သူကြီးအလှူ ရွာသားကောင်းမှု

  Speical Fried Rice(ဘန်ကောက်ထမင်းကြော်)။       ။ကြက်သား၊ကြက်ဥ၊မုံလာဥနီ၊သခွါးသီး၊ပဲသီးစိမ်း….

                                                                                                                    ၂။Pineapple Fried Rice (နာနတ်သီးထမင်းကြော်)

11 comments

  • ဆူး

    August 13, 2011 at 5:20 pm

    ဘန်ကောက် ထမင်းကြော် စားချင်တယ်။
    ကြက်ကြော ကြွပ်ကြွပ်လေး ဆို သိပ်ကြိုက်တယ်။
    ကားပွဲစားတန်းက ကြက်ကြော်ကောင်းတယ် ဆိုပြီး သူများ ဝယ်ကျွှေးတာ စားလိုက်ရတယ်။
    နောက်နေ့မှ သိရတယ် ကြက်ကြော် တတုံး ၃၀၀ဝ တဲ့.. တော်ပြီ ကြိုက်တော့ဘူးလို့..
    အိမ်မှာ ကိုယ့်ဟာကိုပဲ ကြက်ကြွပ်ကြော်စားတော့မယ်လို့ တွေးလိုက်တယ်။

    Feel က ကြက်ကြော် ထမင်းကြော် တပွဲ ၁၇၀ဝ ကြက်ကြော် သိပ်ကောင်းတယ် ကြွပ်နေတာပဲ။

    • မိုက်ကယ်ဂျော်နီအောင်ပု

      August 13, 2011 at 9:03 pm

      ( အိမ်မှာ ကိုယ့်ဟာကိုပဲ ကြက်ကြွပ်ကြော်စားတော့မယ်လို့ တွေးလိုက်တယ် )
      တိန်!!!!!!!!!!!!!!!!!!!!!!

      • ဆူး

        August 13, 2011 at 9:27 pm

        မိုးကုတ်က တရုတ်ဆိုင်မှာ စားခဲ့တဲ့ ကြက်ကြော် မမေ့လောက်ဘူး တော်တော် စားကောင်းတယ်။
        ကြက်ကို အတုံးလေးတွေ တုံးပြီး ကြွပ်နေအောင် ကြော်ထားတာ.. မွလွန်းလို့ အရိုးတောင် ဝါးစားလို့ ညက်တယ်။
        စားဖို့ မှာရင်တော်တော် စောင့်ရတယ်။

  • MaMa

    August 13, 2011 at 5:28 pm

    ဟင်းးးးးးးးး နော်။ ချက်နည်းတွေလည်း မပါ။ ဘယ်မှာရမှန်းလဲ မသိ။ သဂျီးအလှူရွာသားကောင်းမှုဆိုတော့ အဝပဲ ဆွဲရတော့မလို။ 🙁

