လမ်းသစ်(ဂေဇတ်)အထိမ်းမှတ်

ရွှေအိမ်စည်August 22, 20111min22119

လမ်းဆိုတာ တစ်လမ်းတည်း ဘယ်တော့မှ မရှိပါဘူး။
လူဆိုတာ ကိုယ်သွားနေကြလမ်းကို ပဲ ပုံမှန်အတိုင်းသွားတတ်ကြတာ ထုံးစံပါပဲ။ တစ်ခါတစ်လေတော့လည်း လမ်းသစ်တွေကို ရှာဖွေတတ်ကြပါတယ်။

လမ်းသစ်တွေကို မတွေ့ခင်အထိတော့ ကိုယ်သွားနေကြ လမ်းက ကိုယ့်အတွက် အကောင်းဆုံးလို့ ထင်ကြမှာပါပဲ။

လမ်းသစ်ကို ရှာတယ်ဆိုတာကလည်း စွန့်စားရတဲ့ အလုပ်တစ်ခုဆိုတော့ တော်ရုံလူက မလုပ်ချင်ကြပါဘူး။
ဒီလိုပဲ ကျွန်တော်တို့ လူ့ဘဝမှာ ကိုယ်သွားနေကြလမ်းဟောင်းကြီးကိုပဲ အမြစ်တွယ်ပြီး သွားနေကြတဲ့ လူတွေ အများကြီးရှိကြမှာပါ။ ကိုယ်သွားနေကြလမ်းမှာ အခြား သွားလို့ ရနိုင်တဲ့ ပန်းတိုင်ကို ပိုပြီး ချောမွေ့စွာ ရောက်နိုင်တဲ့ လမ်းတွေ အများကြီး ရှိနိုင်မှာပါပဲ။ ဒါပေမယ့်

အချိန်မပေးနိုင်တာ၊ အခက်အခဲဖြစ်မှာကို ကြောက်တာကြောင့် လမ်းသစ်ကို မရှာဖွေ ဖြစ်ကြတဲ့ လူတွေ အများကြီး ရှိကြမယ်လို့ ထင်ပါတယ်။

ဒါပေမယ့် လမ်းသစ်တစ်ခုကို အချိန်တစ်ခုပေးပြီး စမ်းသပ်ရှာဖွေပြီး ကိုယ်နဲ့ သင့်တော်မယ်ထင်ရင် ပြောင်းလဲမှုတွေ လုပ်သင့်ပါတယ်။

လမ်းသစ်ဖြစ်တိုင်းလည်း ကောင်းလာလိမ့်မယ်လို့ အတတ်ပြောလို့တော့ မရဘူးပေါ့ဗျာ။ ဒါပေမယ့် ကိုယ်သွားနေတဲ့ လမ်းကြောင်းနဲ့ နှိုင်းယှဉ်ကြည့်ပြီး ကိုယ့်အတွက် သင့်တော်မယ်ထင်ရင် ပြောင်းလဲမှုဆိုတာမျိုးက လုပ်သင့် စွန့်စားသင့်တဲ့ အရာပါ။

လူတကာ သွားတဲ့ လမ်းကြောင်းကို ကိုယ်ကသင့်တော်တယ်ထင်ရင်လည်း အဲဒီလမ်းကြောင်းကို လိုက်ရသလို၊ ကိုယ်နဲ့သင့်တော်မယ့် လမ်းသစ်ဖောက်သင့်ရင်လည်း လမ်းသစ်ဖောက်ပြီး သွားရမှာပါပဲ။

လောကကြီးမှာ သွားစရာ လမ်းတွေ အများကြီးရှိပါတယ်။
အဓိကကတော့ ကိုယ်ကိုယ်တိုင် ရွေးချယ်တဲ့ လမ်းကို ကိုယ်ကိုယ်တိုင် လျှောက်ရမယ် ဆိုတာပါပဲ။ ပြီးတော့ လမ်းပြောင်းသင့်ရင်လည်း ပြောင်း၊ ပြန်လှည့်သင့်ရင်လည်း လှည့် ဒါကလည်း ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ပြီး လုပ်ဆောင်ရမယ့် အရာတွေပါပဲ။

