ယနေ့အတွက် စကားလက်ဆောင်၉

jackyangonMay 10, 20101min1031

ရွာဖို့သင့်ရာ ချိန်ကာလမှာ ကောင်းစွာ ရွှေမိုး ရွာပါစေ။
ရွာဖို့သင့်ရာ ရပ်ဌာနမှာ ကောင်းစွာ ရွှေမိုးရွာပါစေ။
တိုင်းကားရှင်လူ ပြည်သူများကို တရားမင်းများ စောင့်ပါစေ။

ဒီနှစ်က တော်တော်ပူတာပါ။မိုးကလဲ ခုချိန်ထိ မရွာနိုင်သေး။နာဂစ်ကြောင့် သစ်ပင်တွေ နည်းသွားတော့ ပိုပြီး ပူနေတယ်။လူတွေကတော့ မိုးကို မျှော်နေကြပါပြီ။မိုး…ဘယ်တော့ ရွာမှာလဲ …ပေါ့။မြန်မာပြည်ရဲ့ ချစ်မိတ်ဆွေ တိမ်တမန် အိုအဆွေ တို့များ ရွှင်လန်းအောင် မိုးပန်းပုလဲတွေ ဘယ်တော့များ ချွေမှာပါလိမ့်။

ရွာဖို့သင့်ရာ ချိန်ကာလမှာ ကောင်းစွာ ရွှေမိုး ရွာပါစေ။
ဒီဆုတောင်းလေးက ကျမ်းစာတအုပ်ရဲ့ နောက်ဆုံးမှာ ပါဠိဂါထာနဲ့ ဆုတောင်းထားတာ တွေ့ဘူးပါတယ်။ဖတ်ခဲ့ရတုန်းက ဒီဆုတောင်းကို သိပ်ပြီး ဂရုမထားခဲ့မိ ပါဘူး။ အခုအချိန်ကျတော့ ဒီဆုတောင်းရဲ့ လေးနက်မှုကို တော်တော်လေး ခံစားမိနေပါပြီ။အခုခေတ်မှာတော့ မိုးလေမမှန်ရင် အယ်နီညိုကြောင့် global warming ကြောင့် စသဖြင့် ပြောနေကြပါတယ်။အရင်ကတော့ မိုးလေမမှန်ရင် လူတွေ ရဟန်းသံဃာတွေ မင်းစိုးရာဇာတွေ သီလမစောင့်ကြလို့။
ဒါကြောင့် နောက်ထပ်ဆုတောင်းက ဒီလို ထပ်တောင်းထားတာကိုး။
တိုင်းကားရှင်လူ ပြည်သူများကို တရားမင်းများ စောင့်ပါစေ။
တိုင်းပြည်မှာ တရားမျှတတဲ့ အုပ်ချုပ်မှုရှိပါမှ လူတွေ စိတ်ချမ်းသာ၊တိုင်းပြည်စည်ကားသာယာ၊မိုးလေဝသမှန်ကန်၊မိုးလေ မှန်ကန်ပါမှ လယ်ယာ သီးနှ့ အထွက်ကောင်း၊ တိုင်းပြည် စည်ကားသာယာ၊ လူတွေ စိတ်ချမ်းသာ။
အော်…ဒီဆုတောင်းလေး၂ခုရဲ့ ကြီးကျယ် လေးနက်လိုက်ပုံများ။ဘယ်သူဘယ်ဝါ ကျဆုံးပါစေလို့မပါ။ဘယ်ဝါဒ ပျက်စီးပါစေလို့ မပြော။ဘယ်သူတွေကို ဘုံရန်သူအဖြစ် သတ်ဖြတ် ချေမှုန်းရမယ်လို့ မကြွေးကြော်။
ကျွန်တော်တယောက်ထဲ ဆုတောင်းရတာ အားမရလို့ အားလုံး ဝိုင်းပြီး ဆုတောင်းကြရအောင်။

ရွာဖို့သင့်ရာ ချိန်ကာလမှာ ကောင်းစွာ ရွှေမိုး ရွာပါစေ။
ရွာဖို့သင့်ရာ ရပ်ဌာနမှာ ကောင်းစွာ ရွှေမိုးရွာပါစေ။
တိုင်းကားရှင်လူ ပြည်သူများကို တရားမင်းများ စောင့်ပါစေ။
တိုင်းကားရှင်လူ ပြည်သူများကို တရားမင်းများ စောင့်ပါစေ။

One comment

  • kyawgyi

    May 11, 2010 at 4:07 am

    အေးချမ်မှုနိမိတ် ဖြစ်တဲ့ မိုးရယ် ….. ရာပါတော. ကွယ်………………

Leave a Reply