ပန်းမြို့တော်သို့တစ်ခေါက်

ပူလောင်အိုက်စပ် ဖုံထူ ခြင်ကိုက် ဆိုတဲ့မန္တလေးမြု့ိအရှေ့မြောက်ဘက် 41မိုင်လောက်အကွာမှာ
အေးချမ်းစိန်းလန်းပြီးသာယာလှပမူ့တွေနဲ့ဖွဲတည်ထားတဲ့
မြန်မာပြည်ရဲ့ဥရောပဆန်တဲ့မြို့လေးကတော့
ရှေးအခေါ်မေမြို့(မြို့ကိုတည်ထောင်သူ “ဗိုလ်မှူးမေ”ရဲ့နာမည်ကိုယူထားတာပါ)။
အရပ်အခေါ် ပန်းမြို့တော် တောင်လှေခါးမြို့တော် ချယ်ရီမြေ
အခုလက်ရှိအခေါ် ပြင်ဦးလွင်ကို အလည်တစ်ခေါက်သွားဖြစ်ခဲ့ပါတယ်။
အရင်ကတော့ လမ်းကျဉ်းကျဥ်းလေးကို အသွားအပြန်အသုံးပြုတော့
ကားမောင်း ဆိုင်ကယ်စီး တော်ရုံကျွမ်းကျင်မူ့နဲ့မေမြို့ကိုမတက်နိုင်ပါဘူး။
အခုအချိန်မှာတော့ နှစ်လမ်းမောင်းဖြစ်တဲ့အပြင်လမ်းတွေကလဲကျယ်တော့
ကိုယ်ပိုင်ကား ကိုယ်ပိုင်ဆိုင်ကယ်နဲ့ အလွယ်တကူတက်လို့အဆင်ပြေသွားပါတယ်။.
မန္တလေးကနေထွက် ဘိုးဘိုးကြီးနန်းမှာပန်းဆက်(ယုံကြည်သူများကပါ)
အုန်းချော ကျောက်မီး ထုံးဘို ရွှေစာရံ စတဲ့နေရာတွေကိုကျော်တာနဲ့တောင်တက်လမ်းစပါတယ်။
တောင်တက်လမ်းက သိပ်မမတ်ဘဲခပ်ပြေပြေလေးတက်သွားတာနဲ့ရောက်နိုင်ပါတယ်။
စတက်တက်ခြင်းမှာနည်းနည်းလေးမတ်တဲ့ အတက်ကလေးကိုကျော်တာနဲ့ ရူ့ခင်းသာဆိုတဲ့ဗျူးပွိုင့်ကိုရောက်ပါတယ်။
ဗျူးပွိုင့်ကနေဆက်သွားလို့ခဏနေရင် ကားတွေအင်ဂျင်အေးအောင်ခဏနား
လူတွေကလဲ အစားစားရအောင် ခဏနားတဲ့ နာမယ်ကျော် 21မိုင်ကိုရောက်ပါတယ်။
21မိုင်အတွက်မှာ သာယာလှတော့ ကျွန်းတောအုပ်ကလေးရှိပါတယ်။
အဲဒီကနေဆက်သွားလို့ပြင်စာဆိုတဲ့နေရာရောက်တာနဲ့ ရာသီဥတုကလုံးဝပြောင်းလို့
အေးမြလတ်ဆတ်တဲ့လေကောင်းလေသန့်(ထင်းရူးတောကိုဖြတ်သန်းလာတဲ့လေအေးအေး)
မြေပြန့်မှာ မရနိုင်တဲ့တောရနံ့တောင်ရနံ့ တကယ်ကိုစိတ်ကိုကြည်နူးစေပါတယ်။