ဘာမဆို ကိုယ်သာလျှင် ကိုယ့်ဘဝရဲ ့ အရှင်သခင်မဟုတ်ပါလား။

လမ်းသစ်ဖောက်စို ့..ချစ်သူ

“လမ်းသစ်” ဆိုတာ
ရပ်နေလို့ ခရီးလမ်းသစ် မပေါက်ဘူး၊
လှမ်းနေမှ ခရီးရောက်နိုင်မှာပေါ့..
ဂေဇတ်ချစ်တဲ ့သူရယ် ။
. . .

လူ တွေအားလုံးအသိချင်းဖလှယ်ဖို ့
ပွင့်လင်းစွာ အသိချင်းဖလှယ် ဆွေးနွေးကြဖို့
ဘာအရည်အချင်းတွေ ရှိရမယ်” လို့
နင် ထင်ထားသလဲ … ။

တကယ်တော့
နင်နဲ့ငါက
အစကတည်းက လမ်းလွဲခဲ့ကြတာ… ။

ငါက..
စာအုပ်ကြားထဲက ထွက်လာတဲ့…. လူ၊
နင်က…
စာအုပ်တွေကြားထဲ တိုးဝင်ပျောက်ကွယ်နေချင်တဲ့ …. လူ။

တထွာတမိုက်နဲ့
ဉာဏ်မှီသလောက်သာ အတွေးနဲ ့ရေးစမ်းပါရစေ၊
ငါ့ အတွေးးမှာ ဆရာကြီးဒဂုံရွှေမျှား မရှိဘူး၊
ငါ့ အတွေးမှာ ဆရာမင်းသုဝဏ်မပါဘူး၊
ငါ့ အတွေးးမှာ ဆရာမဂျူးလည်း မရှိဘူး။

ဂေဇတ်ဆို တဲ ့ရောင်စုံပန်းခင်းထဲ မှာ
ရံနံ ့သင်းချယ်ပန်းတပွင် ့
လူတိုင်းဖြစ်ခွင့်ရှိတယ်

ကိုယ်ကိုယ်တိုင်ပျိုး
ရေလောင်းပေါင်းသင်းတဲ ့ပဲ ့ကိုင်ရှင်ဟာ
ကိုယ်သာလျှင်ဖြစ်တာမို ့

လောကတဝန်းရောင်စုံပန်းလန်းစေဖို ့
နေ ့ည မရွေ ့ ယနေ ့မှစ
ကြိုးစားကြပါစို ့……….။

ဂေဇတ် ရဲ ့စေတနာ
စာမျက်နှာမှာရှာဖွေကြည့်
အသေချာသိနိုင်တာမို ့

“လမ်းသစ်” ဆိုတာ
ရပ်နေလို့ ခရီးမပေါက်ဘူး၊
လှမ်းနေမှ ခရီးရောက်နိုင်မှာပေါ့.. ။

တခါတလေ ….
စမ်းတဝါးဝါးလျှောက်ရမယ့်
ငါတို့ရဲ့ အနာဂါတ်ခရီးအတွက်
နင် မျက်စိမှိတ်ပြီး
ရှေ့ကို …
လမ်းသစ်အတွေးဖောက်စမ်းချစ်သူ ။ ။ ။

ချစ်ခင်လေးစားသော
ရွှေအိမ်စည်

http://www.oway8888.com/စာသားတချို ့ယူသုံးသည်။

ဂေဇတ်သို ့July 4, 2011မှ သည်ကျနော်ဝင်ရောက်ခြင်း(တလခွဲ သားလေး)
အထိမ်းအမှတ်ပါ။

19 comments

  • manawphyulay

    August 22, 2011 at 1:02 pm

    တစ်လခွဲအထိမ်းအမှတ်အဖြစ် လာရောက်ဂုဏ်ပြု ကြိုဆိုသွားပါတယ် ရွှေအိမ်စည်ရေ… လမ်းသစ်တွေ ဖောက်ပြီး လမ်းမှန်ကို အောင်မြင်အောင် လျှောက်နိုင်ပါစေနော်….

