“ပုဆိုး”ပါတဲ့…ဗျာတို့။။။။

မြန်မာလူမျိုးများ၏ ၀တ်စားဆင်ယင်မှုတွင် ရှေးရှေးကာလများက တည်းက  “လုံချည်” ခေါ်
“ပုဆိုး” “ထမီ” များဝတ်ဆင်ခဲ့ကြသည်..ယခုကာလ၌ ၀တ်ဆင်ကြသော လုံချည်ပုဆိုးတို့ကို မည်သည့်
အချိန်က စတင် ၀တ်ဆင်ခဲ့သည်ကို မှတ်တမ်းမှတ်ရာများရှာဖွေသင့်ကောင်းတယ်လို့ထင်မြင်မိပါတယ်။
“လုံချည်”ဟုခေါ်လျှင် ယခုခေတ် ယောက်ျားဝတ် နှင့် အမျိုးသမီး ၀တ်အားလုံးအား သိမ်းကြုံခေါ်ဆိုခြင်းဖြစ်ပြီ
“ပုဆိုး” ဟုခေါ်ဆိုလျှင် ယောက်ျားလေးဝတ်ဟုသိထားကြပြီး “ထမီ” ဟုခေါ်လျှင် မိန်းကလေးဝတ်ဟုသိထားကြပါတယ်
ယခင် သက်ဦးဆံပိုင် ရှင်ဘုရင်များလက်ထက်က  ရှင်ဘုရင် မင်းညီမင်းသားများရဲ့ ပုဆိုးဟာ
အရှည်အတောင်နှစ်ခန့်ရှိတယ်လို့သိရပြီး  သာမန် လက်လုပ်လက်စားလူတန်းစားတွေရဲ့ ပုဆိုးဟာ
မည်မျှအတိုင်းအတာရှိတယ်လို့မသိခဲ့ရပါဘူး ….။။။
““ရှင်ဘုရင့် ပုဆိုး ပိုးချည်ပဲ”” ဆိုတဲ့ အရင်ကလူကြီးတွေ ပြောစကားအရ တော့
ရှင်ဘုရင်ရဲ့ပုဆိုးဟာ ပိုးသားစစ်စစ်တွေနဲ့သာ  ရက်လုပ်ထားတယ်လို့ မှတ်သားရပါတယ်
““အတောင်နှစ်ဆယ်ဝတ်မင်းယောက်ျား”” လို့ လဲ ယောက်ျားလေးများကို တင်စားတတ်ပါတယ်
ဒါကြောင့် ယောက်ျားချင်းတူတာတောင် မင်းမျိုးမင်းနွယ်  မင်းယောက်ျားများသာ အတောင်နှစ်ဆယ်ပြည့်တဲ့
ပုဆိုးကိုဝတ်ကြတယ်ထင်ပါတယ် ဆင်းရဲသားများကတော့ ရိုးရိုးသာမန်ပုဆိုးကိုသာဝတ်စားခဲ့ပုံ ရှိတယ်လို့ယူဆရပါတယ်
နောက်တစ်ခုက ကောင်းကင်မှာတိမ်တောင်တိမ်လိပ်များပေါ် နေရောင်ချည်ဖြာကျတဲ့အခါမှာတော့
တိမ်တောင်တိမ်လိပ်များရဲ့လှပမှုကို ““နတ်ဝတ်ပုဆိုးတိမ်မီးခိုး””သဖွယ်တင်စားခဲ့ကြတာဖြစ်လို့
နတ်ပြည်ကနတ်သားများဟာလဲ ပုဆိုးဝတ်ဆင်ကြတယ်ဆိုတဲ့ သဘောသက်ရောက်ပါတယ် နတ်သားများရဲ့ပုဆိုးဟာ
ဘယ်လိုပုံရှိတယ်ဆိုတာတော့ တိကျတဲ့သက်သေ မရှိသလောက်ပါပဲ..။။။
ယခုခေတ်အချိန်အခါမှာတော့ ပုဆိုးကို အရှေ့တောင်အာရှ နိုင်ငံတော်တော်များများမှာဝတ်ဆင်ကြတာကိုတွေ့ရပါတယ်
အဲဒီနိုင်ငံတွေကတော့ မြန်မာ/ထိုင်း/ကမ္ဘောဒီးယား/မလေးရှား/လာအို/သီရိလင်္ကာ/ဗီယက်နမ်/အင်ဒိုနီးရှား/အိန္ဒိယ/
ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံတော်တော်များများမှာဝတ်ဆင်ကြတာကိုတွေ့ဖူးးပါတယ် အခြားနိုင်ငံဒေသတွေမှာလဲ
