ဓမ္မကထိကတစ်ပါး၏ အပြုအမူ

countryboyAugust 13, 20111min23718

ကျနော်တို့ မိတ်ဆွေတစ်ပါးက နိုင်ငံတော်တက္ကသိုလ်တစ်ခုမှာ နောက်ဆုံးနှစ်ပေါ့။ သူတို့ရဲ့ စာသင်ချိန်တွင် ဖြစ်ပျက်တာလေးတစ်ခုကို ပြောပြလို့ ကျနော်က ဧဝံ မေ သုတံ ဖြစ်လာတယ်လေ။ မိတ်ဆွေပြောတာကတော့ ဒီလိုပါ။ သူတို့က နံနက် ရ နာရီမှာ အတန်းတက်ရတယ်ပေါ့၊ ဂနာရီမှာ အတန်းမရှိဘူးတဲ့၊ ဒါနဲ့ မြန်မာစာ(နာမည်ကြီး တရား ဟောဆရာတစ်ပါးကို ) ဆရာကို သွားပြီး နံနက်ပိုင်း ဂ နာရီဝင်ပေးပါလို့ လျှောက်တင်တယ်တဲ့ကွယ်။ အဲဒီ တရားဟောဆရာက ဘာပြောတယ်မှတ်တုံး မဝင်ဘူး ကွာ လို့ ပြောလိုက်ရောတဲ့ အတန်းသားတွေနှင့် ညှိနှိုင်းမရဖြစ်ပြီး ၉ နာရီမှာ ဝင်ရောက်လာတော့ အတန်းသားတွေက အချိန်မဟုတ်လို့ မလာဘူးလေ။ ဒါကို ဆရာက ရုံးကိုသွား ပြီး လျှောက်ထားတာပေါ့။ ရုံးကလည်း ဘယ်နေမလဲ ပြေးလိုက်လာပြီး အတန်းသားအားလုံးကို ရုံးခေါ်ကာ လက်မှတ်ထိုးဖို့ အမိန့်ပေးလိုက်တာပေါ့။ အတန်းသားတွေက လည်း ဘယ်ရမလဲ တခါတည်း လက်မှတ်ထိုးခဲ့ရာတာပေါ့။ ဒါဟာ ဆရာတစ်ဦးရဲ့ တပည့်များပေါ် ထားတဲ့ စေတနာတဲ့လေ။ အော် အော် ကျွတ် ကျွတ် လို့ စုပ်သပ်ကာ အတွေးနယ်ချဲ့နေမိလေရဲ့။ မိတ်ဆွေကတော့ စိတ်မဆိုးပါဘူး။ ဒါပေမယ့် တရားဟော ဘုန်းကြီးတစ်ပါးက အဲဒီလို ပြုမူလိုက်တော့ လှောင်ချိုင့်ထည်းက ကြက်သတ္တဝါလို ဖြစ်နေတယ်လို့ ထင်မြင်ချက်ပေးတယ်လေ။

အဲဒီဘုန်းကြီးက နာမည်ကြီး ရွှေဆံနွယ် ဆရာတော် ဆိုပါလား။

18 comments

  • unclegyi1974

    August 13, 2011 at 9:30 pm

    ကောင်လေးရေးပုံအရနားလည်းသလိုပြန်ပြောမယ်
    ၈နာရီမှာအတန်းမရှိ
    ဒါကြောင့်မြန်မာစာဆရာကိုအတန်းဝင်ဖို့သွားပြောတယ်
    ဆရာကမဝင် ၉နာရီမှအတန်းဝင်လာတယ်
    ဒီလိုနားလည်းပြီ ဒီလိုပြန်မေးချင်ပါတယ်
    အတန်းမရှိဆိုကတည်းကဆရာဝင်မဲ့အချိန်မဟုတ်လို့နားလည်ပါတယ်
    ဆရာကသူဝင်ရမယ့်အချိန်မဟုတ်လို့မဝင်တာသဘာဝကျတယ်လို့မြင်ပါတယ်
    ၉နာရီမှဝင်လာတယ်ဆိုတာသူဝင်ရမယ့်အချိန်မို့ဝင်လာတယ်လို့မြင်ပါတယ်
    ဖြစ်စဉ်ကိုစဉ်းစားကြည့်တာကျောင်းသားတွေက၈နာရီမှာအတန်းမရှိလို့ဆရာကို
    စောဝင်ဖို့ညှိတယ်ထင်ပါတယ်
    ဆရာကသူ့အချိန်မှဝင်လာတော့ကျောင်းသားတွေကမရှိတာကျောင်းသားတွေအလွန်လို့
    မြင်ပါကြောင်း