  • ရွှေအိမ်စည်

    August 22, 2011 at 1:05 pm

    ဟုတ်ကဲ ့ပါမနော…

    ကျနော်ကိုလည်းမှားတာသွန်သင်ပါခင်ဗျား/ ရှင့်

  • etone

    August 22, 2011 at 1:57 pm

    ဟုတ်ပါတယ် ရွှေအိမ်စည်ရေ … ကျွန်မတို့တွေ … လမ်းသစ်ဖောက်ဖို့… ကြောက်နေကြတာ အမှန်ပါပဲ… ထိုင်နေလျှင် အကောင်းသား ထမှ ကြိုးမှန်းသိဆိုသလိုတွေ ဖြစ်ကုန်မှာ မို့လို ့.. ရှိရင်းစွဲ အခြေနေလေးမှာ … ဆုတ်လည်း စူး ၊ စားလည်း ရူး နေနေကြတာပါ …. ။ မဖြစ်မနေ လမ်းသစ်ဖောက်ရတော့မယ်ဆိုလျှင်တော့ … မြက်တပင်ဆုတ်မိတောင် ဖက်တွယ်ဖို့ … ကြိုးစားကြမှာပါ .. ဟုတ်တယ် ဟုတ် … 😀 😀

    • ရွှေအိမ်စည်

      August 22, 2011 at 3:42 pm

      ဟုတ်ကဲ ့ပါ။။

      ကျနော်ကငယ်ငယ်ထဲ ကမိဘစကားနားမထောင်တတ်တာဖြစ်မယ်ဗျ…

      ဒီလမ်းကသွားဆို…သေချာတယ်ကျနော်အဲ ့ဒိလမ်းဘယ်တော့မှမသွားဘူး..
      ကိုယ်ဘာသာပြောစကားနားမထောင်တတ်တာတွေ ကစမယ်ထင်ပါရဲ ့…
      မြက်ဆိုတာလည်း..နွယ်အမျိုးအစားဘဲ မလို ့…..

      ရှေ ့သို ့ချီ…ရောင်နီလာပြီပေါ့

  • pan pan

    August 22, 2011 at 2:13 pm

    လမ်းညွှန်တဲ့လူရှိတာတောင် ညွှန်တဲ့လမ်းအတိုင်းလျှောက်နိုင်ဖို့တောင် တော်တော်ကြိုးစားရတာပဲ
    လမ်းသစ်ဖောက်ဖို့တော့…..အင်း……မetoneပြောသလို မြက်တစ်ပင်လည်း အားပါပဲ

  • pooch

    August 22, 2011 at 8:04 pm

    ရွှေအိမ်စည်ရေ …….တို့တော့ လမ်းသစ်တခါဖောက်ခဲ့ဖူးတယ် … မမေ့နိုင်စရာ တသက်တာ သင်ခန်းစာတွေလည်း ရခဲ့တယ် ဒါပေမဲ့ တို့ဖောက်တဲ့လမ်းလေး ပျောက်ပျက်ခဲ့တယ် ဒါပေမဲ့ အားမလျှော့ဘူး ဆုံးရှုံး သွားတဲ့ အထဲမှာ ငွေကြေးပါရင် ပါပါစေ စိတ်ဓာတ်တော့ အပါမခံနိုင်ဘူး အခုနောက်ထပ်အိမ်မက်တခုအတွက် အားမွေးပြီး ခြေကုတ်ယူနေတယ် …

    • ရွှေအိမ်စည်

      August 22, 2011 at 9:37 pm

      ခြေကုတ်ယူပါ..လိုအပ်တာတော့အားပေးနေမယ်…..အကြံဉာဏ်နဲ ့ ဝမ်းနည်းလာရင်လည်း…
      ရွှေအိမ်က ပုခုံးတစ်ဘက်ဌားပါ့မယ်….