(ရူခင်းသာကနေတွေ့ရတဲ့အောက်ဖက်မြင်ကွင်းလေးပါ)
(လှပတဲ့မိုးတိမ်တောင်ထုနဲ့တောင်စဉ်တန်း)
ထင်းရူးတောလေးအလွန်မှာတော့ ကိုးမြို့ရှင်နန်း။
ဆက်သွားရင် ဒေသထွက်သီးနှံတွေပန်းတွေရောင်းတဲ့ အောင်ချမ်းသာဈေးတန်း။
နောက်တော့ အနီးစခန်း (အဲဒီကနေ မြေလမ်းကလေးအတိုင်း အရှေ့ဘက်တက်သွားရင်
ဆင်ခေါင်းဘုရားမှာ နှီးဘုရားလဲရှိပါတယ်)
အဲဒီနှီးဘုရားရှိတဲ့တောင်ပေါ်ကနေ အနီးစခန်းလေယာဉ်ကွင်းကိုလဲတွေ့နိုင်သလို
တောင်ပေါ်မြင်ကွင်းကသာယာလှပါတယ်။
(ဒီတစ်ခေါက်ကတော့ အဲဒီဘုရားကို အပြန်မှဝင်မယ်စီစဉ်ထားပေမယ့်
အပြန်မှာမိုးတွေမိတော့မရောက်ခဲ့ရပါဘူး)

(ပြည်တော်ချစ်ဘုရားက စေတီ)
ထင်းရူးတောလေးအလွန်မှာတော့ ကိုးမြို့ရှင်နန်း။
ဆက်သွားရင် ဒေသထွက်သီးနှံတွေပန်းတွေရောင်းတဲ့ အောင်ချမ်းသာဈေးတန်း။
နောက်တော့ အနီးစခန်း (အဲဒီကနေ မြေလမ်းကလေးအတိုင်း အရှေ့ဘက်တက်သွားရင်
ဆင်ခေါင်းဘုရားမှာ နှီးဘုရားလဲရှိပါတယ်)
အဲဒီနှီးဘုရားရှိတဲ့တောင်ပေါ်ကနေ အနီးစခန်းလေယာဉ်ကွင်းကိုလဲတွေ့နိုင်သလို
တောင်ပေါ်မြင်ကွင်းကသာယာလှပါတယ်။
(ဒီတစ်ခေါက်ကတော့ အဲဒီဘုရားကို အပြန်မှဝင်မယ်စီစဉ်ထားပေမယ့်
အပြန်မှာမိုးတွေမိတော့မရောက်ခဲ့ရပါဘူး)
အနီးစခန်းလွန်တော့ ကော်ဖီခြံတွေနားရောက်မယ်
ရောက်ပြီဆိုတာနဲ့ မြို့အဝင်တောင်ပေါ်မှာတည်ထားတဲ့ ဘုရားစောင်းစောင်းလေးကို တွေ့ရမှာဖြစ်ပါတယ်။
မန်းလေးက ဆိုင်ကယ်နဲ့တက်မယ်ဆိုရင ်ပုံမှန်လေးမောင်းသွားရင် 2နာရီလောက်မောင်းတာနဲ့
မေမြို့နာရီစင်ကြီးနားကိုရောက်ပါတယ်။
အဲဒီကနေခဏထွက်လို်က်တာနဲ့
နာမယ်ကျော် ဆွယ်တာတွေရောင်းတဲ့ ယမုံနာတို့ ပြင်ဦးလွင်စတားတို့
မလိုင်မုန့်တွေရောင်းတဲ့ ရှမ်းမ် တို့ စိန်ကိတ်မုန်တိုက်တို့နားကိုရောက်ပါတယ်၊
အဲဒီနားရောက်ပြီဆိုရင် နေလှိုင်းဆိုတဲ့လက်ဖက်ရည်ဆိုင်မှာ
နံပြားထောပတ်သုတ်(မလိုင်တွေဆမ်းထားတာရွှဲလို့)
ပလာတာလိပ်ခုတ်(အထဲမှာ စားတော်ပဲပြုတ်အိအိလေးနဲ့ခရမ်းချဉ်သီးကြက်သွန်ချဉ်စပ်စပ်)
ပြီးရင်နွားနို့စစ်စစ်တစ်ခွက် မနက်စာဘိုက်ဖြည့်ပြီးတာနဲ့ လားရှိုးလမ်းမကြီးအတိုင်းခရီးဆက်
လို့ပြည်တော်ချစ်ဘုရားကိုရောက်ပါတယ်။
</a(ပြည်တော်ချစ်ဘုရားကြီး)
ပြည်တော်ချစ်ဘုရား ပါတ်ဝန်းကျင်ကတော့ သာယာလှပါတယ်

