ပဲခူး ရေကြီး-ဓာတ်ပုံ

ဂ်စ္စူAugust 13, 201110min12811

ပဲခူးမှာ..ရေကြီးတာတော့ အားလုံးသိပြီးဖြစ်ပါတယ်..သို ့သော်..

ဓာတ်ပုံလေးတွေကြည့်ပြီး စာနာ၊ကူညီနိုင်အောင်၊MG မှာလဲ မှတ်တမ်းတစ်ခု အဖြစ်ကျန်ရစ်အောင်

တွေ ့မိတာလေးတွေစုစည်းတင်ပေးလိုက်ပါတယ်။

Photos From:AP,nonamelady.multiply,moemaka.blogspot
ဒီအောက်က ပုံတွေက..
မနေ ့ကထည်းက တင်မို ့ ပဲ..ဘာကြောင့်မှန်းမသိ..မတင်ဖြစ်လိုက်ဘူး.မှတ်တမ်းတစ်ခုအဖြစ်.ရှုပါလော့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးနေ့ချင်းပြန်ခရီးစဉ်
Aug 14, ’11 01:00 am
တွေ ့တာလေးတွေ ထပ်ဖြည့်ထားပါတယ်..
Photos:AP

ရွှေမောဓောတွင် ပန်းစီးဖြင့် ဆီးကြိုနှုတ်ဆက်သူနှင့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-AP)

ယနေ့ နံနက်က ရွှေမော်ဓောဘုရားတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – AP)

ကြိုတင် ကြေညာထားတဲ့အတိုင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးနေ့ချင်းပြန်ခရီးစဉ် ဒီမနက် အစပြုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းမှာ လိုက်ပါသွားသူတဦးက သူမြင်သမျှကို အခုလို ပြောပြပါတယ်။

“မနက် ၅း၅ဝ လောက် ရန်ကုန်က ထွက်လာတယ်။ ကားလမ်းတလျှောက် (အာဏာပိုင်တို့က) လမ်းကြောင်း အကုန် ရှင်းပေးထားတယ်။ ပဲခူး ရောက်ရောက်ချင်း ရွှေမောဓော ဘုရားသွားတယ်။
လူတွေ များလာတယ်၊ ရာနဲ့ချီ ရှိတယ်၊ တထောင် အောက်ပေါ့။ ဘုရားမှာ ကြိုစောင့်တဲ့သူတွေ ရှိတယ်။

ပြီးတော့ သနပ်ပင်မြို့ ရောက်တော့ အောင်ဆန်းဂျာမွန်း စာဖတ်ခန်း ဖွင့်ပွဲကို သွားတယ်။ ဒေသခံ အဲဒီမှာ သုံးရာလောက်တော့ ရှိမယ်။ သူတို့ကို ၁၅ မိနစ်လောက် မိန့်ခွန်းပြောတယ်။ အသံချဲ့စက် သုံးတယ်။

အခု ပဲခူးကို ထွက်နေပြီ။ မနက် ၁၁ ကျော်ရင် ရောက်လောက်ပြီ။ အဲဒီမှာ စာကြည့်တိုက်တခု ဖွင့်မယ်လို့ သိရတယ်။ လုံခြုံရေးပေးတဲ့ထဲမှာ လူငယ်ကွန်ရက်တွေလည်း ပါတယ်။ NLD လည်း ပါတယ်။ အကုန်ပဲ အဖွဲ့စုံတယ်။ ယာဉ်တန်းမှာ ကား ၂၅ စီးလောက်တော့ ရှိမယ်။ ယာဉ်တန်းမှာ မီဒီယာသမားတွေလည်း ပါတယ်။ မီဒီယာသမား လေးငါးဆယ်လောက်တော့ ရှိမယ် ထင်တယ်”

Source:Irrawaddy’s Blog
http://www.irrawaddyblog.com/2011/08/blog-post_1486.html

11 comments

  • ဆူး

    August 13, 2011 at 9:03 pm

    ပုံတွေ ကောင်းကောင်း မမြင်ရသေးပါဘူး
    အခုလို စုပြီး တင်ပေးတော့ မမြင်ဖူးသေးတဲ့ ပုံတွေ မြင်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

  • moethidasoe

    August 14, 2011 at 9:20 am

    နှစ်တိုင်းပဲ ဖြစ်နေတဲ့ကိစ္စကို တားဆီးနိုင်ဖို့ ဘယ်သူ့မှလဲ အကြံမထုတ်တာလား
    ကြံဆဖို့ မစွမ်းဆောင်နိုင်တာလား
    လုပ်ဖို့အတွက် ငွေစိုက်ထုတ်ဖို့ များလွန်းလို့ မသုံးနိုင်လို့လား
    လားပေါင်းများစွာ ???????????????????

