ဖတ်ဖြစ်အောင်ဖတ်စေလိုပါသည်”အဝတ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) “

Mobile HouseAugust 14, 20112min21639

ခုခေတ် နည်းပညာတိုးတက်လာတာကောင်းပါတယ် ။ဒါပေမဲ့

လူယုတ်မာတွေဟာတိုးတက်လာတဲ့ နည်းပညာကိုအသုံး ပြုပြီး

အဝတ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တက်ဆင်ကြတယ် ။အင်တာနက် ပေါ်တင် တာတွေလဲ ကြားဖူးကြမှာပါ ။ကင်မရာတွေက လဲ သေးလာတဲအပြင် ဈေးတွေကလဲ ချိုလာပါတယ် ။အမျိုးအစားစုံ ပြည်တွင်းကိုဝင်လာပါတယ် ။ ကျွှန်တော် မြင်ဖူးတဲ့ဟာတွေကိုဓာတ်ပုံနဲ့ကြည့် ကြည့်ပါ ။ပြည်တွင်းမှာအသုံးများတဲ့ဟာတွေပါ ။အများကြီးထဲ ကသိထားဖို့ တင်ပေးလိုက်တယ် …

 

 

 

 

car ကီးချိန်းပုံကင်မရာ

 

 

 

နာရီပုံ နဲ့ ကင်မရာ ပါ ။တခြားပုံလဲရှိပါတယ်

 
 

နေကာမျက်မှန် ကင်မရာပါ ။

 

 

ဘောပင်ပုံလေးနဲ့ ကင်မရာပါ

 

 

 

 

 

 

ကြယ်သီးပုံနဲ့ ကင်မရာပါ ။

 

 

မီးခုလုပ် ပုံစံပါ ။

 

 

အများကြီးကျန်သေးတယ် နော် ။ပုံစံတွေ ကအများကြီးနော် ။ကောင်လေးနဲ့ကဲမယ် ဆိုလည်းပဲ သတိထားကြနော် ၊မိုးဟေကို လို နံမည် ကြီးသွားမယ်။

အဝတ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ ?

အဝတ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ   အဝတ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အဝတ်အစားလဲခန်း (အဝတ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လှျို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။ ၁။ အဝတ်လဲခန်းထဲကိုမဝင်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။ ၂။ အဝတ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။ ၃။ ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအဝတ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။   နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ   ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အဝတ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယဝင်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။ ၁။ သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။ ၂။ သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။ ၃။ သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။ ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင် းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။အကောင်ဆုံးက မီးပိတ်လိုရရင်မီးပိတ်ပါ။   ဒီစာလေးကို သင့်ရဲ့ သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမတွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

39 comments

  • koyinmaung

    August 14, 2011 at 5:41 am

    blackprince72 ရေ အလွန်ဘဲကျေးဇူးတင်ပါတယ် ရှိမရှိဘယ်လိုလေ့လာရမယ်ဆိုတာ ခုမှဘဲသိရပါတယ်…ထပ်ဆင့်နီးစပ်ရာပြောပြပေးပါ့မယ်။။

  • nature

    August 14, 2011 at 7:06 am

    ဒီလို အကျိုးရှိတဲ့ ပိုစ့်လေးတွတင်ပေးတာ ကျေးဇူးတင်ပါတယ်။ ဗဟုသုတ အများကြီးရပါတယ်။

  • ogre

    August 14, 2011 at 8:44 am

    မိန်ခလေးများသတိထားသင့်တဲ့
    အကြောင်းအရာလေးပါပဲ

  • nature

    August 14, 2011 at 9:02 am

    ၂ဘက်မြင်မှန်က မျက်စိကို အနားကပ်ပြီးသေသေချာချာကြည့်ရင် သိနိုင်ပါတယ်။

  • moethidasoe

    August 14, 2011 at 9:11 am

    သိသင့် ရှောင်သင့်တာတွေ မျှဝေပေးတာ ကျေးဇူးပါ
    သိလျက်နဲ့ မလိုက်နာမိကြမှာပဲ စိုးတယ်

