ဧရာဝတီအတွက်တုံပြန်ချက်

mgtharmyarAugust 13, 20111min902

မြစ်ဆုံ၊မေခ၊မေလိခ၊မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်

နိုင်ငံတကာ နှင့်ပြည်သူလူထုအထင်မှားအမြင်မှားဖြစ်စေရန်အချို့ပုဂ္ဂိုလ်/အဖွဲ့အစည်းများ

ကမဟုတ်မမှန်လုပ်ကြံရေးသားလုပ်ဆောင်လျှက်ရှိ

နေဟုအစိုးရပိုင်သတင်းစာပါဆောင်းပါးရှင်(လျှပ်စစ်ဝန်ထမ်းတစ်ဦး)ဧ။်စွပ်စွဲချက်

ကိုတုံ့ပြန်လိုက်ခြင်း။  (10.8.2011 ရေးသားတုံ့ပြန်ခဲ့သည်။)

 

(9-8-2011)နေ့စွဲနိုင်ငံပိုင်မြန်မာအလင်းသတင်းစာတွင်ဖော်ပြခဲ့သောဆောင်းပါးရှင်

လျှပ်စစ်ဝန်ထမ်းတစ်ဦး၏မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်သည့်ဆောင်းပါးက

mediaတွေကဘဲမဟုတ်မမှန်သတင်းကိုလုပ်ကြံပြီးရေးသားပြီးပြည်သူကိုAlarmist

လုပ်နေတဲ့သဘောပြောဆိုရေးသားထားတာဟာမီဒီယာလောကကိုစော်ကားလိုက်ခြင်းဖြစ်တယ်လို

မြင်မိပါတယ်။အဲဒီဆောင်းပါးရှင်ရဲ့ဆောင်းပါးများကိုကောက်နုတ်ချက်ချကြည့်ရင်

ကောင်းကျိုး(advantages)များသာထုံစံအတိုင်းသတင်းစာဆောင်းပါးပုံစံရေးသားထာတာတွေရပါတယ်

။မြစ်ဆုံရေကာတာ(MyintsonDam)ကြောင့်လတ်တလောပြည်သူတွေခံစားရမဲ့ဒုက္ခများနှင့်

တစ်နိုင်ငံလုံးနောင်ခံစားရဦးမည့်ဆိုးကျိုးများ(Disadvantages)ကိုရေးသားဖေါ်ပြထားခြင်းမတွေ့ရပါဘူး။

 

(၁)Impact areaမှာပြည်သူတွေဘယ်လောက်ထိခိုက်ဆုံးရှူံးပြီးလူတွေစိတ်ဒုက္ခရောက်ရတယ်ဆိုတဲ့လူအခွင့်အရေး

ကိုဥပေက္ခာပြုထားခြင်း၊ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကြောင့်လူတွေဘယ်လောက်

ဒုက္ခရောက်ဦးမယ်ဆိုတာကိုလစ်လျှူရှုထားခြင်း

 

(၂)ရေကာတာစီမံကိန်းကိုတရုတ်CPIကော်ပိုရေးရှင်းက3.6ဘီလီယံရင်းနှီးမြှုပ်နှံတည်ဆောက်

လုပ်ကိုင်နေခြင်းဖြစ်တယ်လို့ပွင့်လင်းစွာရေးသားခြင်းမရှိပါ။

 

(၃) ရေကာတာမှထွက်ရှိမဲ့အကျိုးအမြတ်ဧ။်၇၀%ကိုတရုတ်ကရရှိမှာဖြစ်တယ်လို့ပြည်သူအများကိုချပြမထားခြင်း။

(၄)ထွက်ရှိမဲ့ရေအားလျှပ်စစ်ဧ။်၉၉%ကိုတရုတ်ကယူမည်၊၁%သာပြည်တွင်းမှာသုံးစွဲသွားမည်ဆိုတာဖော်ပြထားခြင်း

မရှိပါ။

(၅)တရုတ်အစိုးရနဲ့မြန်မာအစိုးရနှစ်ဖက်စလုံးကရေကာတာကြီးကြောင့်ပတ်ဝန်ကျင်ထိခိုက်မှုမရှိစေရဟုအာမခံထား

ခြင်းမရှိ

(၆)ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာအစီရင်ခံစာတွင်၊ရေကာတာကြီးသည်စစ်ကိုင်းပြတ်ရွေ့ကြောလိုခေါ်တဲ့ငလျှင်ကြောအ