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 13, 2011 at 9:59 pm

    ( ကျနော်တို့ မိတ်ဆွေတစ်ပါးက နိုင်ငံတော်တက္ကသိုလ်တစ်ခုမှာ နောက်ဆုံးနှစ်ပေါ့။ )
    ကျနော် ဆိုတာကရော ကိုယ်တော်ဘဲလား
    ရှင်းရှင်းလေး လင်းပေးပါဦး
    ကျုပ်တို့ပါ အာပါတ်သင့်နေဦးမယ်
    ကျွန်တော်တို့မိတ်ဆွေ ( ရဟန်း ) တစ်ပါးက
    အိုက်ဒီလိုလား
    ဆိုတော့ကာ ဘုန်းတော်ကြီးတွေကို ဘော်ဒါလိုသုံးနှုန်းတယ်ဆိုတော့
    ကိုယ်တော့်ဟာက မနိပ်ဘူး 🙁 🙁 🙁

  • ဝေဝါး

    August 14, 2011 at 1:08 am

    စည်းကမ်းထိန်းတွေရှိတယ်နော် ..

  • ဝေဝါး

    August 14, 2011 at 1:11 am

    မျက်ခြေမပြတ်စောင့်ကြည့်နေတာ .. နဲနဲမှားတာနဲ့ မလွယ်ဘူးမှတ်။

  • koyinmaung

    August 14, 2011 at 6:18 am

    (ဟုတ်ပ ….ကိုအောင်ပုရေ ) အသေအချာလဲရှင်းပြမထားဘူး….

  • nature

    August 14, 2011 at 6:54 am

    ဒါတွေလျှောက်တင်ပြီးဘာလုပ်မှာလဲ။ ဒါတွေဟာ သာသနာတော်ကို စည်ရုံးအောင်လုပ်ရမယ်အစား သွေးကွဲစေတဲ့ သွေးခွဲဝါဒဖြန့်တဲ့ အကျိုးမရှိတဲ့ အကုသိုလ်တရားလို့မြင်ပါတယ်။ ဒီ လိုသွေးကွဲသွားရင် သင့်အတွက်ဘာအကျိုးအမြတ်ရရှိမှာလည်းဆိုတာ သိချင်ပါတယ်။

  • ကြောင်ကြီး

    August 14, 2011 at 9:15 am

    ကိုယ်တော်ကလည်း သဂျီးမြောက်ပေးတိုင်း ဆရာကို မလေးမစား လုပ်တော့တာပဲ။ စာသင်နေတဲ့ ဆရာလေဗျာ။ တရားပြနေတာမှ မဟုတ်ဘဲ။ လူပျက်အောင်ဘုတို့ပြောလေ့ရှိသလို လူကိုမလေးစားချင်နေ ယူနီဖောင်းဆိုတဲ့ ဆရာဂုဏ်ကိုတော့ အားနာအုံးမှပေါ့။ ခေါ်တိုင်းလိုက်ရအောင် ဆိုက္ကားဆရာမှ မဟုတ်တာ။
    စာထဲပါသလို ရနာရီအတန်းရှိ၊ ၈နာရီမှာ အတန်းလွတ်နေလို့ အချိန်အလဟဿမဖြစ်အောင် ဆရာကိုသွားခေါ်၊ ဆရာကမလိုက်။ ၉နာရီကြမှပေါ်လာ (အဲဒီအချိန်ကလဲ သူဝင်ပေးရမဲ့အချိန် ဟုတ်ချင်မှဟုတ်မယ်၊ လူအုပ်နဲ့သွားပြောလို့ ၁နာရီနောက်ကျပြီးမှ လာတာလဲဖြစ်မယ်) ဘာပဲဖြစ်ဖြစ် ဆရာနဲ့တပည့်၊ ပေးသူနဲ့ယူသူ ပုံမှန်အစီအစဉ်မဟုတ်ရင် ကြားဖောက်ကိစ္စဖြစ်ရင် ဘယ်သူကဘယ်သူ့ မျက်နှာကြည့်ရမလဲ သိမှာပေါ့။ (အခုပြောနေတာ ပေးထားတဲ့ အချက်အလက်ပေါ် မူတည်ပြီးပြောတာနော်၊ စိတ်မဆိုးနဲ့)။ ရောင်းသူနဲ့ဝယ်သူ အားအပြောင်းအလဲပေါ်မူတည်ပြီး ဈေးအတက်အကျကို လက်ခံကောင်းတယ်ဆိုရင် ကျနော်ပြောတာ နားလည်မှာပါ…။

