…… ဘာလဲ..လို ့မေးနေတာထက်…..

alinsettAugust 14, 20111min1349

ရောက် ရောက်ချင်း..ဆောက်နဲ ့ထွင်းတယ် ပဲ.. ဆိုချင်ဆို ၊ ဆာလောင်နေတဲ့ ့နှလုံးသား အတွက် သိစိတ်ကို ချောင်ထိုးပြီး…မိုက်မဲမိတယ် ။
ရင်ခွင် တစ်ခုလုံး ဖုန် တထောင်းထောင်း ထ.. ပြီိး မှ အချစ်ရဲ့ ့အရှိန်အဟုန်ကို သိလိုက်ရတာ ဝမ်းနည်းစရာလား…ဝမ်းသာစရာ လား…။
အိပ်မက်တွေ ပြီးသွားပြီ။ ပြီးသွားတာတွေက အိပ်မက် လာဖြစ်ဦးမယ်။

ဘာ ကဏ္ဍမှ မပါဝင်တဲ ့ည၊ ည မွှေးပန်း တစ္ဆေ ၊ စေလိုရာ စေ တတ်တဲ ့ ချစ်သူ.ရဲ ့ ဆံနွယ် တစ်မျှင်..။ မျှင် မျှင် ကလေးပဲ..ရှိတော့တဲ ့ ကုတင်တစ်လုံး… ဘာမှ မသဲသဲကွဲကွဲ မရှိ ၊ မရှိ ၊ မရှိ ။

မရေရာခြင်း နိယာမ ကို ချရောင်းတာ ဘယ်သူ ပါလိမ် ့။ ရာမ မင်းသားက ဂျူးလိယက် (Juliet ) ကို ချစ်မိသွားလို ့
ရွှေသမင် ဖမ်းပေးတယ် ဆိုလား..ပဲ။ ကဲ မင်း ငြင်းမလား။

ငါ ချစ်တဲ ့ မိန်းမ ဆိုတာ…………………………………………………………………………………………………………………………………………………………………………………………………………………..

ထားပါတော့။ အချစ်ဆိုတာ ကဝေ တစ်ကောင်နဲ ့ ဂိမ်း ကစားရသလိုပဲ…ရင် ခုန်စရာ ကောင်း..သတဲ ့။ ဟင့် အင်း….ငါမှ
အသီးအရွက် မစားတာ……….။ ဒါကြောင့်ပဲ……

( ……. …… …..)တွေ ဗြောင်းဆန် လန်ထွက်ပြီး.. ငါ့ဘဝ က နေ ့နဲ ့ ည အထားအသို လွဲနေခဲ ့တာ…။

ခက်တယ် ။ ငါကလည်း… မိုးပေါ်ဆိုတာနဲ ့ တက် တက် သွားချင်မိတာကိုး….။ ဒါကြောင့်ပဲ….
ထိပ်ဆုံးကနေ မကြာခဏ ခုန်ချပေးနေရတာ..။

အိပ်မက်နဲ ့အတူ နှစ်ပါးသွား က တဲ ့ည က အိပ်ခန်းထဲ မှာ ကုတင် ကျိုးကျ သွားတာ ဘယ်သူ မှ မသိ ။ သိအောင်လည်း ငါ ဘယ်သူ ့ကိုမှ မပြောပြပါဘူး။

နောက်တော့လည်း….. သီအိုရီ အသစ်တွေ ပါဝင် တဲ ့ လူ အသစ်ပါ ဆိုပြီး ကိုယ် ့ဘာ သာ ကိုယ် ချရောင်းနေမိ….

ဝယ်သူ မရှိ။

ဒီနေ ့တော့… ပြသနာ သာ လာပါ ။ လူ မလာရ…လို့ ့ ့ရေးပြီး…..အိမ်ရှေ ့ မှာ ကပ်ထားလိုက်တယ် ။

မိတ်ဆွေ တစ်ယောက်က ( အဲဒီ မိတ်ဆွေ က ငါ့နောက်ကျောကို
ဓါးနဲ ့ထိုးမလို ့ ချောင်းနေတဲ ့သူ..ပြီးတော့ သူ ထိုးမယ် ့ဓါးက လည်း တုံး နေတာလေ.။) What is art ? လို ့ လာမေး လို ့ ရယ်ကာမောကာ
နဲ ့ပြန်ဖြေခဲ ့ရသေးတယ် ။

အနုပညာ ဆိုတာ ဘာလဲ..လို ့ မေးနေမယ် ့အစား.
ဇော်ဇော်အောင်…ရဲ ့ ငယ်ချစ်နာမည် မနှင်းဆီ…ဆိုတဲ ့ဝတ္ထု ကို ဖတ်ကြည် ့
ပါလား…လို ့။

ဟုတ်တယ် အဲဒီ ဝတ္ထု …( အင်း…ငါကတော့
အဲဒီ ငယ်ချစ်နာမည် မနှင်းဆီ ကို ဝတ္ထု လို ့မခေါ်ချင်ဘူး။ အနုပညာ ပစ္စည်းတစ်ခု လို ့ပဲ…ခေါ်ချင်တာ..) မှာက ဖဲကြိဲုး အဝါရောင် တစ်စ ပဲ
ပါတယ် ။ စာလုံးတွေ ပါ မလာဘူး ။ အဲဒီလို ပါမလာတာကိုပဲ….ငါ့ မှာ ဖတ်လို့့ ့ ့မပြီးသေးဘူး။ အခု ထိ……..

