ဂိမ်မာ လင်မယား

Zaw WonnaAugust 14, 20111min17410

 

တရုပ်နိုင်ငံက လင်မယား နှစ်ယောက်ဟာ သူတို့ရဲ့ ကလေး ၃ ယောက်ကို အင်တာနက်ဆိုင်မှာ ဗွီဒီယိုဂိမ်း ကစားဖို့ ငွေလိုလို့ ရောင်စားလိုက်ကြ ပါတယ်။ Sanxiang City News သတင်းစာမှာ ဖော်ပြချက်အရ လင်မယား နှစ်ဦးလုံးဟာ အသက် ၂၁ နှစ်အောက်သာ ရှိပါသေးတယ်။

Li Lin နဲ့ Li Juan တို့ဟာ ၂၀၀၉ ခုနှစ်မှာ သူတို့ရဲ့ ဒုတိယ ကလေးငယ်ဖြစ်တဲ့ မိန်းကလေးကို ဒေါ်လာ ၅၀ဝ ထက်နည်းတဲ့ ငွေပမာဏလောက်နဲ့ ရောင်းချခဲ့ပါတယ်။ နောက် ကျန်တဲ့ ယောက်ျားလေး နှစ်ဦးကိုလည်း တစ်ဦး ဒေါ်လာ ၄၆၀ဝ လောက်စီနဲ့ ရောင်းချခဲ့ကြပါတယ်။

ဒီကိစ္စကို ယောက်ျားလုပ်သူရဲ့ အမေဖြစ်သူက သိတော့ သူတို့နှစ်ဦးကို ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။ သူတို့ လင်မယားကတော့ ဘာမှ စိတ်ထိခိုက်တဲ့ပုံ မပေါ်ပါဘူးတဲ့။ သူတို့ ကိုယ်သူတို့ ရာဇဝတ်မှု ကျူးလွန်မိတယ် လို့တောင်မှ ထင်မထားပုံပဲ။ “ကျနော်တို့ ဒီကလေးတွေကို ကြီးပြင်းအောင် မစောင့်ရှောက်ချင်ဘူး၊ ဒါကြောင့် လိုအပ်နေတဲ့ ငွေအတွက် ရောင်းစားခဲ့တာပါ” လို့ ပြောခဲ့ကြပါတယ်။

သူတို့ နှစ်ယောက်ဟာ ၂၀၀ရ ခုနှစ်က အင်တာနက်ဆိုင် တစ်ခုမှာ တွေ့ခဲ့ကြတာပါ။ တွေ့လို့ သိပ်မကြာခင်မှာပဲ လပ်ထပ်ခဲ့ကြပြီး သူတို့ရဲ့ အချိန်အများစုကို အင်တာနက်ဆိုင်တွေမှာ ဗွီဒီယိုဂိမ်း ကစားရင်း ကုန်လွန်ခဲ့ကြပါတယ်။ ၂၀၀၈ ခုနှစ်မှာ သူတို့ရဲ့ ပထမဆုံး ကလေး မွေးဖွားပြီးကာစမှာတောင် မွေးကာစ ကလေးကို အိမ်မှာ ပစ်ထားပြီး ကီလိုမီတာ ၃ဝ လောက်ဝေးတဲ့ နေရာကို ဗွီဒီယိုဂိမ်းကစားဖို့ ထွက်သွားခဲ့ဖူး ပါသတဲ့။

တတ်လည်း တတ်နိုင်ပါရဲ့ ဗျာတို့။ လူနာကို မေ့ပြီး ဂိမ်းကစားတာ အချိန်လွန်သွားလို့ လူနာသေသွားတဲ့ ဂိမ်မာ ဒေါက်တာ၊ ကလေးထိန်းရင်း ဂိမ်းကစားရာက မထနိုင်လို့ ကလေး မတော်တဆဖြစ်ပြီး သေဆုံးရတဲ့ ဂိမ်မာ အမေ၊ ကျုပ်တို့ဆီမှာလည်း ဆေးတက္ကသိုလ် တက်နေရာက ဂိမ်းကစားတာ လွန်သွားပြီး စာမေးပွဲ တဘုန်းဘုန်းကျလို့ ကျောင်းထွက်ရတဲ့ ဂိမ်မာ ကျောင်းသား၊ သတင်းတွေထဲမှာ ခဏခဏ တွေ့နေရတယ်။

