အသိသညာကူးညှိရအောင်(ဂေဇတ်မိသားစု)

ရွှေအိမ်စည်August 13, 20111min1949

ဘလော ့ရေးသူ ပထမဆုံးသိရှိရမှာကတော့ စာပေဖန်တီးတော့မယ်ဆိုရင်..ရသကိုးပါးသတိပြုပေးပါ
စာပေဖန်တီးမှု အနုသုခုမပညာရပ်တွေရဲ့ အလှဖြစ်တဲ့ “ရသ”ဟာ ကိုးပါးရှိပါတယ်။

ရသကိုးပါးရဲ့သဘောကို လွယ်ကူ
သဘောပေါက်အောင် မြန်မာမှုပြုခွဲခြမ်းစိတ်ဖြာ ပြခဲ့တဲ့ပညာရှင်ကတော့ ခေတ်စမ်းစာပေဖန်တီးရှင်တယောက်ဖြစ်တဲ့ ဆရာဇော်ဂျီပါ။
ဆရာဇော်ဂျီက“အလွမ်း၊ အဆွေး၊ အသော” ရယ်လို့ ဦးစွာယေဘုယျ မြန်မာမှုပြုပြီး အလွမ်းရသမှာ သိင်္ဂ ါရ ရသ၊ အဗ္ဘုတ ရသ၊ ဝီရ ရသ၊ သန္တ ရသ ဆိုတဲ့ ရသလေးမျိုးအကျုံးဝင်ကြောင်း၊ အဆွေးရသမှာတော့ ဘယာနက ရသ၊ ရုဒ္ဒ ရသ၊ ဝိဘစ္ဆ ရသနဲ့ ကရုဏာ ရသ လေးမျိုးသတ်မှတ်ကြောင်း၊ အသောကရသကတော့ ဟာသ ရသ ဆိုပြီး ရသကိုးပါးကို ထပ်မံစိတ်ဖြာပြခဲ့
ပါတယ်။

ဒီနေ့ခေတ် ၂၁ရာစုကို တချို့ကပြောဆိုနေကြတာကတော့ “သတင်းခေတ်” ပါတဲ့။ တချို့ကတော့ “ပညာခေတ်”“နည်းပညာခေတ်” တဲ့။

စာပေပညာရှင်တချို့ကတော့ ရသ စာပေတိမ်ကော ပျောက်ကွယ်တော့မတဲ့။ တချို့ကတော့ရှိကို
မရှိတော့ဘူးတဲ့။

အနုပညာကိုဖန်တီးတဲ့စာရေးဆရာ၊ သီချင်းရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ သရုပ်ဆောင်၊ အဆို
တော်၊ ပန်းချီဆရာ၊ ဓာတ်ပုံဆရာစတဲ့ သူတွေမှာလည်း သူတို့ဖန်တီးလိုက်တဲ့ အနုပညာတစ်ခုခု
ဟာ စိတ်ခံစားမှုတစ်မျိုးမျိုးနဲ့အတူ ပေါ်ပေါက်လာကြမြဲပါ။

ဒါကြောင့် ကျမ်းဂန်ထဲကပညာရှင်တွေသတ်မှတ်ထားတဲ့ ရသကိုးပါးဆိုတဲ့အထဲက တစ်ပါးပါးက
တော့ သူတို့အနုပညာတွေထဲမှာ ကပ်ငြိလာတော့တာပေါ့။
အတင်အပြကောင်းရင်ကောင်းသလို၊ လိမ္မာပါးနပ်ရင်ပါးနပ်သလို၊ ပါရမီထူးရင်ထူးသလို ကိုယ်
ဖန်တီးပြလိုက်တဲ့ အနုပညာကိုရှုမြင်သုံးသပ်သူတွေ ကြည့်ရှုသူတွေကိုလည်း ကူးစက်ပြီးလွှမ်းမိုး
ခံစားသွားစေတတ်တာကလည်း ရသမြောက်ခြင်းပါဘဲ

