကို လှပါပေတယ်။
အဝါရောင်နဲ့ကောင်မလေးက ကိုကိုရေ မီးကို ခေါ်အုံးတဲ့ ဟိုနှစ်ယောက်ကလဲဓါတ်ပုံရိုက်တာမပြီးနိုင် ဟိုးအပေါ်ကနှစ်ယောက်ကလဲခုန်ချမလို့ထင်ပါရဲ့
ဒီနေရာက မြင်ကွင်းကောင်းတယ် ဟိုဘက်ကလူတွေကိုလဲမြင်နေရတယ်။
ဒီနေရာက လည်းရေတံခွန်ရဲ့အဆွယ်လေးပါဘဲ။
ဘုရားနောက်ခံထားပြိး ရေတံခွန်ပေါ်မှာဓါတ်ပုံရိုက်ပေးနော်လို့တဲ့ဗျာ
ဟိုနားမှာ ဓါတ်ပုံရိုက်မယ်လေဟာ…လို့အဖော်ညှိနေပါတယ်
ငါလာပြီဟေ့ခဏစောင့်အုံးနော်………….
မေမေသားသား ဟိူလူကြီးနောက်လိုက်မယ်………….
ကဲဘယ်လောက်လှပြီး ဘယ်လောက်ကြည်နူးစရာကောင်းသလဲဗျာ

18 comments

  • windtalker

    August 14, 2011 at 1:39 pm

    ဦးပေါက် ခရီးသွားနေသည် ။
    အားကျ မိတယ်ဗျို ့

  • Shwe Ei

    August 14, 2011 at 1:46 pm

    BE Fall ကိုနောက်တခေါက်လာက်ရောက်ချင်သေးတယ်။ ခရီးစရိတ်စုရတာလဲ နှစ်ပတ်လည်နေပြီ။
    ဒီနှစ်တော့ ရောက်အောင်သွားမယ်။ ပြီးရင်း မန်းလေးက ဂေဇက်အဖွဲ့ဝင်တွေအိမ်မှာ ထမင်းလိုက်စားမယ်။

  • kai

    August 14, 2011 at 4:04 pm

    တခါမှ မရောက်ဖူးဘူး..။
    အခုလိုစံနစ်တကျ..စီစဉ်ရိုက်ထားတဲ့ ပုံတွေလည်း မကြည့်ဖူးဘူး..။
    ကျေးဇူးနော…။

    • char too lan

      April 3, 2012 at 12:09 pm

      နာဂသာဒါဘော့ တခေါက်ရောက်ဖူးတယ် နွေခေါင်ခေါင်သင်္ကြန်တွင်းဂျီး ….
      ရေလဲနဲနဲပဲရှိတယ် ဒီလောက်မလှဘူး 🙁

  • ခါတိုင်းပုံတွေဘဲသက်သက်တင်ရင် ကြည့်တဲ့သူတွေရိုးနေမှာစိုးတော့
    ဟာသလေးလဲပါ သဘာဝလဲပါအောင် စမ်းတင်ကြည့်တာပါ။
    ဗွီဒီယိုရိုက်လာတာလေးစမ်းတင်ပေးပါမယ်.။

  • manawphyulay

    August 14, 2011 at 6:38 pm

    လေးပေါက် လာလည်ရင် လိုက်ပို့နော်………… တစ်ခါမှ မရောက်ဖူးသေးဘူး။

    • windtalker

      December 26, 2011 at 10:05 pm

      သဂျီး ဝယ်ရင် လို ့
      အစိမ်းတွေ ရရင်
      ကျုပ် ကို မမေ့ရဘူးနော်

  • မောင်ပေ သူကြီးဝယ်မဝယ်အစိ်မ်းရ မရတော့မသိဘူး။
    အခုတော့ ချဲလ်ဆီးက တစ်သရေဆိုတော့
    အထက်ကြေးကြိုက်မိတဲ့မောင်မှာ အစိမ်းတွေပန်းပြီးကွယ်………………..

  • TTNU

    December 26, 2011 at 11:45 pm

    ကိုပေါက်ရေ…
    မနှစ်ကတီချာတို့ သွားရင်းနဲ့ အဲမှာ ရေချိုးကြသေးတယ်။
    အရမ်းပျော်တာပဲ။ ရေမြင်ရင် အလိုလိုပျော်တတ်တာပါ။

  • သူကြီး
    ပန်းတနော်အလှူထဲထပ်ထည့်လို့ရအောင်
    ဒီအထဲက တစ်ပုံဝယ်လိုက်။
    ရောင်းသာရောင်းရတာ နှမျောတယ်နော်။
    ဒီထဲက ဘေးတစ်စောင်းဖြစ်နေတဲ့ပုံဆိုရင်အတော်လေးအသက်ဝင်တယ်။
    ဒေါ်လှ ငါးဆယ် မပြည့်မချင်းဇွတ်ရောင်းမှာနော်။

    • kai

      April 3, 2012 at 3:32 am

      ကိုပေါက်ေ၇..
      ပုံမှန်က…
      http://www.istockphoto.com/search/text/myanmar/source/basic#9000991

      အဲဒီအပေါ်လင့်ခ်မှာ.. ဘာစာတန်းမှ.. ဓါတ်ပုံခရက်ဒစ်မှ.. ပေးစရာမလိုတဲ့ royalty free ပုံဝယ်ပြီး.. လုပ်ပေးကြတာပါ..။
      အခုက..ကိုယ်ရွာသူသားတွေဓါတ်ပုံ.. လူသိစေချင်လို့..

      ဆိုတေ့ာ..
      ၁ဝပုံလာက်ဝယ်မယ်မှန်းထားပါတယ်..။ ရွာသူားဓါတ်ပုံဆရာတွေထဲက..(စိတ်ဝင်စားသူတွေဆိုရင်) မျှဝယ်ပေးချင်ပါတယ်နော… 😆

  • ဟုတ်ပါပြီသူကြီးရေ
    အဓိက ကတော့ မြန်မာပြည်အလှပုံလေးတွေကို အခြားနိုင်ငံကသူတွေမြင်ရင်
    မီးခိုးမထွက်သောစက်ရုံတွေ တိုးလာစေချင်လို့ပါ။
    ရတယ် သူကြီးရေ မျှဝယ်လို့ရရင် ဝယ်ပါ။
    ကျနော်ကတော့ ကိုယ့်အလှသူများမြင်စေချင်တာ အဓိကပါ။

  • Mr. MarGa

    April 3, 2012 at 3:48 pm

    လေးပေါက်
    အတွဲချောင်းရင်းရိုက်လို့ထင်တယ် ပုံတွေ တော်တော်ကောင်းတယ်ဗျ
    ကျွန်တော်တော့ နတ်ပြည်အတွက် မ သွားမယ်
    လေးပေါက် နတ်ပြည်လာလည်ရင် တစ်ခါတည်းငွေချေလိုက်မယ်နော်
    မလာဖြစ်ရင်တော့ ပေါ်တင် ကူးတယ်လို့သာမှတ်လိုက်ဗျာ

Leave a Reply