  • MaMa

    August 14, 2011 at 10:32 am

    ကျေးဇူးတင်ပါတယ် မဟူရာမင်းသားလေးရေ။ ခုလို လက်တွေ့စစ်ဆေးနည်းတွေပါပေးထားတော့ ရှောင်ရှားနိုင်တာပေ့ါ။

  • မီးမီး သော်

    August 14, 2011 at 10:45 am

    ကျေးဇူးပါ black prince ရေ။ခုလို ခေတ်မှီ ပစ္စည်းတွေကို တကယ်ကောင်းတဲ့နေရာတွေမှာအသုံးချသင့်တာပါ။ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်ဖို ့အတွက်တလွဲ သုံးနေကြတာတော့ စိတ်ကုန်စရာကြီးနော်။ဒီ အထောက် အကူပစ္စည်းတွေနဲ ့ အကျင့်ပျက်ခြစားနေတဲ့ ဝန်ထမ်းတွေကိုရော လူကြီးဆိုသူများကို ပညာပေးသင့်ပါတယ်

  • windtalker

    August 14, 2011 at 1:07 pm

    အဟောသုခံ
    နှစ်ဘက် မှန်တွေ ကို
    မူဗီ တွေ ထဲ မှာ မြင်ဖူးလို ့
    စပ်စုချင်နေတာ ကြာပြီ
    အခုလို ဘလက်ပရင့်စ် တင်ပေးလိုက်တော့
    အစုံအလင် သိသွားရပြီ
    ကျေးဇူး ရှဲရှဲနီ

  • alinsett

    August 14, 2011 at 2:02 pm

    အင်း…ကိုယ် တို ့တွေ ရဲ ့ကမ္ဘာကြီးက လုံခြုံမှု ကို မရှိတော့တာပါလား။ လုံခြုံရေး အတွက် ထွင်ထားတာတွေက လူတွေ ကို မလုံမလဲ ဖြစ်အောင် ၊ အရှက် လုံခြုမှု မရှိအောင်လည်း တ တ်နိုင်တာပဲ..
    သတိပေးတာ သိပ်ကျေးဇူး တင်ပါတယ် ။

  • Gipsy

    August 14, 2011 at 5:31 pm

    အဝတ်လဲခန်းတွေ အကြောင်း အမျိုးသမီးတွေ သိထားသင့်ပါတယ်…. အမျိုးသားအများစု ကတော့ သိကြ
    ပါတယ်…. MP 4 တွေနဲ့ အင်တာနက်တွေက တစ်ဆင့်ပေါ့ဗျာ…. ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှု အတိုင်းအတာ
    နဲ့ မသင့်လျော်ပေဘူးပေါ့…
    blackprince72 ရေ ကျေးဇူးပါဗျို့…. ခုမှ ပြည့်ပြည့်စုံစုံ သိရပေတော့တယ်။

  • thit min

    August 14, 2011 at 6:32 pm

    Good post and thanks a lot for that. If possible, let me know about hidden microphone. Hidden microphone is using by thief for watching out that the people are absecent at home.

  • msgazette

    August 14, 2011 at 6:39 pm

    လက်လှမ်းမှီသလောက်ဖြန့်ဝေပါမယ်ဗျာ…ကျေးဇူပါဗျာ

  • winkyawaung

    August 14, 2011 at 9:06 pm

    အများအတွက် လုံခြုံရေးအကျိုးပြုပို့စ် ကိုတင်ပေးတာ အလွန်ကောင်းမွန်ပါတယ်။

  • pan pan

    August 15, 2011 at 9:32 am

    အင်း..ကြားဖူးတယ်
    အင်တာနက်ဂျာနယ်မှာ တခါတခါပစ္စည်းအဆန်းလေးတွေ ကြော်ငြာတယ်
    နက်ကတိုင်ကင်မရာ ဘာညာပေ့ါ
    ရောင်းတဲ့ဆိုင်နဲ့ ပစ္စည်းရဲ့ပုံတွေပါပါတယ်
    two way mirrorတော့သိတယ်
    ဘယ်လိုစမ်းသပ်ရမလဲမသိတာ
    ခုတော့ ဘာက two way mirrorလဲဆိုတာ သိသွားပါပြီ