အနုပညာကိုဆက်လက်ပုံဖော်နေသူတွေဟာ အလိုအလျောက်ဖြစ်
တည်လာတဲ့ စိတ်ခံစားမှုရသကိုစိတ်ကူးအတိုင်းချရေးပြလိုက်တာဟာလည်းရသပါဘဲ။

“ရသ” ဆိုတဲ့ စကားလုံးလေးရဲ့ မူရင်းက သက္ကတဘာသာစကားပါ။ အဲဒါကိုပဲ မြန်မာတွေက စာပေလောကမှာ ပြောဆိုယူငင်သုံးစွဲကြရာက မြန်မာစကားလုံး ဖြစ်လာရတာပါ။

မူရင်းသက္ကတစာပေမှာတော့ “ရသ” ကို သတိ- ရှိမှု ၊ စိတ်-သိမှု ၊ အာနန္ဒ- နှစ်သက်မှု ရယ်လို့ ဆရာကြီးဦးရွှေအောင်က ရှင်းလင်းပြထားပါတယ်။
အနုပညာခံစားမှုတစ်ခုခုကြောင့် ရှုမြင်ရသူ၊ ဖတ်ရှုရသူ၊ ကြားနာသူတွေရဲ့ စိတ်ထဲမှာခံစားမှု
တစ်ခုခု ပေါ်ထွက်လာရခြင်းနဲ့အတူ နှစ်သက်ကျေနပ်ခြင်း ဖြစ်လာတာကို “ရသမြောက်တယ်”
လို့ ဆိုကြပါတယ်။

ရသကိုပါးဆိုရာမှာ

“သိင်္ဂ ါရ ရသ”
ကျမ်းဂန်တွေရဲ့အဆိုအရ “သိင်္ဂ ါရရသ” ဆိုတာဟာ ယောင်္ကျား မိန်းမတို့ရဲ့ တစ်ထောင့်ငါးရာ
ချစ်ခြင်း မေတ္တာဆိုင်ရာ ချစ်ကြိုက်ခန်းကိုရေးပြထားလို့ စာဖတ်သူရဲ့စိတ်ထဲမှာကြည်နူးနေလျက်
နှစ်သက်ခြင်းသဘော ဖြစ်ပေါ်ခံစားလာရတာဟာ သိင်္ဂ ါရ ရသမြောက်ခြင်းပါပဲ။

“အဗ္ဘုတ ရသ”
အံ့ဩစရာအဖြစ်ကို ရေးပြထားလို့ စာဖတ်သူရဲ့စိတ်ထဲမှာ ပေါ်ပေါက်လာတဲ့ အံ့ဩနေလျက်နဲ့ နှစ်သက် ခြင်းသဘောခံစားလာရစေတာကို“အဗ္ဘုတ ရသ” မြောက်တယ်လို့ ဆိုပါတယ်။

“ဝီရ ရသ”
စိတ်တက်ကြွစရာ၊ ရဲရင့်စရာအဖြစ်ကို ဖွဲ့ပြရေးပြလို့ ဖတ်ရှုသူရဲ့စိတ်ထဲမှာပေါ်လာတဲ့ တက်ကြွ
ရဲရင့်နေလျက်က နှစ်သက်ခြင်းသဘောဟာ ဝီရရသမြောက်စေတဲ့အဖွဲ့လို့ သတ်မှတ်ပါသည်။

“သန္တ ရသ”
သန္တ ရသနဲ့ ပတ်သက်တဲ့ စာပေပုံသဏ္ဌာန်တွေကိုလည်း ဒီနေ့ခေတ်စာပေတွေထဲမှာ အမြောက်
အမြားတွေ့ရှိနိုင်ပါတယ်။ သန္တရသဆိုတာကတော့ စိတ်တည်ငြိမ်အေးချမ်းဖွယ်ရာအဖြစ်ကို ရေး
ပြထားလို့စာဖတ်သူရဲ့စိတ်ထဲမှာ ပေါ်လာတဲ့စိတ်တည်ငြိမ်နေလျက် နှစ်သက်ခြင်းသဘောကိုဆိုလိုပါသည်။

