ဉာဏ်စမ်းလေး ဖြေကြည့်ပါ

Mobile HouseAugust 14, 20111min16017

သိပြီးသားသူတွေလဲ သိကြမှာပါ ။အပျင်းပြေ ဖြေ ကြည့်ပေါ ့  …..

၁။    နတ်ရေကန်လေးကန် နဲ့ ဘုရားလေး ဆူ ရှိတယ် ။ဘုရားတစ်ဆူဆီရှေ့ မှာ နတ်ရေကန် တစ်ကန်ဆီရှိ တယ်။နတ်ရေကန် ထဲ ပန်းနစ် လိုက်ရင်နှစ်ဆ ပွားတယ် ။ ဘုရား အကုန် အညီအမျှ လှူ ဖို့ ဘယ်နှစ်ပွင့် ယူလာပြီး ဘယ်နှစ်ပွင့် လှူမလဲ ။

၂။  ရွှာနှစ်ရွှာ ရှိတယ်။တစ်ရွှာမှာ ကပန်းသီး က ၁ကျပ်နဲ့ဝယ်ရတယ် ။ဟိုဘက်ရွှာကို ရောင်းမယ်ဆို ၂ကျပ်ရတယ်။ လှည်း ၂ စီးရှိတယ် ။တစ်စီး ကို ပန်းသီး၅ဝ ဆန့်တယ် ။လမ်းမှာဂိတ် တွေက ကုန်သွယ်ခွန်အနေ နဲ့  လှည်းတစ်စီး ကို ပန်းသီး၁လုံးပေးရတယ် ။ဂိတ် က ၅ဝ ရှိတယ် ။ဘယ်လိုမြတ်အောင် သယ်မလဲ ။

၃။  ဆရာမက အိမ်ကနေပန်းသီး အလုံး၅ဝယူလာတယ် ။သူ့ အခန်းကကျောင်းသား အယောက် ၅ဝ ရှိတယ် ။အယောက်စိ ဝေပြီးတဲ့အချိန်မှာ ခြင်းထဲမှာ ပန်းသီး တစ်လုံးကျန်ရမယ် ။ဘယ် လိုဝေ မလဲ ။

၄။  ၁ကနေ ၁၀၀၀၀ဝ အထိ ပေါင်းရင်ဘယ်လောက်ရမလဲ ၊ဂဏန်းပေါင်းစက် မသုံးပဲ ဖြေပေးပါ ။(ဥပမာ – ၁+၂=၃+၃=၆+၄=၁၀) ….၁+၂+၃+၄+…=?

၅။ ဝက်သားရောင်းတဲ့ သူက သူ့ဆီက သံကို   ၁ ကျပ်သား ကနေ ၁ဝ ကျပ်သားထိ ချိန်လို့ရတဲ့ အလေး သုံးပြား လုပ်ချင်နေတယ်။မလုပ်တက်လို့လုပ်ပေးပါအုံး။

ဖြေကြည့်နော် ။အကုန်ဖြေနိုင်ရင် မုန့်ဝယ်ကျွေးမယ် ။

 

17 comments

  • koyinmaung

    August 14, 2011 at 6:04 am

    ၅။ ၁ကျပ်သား ၃ကျပ်သား ၆ကျပ်သား အလေးတွေလုပ်ပေးလိုက်ပါ……

  • nature

    August 14, 2011 at 8:12 am

    ဉာဏ်စမ်းလေးတွေကကောင်းတယ်။

  • moethidasoe

    August 14, 2011 at 9:14 am

    ၂။ ဂိတ် ၂၅ ခု ကျော်ပြီးရင် နှစ်လှည်းက ပန်းသီးတွေကို တလှည်းထဲ စုထည့်လိုက်ပါ နောက်ဂိတ်တွေမှာ တလုံးပဲ ပေးရတော့မှာပါ

    • blackprince72

      August 14, 2011 at 10:16 pm

      moe thida soe ဖြေတာမှန်ပါ တယ် ။

  • nature

    August 14, 2011 at 12:42 pm

    ကျောင်သားတယောက် အိမ်သာသွားတုန်းမြန်မြန်ဝေပါ။

  • xman

    August 14, 2011 at 1:04 pm

    ၁။ စယူသွားရင် ၁၅ ပွင့်၊ တဆူကို ၁၆ပွင့်လှူမယ်။

    ၂။ အနည်းဆုံးမြတ်ချင်ရင် တစီးကိုအနည်းဆုံး၂၆လုံးနဲ့နှစ်စီးပေါင်း ၇၆ လုံး တင်သွား ၊ အများဆုံးမြတ်ချင်ရင် တစီးကို ၅ဝလုံးတင်သွား၊ ၂၅ ဂိတ်ကျော်ရင် ၂စီးထဲကဟာ တစီးထဲပေါင်းတင်ရန်။