  • zaw min

    August 13, 2011 at 8:52 pm

    Sorry ပါပဲဗျာ…အမှန်တော့ ပိုစ့်မှာတင်ဖို့မဟုတ်ပါဘူး… ဖိုရမ်ထဲမှာတင်ဖို့ပါ…စာစီပီး ဟင်းချက်နည်းကိုပါထည့်ပေးဖို့ပါပဲ.နေရာကတော့ Taman Desa,Kuala Lumpur,Malaysia မှာရှိတဲ့ကျွန်တော့ ဆိုင်မှာပါ. .ကြော်ငြာခြင်းတစ်မျိုးပါပဲ….
    ၁။ဘန်ကောက်ထမင်းကြော်….. ထမင်းကိုတစ်ယောက်စာအနေတော်ထည့်ပါ.. ဆားအနည်းငယ်၊ အချိုမှုန်ုအနည်းငယ်၊ငရုပ်ကောင်းအနည်းငယ်ထည့်ပါ။ပြီးလျှင် ကြက်သွန်နီပါးပါးလျီးထားသည်ကို ဆီသပ်ပါ။ အနည်းငယ် အညိုရောင်သန်းလျှင် ပဲသီးပါးပါးလျီးထားသည်ကိုထည့်ပါ ၊နောက်ထမင်းထည့်၍ကြော်ပါ… မီးကင်ထားသောငါးပိအနည်းငယ်ထည့်လျှင်ပို၍ကောင်းပါသည်။ထမင်းကြော်ပြီးလျှင် ဇလုံအသေး(ဟင်းချိုသောက်ဇလုံ)နှင့်ထည့်ပါ ။ပြီးလျှင်ပုံစံခွက်(ဆီထည့်သော ကတော့)ဖြင့်ပုံပါတိုင်းပြင်စင်ပါ၊
    ၂။ကြက်သားကို အတုံးလေးတွေတုံးပါ၊ကြက်ဥအနှစ်အနည်းငယ်၊ ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်၊ငရုပ်ကောင်းအနည်း၊ ဆီမွှေးအနည်းငယ်ထည့်ပြီးသမအောင်နည်ပါ ။ပြီးလျှင် ကော်မှုန့်(သို့)အကြော်မှုန့်နှင့်နည်ပါ။ ထိုနောက် ဆီပူထဲမှာထည့်၍ကြော်ပါ၊ပြီးလျှင် ဆီစစ်ပြီးသပ်သပ်ဖယ်ထားပါ၊
    ၃။ဆောစ့် ချက်ရန်အတွက်. .ကြက်သွန်နီအနည်းငယ်ပါးပါးလှီးထားပါ၊ဂျင်းအနည်းငယ်နှင့် ဆီအနည်းငယ်ထည့်၍ဆီသပ်ပါ ၊ပြီးလျှင် ခရုဆီအနည်းငယ်၊ ပဲငံပြာရည်အနည်းငယ်၊ရေအနည်းငယ်ထည့်ပါ၊ ဆူလျှင် ကော်ရည်အနည်းငယ်ထည့်ပါ၊ဟင်းချက်ဝိုင်ရှိလျှင်ထည့်ပါ၊ဆောစ့်ပျစ်သွားလျှင် ပဲငံပြာရည်အနောက်ရည် အနည်းငယ်ထည့်ပါ ၊နှမ်းဆီအနည်းငယ်ထည့်ပါ၊ ငရုပ်ကောင်းအနည်းငယ်ထည့်ပြီးလျှင် ပုံတွင်ပြင်ထားသည့်အတိုင်း ဆလပ်ရွက်ကလေးပေါ်မှာ ကြော်ပီးသား ကြက်သားကို ထည့်ပါ၊အပေါ်မှ ဆောစ့်လောင်းထည့်ပါ၊ မုံလာဥနီကိုအချောင်းလေးတွေလှီးပါ၊သခွါးသီးကိုလည်း အချောင်းလေးတွေလှီးပါ၊ ပုံပါအတိုင်း ထမင်းကြော်ဘေးပတ်လည်မှာ လှလှလေးဖြစ်အောင် စီစီရည်ရည်လေးပြင်လိုက်လျှင် စားချင်စဖွယ် ဘန်ကောက် ထမင်းကြော်ကိုသုံးဆောင်နှိင်ပါပြီ။

  • zaw min

    August 13, 2011 at 9:53 pm

    ကြက်သားကို အရိုးထုတြ်ပီးသား ရင်အုံသား(သို့)ပေါင်သား ကြိုက်နှစ်သက်ရာကိုအသုံးနိုင်ပါတယ်၊ကြွပ်ပီး မွမွလေးနေအောင် အသားကို ကော်မှုန့်နဲ့နည်ပီး ဆီပူပူမှာထည့်ကြော်ပါ။

  • windtalker

    August 14, 2011 at 1:08 pm

    အင်း
    ပရင့်ထုတ်ပြီး
    အိမ်က မိန်းမ ကို ချက်ခိုင်းရမယ်
    ကျေးဇူးပါပဲ ကိုဇော်မင်းရေ

  • naywoonni

    August 14, 2011 at 1:38 pm

    ရသာတဏှာ…။ ရသာတဏှာ….။ ဟင်း……ကြည့်ရင်းနဲ့ seaRUM ကို သတိရလာပေါ့……..။

  • တညင်သား

    August 14, 2011 at 2:45 pm

    ဆိုင်နာမည် ပြောပြပါလား အဘန်း ဆာရာမောက်မကန်း ….. ကျွန်တော်စားဘူးတာတော့ ပုဇွန်အကောင်ကြီးကြီးနဲ့ဗျ ယိုးဒယားမှာ ထမင်းကျော် ဘယ်နှစ်မျိုးလောက်ရှိလဲမသိဘူးနော်.. သိရတဲ့အတွက် ကျေးဇူးပါဗျ…..

  • zaw min

    August 14, 2011 at 4:54 pm

    ဆကားလန်း အဝ ဒ ီမာန အကု ကဒိုင် ဒီ တာမန် ဒယ်ဆာ ကေလယ်…နာစီ ဂိုးဒင်း အါဒ ဘာည နာမာ….ကာဝမ်း တညင်သား တာရီ မာကာဆေး ဘာည ဘာည….

Leave a Reply