(တောင်ဘက်ကမြင်ကွင်း)(လှပသောရူ့ခင်းလေးပါ)
ဒီလမ်းအတိုင်းဆင်းသွားရင် ပွေးကောက်ရေတံခွန်ကို တန်းရောက်သွားတာပါဘဲ၊
ပွဲကောက်ရေတံခွန်က သဘာဝသစ်မြစ်ဆုံကြီးရဲ့ ပန်းပုလက်ရာ
အနောက်ဘက်ကရေတံခွန်အသေးလေး ဒီနေရာမှာရေဆင်းကစားလို့ရတယ် ဘောကွင်းငှားပြီးစီးလို့ရတယ်။
ပွဲကောက်ရေတံခွန်က ဘုရားအရှေ့ဘက်ကရေတံခွန်ဒီနေရာကဓါတ်ပုံရိုက်လို့လှတယ်လေ
လမ်းတစ်နေရာက ဖြူဖွေးလှပနေတဲ့ ယူကလစ်ပင် အရပ်က အမြင့်ကြီးနော်
သစ်ပင်များကြားကရှေးကတည်းကတည်ရှိခဲ့ချပ်ကျောင်းလေးမြင်ရတာလွမ်းစရာ
အမျုးိသားဥယျာဉ် ရုက္ခဗေဒဥယျာဉ်ထဲက မော်ဒန်လွန်အင်စတော်လေးရှင်း နှစ်သက်သလိုအနက်ဖွင့်ပါ
သာယာသောမြင်ကွင်း စိမ်းမြသောမြက်ခင်း အေးမြတဲ့ရေပြင်………….
စိတ်ကိုလွှင့်ထားပြီး အေးချမ်းမူ့ကိုခံစားလိုက်စမ်းပါ။
ပေါ့ပါးသွားမယ်။

ဥရောပဆန်တဲ့မြင်ကွင်းလေးပေါ့ထင်းရူးပင်တွေကချွန်မြလှပနန်းမြင့်မျှော်စင် ရေပြင်နဲ့စေတီ
ချစ်စဖွယ် ငန်းမောင်နှံရေထဲကချစ်အရိပ်လေ
အခုတော့တစ်ကောင်ထဲဆိုတော့ကိုယ့်အရိပ်ကိုယ်ပြန်ကြည့်ရင်တောင်လွမ်းသတဲ့ဗျာ
အဖော်ရှိပါတယ်ကွာ ငါလည်းမင်းလိုအထီးကျန်နေတာပါလို့ကမ်းစပ်ကသစ်ပင်ကပြောတော့
ငါကအထီးကျန်ဖြစ်နေတာ မင်းတို့ထက်အများကြီးကြာပေါ့လို့ အလွမ်းတွေပြိုင်ကြပါသတဲ့
ကောင်မလေးဘာတွေဒီလောက်စိတ်ဝင်စားနေတယ်မသိဘူးနော်
ဟင်ဘာမှလဲမရှိဘူး
ငါ့လိုဘယ်သူလှသလဲတဲ့ ဒါနဲ့ဘဲ ကန်တော်ကြီးကပြန်လာခဲ့ပါတယ်။
ရူ့ခင်းသာအလှ တောင်အကွ်ယကမြစ်တစင်း ကတော့မြစ်ငယ်မြစ် ခေါ်တဲ့ဒုဌဝတီ
လှပသောမြင်ကွင်း ရင်သပ်ရူ့မော
ဒီလမ်းအတိုင်းဆင်းရင်မန်းလေးရောက်ပြီ
ပြင်ဦးလွင်ခရီးစဉ်ကပျော်စရာကောင်းပါတယ်နော…………………………

