Poem For All

mgtharmyarAugust 13, 20111min590

နိုးထခြင်း (၁)

အိုမြန်မာပြည်ဖွား

တိုင်းရင်းသားတို့…..

မတူ-အယူအဆ

ဘေးချထား၍

ရည်ရွယ်ချက်တူ

ပေါင်းစည်းပြုလော့

နွံကျွံဆင်းရဲ

ပြည်သူမွဲကို

စုံးစုံးမမြှုပ်ခင်

ကယ်ပါတော့…… (မောင်သာမြား)

နိုးထခြင်း (၂)

အိုမြန်မာပြည်ဖွား

တိုင်းရင်းသားတို့…..

အတူတကွ၊ ဘယ်သူပါမှ

အသာထား၍

အမြင်ချင်းတူ

အားချင်းပြုလော့

မြန်မာ့နှလုံး(အသက်တည်ရာ)

မြစ်ကြီးမဆုံးခင်

အားလုံးရုန်းထ

ကန့်ကွက်ကြတော့….. (မောင်သာမြား)

နိုးထခြင်း (၃)

အိုမြန်မာပြည်ဖွား

တိုင်းရင်းသားတို့…..

ဖြူနီ၊ဝါပြာ….၊(အရောင်စုံ)

သူသူငါငါ

ပေါင်းစည်းပြုလော့

ထီးမွေနန်းမွေ၊ရတနာမြေကို

မီးခိုးမထွက်၊နယ်ချဲ့လက်သို့

ဝ ကွက်မအပ်ခင်

အားလုံးနိုးထ၊

တိုက်ထုတ်ကြတော့။          (မောင်သာမြား)

မြစ်ကော

မြစ်မကောအောင်လို့

သစ်တောတို့စိမ်းရပေမည်

ရေဝေတောတွေစိမ်းစို့စို့

မှိုုင်းညို့ညို့မှုန်ရီ၊

ချင်းတွင်းနဲ့ဧရာဝတီ

ရေပြင်ကြည်သမျှ၊ မြန်မာသွေး​ရှိ။

တတောလုံးပြောင်

တတောင်လုံးလင်း

မြစ်ကျဉ်းကာသောင်တွေပေါ်တော့

နောင်အရှည်မမျှော်မြန်မာပျေ​ာက်အောင်လို့

ကိုယ့်သွေးကိုကိုယ်ပြန်သောက​်ပြီလား

စိုးကြောက်ဖွယ် အပြစ်သဘောနဲ့

မြစ်ကောမယ့်နေ့။          မောင်စိန်ဝင်း (ပုတီးကုန်း)