“ကရုဏာ ရသ”
ချစ်ခင်ကြင်နာတတ်တဲ့၊ သနားကရုဏာသက်တတ်တဲ့ မြန်မာလူမျိုးတွေရေးဖွဲ့ထားတဲ့ စာပေ
အမျိုးမျိုးတွေထဲမှာ ကရုဏာရသကို ဖောဖောသီသီတွေ့ရှိနိုင်ပါတယ်။ ကရုဏာရသ ရဲ့
သဘောကတော့ သနားစရာအဖြစ်ကိုရေးပြထားလို့ ဖတ်ရှုသူရဲ့စိတ်ထဲမှာ ပေါ်ပေါက်လာရတဲ့
သနားနေလျက်နှစ်သက်ခြင်းသဘောပဲဖြစ်ပါတယ်။

“ဝိဘစ္ဆ ရသ”
စက်ဆုပ်ရွံရှာစရာအဖြစ်ကို ရေးပြဖွဲ့ပြထားလို့ စာဖတ်သူရဲ့စိတ်ထဲမှာ ပေါ်လာတဲ့ စက်ဆုပ်ရွံရှာ
နေလျက်က နှစ်သက်ခြင်းသဘောဟာဝိဘစ္ဆရသမြောက်တဲ့ အတင်အပြလို့ဆိုကြပါတယ။်

“ဘယနက ရသ”

ကြောက်ရွံ့နေလျက်
နဲ့ သိလိုစိတ်တွေကြွပြီး နှစ်သက်ခြင်းသဘောခံစားနေရတာပါ။ ဒါကို ဘယာနကရသကိုဆိုပါတယ်။

“ရုဒ္ဒ ရသ”
ရုဒ္ဒရသဆိုတာ ကြမ်းကြုတ်ရက်စက်သွေးပျက်စရာအဖြစ်အပျက်တွေကို ရေးပြထားတာကို
စာဖတ်သူတွေရဲ့စိတ်ထဲ ကူးစက်ခံစားလာရစေတဲ့ အဖွဲ့မျိုးကိုခေါ်တာပါ။

“ဟာသ ရသ”
ဒီနေ့ခေတ်စာတွေထဲမှာ အတွေ့ရများတဲ့စာပေပုံသဏ္ဌာန်တစ်ခုကတော့ ဟာသရသမြောက်
စေတဲ့စာတွေပါ။

ဒါကြောင့်စာပေဖန်တီးတော့မယ်ဆိုရင်…စာဖတ်သူရင်ထဲ ရသမြောက်တဲ ့အဖွဲ ့လေးတွေ ရေးဖွဲ ့ပေးပါ

စာပေအရေးအသား ကောင်းသူကိုကြည့်မယ်ဆိုရင် စာဖတ်နာ(စာများများဖတ်နိုင်သူ)ဖို ့လည်းလိုပါတယ်..။
စာပေအမျိုးအစား များများဖတ်သူရဲ ့စာက စာဖတ်ရတဲ ့အခါအနှစ်သာရရှိပါတယ်။တွေးကြည့်ပြန်ရင်လည်း စာပေပုံသဏ္ဌာန်တွေပါ စာရေးသူ စိတ်စေတနာ ရှင်သန်ဖွံ့ထွားနေဆဲဖြစ်တာကိုတွေ့ကြရမှာပါ။

ဒါ့အပြင်နိုင်ငံခြားသတင်းအချက်အလက်တစ်ခုကို ဘာသာပြန်တင်ပြထားတဲ့အချက်အလက်ပေး
သတင်းမှတ်တမ်းတွေမှာလည်း ဘာသာပြန်တင်ပြသူတွေရဲ့ လိမ္မာပါးနပ်မှု၊ ဘာသာစကားပရိ
ယာယ်ကြွယ်ဝမှုစသည်တို့ကြောင့် ဖတ်ရှုသူမှာ ရသတစ်ခုုခု ခံစားကျန်ရစ် ခဲ ့တာကလည်း…စာပေရေးသူရဲ ့ဝိဉာဉ်ပါဘဲ..။

အွန်လိုင်းနယ်ပယ်မှာ…ကျမဘလော ့တစ်ပုဒ်ရေးဘူးပါတယ်..ချက်တာ နဲ ့ဘလော ့ဂါ တို ့အကြောင်း…၊ချက်တာဘဝကို ကျမက ဘလော ့ဂါဘဝ ကူးဖို ့အတွက် ဖေးကူပါမယ်ရှင်…….