  • lusoegyikoko

    August 15, 2011 at 9:58 am

    ဘာပဲဖြစ်ဖြစ် side affect ဆိုတာ နေရတိုင်းမှာရှိပါတယ်။

  • zawthulay

    August 15, 2011 at 10:19 am

    ကျေးဇူးပါ.. ကျွန်တော်ကူးသွားပီ ပို့ပေးလိုက်ပါဦးမယ်

  • 007James

    August 15, 2011 at 10:56 am

    မီးခြစ်ကင်မရာ၊ဆေးလိပ်ဘူး၊မီးအိမ်၊အင်းကျီချိပ်၊ဘိုလည်ပတ်ကလစ် တွေရှိသေးတယ်။မီးခြစ်၊ဆေးလိပ်ဘူး တွေဆိုတကယ်သုံးလိုလဲရတယ်။ဈေးမရှိဘူး။သော့၊ဘောပင်-၂၅၀၀ဝ လောက်။မျက်မှန်၊နာရီ-၇၀၀၀ဝ လောက်။ဒီဝန်းမှာပဲရှိတော့ဝယ်နိုင်တဲ့အနေအထားရှိတယ်

  • intro

    August 15, 2011 at 11:14 am

    ကျေးဇူးပဲဗျို့… Shared ဖို့အတွက် ကော်ပီ ကူးသွားပြီနော်….

  • zawmaung

    August 15, 2011 at 11:22 am

    Thanks . It is very useful.

  • etone

    August 15, 2011 at 11:27 am

    စပိုင် ကင်မရာလေးတွေ ဘယ်မှာ ဝယ်လို့ရလဲ သိလျှင် … သတင်းပေးပါဦး … သူများကို ချောင်းဖို့ တော့ စိတ်မဝင်စားပါဘူး .. တစ်ခါတစ်လေ …သတင်းထူးလေးတွေအတွက် လျှပ်တပြတ်ရိုက်ချက် လုပ်ချင်လို့ပါနော် ဟဲဟဲ 😛 😛

    • blackprince72

      August 15, 2011 at 11:52 am

      ရှိပါတယ် ။ဆိုင်တွေမှာ ဝယ်လို့ ရပါတယ် ။တရုတ် မှာလောက်တော့ မ စုံဘူးပေါ့ ။

    • kai

      August 15, 2011 at 12:02 pm

      ဘောပင်ဗီဒီယိုကင်မရာလေး.. ရွာသားတွေကို မဲဖောက်ပေးဖို့ ဝယ်ထားသေးတယ်..။
      တော်တော်တောင်ကြာလို့.. ဓါတ်ခဲတောင်အားကျန်သေးရဲ့လားမသိ..။

      အခုစာတွေကြည့်ပြီး.. ပိုလန့်လာတာနဲ့.. သိမ်းထားလိုက်တော့မယ်..။ 🙂

      • king

        August 18, 2011 at 6:28 pm

        တေရောကွာ …
        ကျွန်တော်က အမြဲကံကောင်းတဲ့သူဗျ …
        တစ်ယောက်တည်း အပြေးပြိုင်ရင်တောင် ဒုတိယပဲ ရလောက်အောင်ကို ကံကောင်းတာဗျ … 😛

      • MaMa

        August 18, 2011 at 6:38 pm

        ဘောပင်ဗီဒီယိုကင်မရာလေး.. ရွာသားတွေကို မဲဖောက်ပေးဖို့ ဝယ်ထားသေးတယ်..။
        (အင်းးးးးးး အလိမ်ခံရလွန်းလို့ မယုံတတ်ဘူး။ သဂျီးအမျိုးတွေပဲ မဲပေါက်လိမ့်မယ် ထင်တယ်။)

        (ရွာသားတွေကို မဲပေါက်တယ်ဆိုပြီး ပေးရင်လည်း သုံးမရတဲ့ အိမ်က ကလေးဆော့ပြီး ပျက်နေတာကို ညာတာပါတေးနဲ့ ပေးလိမ့်မယ်။)

        တော်တော်တောင်ကြာလို့.. ဓါတ်ခဲတောင်အားကျန်သေးရဲ့လားမသိ..။
        (ထင်သားပဲ။)