14 comments

  • maythakhin

    August 14, 2011 at 12:23 am

    ပြင်ဦးလွင်ကတော့ သီချင်းတွေ ရုပ်ရှင်တွေ ထဲမှာလည်းရူခင်းတွေတော်တော်လှတယ်။ အသီးအနှံတွေပေါတယ်။ ဆွယ်တာတွေပေါတယ်။ အဝေးရောက်နေတဲ့ ကိုပေါက်မိတ်ဆွေတွေအတွက်တော့ လက်ဆောင်လေးတစ်ခုပေါ့………..

    • မီးမီး သော်

      August 14, 2011 at 10:18 am

      ဟုတ်ပါတယ် ကိုပေါက်ရေ။ခုလို ဓါတ်ပုံတွေ အများကြီးတွေ ့ရတော့ မရောက်ဖူးသေးသူတွေလဲရောက်ဖူးသလိုမြင်ရတွေ ့ရတာပေါ့နော်။ရာသီပြောင်းနေချင်သူတွေဆို အိမ်တောင် ဝယ်ထားကြသေးတယ်နော်။အပူကိုရှောင်ကြတဲ့သဘောပေါ့နော်။မမေ တယောက်ကတော့ မရောက်ဖူးဘဲဇွတ်ပြောနေပါပီ။ဘယ်လို ဆွယ်တာတွေ ပေါတာလဲ ပြောပြပါဦး။သိချင်လို ့မေးတာနော်

  • ogre

    August 14, 2011 at 8:50 am

    ပွဲကောက်ရေတံခွန်ကိုရောက်ပြီး
    အစ်ကိုပေါက်ပြတဲ့ ပွဲကောက် ရေတံခွန်ဘုရားကို
    မဖူးလိုက်ရဘူး ရှိမှန်းမသိတာလဲပါမယ်ဗျ..။။

  • ကြောင်ကြီး

    August 14, 2011 at 10:12 am

    မေမြို့မှာ ဂေါ်ရခါးမလေးတွေ အားကီးလျှောလယ်ပေါဒယ် ဟုတ်ယား… ရှလွတ် ရှလွတ်…။ 😳

  • windtalker

    August 14, 2011 at 1:47 pm

    ဂေါ်ရခါး တွေ ရဲ ့ကွတ်ခရီး ဓါးကောက် ကြီး တွေ လည်း ပေါဒယ်
    သားသားကြောက်တယ်
    မေမြို ့က ချစ်တီး ထမင်းဆိုင် က တော့ စားကောင်းတယ်

  • hmee

    August 14, 2011 at 2:46 pm

    မေမြို့ရှု့ခင်းသာကနေ ဆင်းလာတော့ ဟိုးးးးးးးး အဝေးက မြစ်လေး ကွေ့ကွေ့ကောက် စီးနေတာ မြင်ရတာ အရမ်းလှတယ်။ လေးပေါက်ရေ လမ်းခွဆုံပဲ ဘယ်နားတော့မသိဘူး ထမင်းဆိုင် အရမ်းစားကောင်းတယ်။ ဟင်းခွက်သေးသေးလေးတွေနဲ့ ဟင်းတွေများ အများကြီးပဲ ဟင်းခွက် ၂ဝကျော်မယ်။ တောစာလေးတွေလေ။ ခရီးသွားလို့ ထမင်းဆိုင်မှာ ထမင်းစားတိုင်း စားခဲ့ဖူးတဲ့ မေမြို့က ထမင်းဆိုင်လေးကို အမြဲသတိရတယ်။ နောက်များ ရောက်များရောက်ခဲ့ရင် ထပ်သွားပြီး စားဦးမယ်။ လေးပေါက် တင်တဲ့ဓါတ်ပုံလေးတွေ ကြည့်ပြီး ထပ်သွားချင် လာပြီ။