ဒါကြောင့်ဘလော့ရေးဖို ့အတွေးတွေ ရှိနေခဲ ့ပြီဆိုပါလျှင်.လက်ရည်စမ်းစအသစ်များ.ကျမနဲ အသိသညာကူးညှိရအောင်(ဂေဇတ်မိသားစု)ကိုဖိတ်ခေါ်ပါတယ်။ ။

တည်နေရာ။ ။Community Chit-Chat | Forum

ချစ်ခင်လေးစားသော

ရွှေအိမ်စည်

9 comments

  • windtalker

    August 13, 2011 at 9:19 pm

    ဒီ ရသ တွေ ကို ငယ်တုန်း က သင်ခဲ့ ၊ လေ့လာ ဖူးခဲ့ပေမယ့်
    မေ ့နေတာ ကြာပေါ့ ။
    အခု ကိုယ်တိုင် စာလေးတွေ ကြိုးစားပမ်းစား ရေးတင်နေတာမို ့
    ရသတွေ အကြောင်း ပြန်သိချင်နေတာ ကြာပြီ
    ဘယ်မှာ ရှာရမှန်း မသိလို ့ခက်နေခဲ့တာ
    အခု လို ရသ ကိုးပါး ကို
    နာမည် နဲ ့အဓိပ္ပါယ် နဲ ့ပြည့်ပြည့်စုံစုံလေး တင်ပေးတဲ့
    ရွှေအိမ်စည် ကို အထူး ကျေးဇူးတင်ပါတယ်နော်

  • ရွှေအိမ်စည်

    August 13, 2011 at 9:29 pm

    ဟုတ်ကဲ ့နောက်လိုတာရှိရင်ကျမကိေုပြာလေ…
    တတ်နိုင်တာရှိရင်ကူညီပါမယ်…
    တရားစာပေတော့မရဘူး….

  • Shwe Myine Thar

    August 13, 2011 at 9:46 pm

    ကျွန်တော်တို့လိုလူသစ်လေးတွေအတွက် မှတ်သားစရာပါ။
    ကျေးဇူးပါပဲခင်ဗျာ။

  • တကယ်ကိုစစ်မှန်တဲ့ရင်ထဲကခံစားမူ့နဲ့ရေးတယ်ဆိုရင်
    ရသတွေမွှမ်းထုံနေတဲ့စာတပုဒ်ဖြစ်လာမှာကတော့ အသေအချာပါဘဲ။

  • ရွှေအိမ်စည်

    August 13, 2011 at 11:42 pm

    ဟုတ်ပါတယ် ကိုပေါက်ရေ….

    လမ်းဆိုတာ တစ်လမ်းတည်း ဘယ်တော့မှ မရှိပါဘူး။
    လူဆိုတာ ကိုယ်သွားနေကြလမ်းကို ပဲ ပုံမှန်အတိုင်းသွားတတ်ကြတာ ထုံးစံပါပဲ။ တစ်ခါတစ်လေတော့လည်း လမ်းသစ်တွေကို ရှာဖွေတတ်ကြပါတယ်။(အထူးသဖြင့်ကျမပေါ့)

    လမ်းသစ်တွေကို မတွေ့ခင်အထိတော့ ကိုယ်သွားနေကြ လမ်းက ကိုယ့်အတွက် အကောင်းဆုံးလို့ ထင်ကြမှာပါပဲ။