  • ဝေဝါး

    August 14, 2011 at 12:09 pm

    ရေစီးရေလာကောင်းဖို့၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးဖို့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ဆိုတာ ပြည်သူတွေက မိမိတို့အသိစိတ်ဓါတ်နဲ့ မိမိတို့လုပ်ကြရမှာ။ ပြည်သူတိုင်းမှာတာဝန်ရှိတယ်။ အမျိုးသားရေးအမြင်နဲ့ ကိုယ့်ဟာကိုယ်ဆောင်ရွက်ကြပါ။ နိုင်ငံတော်နဲ့ ပြည်သူတွေဆီက ရတဲ့ပိုက်ဆံက မိသားစုသုံးဖို့ကွ။ လာမထိနဲ့ မီးပွင့်သွားမယ်။ အဲဒီတော့ ကိုယ့်အသက်ကိုကိုယ်ရှာကြံမွေးပြီး အခွန်ထမ်းကြ။ မကြိုက်ရင် ဒီမှာ မနေနဲ့ ထွက်သွားကြ။ အာခံမယ့်သူနည်းလေ ကောင်းလေပဲ။

  • မီးမီး သော်

    August 14, 2011 at 9:14 pm

    အင်း နော် ဒီလောက်ရေကြီးနေတာတောင်မှ မောင်းလို ့ရတဲ့ယဉ်တွေ မြန်မာပြည်မှာ အများသားပါလားနော့။သုံးဘီး ဆိုင်ကယ်နှင့် ထော်လာဂျီ (တရုတ်နိုင်ငံလုပ်)

  • pan pan

    August 15, 2011 at 11:16 am

    လှေကယ်ရီတွေလုပ်နေကြတာလား
    တုတ်တုတ်အလုပ်မဖြစ်ရင် လှေကယ်ရီလုပ်
    ဆီမကုန်ဘူး
    လုပ်အားစိုက်ရုံပဲ
    လှေကယ်ရီသွားထောင်ရင်ကောင်းမလား
    အယ်….အရေးထဲ ဈေးကွက်စီးပွားရေးတွေးမိနေပြီ 😀
    ကမာ္ဘမီးလောင် သားကောင်ချနင်းအကျင့်ပါနေပြီ… 🙁

  • intro

    August 15, 2011 at 11:50 am

    တော်တော် ဆိုးဆိုးရွားရွားပါလား

  • doekalay

    August 15, 2011 at 1:08 pm

    ပုံတွေ ကိုကြည် ့ချင်တာကြာပြီ….အခုလိုတင်ပေးတဲ ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ…

  • aungnng87

    August 15, 2011 at 1:09 pm

    ဆိုးပါ့ ပဲခူးရယ်….။

  • etone

    August 15, 2011 at 4:10 pm

    ဟုတ်ပါ့.. နည်းနည်း နောနောမဟုတ်ဘူး .. ရေတွေ တက်နေတာများ .. ဟိုကလူတွေ ဘယ်လိုများနေကြပါလိမ့်.. ။

  • manawphyulay

    August 15, 2011 at 5:57 pm

    မြို့လယ်ကောင်ရေကြီးတာကတော့ အံ့မခန်းပါပဲ။ လူတွေ နေစရာကော ရှိကြရဲ့လားမသိဘူးနော်။ နေရာတိုင်းလိုလိုဖြစ်နေတာ။ ရန်ကုန်တောင် မြို့လယ်ကောင်ရေကြီးရင် သွားစရာနေရာမရှိဘူး။

  • Thanlwinoo

    August 17, 2011 at 12:01 pm

    7 Day ဂျာနယ်မှာ နေပြည်တော်မှာ မြေအောက်ရထားလမ်းဖောက်လုပ်မယ်လို့ ဖတ်ရပါတယ်..။
    နောင်မှာ ရေအောက်ရထားလမ်းပါ ထပ်ဖောက်ဖို့ လိုမယ်ထင်ပါတယ်…။

Leave a Reply