        အခုစာတွေကြည့်ပြီး.. ပိုလန့်လာတာနဲ့.. သိမ်းထားလိုက်တော့မယ်..။ 🙂
        (အစောကြီးတတည်းက ထင်သားပဲ။ တနည်းနည်းနဲ့ ပေးမှာ မဟုတ်ပါဘူးလို့။)
        🙂 🙂 🙂 🙂 🙂

        • စုန်းထီး

          August 18, 2011 at 8:44 pm

          မမ က အမှန်တွေ သိပ်ပြောတာပဲ
          သူကြီးအကြောင်း ကျမ်းပြုစုရင်တောင် ရလောက်မယ် … 😛

        • shwemanthar

          September 4, 2011 at 4:22 pm

          လုံးဝဥသုံ ထောက်ခံပါကြောင်း

  • blackprince72

    August 21, 2011 at 11:27 am

    ဖြန့်ပေး ကြပါ ။မိန်းကလေး တွေ ဖို့ အရေးကြီး ပါတယ် ။ တော်တော် ခေတ်စားနေတယ် ။

    • ကြောင်ကြီး

      August 21, 2011 at 11:37 am

      အေးဗျ၊ မြင်ရတာ အံ့မခန်းရှိလှတယ်။ ကျနော်ကတော့ အစအဆုံး တထိုင်ထဲကြည့်။ ပြီးရင်လည်း စားမြုံ့ပြန်တွေးကြည့် အရသာတယ်ရှိတာပဲ။ (လူကြီးမင်း၏ပို့စ်နဲ့ ရွာသားများရဲ့ ကွန်းမန့်အရေးအသားများကို ပြောပါသည်) 🙂

      • blackprince72

        August 21, 2011 at 11:41 am

        ကိုကြောင် ကြီး ရေ ဘာဆိုလိုလဲ ။နားမလည် လို့ ပါ။

      • king

        August 21, 2011 at 11:48 am

        အကောင်ကြို အစ်ကိုကြောင်
        () ပါသွားလို့ပဲ … အဲဒါသာ မပါရင် ကျွန်တော်ထင်တာ မှန်သဗျ … 😛

  • နည်ရဲဇော်

    August 21, 2011 at 2:38 pm

    သတိထားသင့်တာတွေပဲ။ မသိလို့။ အဲဒီ syp camera တွေက resolution ကောကောင်းရဲ့လား။ ဆောင်တော့ဆောင်ထားချင်သား။ clean government သမားတွေအတွက်။

    • blackprince72

      August 21, 2011 at 4:01 pm

      resolution က ကောင်း ပါတယ်။ ဝယ် ရင်တခါတည်းစမ်း ကြည့် ပါ ။မကောင်း တာပါ တက်တယ် ။

  • blackprince72

    August 23, 2011 at 3:37 pm

    ကား ကီး ချိန်း ကင်မရာ က တော့ ၃နာရီ လောက် ဗီဒီယို ရိုက် လို့ ရတယ် ။photo ဆို တော်တော် ရတယ် ။

  • yenaung84

    August 25, 2011 at 11:55 am

    တင်ပေးတာ ကျေးဇူးပါ

  • Chaw Chaw

    August 28, 2011 at 12:09 pm

    precious to let us know but need to take care in practical for ladies!!!!!

  • cobra

    August 28, 2011 at 2:55 pm

    မလွယ်ပါလား။
    မိန်းမလေးတွေအတွက်အန ္တရာယ်ပဲ။

  • monmon

    September 4, 2011 at 4:33 pm

    ဖုန်းမရှိတဲ့ သူတွေကျတော့ ဘယ်လို စမ်းသပ်မလဲ….တစ်ခြားနည်းလေးရှိရင်လည်း ပြောပြပါဦး…

    • blackprince72

      September 4, 2011 at 5:02 pm

      အကောင်းဆုံးကတော့ ဝယ်ပြီးအဆင်မပြေရင်ပြန်လဲပေးတဲ့ ဆိုင်မှာဝယ်ပြီး အိမ်မှာပဲလဲပါ။

Leave a Reply