အာလူးကို နိုင်ငံပေါင်းစုံက ပုံစံမျိုးစုံနဲ့ လုပ်စားကြပါတယ် … ကျွန်မ အခု ချက်ပြမှာက တရုတ်ပြည်က စားလေ့စားထရှိတဲ့စတိုင်တစ်မျိုးပါ … ဆီနဲနဲနဲ့ ခပ်မြန်မြန်ကြော်လို့ရပြီး အရသာလဲကောင်းပါတယ် … တရုတ်လိုတော့ (酸辣土豆慈) suanla tudousi လို့ ခေါ်ပါတယ် ..

ပါဝင်သောပစ္စည်းများ

စားလို့ရပါပြီ

ပါဝင်သောပစ္စည်းများ
အာလူး … ခပ်ကြီးကြီး ၃ လုံး
ရှလကာရည် .. အနဲငယ်
ပဲငံပြာရည်အကြည် .. အနဲငယ်
ဆား .. အနဲငယ်
ဆနွင်းမှုန့် .. အနဲငယ်
ကြက်သွန်ဖြူ .. ၂ မွှာ
ငရုတ်သီးအခြောက်တောင့် …. ၅ တောင့်
ကြက်သွန်မိတ် .. အနဲငယ်

ပြုလုပ်ပုံအဆင့်ဆင့်
အာလူးကိုအခွံနွှာပြီး အာလူးခြစ်သည့်ဂျစ်ဖြင့် အချောင်းသေးသေးလေးများရအောင် ခြစ်ပြီး ရေခဏစိမ်ထားရပါမယ်။ (ကျွန်မဆီမှာ ဂျစ်မရှိတာနဲ့ ဓါးနဲ့လှီင်္းလိုက်လို့ အချောင်းနဲနဲကြီးသွားတယ်)ရေဆေးပြီးနောက် ရှလကာရည်၊ ဆား၊ ပဲငံပြာရည်အကြည်၊ ဆနွမ်းမှုန့်အနဲငယ်တို့ဖြင့် ခဏနှပ်ထားပါတယ်။
ကြက်သွန်ဖြူ ခပ်သေးသေးတုံး၊ ငရုတ်သီးခြောက် နှစ်ပိုင်းစီပိုင်းပြီး ကြက်သွန်မိတ်လှီးထားလိုက်ပါတယ်။ ဒယ်အိုးထဲကို ဆီလိုသလောက်ထည့်ပြီး ကြက်သွန်ဖြူ ငရုတ်သီးခြောက်တို့ဖြင့် ဆီသတ်ပါတယ်။ ထို့နောက် အာလူးထည့်ပြီး ဟင်းသီးဟင်းရွက်ကြော်သလို ခဏလောက်ကြော်ပြီး ကြက်သွန်မိတ်ဖြူးပြီး ပန်းကန်ထဲထည့်ပြီး စားနိုင်ပါပြီ။

သက်သတ်လွတ်စားစရာ ဟင်းအမည်တစ်ခုအနေဖြင့် အလွန်လွယ်ကူသည့် အာလူးချောင်းချဉ်စပ်ကြော်လို့ မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ် ….

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....