      တကယ်တော့လည်း
      အောင်မြင်သူလူအများစုကလည်း သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းဘဝတွေကို ကံကောင်းတိုက်ဆိုင်မှုတစ်ခုတည်းနဲ့ရောက်ရှိလာကြတာမဟုတ်ပါဘူး။

      သူတို့ကသူတို့ကံကြမ္မာကိုသူတို့ကိုတိုင်ဖန်တီးခဲ့ကြသူတွေပါ။

      မိုက်ရူးရဲဆန်ဆန် မျက်လုံးစုံမှိတ်စွန့်စားပြီး အောင်မြင်တဲ့ ဘဝတွေ ကိုကြက်ကန်းဆန်အိုးတိုးကာရောက်လာကြတာမဟုတ်ပါဘူး။

      ……………………………

      လူငယ်ဆိုတာကတော့လမ်းသစ်ဖောက်စမြဲဘဲ….

      • etone

        August 23, 2011 at 10:07 am

        Poohရေ … ယုံကြည်ရာကို ကြိုးစားလုပ်ပြီးမှ မအောင်မြင်လည်း အားမငယ်ပါနဲ့ … အတွေ့ကြုံတစ်ခုရတယ်လို့ သဘောထားပြီး …. ရှေ့ဆက်လှမ်းဖို့ နောက်တလှမ်းဆုတ်အားယူတယ်လို့ပဲ သဘောထားပါ .. ။ အကြိမ်ကြိမ်ကြိုးစားကြည့်စမ်းပါ …. ဘာလို့မဖြစ်ရမှာလဲနော် 🙂

      • Foreign Resident

        August 24, 2011 at 4:16 am

        Agree

        တကယ်တော့လည်း
        အောင်မြင်သူလူအများစုကလည်း သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းဘဝတွေကို ကံကောင်းတိုက်ဆိုင်မှုတစ်ခုတည်းနဲ့ရောက်ရှိလာကြတာမဟုတ်ပါဘူး။
        သူတို့ကသူတို့ကံကြမ္မာကိုသူတို့ကိုတိုင်ဖန်တီးခဲ့ကြသူတွေပါ။
        မိုက်ရူးရဲဆန်ဆန် မျက်လုံးစုံမှိတ်စွန့်စားပြီး အောင်မြင်တဲ့ ဘဝတွေ ကိုကြက်ကန်းဆန်အိုးတိုးကာရောက်လာကြတာမဟုတ်ပါဘူး။

  • ပေါက်ဖော်

    August 22, 2011 at 9:28 pm

    လမ်းသစ် ဖောက်သင့်ပါတယ်..
    ဒါပေမဲ့..
    ကောင်းတဲ့ လမ်း…တော့ ဖြစ်..ဖို ့.လို……မယ်..နော့်

  • လမ်းသစ် တစ်ခုဖောက်ဘို့
    ကြောက်တဲ့သူလဲကြောက်ရဲ့။
    လမ်းသစ်ဖောက်မယ်လို့စိတ်ကူး
    ဖြစ်မှဖြစ်ပါ့မလားလို့
    တွေးတွေးဆဆ
    ဆဆတွေးတွေး
    သွေးအေးသွားပြန်တော့လဲ
    လမ်းသစ်ဖောက်ဘို့စိတ်ထဲကပျောက်။
    မကြောက်ဘူးကွဆို
    ရမ်းသမ်းဖောက်တော့
    လမ်းပျောက်သွားတဲ့လူလဲရှိပြန်။

    တစ်ခါတစ်ရံမတော့
    ခင်းတုန်းကမေးငေါ့
    ဟော…………..ပြီးသွားပြန်တော့သူဘဲ
    ပါဝင်သလိုလို ကြွယ်ပြန်ရော
    တစ်ချို့ကြပြန်တော့လဲ
    လမ်းသစ်ကလေးပါ
    ကောင်းသောလမ်းပါ
    ရှော့မရှိပါဆိုတာတောင် မဝံ့မရဲ
    လက်တွဲလို့မလျှောက်ချင်
    ခက်များပင်ခက်ပါရဲ့။
    ကဲ ကိုယ်ကတော့
    ဖောက်ပြီးပြီ…………..
    လျှောက်ချင်ရင်လာပါ
    မလျှောက်ချင်ရင်လဲနေပါ
    သွားစရာရှိတာကတော့
    ဆက် ဆက် ဆက် ဆက် ဆက် ဆက်ဆ က်

