အာလူးချောင်းချဉ်စပ် (သက်သတ်လွတ်) easy cook

weiweiAugust 14, 20111min14614

အာလူးကို နိုင်ငံပေါင်းစုံက ပုံစံမျိုးစုံနဲ့ လုပ်စားကြပါတယ် … ကျွန်မ အခု ချက်ပြမှာက တရုတ်ပြည်က စားလေ့စားထရှိတဲ့စတိုင်တစ်မျိုးပါ … ဆီနဲနဲနဲ့ ခပ်မြန်မြန်ကြော်လို့ရပြီး အရသာလဲကောင်းပါတယ် … တရုတ်လိုတော့ (酸辣土豆慈) suanla tudousi လို့ ခေါ်ပါတယ် ..

ပါဝင်သောပစ္စည်းများ
စားလို့ရပါပြီ

ပါဝင်သောပစ္စည်းများ
အာလူး … ခပ်ကြီးကြီး ၃ လုံး
ရှလကာရည် .. အနဲငယ်
ပဲငံပြာရည်အကြည် .. အနဲငယ်
ဆား .. အနဲငယ်
ဆနွင်းမှုန့် .. အနဲငယ်
ကြက်သွန်ဖြူ .. ၂ မွှာ
ငရုတ်သီးအခြောက်တောင့် …. ၅ တောင့်
ကြက်သွန်မိတ် .. အနဲငယ်

ပြုလုပ်ပုံအဆင့်ဆင့်
အာလူးကိုအခွံနွှာပြီး အာလူးခြစ်သည့်ဂျစ်ဖြင့် အချောင်းသေးသေးလေးများရအောင် ခြစ်ပြီး ရေခဏစိမ်ထားရပါမယ်။ (ကျွန်မဆီမှာ ဂျစ်မရှိတာနဲ့ ဓါးနဲ့လှီင်္းလိုက်လို့ အချောင်းနဲနဲကြီးသွားတယ်)ရေဆေးပြီးနောက် ရှလကာရည်၊ ဆား၊ ပဲငံပြာရည်အကြည်၊ ဆနွမ်းမှုန့်အနဲငယ်တို့ဖြင့် ခဏနှပ်ထားပါတယ်။
ကြက်သွန်ဖြူ ခပ်သေးသေးတုံး၊ ငရုတ်သီးခြောက် နှစ်ပိုင်းစီပိုင်းပြီး ကြက်သွန်မိတ်လှီးထားလိုက်ပါတယ်။ ဒယ်အိုးထဲကို ဆီလိုသလောက်ထည့်ပြီး ကြက်သွန်ဖြူ ငရုတ်သီးခြောက်တို့ဖြင့် ဆီသတ်ပါတယ်။ ထို့နောက် အာလူးထည့်ပြီး ဟင်းသီးဟင်းရွက်ကြော်သလို ခဏလောက်ကြော်ပြီး ကြက်သွန်မိတ်ဖြူးပြီး ပန်းကန်ထဲထည့်ပြီး စားနိုင်ပါပြီ။

သက်သတ်လွတ်စားစရာ ဟင်းအမည်တစ်ခုအနေဖြင့် အလွန်လွယ်ကူသည့် အာလူးချောင်းချဉ်စပ်ကြော်လို့ မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ် ….

14 comments

  • MaMa

    August 14, 2011 at 7:34 pm

    လွယ်ကူသက်သာ စားကောင်းတာ
    နည်းလမ်းညွှန်ပြ ကျေးဇူးဗျ။
    (ရေးချင်လို့ ရေးလိုက်တာ၊ ဖတ်မကောင်းရင် ဆောတီး။)

  • ဆူး

    August 14, 2011 at 7:54 pm

    အဲလိုတော့ တခါမှ ကြော်မစားဘူးဘူး။
    ငယ်ငယ်ကတော့ ကျောင်း ထမင်းချိုင့်ထဲမှာ အာလူးနဲ့ ကြက်ဥ ရောကြောတာ အမြဲပါတယ်။
    အဲဒီ အာလူးကြက်ဥ ကြော်လေးတောင် သတိရမိတယ်။

  • manawphyulay

    August 14, 2011 at 7:54 pm

    ဗိုက်တောင် ဆာလာပြီ လုပ်နည်းလေးတွေမှတ်သွားပါတယ်ရှင်။

  • hmee

    August 14, 2011 at 8:56 pm

    အိမ်က ချစ်ချစ်ကြီးက အာလူးကို အဲ့လို အချောင်းလေးတွေ လှီးပြီး ကြော်ပြီးတာနဲ့ ဂျော်နီနဲ့ လမ်းလျှောက်တာပဲ။