  • windtalker

    August 14, 2011 at 2:19 pm

    အေးလေ ဗျာ
    ကျွန်တော် မနေ ့ကတည်းက
    ဒီပို ့စ် ကို ဖတ်ပြီး
    တစ်ခုခု ပြောချင်နေတာ
    ကိုယ်ပြောတာ က မှားသွားမှာလဲ ကြောက်တယ်
    ဒီပို ့စ် တင်တဲ့သူ က ကိုယ်တော် များ လား ဟင်
    ရွှေဆံနွယ် ဆရာတော် ဆိုပြီး
    နာမည် ကြီး နဲ ့တစ်ကွ တင်လိုက်တာ က တော့
    နဲနဲ များ လွန်နေမလားလို ့…..။
    ကျွန်တော် သိထားသလောက် ကို ရေးပြချင်ပါတယ်
    ၂၀၁ဝ ၊ ၈ လပိုင်း တုန်းက
    ဖခင်ကြီး ဆုံးတာ ၁၄ နှစ်ပြည့် အဖြစ်
    ရွှေဆံနွယ် ဆရာတော့် ဆီ မှာ
    တံတားဆောက်ဖို ့ပဲ ဖြစ်ဖြစ်
    ဆေးရုံဆောက်ဖို ့ပဲ ဖြစ်ဖြစ်
    ဆရာတော် အလိုရှိသလို သုံးပါရန် ဆိုပြီး
    ငွေ ၃ သိန်းကျပ် လှူခဲ့ဖူးပါတယ်
    သာသနာတက္ကသိုလ် ဝင်းထဲ က ဆရာတော့် အဆောင်မှာပါ
    အဲဒီ အချိန်မှာ
    ဆရာတော် ဟာ ကောင်းသောလုပ်ရပ် များကြောင့်
    နာမည်ကျော် ဂုဏ်သတင်း အရမ်းမွှေးနေပါပြီ
    ရွှေဆံနွယ် ဆရာတော် လို ့နာမည် ကျော်ရတာ က
    အမျိုးသမီးတွေ ဆီ က နေ ဆံပင်သားတွေ အလှူခံ
    ဆံပင်သားတွေ ကို ရောင်း ပြီး
    တံတားဆောက်လှူပါတယ် အဲဒါကြောင့်ပါ
    နောက်ပြီး ဆေးရုံတစ်ရုံ ဆောက်လှူထားတာရှိပါတယ်
    နေရာ ကို ပြန်ဖတ်ပြီး မှ ထပ်တင်ပေးပါဦးမယ်
    တစ်ကယ် လိုအပ်တဲ့ နေရာတွေ မှာ
    လိုအပ်တဲ့ အလှူတော်မင်္ဂလာတွေ ကို
    ရွှေဆံနွယ်ဆရာတော် က တစ်ကယ်လှူနေတာပါ
    ဘယ်သူ ့မေးမေး သိနိုင်တဲ့ အမှန်တရား တွေ ပါ
    ရွှေဆံနွယ် ဆရာတော် ဟာ
    သာသနာ တက္ကသိုလ် မှာ ကထိက အဖြစ် ( ရာထူး မှားခဲ့သော် ခွင့်လွှတ်ကြပါ ခင်ဗျား )
    စာပြန်သင်ပေးနေပါတယ် ။
    ဒီတော့ အပေါ်က ပို ့စ် ကို ဖတ်ရပြီးတော့
    တစ်မျိုးကြီး ခံစားရတယ်ဗျာ

  • zaw min

    August 14, 2011 at 3:36 pm

    ယခုတလော ဂေဇက်ဆိုဒ်ထဲမှာသတိထားမိတာက နိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတော်တော်များများဆွေးနွေးဖြစ်တယ်ဆိုရင် ယခုလိုလမ်းကြောင်းပြောင်းစေတဲ့ပိုစ့်တွေပေါ်လာတတ်ပါတယ်….မည်သို့ပင်ဆိုစေ..ကျွန်တော့်အမြင်မှာတော့ အကျင့်သီလနဲ့ပြည်စုံနေသော် ရဟန်းတစ်ပါးကိုပစ်မှားမိတယ်ဆိုရင်တော့ ကာယကံရှင်နဲ့ပဲ သက်ဆိုင်မှာပါ။တင်ပြလိုသော အကြောင်းအရာ အမှန်ကိုတော့ ကာယကံရှင်ပဲသိပါလိမ့်မယ်။