ဗွီဒီယို ဂိမ်းကို အပြင်းအထန် စွဲစွဲလမ်းလမ်း ကစားတဲ့ လူငယ်တွေ ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ လက်တို့လိုက်ရပါတယ် ခင်ဗျား။

Ref: www.eurogamer.net

10 comments

  • Gipsy

    August 14, 2011 at 6:02 pm

    viedo game တွေကတော့ HIV ရောဂါထက် ဆိုးပါ့ဗျာ…… ၄ နှစ်သားလေးတွေ တောင်စွဲစွဲလမ်းလမ်း
    ကစားနေကြတာကို ဝမ်းနည်းဘွယ်ရာ တွေ့ရပါတယ်… ကလေးတွေရဲ့ နုနယ်တဲ့ အသိဉာဏ် ထဲမှာ game
    ဆိုတာကြီးက စိုးရိမ်ရလောက်အောင် အန ္တရာယ် ကြီးမားနေပါပြီ….၄ နှစ်သားက စပြီး ၂၅ နှစ်အတွင်း
    လူငယ်လေးတွေ ဂိမ်းဆိုင် ထဲက မထွက်တန်း ကစားနေကြပါတယ်… သူတို့လေးတွေ ရဲ့ ဥနှောက်
    က ဂိမ်းကစားတာကလွဲပြီး ဘာကိုမှ စိတ်ဝင်တစ်စားမရှိကြတော့တာကိုလဲ တွေ့နေရပါတယ်…
    မိဘ တွေ အတွက်ရော နိုင်ငံတော်အတွက်ရော ရင်လေးစရာပါ…

  • မီးမီး သော်

    August 14, 2011 at 6:13 pm

    “””””တတ်လည်း တတ်နိုင်ပါရဲ့ ဗျာတို့။ လူနာကို မေ့ပြီး ဂိမ်းကစားတာ အချိန်လွန်သွားလို့ လူနာသေသွားတဲ့ ဂိမ်မာ ဒေါက်တာ၊ ကလေးထိန်းရင်း ဂိမ်းကစားရာက မထနိုင်လို့ ကလေး မတော်တဆဖြစ်ပြီး သေဆုံးရတဲ့ ဂိမ်မာ အမေ၊ ကျုပ်တို့ဆီမှာလည်း ဆေးတက္ကသိုလ် တက်နေရာက ဂိမ်းကစားတာ လွန်သွားပြီး စာမေးပွဲ တဘုန်းဘုန်းကျလို့ ကျောင်းထွက်ရတဲ့ ဂိမ်မာ ကျောင်းသား၊ သတင်းတွေထဲမှာ ခဏခဏ တွေ့နေရတယ်။””””
    စာရေးသူ တင်ပြတဲ့ ဒီပိုင်းလေးကိုပိုစိတ်ဝင်စားပါတယ်။တကယ်ကိုလဲလက်တွေ ့ကြပါပေတယ်။ခေတ်လူငယ်တွေ ဂိမ်းဆိုင်တွေမှာအချိန်ဖြ ုန်းနေတာ စိတ်ကုန်စရာပါ။ကျွန်မမောင်လေးဆို ဆယ်တန်းဒီနှစ်အောင်တယ်။ဂိမ်းဆိုင်ထဲက အတင်းဆွဲထုတ်ပြီးစာဖတ်တာ (၅)လ လောက်အချိန်ဘဲရတယ်။ဇီဝဗေဒဂုဏ်ထူးထွက်တယ်။စာမေးပွဲပြီးပါပီဆို ကတည်းကဂိမ်းဆိုင်မှာ နေဂိမ်းဆိုင်မှာ စားနေလိုက်တာ ခုတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတင်ရမှာမို ့ဘာကျောင်းစိတ်ဝင်စားသလဲ အိမ်မှာ တိုင်ပင်ကြတာ ဘာမှ မတက်ပါဘူးတဲ ့တွင်တွင်ကြီးငြင်းနေပါတယ်။ဘယ်လိုလုပ်ရမလဲ အကြံဉာဏ်ပေးပြပါဦး

    • zawana

      August 14, 2011 at 6:49 pm

      ဆရာလူထုစိန်ဝင်းကတော့ ပြောဖူးတယ်။ ဂိမ်းကစားတာ စွဲနေတဲ့ လူတွေကို “စက်ကျွန်တဲ့” ။ စက်ခိုင်းသမျှ လိုက်လုပ်နေရတာတဲ့။