ဝတ်ဆင်နိုင်တယ်လို့ယူဆထင်မြင်ရပါတယ် ….။။။
အဓိကအချက်ကတော့ ယောက်ျားရယ်မိန်းမရယ်လို့ပေါ်ပေါက်လာတဲ့ ဟိုးကမ္ဘာဦးအစမှာတော့ပုဆိုး ထမီ ဆိုပြီးရှိအုံးမှာ
မဟုတ်ပေမယ့်  ပုဆိုးရယ်ထမီရယ် လို့စတင်ပေါ်ပေါက်လာချိန်မှာတော့ ယောက်ျား ၀တ်ကို “ပုဆိုး”လိုခေါ်ပြီး
မိန်းမ၀တ်ကိုတော့“ ထမီ” လို့ ခေါ်တွင်ခဲ့တဲ့ အကြောင်းတရားနဲ့ ဘယ်အချိန်မှာ စတင်ပေါ်ပေါက်ခဲ့ရတယ်ဆိုတာဟာ
သမိုင်း မတင်နိုင်ခဲ့ဘူးလို့ထင်ပါတယ်…..။။။။
ဟောဒီကမ္ဘာမှာ လူအမျိုးမျိုး ဘာသာအထွေထွေ ရှိတဲ့ကြားမှာ  ဒီလူမျိုး ဒီဘာသာ က ဒီပုံ ဒီဘာသာဒီလူမျိုး ကတော့ဒီပုံ နဲ့
ပုံသဏ္ဍာန် အမျိုးမျိုး ၀တ်ဆင်ကြခဲ့တာဟာလဲ စိတ်ဝင်စားစရာပါ  ။ အနောက်နိုင်ငံ တွေက၀တ်တဲ့ ဘောင်းဘီလက်ရှည်ကတော့
မြန်မာဆန်ဆန်ပြောရရင် ““ အင်္ဂလိပ် ပုဆိုး””လို့ ခေါ်ရမှာပါပဲ။။။
တစ်ခုထူးခြားတာက ““ အင်္ဂလိပ် ပုဆိုး””ကို ယောက်ျားမိန်းမ အဆင်တူ ၀တ်ဆင်နိုင်ပေမယ့်
ကျွန်တော်တို့ရဲ့ ပုဆိုးလို့ခေါ်တဲ့ လုံချည် ကိုတော့ ယောက်ျားမိန်းမအဆင်တူ လိုက်ဝတ်လို့ မရနိုင်တာပါပဲ
(မှတ်ချက် ။။လွှတ်တော်တက်ဝန်ကြီးများမပါ)
။။။။။။။။ပုဆိုးနဲ့ထမီရဲ့ မတူတဲ့ ထူးခြားချက်များကတော့ ။။။။။။။။။။
“နွေရာသီဆိုရင် လေ၀င်လေထွက်ကောင်းမွန်ပြီး အေးမြနေတတ်ပါတယ်
“၀တ်ဆင်ရာမှာ အကြီးအသေး ဆိုဒ်ခွဲ ပြီးရှာဝယ်စရာမလိုပါဘူး
“ခါးနံပါတ် မလိုပါ ဘူး
“အပေါ့အပါးသွားရာမှာ လွယ်ကူပါတယ် တစ်ချက်မ,လိုက်ရုံနဲ့ ကိစ္စပြီးနိုင်ပါတယ်
“အိမ်သာဝင်ရာမှာလဲ အလွယ်ကူဆုံးပါပဲ
“အထက်အောက်ပြောင်းပြန်လှဲ့ဝတ်လို့ရပါတယ်
“အတွင်း အပြင် ခွဲခြားဝတ်ဆင်စရာမလိုခြင်းဟာ ထမီထက်ထူးခြားပါတယ်
“ပုဆိုးကို ခါးတောင်းကြိုက်လို့ ရခြင်းဟာလဲ ထမီ ၀တ်တွေ ထက် ထူးခြားတဲ့အချက်ပါ
“လွတ်လွတ်လပ်လပ်သွားလာလိုရင်တော့ လူမရှိတဲ့နေရာတွေမှာ အဆင်ပြေရင် ကွင်းသိုင်းပြီးသွားလို့ရပါတယ်
“ပေါ့ပေါ့ပါးပါးပစ္စည်းတွေအတွက်တော့ ခါးပုံစလေးလုပ်ပြီး ခါးပိုက်ဆောင်ထည့်သွားရုံပါပဲ
“နေပူတဲ့အခါမှာ ခေါင်းဆောင်းအဖြစ် အသုံးပြုလို့ရတာဟာလဲ ထမီတွေထက် ထူးခြားတဲ့အချက်ပါပဲ
“ပစ္စည်းများသယ်ပိုးရာမှာ မိန်းမအများစု ခေါင်းခု အဖြစ်ခွေပြီ အသုံးပြုလို့ရပါတယ်
“ကလေးသူငယ်မွေးဖွားခဲ့ရင်တော့ လုံချည်ဟာ ကလေးအိပ်စရာ ပုခက်အဖြစ် ထပ်ဆင့်အသုံးပြုနိုင်ပါသေးတယ်
