တန်ဖိုးထားစေချင်………..

Shwe Myine TharAugust 13, 20111min1004

ကျောင်းမှာကျောင်းဖွင့်ရက်တိုင်း ကျောင်းသူကျောင်းသားများနေ့တိုင်း ရွတ်ဆိုနေကျနိုင်ငံတော်သီချင်းကိုအလေးထားမှတ်သားစေချင်ပါတယ်။ ကျောင်းသူကျောင်းသားတိုင်းဟာနိုင်ငံတော်အတွက်အဖိုးတန်တဲ့အသီးအပွင့်လေးတွေပါ။
နိုင်ငံ့ သားကောင်းလေးတွေပါ။ ငယ်ငယ်လေးထဲကအလွတ်ရွတ်ဆိုလာတဲ့သီချင်းလေးကိုတန်ဖိုးထားပြီး
တစ်ခါလောက်လိုက်ဆိုကြည့်ပါ သီချင်းရဲ့အနက်အဓိပ္မါယ်ကိုခံစားသိရှိစေချင်လို့ပါ……………….
နိုင်ငံတော်သီချင်း

+++တရားမျှတ လွတ်လပ်ခြင်းနဲ ့မသွေ
တို ့ပြည် – တို ့မြေ
များလူခပ်သိမ်း ငြိမ်းချမ်းစေဖို ့
ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်
တို ့ပြည် – တို ့မြေ
ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ၊
အဓိဌာန်ပြုပေ ထိန်းသိမ်းစို ့လေ။

(ကမ္ဘာမကျေ -မြန်မာပြည် တို ့ဘိုးဘွားအမွေစစ်မို ့ ချစ်မြတ်နိုးပေ)
ပြည်ထောင်စုကို အသက်ပေးလို ့
တို ့ကာကွယ်မလေ။
ဒါတို ့ပြည်- ဒါတို ့မြေ- တို ့ပိုင်နက်မြေ။
တို ့ပြည်- တို ့မြေ- အကျိုးကို
ညီညာစွာ-တို ့တစ်တွေထမ်းဆောင်ပါစို ့လေ
တို ့တာဝန်ပေ အဖိုးတန်မြေ။

အားလုံးမေ့နေလောက်ပြီထင်တဲ့နိုင်ငံတော်
သီချင်းလေးတစ်ပုဒ်ကိုရွာသူရွာသားများပြန်အမှတ်ရစေရန်
Grade2 မြန်မာဖတ်စာအုပ် မှကူးယူဖော်ပြလိုက်ပါတယ်။

4 comments

  • မိမိကိုယ် ကိုယ်ကောင်းအောင်ကျိုးစားမည်………………..
    ငယ်ငယ်ကကျောင်းမှာအမြဲတမ်းရွတ်ခဲ့ရတာလေးကို သတိရသွားလို့

  • maythakhin

    August 13, 2011 at 11:30 pm

    မမေ့ပါဘူး။ ဒီသီချင်းလေးကို ကြားရတဲ့အချိန်တိုင်း ကြက်သီးတွေထတုန်းပါပဲ။ ငယ်ငယ်တုန်းက အမှတ်တမဲ့ ရွတ်ခဲ့ပေမဲ့ ကြီးလားတော့မှ ကိုယ့်နိုင်ငံရဲ့သီချင်းလေးကို တန်ဖိုးထားရမှန်းသိလာတယ်။ ကျေးဇူးတင်ပါတယ်။

  • Mee2

    August 13, 2011 at 11:40 pm

    မမေ ကြက်သီးတွေတောင်ထတယ်ပေါ့။ဟုတ်ပါတယ် မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်းရဲ ့ရင်ထဲအသည်းထဲက သီချင်းပါ။စတင်ရေးစပ်ခဲ့ တင် ဝိုင်အမ်ဘီ ဆရာတင် ကိုရောသိသလား။ကိုယ့်အမျိ ုးသားသီချင်းကို သိယုံနဲ ့မပြီးပါဘူး။ရေးစပ်သူ ကိုလဲသိထားသင့်ပါတယ်။နိုင်ငံတော် သီချင်းကိုကြားတိုင်းကြက်သီးထတယ်ဆိုတော့ သီချင်းကို ဘယ်အတွက်စပ်ဆိုခဲ့တာ ဘယ်ခေတ်က ဘယ်သူရေးတာ ပိုသိသင့်တာပေါ့။တန်ဖိုးထားတတ်ပါစေ။အမှန်ကို အမှန်မြင်တတ်ပါစေနော်

    • pan pan

      August 15, 2011 at 10:09 am

      သီချင်းကို ဆရာတင်ရေးတာ
      မူရင်းစာသားက ခုစာသားနဲ့မတူဘူး
      တို့ဗမာအစည်းအရုံးရဲ့ တရားပွဲတွေမှာ ဆိုဖို့အတွက် သခင်တင်ကိုရေးခိုင်းတာတဲ့
      သခင်ဘသောင်း၊ သခင်အောင်ဆန်း၊ သခင်နုတို့ တွေးကြံထားတဲ့ စာသားအဓိပ္ပါယ်ကို သခင်တင်က သီချင်းအနေနဲ့ ရေးခဲ့တာလို့ ဆိုပါတယ်

Leave a Reply