  • kai

    August 14, 2011 at 3:47 pm

    တပည့်တွေက… ဆရာနဲ့အချိန်အပြောင်းအလဲလုပ်သင်ပေးဖို့ သွားညှိတယ်..။
    မအောင်မြင်လာဘူး..။
    ဆိုတော့….။
    ဆန္ဒပြတဲ့အနေနဲ့.. အတန်းမတက်ပဲ..သပိတ်မှောက်တယ.်..။
    အဲဒီလိုနားလည်မိတယ်..။
    အဲဒီအတိုင်းသာဆို..
    တတန်းလုံးသပိတ်မှောက်တာမျိုးဖြစ်သွားတယ်ဆို.. ဆရာဖက်ကမှားတာပေါ့..။
    အတန်းသားအားလုံးရဲ့.. တဝက်က စာသင်ခန်းထဲရှိနေသေးတယ်ဆို… ဆရာမှန်တာပေါ့…။

    “သံဃာ့အား-ဘုရား မဆန်နိုင်”တဲ့..။
    ဘုရားရှင်တောင်မှ.. သံဃာအများစုဆန္ဒလိုက်လျောပေးဖူးတဲ့.. သမိုင်းမှတ်တမ်းရှိတယ်..။

    • Foreign Resident

      August 14, 2011 at 4:08 pm

      Dear kai,
      I had experience teaching classes,
      It’s not that easy, even I am expert in my profession,
      I have to prepare for each lecture in advance.
      Some facts & data to be learned by rote.
      Moreover, before lecture I have to make rehearsal,
      what & how I will teach in this lecture &
      what I will answer if student ask odd questions.

      So, if somebody ask me ( in short notice ) to come 1 hour earlier to class,
      It might be difficult & surprised for me.
      I might not be ready by then. 😛

      • kai

        August 15, 2011 at 12:53 am

        ကျုပ်သာ..တပည့်ဆို..ဆရာကအခုလိုရှင်းပြရင်.. လုံဝကို လက်ခံမိမှာပါပဲ..။
        အချိန်ပြောင်းခိုင်းလို့.. မပြောင်းပေးလည်း.. ဆရာကို… သပိတ်မှောက်ဖြစ်မှာ မဟုတ်..။ 🙂

        • Foreign Resident

          August 15, 2011 at 2:34 am

          But, situations are vary,
          For Example,
          I am a Master Mariner ( Captain ) &
          If the students are barely pre-sea cadets, then, I don’t need to prepare much,
          whatever I said, they will learn with real wide eyes ( awesome ).
          But, if the students are Chief mate/Master contenders &
          if I want my lecture to be a flawless & attractive lecture,
          then, It really needed to prepare thoroughly.

  • shwe ni

    August 14, 2011 at 4:31 pm

    သာသနာတက္ကသိုလ် မှာ ဘယ်လို စည်းကမ်းရှိလဲတော့ မသိပါဘူး သာမန်တက္ကသိုလ်တွေမှာတော့ အများအားဖြင့် ဆရာတယောက်က သူသင်ရမဲ့ အချိန်မှာ အတန်းထဲမျာ မရှိခဲ့ရင် (စည်းကမ်းထိ်န်းသိမ်းရေးက လိုက်စစ်တာနဲ့တိုးရင်) ကျောင်းသားတွေ ရှေ့ချိန် မရှိလိုု့တိုးသင်ပါတယ်လို့ ဖြေရှင်းလို့မရပါဘူး ။ ထုခြေလွှာ ရေးရပါတယ် ။ လက်မှတ်ထိုးရပါတယ် ။ အတန်းကိုရှေ့တိုးမသင်နိုင်တိုင်း စေတနာမရှိဘူးလို့ပြောမရပါဘူး ။ အခုလဲ အခက်အခဲတခုရှိပါလိမ့်မယ် .

  • thit min

    August 14, 2011 at 6:49 pm

    Very sensitive case! I agree that the teacher cannot change his class-time easily expect emergency situation.
    (After reading the comments, our villagers may be round 40 year old.)

    • Foreign Resident

      August 15, 2011 at 2:42 am

      Sure, I am a former Ship’s Captain & 40+. 🙁

    • pan pan

      August 15, 2011 at 9:13 am

      ဟုတ်ပါတယ်နော်
      ဒီကိစ္စက သာမန်တက္ကသိုလ်(ရဟန်းတက္ကသိုလ်မဟုတ်)တွေမှာ ဖြစ်တဲ့ကိစ္စတွေနဲ့ယှဉ်လိုက်ရင် အသေးစားလေးပါပဲ
      သင်္ကန်းဝတ်မဟုတ်ဘဲ လူဝတ်နဲ့လည်း ကျောင်းတွေမှာ ဒီလိုကိစ္စကတော့ ရှိတတ်ပါကြောင်း
      ဒီထက်ဆိုးတာတွေလည်း ရှိပါကြောင်း

Leave a Reply