“သိပ်ဟောင်းသွားရင်တော့လွင့်ပစ်စရာမလိုပါဘူး တိုင်လေးမှာကြိုးနဲ့ချည်ပြီးလက်သုတ်ဝတ် အဖြစ် ဆက်သုံးလို့ရပါတယ်
“သားသည် မိခင်တွေအတွက်တော့ ပုဆိုးဟောင်းလေးဟာ ကလေးအနှီး အဖြစ် အသုံးပြုနိုင်တာပါပဲ
“ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးဆိုတဲ့ စကားအတိုင်း ဟောင်းနွမ်းသွားရင် ခြေသုတ်စရာအ၀တ်အဖြစ်အသုံးပြုနိုင်ကြပါသေးတယ်
“ရဟန်းသံဃာများ ကြွရောက်လာခဲ့ရင်တော့ ပုဆိုးခပ်လတ်လတ်တစ်ထည်နဲ့ ခြေသုတ်ပင့်ဆောင်နိုင်ပါတယ်
ဒါတွေဟာ ထမီနဲ့အသုံးပြုလို့ မကောင်းတဲ့ အရာတွေပါပဲ.. ပုဆိုးရဲထူးခြားချက်တွေပါပဲ….။။။။။။။
။။။။ပုဆိုးရဲ့ဒုက္ခတွေလည်းရှိပါသေးတယ်။။။။
“လိုင်းကားကြပ်ကြပ်ကိုစီးရတော့မယ်ဆိုရင်တော့ ပုဆိုးဟာအဆင်မပြေလှပါဘူး
“လူကြပ်တဲ့ လိုင်ကားပေါ်မှာ အောက်ခံဘောင်းဘီမပါဘဲ ပုဆိုးဝတ်ထားမယ်ဆိုရင် သင့်ကြောင့်မိန်းလေးအချို့
စိတ်အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်
“ လေပြင်းပြင်းတိုက်ရင် ပုဆိုးကိုပေါင်နှစ်လုံးကြားညှပ်ပြီး ရပ်နေရတာလဲဒုက္ခတစ်ခုပါ
“ပစ္စည်းတွေ လက်အပြည့်ကိုင်ထားပြီးမှ ပုဆိုးပြင်ဝတ်ချင်တဲ့ ပြသနာကလဲရှိပါသေးတယ်
“ပြေးဟယ်လွှားဟယ် လုပ်ရမယ့်ကိစ္စတွေမှာ ပုဆိုး မနေရတာလဲ သူရဲ့ဒုက္ခပါ
ဘာပဲဖြစ်ဖြစ်ပါ  ပုဆိုးဝတ်ရမယ့် ကိစ္စအချို့ကြောင့် ပုဆိုးဟာမရှိမဖြစ်လိုအပ်နေဆဲပါ
အလှူ အတန်းမင်္ဂလာဆောင်သွားတဲ့အခါဖြစ်စေ..ဘုန်ကြီးကျောင်းဥပုဒ် စောင့် သွားတဲ့အခါဖြစ်စေ
တရားသူကြီးများတရားရုံးထိုင်တဲ့အခါဖြစ်စေ….၀န်ကြီးများအစည်းအဝေးတက်တဲ့အခါဖြစ်စေ
ဘာသာရေးလုပ်ငန်းများလုပ်ဆောင်ရာမှာဖြစ်စေ  ..အခြားအခြား ဘောင်းဘီဝတ်လို့မရအောင်
မသင့်တင့်တဲ့ ပွဲလမ်းသဘင်များအတွက်တော့ ပုဆိုး ဟာသူ့နေရာနဲ့သူ ၀တ်နေကြရဦးမှာပါ….။။။။
နေရာတော်တော်များများ  လူတော်တော်များများရဲ့ ခါးမှာတော့  အထက်ကပြောခဲ့သလို ဘောင်းဘီလက်ရှည်ဖြစ်တဲ့
““အင်္ဂလိပ် ပုဆိုး””များကသာ နေရာယူလာကြပါကြောင်း ……ပုဆိုးအကြောင်းပါတဲ့….ဗျာတို့။။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

About “ဘီလူးကြီး”ogre

has written 201 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ www.ogre08.blogspot.com