    လမ်းသစ်ကို ရှာတယ်ဆိုတာကလည်း စွန့်စားရတဲ့ အလုပ်တစ်ခုဆိုတော့ တော်ရုံလူက မလုပ်ချင်ကြပါဘူး။

    အချိန်မပေးနိုင်တာ၊ အခက်အခဲဖြစ်မှာကို ကြောက်တာကြောင့် လမ်းသစ်ကို မရှာဖွေ ဖြစ်ကြတဲ့ လူတွေ အများကြီး ရှိကြမယ်လို့ ထင်ပါတယ်။

    ဒါပေမယ့် လမ်းသစ်တစ်ခုကို အချိန်တစ်ခုပေးပြီး စမ်းသပ်ရှာဖွေပြီး ကိုယ်နဲ့ သင့်တော်မယ်ထင်ရင် ပြောင်းလဲမှုတွေ လုပ်သင့်ပါတယ်။

    လမ်းသစ်ဖြစ်တိုင်းလည်း ကောင်းလာလိမ့်မယ်လို့ အတတ်ပြောလို့တော့ မရဘူးပေါ့ဗျာ။ ဒါပေမယ့် ကိုယ်သွားနေတဲ့ လမ်းကြောင်းနဲ့ နှိုင်းယှဉ်ကြည့်ပြီး ကိုယ့်အတွက် သင့်တော်မယ်ထင်ရင် ပြောင်းလဲမှုဆိုတာမျိုးက လုပ်သင့် စွန့်စားသင့်တဲ့ အရာပါ။

    လူတကာ သွားတဲ့ လမ်းကြောင်းကို ကိုယ်ကသင့်တော်တယ်ထင်ရင်လည်း အဲဒီလမ်းကြောင်းကို လိုက်ရသလို၊ ကိုယ်နဲ့သင့်တော်မယ့် လမ်းသစ်ဖောက်သင့်ရင်လည်း လမ်းသစ်ဖောက်ပြီး သွားရမှာပါပဲ။

    လောကကြီးမှာ သွားစရာ လမ်းတွေ အများကြီးရှိပါတယ်။
    အဓိကကတော့ ကိုယ်ကိုယ်တိုင် ရွေးချယ်တဲ့ လမ်းကို ကိုယ်ကိုယ်တိုင် လျှောက်ရမယ် ဆိုတာပါပဲ။ ပြီးတော့ လမ်းပြောင်းသင့်ရင်လည်း ပြောင်း၊ ပြန်လှည့်သင့်ရင်လည်း လှည့် ဒါကလည်း ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ပြီး လုပ်ဆောင်ရမယ့် အရာတွေပါပဲ။

    ဘာမဆို ကိုယ်သာလျှင် ကိုယ့်ဘဝရဲ ့ အရှင်သခင်မဟုတ်ပါလား။
    ဒါကြောင့်ကျမကလုပ်ချင်လာလို ့ပါ..ကျမလည်းကျော်ကြားတဲ ့တော့မဟုတ်ပါဘူး….
    ကျမက လမ်းသစ်ဖောက်ချင်တဲ ့သူပါ…..
    ကြိုးစားကြည့်တာပါ………ကျမ ကိုယ်တိုင်ကိုယ်က…လမ်းသစ်ရှာတာနှစ်သက်လို ့ပါ………..