မော်ဒန်အနုပညာ ဆိုတာ ဘာ…..ညာ….ဆိုပြီး လာပြောမနေ
နဲ ့ဦး ။ သူ ့ဘက် ကမ်းက မီး….ဘယ်လောက် လင်းသလဲ..သိချင်ရင်….
ကိုယ် ့ဘက်ကမ်းက မီးကို မှိတ်ပြီး ကြည့်မှ သေချာ သိမယ်…။

ကဲ…ကြည့်စမ်း…..ဒီလောက် တောင် တဝါးဝါး
သမ်းနေပြီးမှတော့ ငါ အိပ်ပျော်သွား သင့်ပြီ မဟုတ်လား။

ဘာလို ့များ အိပ်မပျော်သေးပါလိမ် ့။ ။ ။

( ကဗျာ မဟုတ် ပါ ။ သို့သော် ကဗျာ ဟုတ်ပါသည် ။ ဝတ္ထု
မဟုတ်ပါ။ သို ့သော် ဝတ္ထု ဟုတ်ပါသည် ။ ဘာ မှ မဟုတ်သော စာ လုံးတွေ..ဟု ပြောလျှင်လည်း ရပါသည်။ ဘာမှ မပြောလျှင်လည်းရပါသည်။
သို ့သော် သည် စာသည် အနုပညာပစ္စည်း တစ်ခု ဖြစ်စေဖို ့တော့ ရည်ရွယ်ပါသည်။
မော်ဒန် အနုပညာဆီသို ့သွားရာလမ်း သည် ခက်ခဲ မှန်း..၊ကြမ်းတမ်း မှန်း သိပါသည် ။ မော်ဒန် အနုပညာကို ခံစားဖို ့ ့ဆိုသည်မှာလည်း ခက်ခဲ မှန်း…၊ နားလည်ရ ခက်မှန်း…၊ ရှုပ်ထွေး.မှန်း…
သိပါသည်။ ဒါဖြင့် ဘာလို ့ ရေးနေ ပြောနေသလဲ ဟု မေးလျှင်တော့ အဖြေ တစ်ခု က အဆင်သင့်ရှိပါသည်။

မနေ နိုင် လို ့ ရေး ပါသည် ။ မနေ နိုင်လို ့ ဖန်တီးပါသည်။ အားလုံးကို လေးစားစွာ ခင်မင်ပါသည် ။ )

လေးစားစွာ……..

အလင်းဆက်

9 .8 .2011 / 21း 45 pm

9 comments

  • captainamerica

    August 14, 2011 at 4:40 pm

    ဆက်သာရေးပါ သူငယ်ချင်း အားပေးနေတယ်….. 🙂 🙂

  • windtalker

    August 14, 2011 at 8:44 pm

    ဝင်ရောက် ဖတ်ရှူသွားပါကြောင်း

  • မီးမီး သော်

    August 14, 2011 at 8:56 pm

    ဖတ်၍ကြည့်ပါသည်။သို ့သော် မည်ကဲ့သို ့နားလည်ရမည်ကို မည်သို ့မျှသိနိုင်စွမ်းမရှိပါရှင်။အားပေးနေပါမည်

  • ကြောင်ကြီး

    August 15, 2011 at 8:33 am

    ‘အိပ်မက်တွေ ပြီးသွားပြီ။ ပြီးသွားတာတွေက အိပ်မက် လာဖြစ်ဦးမယ်။’ ကြိုက်သွားပြီး အလင်းရေ၊ မိန်းခလေးဆို အခုဒီကနေ propose လုပ်တယ်။ ယောက်ျားလေးဆို ဂျော်လကီအုပေါင်နဲ့ စပ်ပေးမယ်…..။

  • aungnng87

    August 15, 2011 at 2:31 pm

    ဘာလဲ….။ဘာတွေလဲ….။

  • pan pan

    August 15, 2011 at 2:38 pm

    “သူ ့ဘက် ကမ်းက မီး….ဘယ်လောက် လင်းသလဲ..သိချင်ရင်….
    ကိုယ် ့ဘက်ကမ်းက မီးကို မှိတ်ပြီး ကြည့်မှ သေချာ သိမယ်…။”
    ကောင်းလိုက်တာနော်
    တွေးစရာလေး

  • alinsett

    August 15, 2011 at 7:10 pm

    အမ်မလေး….ကိုကြောင်ကြီးရယ် …..။ ကိုယ်က ကျားစစ်စစ် ပါ ။ propose လည်းမလုပ်ပါနဲ ့။
    ဂျော်လကီအုပေါင်နဲ ့လည်း စပ်မပေးပါနဲနော် ။ တောင်းပန်ပါတယ် ။ ဒီလို စိတ်ကူးမျိုးဆိုတာလည်း မတွေးကောင်းပါဘူး။ ဘုရား…ဘုရား… ကို ညောင် .ကြီး အဲလေ.ကိုကြောင်ကြီး..ကိုတော့ လန် ့တောင် လန် ့လာပြီ။ ပြီးတော့ အလင်း..လို့ မခေါ်ပါနဲ ့နော် ။ အသည်းယား လာလို ့ပါ ။

    အလင်းတွေနဲ ့ဆက်ပေးမယ် ့သူ…အလင်းဆက် ပါ ။ ဟဲဟဲ.။

  • windtalker

    August 15, 2011 at 8:39 pm

    သိပ်ကြောက်သွားလား အလက်စင်း
    ကိုပု က ကောင်းပါတယ် သဘော
    ကောင်ကြို က အမှောင်ခိုပြီး
    အပေါင်တွေဆိုတာ မသိသေးလို ့ပါ
    အလက်စင်း က အစစ်ကျား ဆိုတော့
    အချစ်များမယ့် သဘောပေါ့နော်
    ဟီဟိ

Leave a Reply