သူကြီးအလှူ နောက်ဆက်တွဲ…

 

                                                 White TomYam (or) Clear TomYam whit Seafood  

ပါဝင်သည့်ပစ္စည်းများ။       ။ပုဇွန်၊ပြည်ကြီးငါး၊ငါးအသားလွှာ၊ငါးဖယ်ပြား၊စပါးလင်၊ရှောက်ရွက်၊ငရုတ်သီးစိမ်း၊နံနံပင်၊ကောက်ရိုးမှို၊ပန်းဂေါ်ဖီ၊မုံလာဥနီ၊နာနတ်သီး၊ပဒဲဂေါ(ဂျင်းအရင့်တမျိုး)၊ရေ၊ငါးငံပြာရည်၊ဆား၊သကြား၊သံပုရာရည်။

ချက်ပြုတ်ပုံအဆင်ုဆင့်။   ။ ပုဇွန်အစိမ်းကို အခွံခွါထားပါ၊ပြည်ကြီးငါးကို အနေတော်လေးတွေလှီးထားပါ၊ငါးကိုအသားကြီးပဲလွှာပီးပါးပါးလှီးပါ။ငါးဖယ်ကကြော်ပီးသား ရယ်ဒီမိတ်လည်းရပါတယ်၊ပါးပါးလှီးထားပါ၊စပါးလင်ကို လက်နှစ်သစ်အရွယ်လောက်ဖြတ်ပါ၊ရှောက်နှစ်ရွက်သုံးရွက်ကိုရေဆေးထာပါ၊ငရုတ်သီးစိမ်းခြောက်တောင့်လောက်ကို ပါးပါးလှီးလိုက်ပါ၊နံနံပင်အနည်းငယ်ကို နုတ်နုတ်စင်းထားပါ၊သံပုရာရည်ကို ထမင်းစားဇွန်းတစ်ဇွန်းခန့်ရအောင် အရည်ညစ်ထားပါ။

အဆင်သင့်ဖြစ်လျှင် ဟင်းချိုပုဂံလုံးတစ်လုံးစာခန့်ရေကို အိုးထဲ့ထည့်၍မီးဖွင့်ထားပါ၊ဆူလာလျှင် မီးလျှော့ထားပီး အသင့်ပြင်ထားသောပုဇွန်အစိမ်း၊

ပြည်ကြီးငါးအစိမ်း စသည်တို့ကိုထည့်ပါ။စပါးလင်လက်နှစ်အရွယ်ခန့်နှစ်ချောင်းကို ဓါးပြားရိုက်ပီးထည့်ပါ၊ပဒဲဂေါ တစ်ပြားလောက်လှီးပီးထည့်ပါ၊ရှောက်ရွက်ထည့်ပါ၊ငရုတ်သီးစိမ်း၊နံနံပင်ငားလုံးထည့်ပါ၊ဆားအနည်းငယ်၊သကြားလက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ငါးငံပြာရည်၊

လက်ရည်ဇွန်းနှင့်တစ်ဇွန်း၊သံပုရာရည့်ပါ။အပေါ့အငံ ကမိမိနှစ်သက်သလိုထည့်၍သုံးဆောင်နှိင်ပါသည်။ချဉ်စပ်ကလေးဖြစ်၍ မြန်မာလူမျိုးလည်းနှစ်သက်ပါသည်။ရခိုင် မုန့်တီနှင့်လည်းအရသာစင်ပါသည်။

ခေါက်ဆွဲ၊ကြာဇံများနှင့်လည်း သုံးဆောင်နိုင်ပါသည်။

10 comments

  • ဆူး

    August 14, 2011 at 5:40 pm

    တုံယမ် ဟင်းချိုကြိုက်တယ်.. ထိုင်းက လာတဲ့ ရယ်ဒီမိတ် အထုတ်ကို ဝယ်ချက်တာ.. သိပ်စားမကောင်းဘူး အရင်ကတော့ နူဒယ်ဟောက်စ် (ဘုန်းကြီးလမ်း) အဲဒီမှာ စားတာ သိပ်ကောင်းတာပဲ

    • etone

      August 15, 2011 at 4:18 pm

      တုံယမ်း ဟင်းချိုဆို Mai Thai နဲ့ Sabai Sabai မှာ အရမ်းကောင်းတယ် … ။ ရှာပါမကဘူး .. မျက်စိပါ ကျွတ်ထွက်မတတ် ချဉ်စပ် အရသာ ရှိတယ် ဟီးဟီး ။

  • Gipsy

    August 14, 2011 at 5:49 pm

    စားချင်စရာလေး… ဗိုုက် တောင်ဆာလာတယ်…
    ဟင်းလျာ နာမည်လေးက ဘာလေးတဲ့လဲဗျာ….
    တစ်ဆိတ်လောက် ချီးမြှင့်ပါဦး………………….