နီးအနားမှာရှိတယ်ဆိုတာကိုဖော်ပြထားခြင်းမရှိ။

 

(၇)ပညာရှင်များသည်2009ခုနှစ်ဇန်နဝါရီလမှဇူလိူင်လအထိသာလေ့လာဆောင်ရွက်လို့သာဖော်ပြထားတာကိုတွေ့ရပြီး

ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာအစီရင်ခံစာရဲ့လိုက်နာရမည်အဓိကစည်းကမ်းချက်(၁၀)ချက်

အနက်(၁)ချက်သာလေ့လာရသေးတယ်ဆိုတာဖေါ်ပြထားခြင်းမရှိပါ။

 

(၈)ရေအားလျှပ်စစ်စီမံကိန်းကြောင့်ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ

ရရှိမှာဖြစ်တယ်လို့ဖေါ်ပြထားတာကိုတွေ့ရပါတယ်။ဒေသခံပြည်သူတွေရရှိတဲ့လုပ်အားခနှင်

့တရုတ်ပညာရှင်များနဲ့အလုပ်သမားရရှိခံစားရမည့်အခွင်အရေးတူနိုင်သလားဆိုတာထည့်မတွက်ပြထားဘူး၊

ဘာလိုဒီလိုပြောရသလဲဆိုရင်ကျောက်ဖြူရေနက်ကွင်းစီမံကိန်းမှာတရုတ်အစိုးရကတင်သွင်းလာတဲ့

တရုတ်အလုပ်သမားတွေနဲ့အဲဒီမှာအလုပ်လုပ်နေတဲ့မြန်မာအလုပ်သမားတွေရဲ့အကျိုးခံစားခွင့်နှင့်နေရထိုင်ရတာ

ဘယ်လောက်ကွာခြားသလဲဆိုတာကိုသွားရောက်လက်တွေ့ကြည့်ကြပါ။

 

(၉)စီမံကိန်းဧရိယာနှင့်မလွတ်ကင်းသောရွာများကိုသက်ဆိုင်ရာစံပြကျေးရွာ

အသစ်များတည်ဆောက်၊အစားထိုးပေးထားတဲ့အတွက်ကြောင့်မှုလနေထိုင်ခဲ့သောအဆင့်ထက်များစွာ

သာလွန်အောင်ဆောင်ရွက်ပေးထားကြောင်းဖေါ်ပြထားပါတယ်။ကျွန်တော်အနေနဲဆောင်းပါးရှင်

ကိုမေးလိုက်ချင်ပါတယ်။ဆောင်းပါးရှင်အနေနဲ့ဒေသခံပြည်သူတွေများကို

စာနာနားလည်စိတ်မရှိသူ၊ဆောင်းပါးရှင်သည်၊လူတွေရဲ့နေရာအစွဲ၊ဒေသအစွဲ၊

ကိုနားလည်းမှုမရှိသူဟုယူဆရပါတယ်။ဒေသခံပြည်သူများအနေနှင့်မိမိကျင်လည်ကျက်စားတဲ့နေရာ၊

မိမိလုပ်ကိုင်စားနေကြနေရာ၊မိမိရဲ့ဇာတိချက်မြေ

၊ယဉ်ကျေးမှုများကိုဘယ်လောက်တန်ဘိုးထားတဲ့ဆိုတာထည့်သွင်းမစဉ်းစားရင်တော့

လူအခွင့်ရေးချိုးဖောက်ရာရောက်တယ်ဆိုတာဆောင်းပါးရှင်နားမလည်းဘူးလားဆိုတာသိတာထင်ရှားပါတယ်။

 

(၁၀)တရုတ်နိုင်ငံမှာအာဏာရှင်တရုတ်အစိုးရကတရုတ်ပြည်သူတွေသန်းပေါင်းဘယ်လောက်စတေးခဲ့ပြီး

Three GorgesDamကြီးတည်ဆောက်ခဲ့သလဲ၊အခုအဲဒီThreeGorgesDamကြီးအကျိုးနဲ့အပြစ်ကိုနိူင်းယှဉ်ကြည့်ပါ၊