    ၃။ ကျောင်းသား၅ဝကို ၈၊၉၊၁၀၊၁၁၊၁၂ ယောက်ဆိုပြီး အုပ်စု ၅စုခွဲ ၊ ၁ဝ ယောက်ထက်နည်းတဲ့အုပ်စုကို ကျောင်းသားအရေအတွက်ထက် ၁ လုံးပိုပေး၊ ၁ဝယောက်နဲ့ အထက်အုပ်စုကို ကျောင်းသား အရေးအတွက်ထက် ၁ လုံးလျှော့ပေး။

    ၄။ ၁၁၀၀၀၀၀၀၀၀၀/၂ = ၅၅၀၀၀၀၀၀၀၀

    ၅။ ၁ကျပ်သား ၊ ၂ကျပ်သား ၊ ရကျပ်သား

    ၅။

    • xman

      August 14, 2011 at 1:08 pm

      နံပါတ် ၄ က မှားသွားတယ်

      အဖြေမှန်က

      ၄။ ၁၀၀၀၀၁၀၀၀၀၀/၂= ၅၀၀၀၀၅၀၀၀၀

    • blackprince72

      August 14, 2011 at 10:15 pm

      ၃ ပဲ မှားတယ် ။တော်ပါတယ် ။

  • မီးမီး သော်

    August 14, 2011 at 1:05 pm

    ဘုရားသုံးဆူ ဆိုရင်တော့ ခုနှစ်ပွင့်ယူလာရမယ်။တခါလှုတိုင်း ၈ ပွင့်စီလှုမှာပေါ့။ခုနှစ်ပွင့်ယူလာရင် ရေကန်ထဲစိမ်တော့ ဆယ်လေးပွင့်။ ရှစ်ပွင့်လှု။ခြောက်ပွင့်ကျန် ထပ်စိမ် ဆယ့်နှစ်ပွင့်ဖြစ်။ရှစ်ပွင့်ထပ်လှု လေးပွင့်ကျန် ထပ်စိမ်ရှစ်ပွင့်ဖြစ်တော့ အားလုံးညီတူလှုပြီးရောပေါ့။ဟိ ဟိ ခု က ဘုရားကလေးဆူတဲ့ မတွက်တတ်ဘူးနော်

    • blackprince72

      August 14, 2011 at 10:22 pm

      အရင်မေးခွန်း က အဲ့ဒါဟုတ်တယ် ။ကျွှန်တော် ပြန် ထွင်ထားတာ ။

  • မီးမီး သော်

    August 14, 2011 at 5:45 pm

    X-man is so excellent!တော်လိုက်တာနော်။သူများတွေများ. ကျွန်မတို ့နဲ ့ကွာပနော်

  • thit min

    August 14, 2011 at 6:18 pm

    For No3 question,… Please give the last one apple with busket to the last student. So, the last apple is in the busket after sharing them.

    • blackprince72

      August 14, 2011 at 7:22 pm

      thit min – ur answer is right !thz …

    • blackprince72

      August 14, 2011 at 10:14 pm

      0ယ်ကျွေးမည် လာခဲ့ လေ ။ကပ်စီး မကုပ် ပါဘူး ။

  • မီးမီး သော်

    August 14, 2011 at 10:47 pm

    ဟုတ်ဟုတ် ကျေးဇူးပါရှင်။ခုလိုမျိ ုးဉာဏ်စမ်းလေးတွေကွန် ့ပြီးမေးတတ်တဲ ့အနက်ရောင်မင်းသားလေးကို ကျေးဇူးပါ။နောက်လဲ အများကြီးတင်ပေးပါဦးနော်။အပျင်းပြေယုံတင်မကပါဘူး ခေါင်းပါ လေးသွားလို ့ဟိ ဟိ(စတာနော်)

    • blackprince72

      August 14, 2011 at 10:56 pm

      ခုထပ်တင်ပေးထားတယ် ။ဉာဏ်စမ်း (၂) ပါ ။ဖြေကြည့်ပါ ။

Leave a Reply