    • တညင်သား

      August 14, 2011 at 6:30 pm

      တုံယမ် ဟင်းပါ ကိုGipsy ဝင်ရောက်ဖြေပေးလိုက်တယ် မှားရင်ပြင်ပေးပေါ့ ကိုဇော်မင်း……….
      အလကား လာမစားပါဘူးဗျာ မကြောက်ပါနဲ့ ( သာဒ မလေး ) 🙂 😛
      အကိုက ယိုးဒယားအစားအစာတွေ တင်ပြီး နာစီဂိုးဒင်းတွေရော မီဂိုးဒင်း တွေရောဆိုတော့ အာဆီယံ ချစ်ကြည်ရေးဆိုင်ထင်တယ်နော် .. နောက်ပြီး ဘာညာ ဘာညာ လဲရသေး ……………..

  • မီးမီး သော်

    August 14, 2011 at 5:52 pm

    စားချင်စရာကြီးနော် —အိမ်မှာ မေမေ ကိုချက်ခိုင်းရမယ်။ ကြံမဆိုင်ကိုပို ကြိုက်တယ်။ဒါလဲ မဆိုးပါဘူး အိမ်မှာဝိုင်းချက်စားကြမယ်။ရွာ သားရွာသူတွေတော့ မဖိတ်တော့ဘူး (ကပ်စေးနဲလို ့)ဟိ ဟိ

  • weiwei

    August 14, 2011 at 6:40 pm

    ဥပုသ်စောင့်ထားတဲ့အချိန် အစားအစာအကြောင်းဖတ်လိုက်မိတယ် .. ဒုက္ခပဲ .. ဗိုက်ဆာလာပြီ 🙁

  • windtalker

    August 14, 2011 at 9:42 pm

    ဘီယာဆိုင် သို ့ချီတက်ခါနီး
    ဝင်ကြည့်မိသွားတော့
    ဒီပုံလေးကို မျက်လုံးထဲ စွဲနေအောင် မှတ်သွားပြီး
    စိတ်ကူး နဲ ့
    အာလူးချောင်း တစ်ကိုက်
    ဘီယာ တစ်ကျိုက် ဖြစ်တော့မှာ
    အသေအချာ ပဲ ဗျို ့

  • zaw min

    August 15, 2011 at 12:21 am

    တုံယမ်ဖြူဟင်းချိုပါ၊ များသောအားဖြင့် တုံယမ်ကို တုံယမ်အနှစ်နှင့်ချက်သော အနီရောင်တုံယမ်ကို လူသိများပါတယ်၊တုံယမ်အဖြူမှာလည်းနှစ်မျိုးရှိပါသေးတယ်၊တစ်ခုက အုန်းနို့ထည့်ပြီးချက်ပါတယ်၊ပုံမှာက တုံယမ်ဖြူ(clear Tomyam)ပါ။ကိုတော်ကာရေ…အားလူးချောင်းကြော်နဲ့တုံယမ်းဖြူလေးနဲ့ မြန်မာစည်လေးနဲ့အိုကေမှာစိုပြေပါစေဗျာ…

  • ကြောင်ကြီး

    August 15, 2011 at 8:36 am

    မိတ်တွေနဲ့ ယိုးဒယားဆိုင် မြန်မာဆိုင် သွားစားရင် တုံယမ် (အနီ)ရယ် သင်္ဘောသီးထောင်းရယ်က မပါမဖြစ်ပဲ။ ကိုယ်က ငြီးငွေ့လို့ အခြားဟင်းချိုနဲ့ အသုပ်တခုခုပြောင်းမှာချင်လည်း သူတို့က တခါလာလည်း ဒါပဲ၊ နောက်တခါလာလည်း ဒါပဲ။ အခြားမိတ်ဆွေတွေနဲ့ သွားရင်လည်း ဒီလိုပဲ။ ယိုးဒယားဆိုင်ရောက်ရင် အဲဒီဟင်းနှစ်မျိုး အမြဲပါရမယ် မှတ်နေကြလားမသိဘူး။ စိတ်ပိန်ဒယ်… 🙁

  • zaw min

    August 15, 2011 at 3:36 pm

    ကိုကြောင်ကြီးရေ..ချဉ်ငံစပ် ဆိုရင်မြန်မာတွေကအကြိုက်ပဲလေ…တုံယမ်နဲ့ သဘောင်္သီးထောင်း(စွန်တန်)က ဗာမာပါးစပ်နဲ့တည့်တယ်လေ…သူကြီးတို့လို ကိုဘေး ဘီးစတစ်ကြိုက်သူတွေတော့မပါဘူးပေါ့ဗျာ…

Leave a Reply