    • ရွှေအိမ်စည်

      August 22, 2011 at 10:52 pm

      ကိုပေါက်ကတော်မှတော်ဘဲ..ကျနော်ဖေ ့ဘုတ်ထဲ
      ပဟေဋ္ဌိဖွက်တမ်းကစားနေတာ..ကိုပေါက်စာချိုးတွေ ့လိုထလာကြည့်တာဗျ

  • redbull

    August 22, 2011 at 10:27 pm

    ်လမ်းသစ် ဖေါက်ရမှာကို ကြောက်မိပါရဲ့…။
    လမ်းဟောင်းလေး မှာပဲ ပျော်နေချင်မိတယ်…။
    ရမ်းသမ်းဖေါက်မိလို့ လမ်းပျောက်မှာလဲ စိုးရသေးတယ်…။

    • ရွှေအိမ်စည်

      August 22, 2011 at 10:53 pm

      လမ်းလို ့သာ..ဆိုတာပါ..
      တကယ်တော့..ကျနော်ညွှန်းဆိုတာ..လမ်းမဟုတ်ဘူးလေ

      တင်စားစရာ..လမ်းသစ်အနေနဲ ့ပါ……စိတ်

  • ကြောင်ကြီး

    August 23, 2011 at 8:05 am

    လမ်းသစ်ထွင်
    လမ်းသစ်ဖေါက်
    နောက်ပြီးတော့
    လမ်းခွန်ကောက်
    စာရင်းစစ်တော့
    တဝက်ပျောက်
    လမ်းတံတားမှူး
    ဘီယာသောက်…။

  • MaMa

    August 23, 2011 at 8:50 am

    တလခွဲသားလေးက ထိုင်တတ်နေပြီပဲ။ (မမွေးခင်ကတည်းက စကားပြောတတ်နေတယ် ထင်တယ်။) 🙂
    ဘေးမှာလည်း ဘော်ဒီဂတ်နဲ့။ တောင့်တောင့်တင်းတင်း အားအင်အပြည့်နဲ့ ဝင်လာတာမို့ ပိုမိုတောင့်တင်းခိုင်မာတဲ့ ရွာကြီးဖြစ်လာရပါတယ် ရွှေအိမ်စည် ရေ-

  • winkyawaung

    August 23, 2011 at 12:19 pm

    လမ်းသစ်ဖောက်လိုက်တော့ သူတို့အမျိုး၊ သူတို့ရှယ်ယာဝင်ထားတဲ့ ကုမ္ပဏီတွေကိုသာ လမ်းတံတားကြေးကောက်ဖို့ ချပေးလိုက်ကြမှာပေါ့..။ (မှတ်ချက်။ သကြားစက်နှစ်လုံးကိုတောင် ယခုလက်ရှိ ဝန်ကြီးတစ်ဦးက သူ့ရှယ်ယာကုမ္ပဏီကိုတစ်လ သိန်း(၃၀၀၀) နဲ့ ငှါးလိုက်ပါ၏။ DVB သတင်းမှ)

  • ရွှေအိမ်စည်

    August 23, 2011 at 12:37 pm

    ငါ့ကတော့သူကြီးအမျိုးလေ…..
    ရွာပြင်မှာဖောက်နေတာဘဲ….
    အပြင်ကတဲ တွေ တော့မဌားရပါဘူး….
    သူကြီးကရွာပြင်အပေါက် ကပိုကျယ်တယ်ပြောလို ့ပါ…..

    ဘာ)))))))))))သိန်းသုံးထောင်ဟုတ်လား….
    ပျင်းတောင်ပျင်းသေးတယ်…

    နောက်ဆို..မြန်မာပြည်မှာဆင်းရဲသားမရှိတော့ဘူးတဲ ့..(ပြောတာဘဲလေ)

    လှိုင်သာယာကထမင်းရည်ဝယ်သောက်နေရတုံးဘဲ…

Leave a Reply