  • windtalker

    August 14, 2011 at 9:33 pm

    မြည်းလို ့ကောင်းလိုက်မယ့် ပုံပဲနော်
    ကူးယူသွားကြောင်းပါ

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 14, 2011 at 9:50 pm

    အင်းးးးးးးးးးးးးးးးးးးးးးးး
    သူများနဲ့မတူအောင်မန်းဦးမှ
    ……………………….
    ဪ……………………………..
    လူဒွေ
    လူဒွေ
    မျိုးချစ်စိတ်ရှိပုံများ
    မြန်မာပြည်က အာလူးကိုတောင်
    သူတို့ ရွှေမျိုးတိုင်းပြည်က နာမည်တတ်ပြီး
    တရုပ်အာလူးကျော်……………….ဆိုပြီးးးးးးးးးးးးးးးးးးးး
    အင်းအင်းအင်း
    တရုပ်ပလဲဝဲနဲ့စိုက်ထားတာဂိုး
    အနိစ္စ၊ဒုက္ခ၊အနတ္တ

  • တညင်သား

    August 15, 2011 at 8:37 am

    အာလူးကို နည်းမျိုးစုံနဲ့ ကြော်စားလာတာ ဒီနည်းလဲ အသားသိပ်မကြိုက်တဲ့ကျွန်တော့် အတွက်တော့ ဟင်းချက်နည်း အသစ်ပေါ့ ကျေးဇူးပါပဲဗျာ…………

  • ကြောင်ကြီး

    August 15, 2011 at 8:47 am

    အာလူးကြော်တာ ဆီမနိုင်၊ အကြော်အိုးမဟုတ်၊ မီးမချိန်တတ်ရင် စားလို့မနိပ်ဘူးဗျ..။

  • နွယ်ပင်

    August 15, 2011 at 11:40 am

    အာလူးကို ဘယ်လိုပုံစံလာလာ နွယ်ပင်အကြိုက်ပဲ
    ဒါမျိုးတော့ တစ်ခါမှ မစားဘူးသေးဘူး
    နည်းအသစ်လေးမို့ လုပ်စားကြည့်လိုက်ဦးမယ်
    ကျေးဇူးပါ မဝေရေ ……………..

  • aungnng87

    August 15, 2011 at 1:05 pm

    ကျေးဇူးဘဲ။လုပ်စားကြည့်ဦးမယ်။

  • doekalay

    August 15, 2011 at 2:32 pm

    အာလူးနဲ ့ပတ်သတ်တာဆိုအကုန်ကြိုက်တယ်

  • zaw min

    August 15, 2011 at 3:50 pm

    ကျေးဇူးပါပဲ..ထပ်ပြီးမှတ်ထားလိုက်ပါတယ်…မဝေရဲ့ ဟင်းချက်နည်းထဲက မန်ချူးဆောစ့်ကြက်သားဟင်းကို အတုယူပြီးကျနော့ မီနှုးထဲမှာ ဟင်းပွဲတစ်ခုတိုးလိုက်ပါသေးတယ်…နောက်နေ့ဟင်းပွဲပုံကိုတင်ပေးပါ့မယ်…တရုတ်လို အာလူးကို မာလီဆူလို့ခေါ်သေးလားဟင်…စွမ်လ ဆိုတာကချဉ်စပ်ပေါ့နော်…မျှဝေပေးတာ ကျေးဇူးပါ…

    • weiwei

      August 15, 2011 at 5:38 pm

      အာလူးကို တရုတ်လို ထူသို့ (tudou) လို့ ခေါ်တာကိုပဲ သိတယ် … တရုတ်ဟင်းလျာတွေထဲက ဗမာနဲ့မတူပဲ အလွယ်ချက်လို့ရတာတွေကို စဉ်းစားမိရင် ချက်ပြပါအုန်းမယ် … ကျွန်မက ဟင်းချက်ဖို့အချိန်သိပ်မရလို့ လွယ်လွယ်ချက်လို့ရတာကိုပဲ ကြိုက်တယ် ..

  • forever

    August 15, 2011 at 7:53 pm

    အာလူးတော.သိပ်မကြိုက်ဘူး
    တခြားသတ်သတ်လွတ်ဟင်းတွေလဲ ကြုံရင်
    ရေးပေးပါအုံး.. လုပ်စားချင်လို.

Leave a Reply