အဲဒီDamကြီးကြောင့်တရုတ်အစိုးရရဲ့စိုးရိမ်ရေမှတ်ဘယ်လောက်မြင့်တက်လာတာကို

တရုတ်အစိုးရကိုယ်တိုင်ဝန်ခံနေရပြီဆိုတာကိုဆောင်းပါးရှင်သေသေချာလေ့လာလိုက်ပါဦး။

ကျွန်တော်အနေနဲ့သတင်းစာဆောင်းပါးရှင်ကိုသတိပေးလိုက်ချင်ပါတယ်။

မီဒီယာသည်အစိုးရရဲ့ပါးစပ်ပေါက်အဖြစ်ဆက်လက်ဆောင်ရွက်နေရင်တိုင်းပြည်သည်

ဘယ်သောအခါမှဒီမိုကရေစီလွမ်းခြုံသောနိုင်ငံဖြစ်လိမ့်မည်မဟုတ်ဟုအသိပေးလိုက်ပါတယ်။။

တရုတ်အစိုးရဲ့(PoliticalGame)ဆိုတာထည်စဉ်းစားရင်မတွေးဝံ့စရာပါ၊

ဒါအပြင်တရုတ်အစိုးရရဲ့မဟာဗျူဟာ၊အဂ္ဂဗျူဟာကသူ့နိုင်ငံသည်ကမာ္ဘပေါ်မှာ

စစ်အင်အား(megapower)ဖြစ်ဖိုအတွက်ကျုပ်တို့မြန်မာနိုင်ငံသားတွေရဲ့အကျိုးစီးပွားကို

စတေးပေးရတော့မှာလား?၊မြန်မာလူမျိုးတွေရဲ့NationalIdentityဖြစ်တဲ့ကျုပ်တို့အားလုံးရဲ့

မိခင်ဧရာဝတီကိုအဆုံးရှုံးခံရတော့မှာလား?ဒါငါတို့ဘာဆိုင်လိုလဲလို့ထင်နေတဲ့Who cares?

သမားတွေလေးလေးနက်နက်စဉ်းစားကြပါ၊

ခင်ဗျားတိုရဲ့အနာဂါတ်မျိုးဆက်တွေရဲ့အရေးကိုထည့်သွင်းစဉ်းစားကြည့်ကြပါ။

ဒီအရေးဟာဒီနိုင်ငံအတွင်းနေထိုင်မယ်လို့စိတ်ကူးရှိကြတဲ့လူမျိုးတိုင်းနဲ့

သက်ဆိုင်တဲ့ကိစ္စဖြစ်တယ်။ကျုပ်တို့အားလုံးဟာတိုင်းပြည်အာဏာလုနေတာမဟုတ်ဘူး၊

တိုင်းပြည်ကိုပျက်လိုပျက်စီးလုပ်နေတာမဟုတ်ဘူး

၊မပျက်အောင်စီးအောင်ကာကွယ်ပေးနေတာ။တိုင်းပြည်ဟာမီးခိုးမထွက်ဘဲနယ်ချဲ့ခံနေရတယ်

ဆိုတာကိုသိနေလို့ခံစားနေရတာ။နိုင်ငံရေးနဲ့လုံဝမသက်ဆိုင်ပါ။

အမျိုးသားရေးဖြစ်နေလို့မီဒီယာတွေနဲ့အသိပညာရှင်တွေအားလုံး

ဝိုင်းဝန်းကန့်ကွက်နေခြင်းဖြစ်ပါကြောင်း။

သစ္စာတော်ခံloyalist ဆောင်းပါးရှင် သိစေအပ်ပါသည်။

( မောင်သာမြား)

2 comments

  • ရာဇဝင်လူဆိုး

    August 13, 2011 at 4:01 pm

    ဒါပဲလေဗျာ.. ကျူပ်တို. နိုင်ငံရေးလုပ် ၊ အာဏာလုဖို. ကြံနေကြတာမှ မဟုတ်တာ…အမျိုးသားရေးအသိနဲ. လုပ်နေ၊ ပြောနေကြတာလေ..။ အားလုံးကိုယ်စီ နဲနဲလေးကစပြီး အများကြီးလုပ်နိုင် ပြောနိုင်တဲ. အထိကြိုးစားကြရအောင်ဗျာ။

  • Mee2

    August 14, 2011 at 12:04 am

    ဒီ လူမိုက်တွေနဲ ့တော့ တော်စိုးရိမ်စရာဘဲ။မနေ ့ကလဲ မုဆိုးတပိုင်းမိန်းမရိုင်းကြီးလို ငိုလိုက်တာ မကျော်ဆန်းတယောက်။ဟွန် ့ သူတို ့ကို သူတို ့ကယ်တင်ရှင်ကြီးတွေများမှတ်နေသလားမသိပါဘူး။အကုသိုလ်တုံးကြီးတွေရဲ ့

Leave a Reply