    လေးစားသော
    ရွှေအိမ်စည်

    • nature

      August 14, 2011 at 6:40 am

      ကောင်းလိုက်တာ ရွှေအိမ်စည်ရေ။ ကိုလျှောက်တဲ့လမ်း ကိုယ်လုပ်တဲ့ ဟာ တွေ မှားသလားမှန်သလားဆိုတာကို သိဖို့ ကိုယ်လုပ်ချင်တာတွေ အားလုံးလုပ်ပြီးပြီလား။ ကိုယ်လိုချင်တဲ့ result ထွက်လားဆိုတာနဲ့ ဆုံးဖြတ်ရမယ်ပါတယ်။ ကိုယ်လုပ်ချင်တာတွေအားလုံးလုပ်နိုင်ပြီး ကိုလိုချင်တဲ့ result ထွက်ပြီဆိုရင် ကိုယ့်ရဲ့လမ်းဟာမှန်တယ်ပြောနိုင်ပါတယ်။ ကိုလိုချင်တဲ့ result ဖြစ်မလာဘူးဆိုရင်တော့ ကိုလျှောက်တဲ့ လမ်းဟာ မှားနေပြီဆို ကို လက်ခံရမှာပါ။ အမှားကိုသိပြီး အမှန်ကိုပြင်တဲ့သူဟာ လူတော်တယောက်လို့ဆိုရမှာပါ။ အမှားကို ရှာရာမှာလည်း ဗုဒ္ဓဟာကြား တဲ့ အကြောင်းကြောင့်အကျိုးဖြစ်တယ်ဆို တဲ့ ကြောင်းကျိုးဆက်စပ်မှုတရား ကို အခြေခံပြီး ရေသောက်မြစ်ကို မှန်မှန်ကန်ကန် ရှာနိုင်ဖို့လိုပါတယ်။ အကြောင်းနှင့် ကင်းသော အကျိုးတရားသည်မရှိလို့ ဘုရားက ဟောခဲ့ပါတယ်။
      မြတ်စွာဘုရားဟောကြားတဲ့ တရားတွေဟာ လက်တွေ့ဘဝနဲ့ ဆက်စပ်ပြီး အသုံးချနိုင်ရင် ဒီဘဝ နောင်ဘဝ သံသရာ အကျိုးအနန္တများစေနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် ဖြစ်ရတဲ့ လူဖြစ်ရတဲ့ ကြီးစွာသော အကျိုးကျေးဇူးပါ။

  • Mee2

    August 13, 2011 at 11:49 pm

    ““လောကကြီးမှာ သွားစရာ လမ်းတွေ အများကြီးရှိပါတယ်။
    အဓိကကတော့ ကိုယ်ကိုယ်တိုင် ရွေးချယ်တဲ့ လမ်းကို ကိုယ်ကိုယ်တိုင် လျှောက်ရမယ် ဆိုတာပါပဲ။ ပြီးတော့ လမ်းပြောင်းသင့်ရင်လည်း ပြောင်း၊ ပြန်လှည့်သင့်ရင်လည်း လှည့် ဒါကလည်း ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ပြီး လုပ်ဆောင်ရမယ့် အရာတွေပါပဲ။”””ခုလို ရွှေအိမ်စည် ပေးတဲ့ မက်ဆေ့စ်လေးတွက်ကျေးဇူးပါနော်

  • ရွှေအိမ်စည်

    August 14, 2011 at 12:00 am

    ဟုတ်ကဲ ့ပါ….ရေးရင်းနဲ ့ဆက်ရေးချင်လာလို့ဘလေ ့ာထိုင်ရေးပစ်လိုက်အုံးမယ်..လမ်းများဆိုပြီးတော့…

  • kai

    August 14, 2011 at 3:24 am

    ယူအက်စ်မှာ.. ဘလော့ဂ်ဂါတွေ..စာရေးဖြစ်..သတင်းတွေတင်ဖြစ်အောင်.. အဓိကမောင်းနှင်တာက.. ငွေကြေးပဲ..။
    ကြော်ငြာကနေရတဲ့..ငွေကြေးပေါ့လေ..။
    အဲ.. အင်္ဂလိပ်လိုရေးကြတဲ့.. ဘလော့ဂ်တွေကို ..အဓိကထားပြောပြတာပါ…။

    မြန်မာတွေမှာလည်း.. အဲဒါမျိုးဖြစ်စေချင်တယ်..။
    ဒီဝက်ဘ်ဆိုက်ဟာ.. အဲဒီအတွေးရဲ့.. ပထမခြေလှမ်းတခုပဲ..။ 🙂

    ရွေအိမ်စည်ကို ..အားပေးပါတယ်..။
    ဆက်လုပ်ပါနော…။ 🙂

Leave a Reply