      ကျနော် အနေနဲ့ကတော့ ဂိမ်းကစားတာ ဝါသနာ ပါတယ်ဆိုရင်လည်း တကယ့်ကို ဂိမ်းနဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို လိုက်စားသင့်တယ် ထင်တာပဲ … မနှစ်က စလုံးက ဂိမ်မာကောင်လေးတွေ စုပြီး ကုမ္ပဏီထောင်လိုက်ကြတယ်လို့ ကြားမိတယ်။ ခုခေတ်မှာ ဘာပညာပဲ ဖြစ်ဖြစ် ပရိုဖြစ်အောင် လေ့လာ လိုက်စားထားနိုင်ရင် အကောင်းဆုံးလို့ ယူဆပါတယ်။

  • PaukPhaw

    August 14, 2011 at 6:13 pm

    Game ကတော့…ဒီမှာလဲ တူတူပဲဗျ..
    မူကြိုအရွယ် ခလေးကအစ..တက္ကသိုလ်ကျောင်းသား၊လူပျို..လူရွယ် အိမ်ထောင်သည်မကျန်..
    ကစားတတ်အောင်သာ သင်ပေးလိုက်..စွဲသွားကော..

  • zawana

    August 14, 2011 at 6:54 pm

    တရုပ်ပြည်မှာ အွန်လိုင်းငွေကြေးနဲ့ ကစားတဲ့ အွန်လိုင်းဂိမ်းတွေကို အသက်မပြည့်သေးတဲ့ ကလေးတွေကို ဥပဒေအရ ကစားခွင့် မပြုပါဘူး။ ကျုပ်တို့ ဆီမှာရော အဲလို ကစားတာမျိုးတွေ ရှိနေပြီလား။ ရှိနေပြီဆိုရင်တော့ လောင်းကစား ဝါသနာပါတဲ့ ကျုပ်တို့ မြန်မာစိတ်နဲ့ကတော့ ကွက်တိပဲ။

  • Chaw Chaw

    August 14, 2011 at 8:47 pm

    အရာရာတိုင်းကို သတိနဲ့ဆင်ခြင်နိုင်ရင်တော့ အကောင်းဆုံးပေါ့ ရှင်..

  • ဆူး

    August 14, 2011 at 10:06 pm

    ဒါနဲ့ စကားမစပ်
    တရုပ်နိုင်ငံက လင်မယား နှစ်ယောက်ဟာ သူတို့ရဲ့ ကလေး ၃ ယောက်ကို အင်တာနက်ဆိုင်မှာ ဗွီဒီယိုဂိမ်း ကစားဖို့ ငွေလိုလို့ ရောင်စားလိုက်ကြ ပါတယ်။
    တရုတ်က ကလေး ၁ယောက်ပဲ မွေးဖို့ ဥပဒေ ရှိတယ်မလား.. ၃ယောက်တောင် ဆိုတော့.. နည်းနည်း တွေဝေ စရာ ရှိလို့.. ဥပဒေ ကင်းလွတ်တဲ့ ပြည်နယ်က မိုလို့လား..
    သိချင်လို့ သိရင် ပြောပြပေးပါလား။

  • pan pan

    August 15, 2011 at 10:29 am

    ဘာဖြစ်ဖြစ် အစွန်းရောက်သွားရင် ကောင်းကိုမကောင်းဘူး
    ဂိမ်းကလည်း စိတ်အပန်းဖြေဖို့လောက်ကစားရင် တော်ရောပေ့ါ
    ဂိမ်းကစားတာ အကျိုးကျေးဇူးတွေ ရှိပါတယ်
    Puzzle Gameတွေက ဉာဏ်ရည်ထက်မြက်စေပါတယ်
    ဒါပေမယ့် အလွန်အကျွံဆို ထိခိုက်လာမှာပါပဲ

  • ဝိညာဉ်ပြာ

    August 15, 2011 at 10:51 am

    ကောင်းပဗျာ……… ခု ကျွန်တော်တောင် ဒီ အကြောင်းတွေကို Dota ဆော့ရင်းဖက် ဖြစ်အောင်ဖက်လိုက်ပါတယ် ခင်ဗျာ…….

  • Onyx

    March 14, 2012 at 3:40 pm

    ဒီမှာလဲ အွန်လိုင်းဂိမ်းတွေ ရှိနေပါပြီ ကိုzawana ရေ

Leave a Reply