  • ပြင်ဦးလွင်ရောက်လို့ နာရီစင်ကိုကျော် နောက်ထပ် မီးပွိုင့်တစ်ခုကိုထပ်ကျော်ပြီးရင်
    ပြင်ဦးလွင်က နာမယ်ကျော် ဒီဇိုင်းလှလှနဲ့ သိုးမွှေးဆွယ်တာတွေဝယ်လို့ရတဲ့ဆို်င်တွေကို တွေ့ရမှာပါ။
    ဈေးလဲသိပ်မကြီးပါဘူး။
    ဆွယ်တာဆိုင်တွေမှ တန်းစီနေတာဘဲ။
    ကြိုက်တာရွေးဝယ်ရုံပါဘဲ၊
    ကဲ သင်သိပြီမဟုတ်လား ……………………

  • တညင်သား

    August 14, 2011 at 7:13 pm

    လမ်းကောင်းသွားတာတော့ ဝမ်းသာစရာပဲ …..ဒါပေမဲ့ ပုံထဲကြည့်ရတာ ရေစီးဆင်းဖို့ မြောင်းတွေဖေါက်သင့်တယ် ထင်တာပဲ တော်ကြာ ရေတိုက်စားလို့ ရှိတဲ့ ကတ္တရာလေးပါသွားမှာဆိုးရတယ်.. လမ်းရဲ့နုတ်ခမ်းသားတွေကိုလဲ ကွန်ကရစ်နဲ့ တစ်ပေအကျယ်လောက် အနားသတ် ခင်းလိုက်ရင် ပိုပြီးကောင်းမယ်ထင်ပါတယ်နော်……….

  • မမှီပြောတဲ့ထမင်းဆိုင်လေးက ထုံးဘိုလမ်းခွဲမှာရှိတဲ့ဆိုင်လေးပါ။
    တောစာတွေရတဲ့တောသားလေးလို့ အမည်ရတဲ့ဆို်င်။
    နာမယ်ကြီးးပြီးကောင်းတော့ တကူးတက သွားစားတတ်ကြပါတယ်။

  • unclegyi1974

    August 14, 2011 at 9:53 pm

    အဲလိုတောစာတွေရောင်းတဲ့ဆိုင်တွေကို
    တောရိုင်းတိရိစ ္ဆန်တွေကိုကာကွယ်သောအားဖြင့်အားပေးမှုမပြုသင့်
    ပါဖူးလို့ပြောချင်ပါတယ်

  • အဲတော့ ကျနော်တို့သွားစားရင် အန်ကယ်ကြီးလိုက်မစားနဲ့နော်
    ဆိုင်အပြင်ကနေစောင့်နေနော်။

  • pooch

    August 15, 2011 at 12:02 am

    လေးပေါက် ပုံတွေ ဒီတခေါက်ပိုပိုပြီးလှလာတယ်.. လေးပေါက် လက်ရည်တွေ တဖြည်းဖြည်းတက်လာပြီ …

  • annonymous

    August 16, 2011 at 11:39 am

    ပွဲကေါက်ရေတံခွန်ပုံကြည့်ပီးနောက်တစ်ခေါက်တောင် ထပ်သွားချင်လာပီ
    ကန်တော်ကြီးထဲ ရှုခင်းပုံတွေတင်ထားတာအရမ်းလှပါတယ်။

  • etone

    August 16, 2011 at 4:11 pm

    ပုံတွေ တင်ထားတာ နည်းနည်းနောနောပဲနော်လေးပေါက် … ။
    ရှုခင်းတွေ အရမ်းသာယာတယ်.. သွားလည်ချင်တယ်အချိန်ရလျှင်ဖြင့် 🙁

Leave a Reply