“စောမွန်လှရဲ့ရွှေစာရံ”

“စောမွန်လှရဲ့ ရွှေစာရံ”

“အသက်မကြီးသေးပါမောင်ရယ် ထန်းရွက်ပုတီးလေးဆွဲလို့ ရွှေစာရံကိုတစ်ခေါက်သွားအုံးမယ်”
ဆိုတဲ့သီချင်းလေးကတော့ တော်တော်များများကြားဘူးပေမယ့် ရောက်ဘူးသူလဲရှိသလို
မရောက်ဘူူူူးသူများလဲရှိပါမယ်။
မန္တလေးကနေပြင်ဦးလွင်ကို သွားတဲ့လမ်း ကနေသွားရင်ရွှေစာရံဘုရားကိုရောက်ပါတယ်။
မြို့သစ်က သိပ္ပံလမ်းအဆုံးအောင်ပင်လယ်ကန်ဘောင်ရောက်လို့ ဘိုးဘိုးကြီးနန်းကိုကျော်လို်က်တာနဲ့
စောမွန်လှနဲ့ပါတ်သက်နေတဲ့ မြတဘက်ရ ဘုရားကို တွေ့ရမှာပါ။
စောမွန်လှကတော့ ရှမ်းပြည်က လှပတဲ့မင်းသမီးတစ်ပါး။
ပုဂံပြည့်ရှင်ရဲ့ မိဖုယား သူနဲ့ပါတ်သက်နေတဲ့ နာမည်ကျော်ဘုရားကတော့ ရွှေစာရံဘုရားနဲ့ နားဋောင်းကျချောင်းပါဘဲ။
နေပြောက်မထိုးအောင် သစ်ပင်တွေက စီးမိုးလို့အကာအကွယ်ပေးထားတဲ့ အေးမြတဲ့လမ်းကလေးအတိုင်းစီးသွားလု့ိ နားဋောင်းကျချောင်းကိုကျော်တာနဲ့ ပထမဆုံးတွေ့ရတဲ့တောင်ဘက်ကိုသွားတဲ့လမ်းလေးအတိုင်း လိုက်သွားရင်
ရွှေစာရံဘုရားကိုရောက်ပါတယ်။
အရင်တုံးကတော့ မြေနီလမ်းဖုံဖုံလေး။
အခုတော့ရွှေစာရံဂေါက်ကွင်းနဲ့ အနုပညာတက္ကသိုလ်(ပန်တျာကျောင်း)ရှိတဲ့အတွက်ကျောက်လမ်းမဖြစ်ပြီး
လမ်းကဖြောင့်ဖြူးလို့နေပါတယ်။
ဟိုးဝေးဝေးမှာမြင်ရတာတော့ နာမယ်ကျော် ကျွဲနဖားတောင်နဲ့ ရှမ်းရိုးမတောင်တန်းတွေဖြစ်ပါတယ်။

ရှမ်းရိုးမရဲ့လွမ်းစရာမြင်ကွင်း
ထူးခြားတဲ့ပုံသဏ္ဍာန်ရှိတဲ ကျွဲနဖားတောင် လေးကိုမြင်ရတာ ကြည်နူးစရာပါ။
ဒီနားလေးရောက်လို့ခဏနေရင် ရွှေစာရံဘုရားကိုရောက်ပါပြီ။

ထူးခြားတဲ့ပုံသဏ္ဍာန်ရှိတဲ ကျွဲနဖားတောင် လေးကိုမြင်ရတာ ကြည်နူးစရာပါ။
ဒီနားလေးရောက်လို့ခဏနေရင် ရွှေစာရံဘုရားကိုရောက်ပါပြီ။
ရွှေစာရံဘုရားက သာမန်ဘုရားဖူးတွေထက်စာရင် စောမွန်လှမင်းသမီးနဲ့ပဌာန်းဆက်ရှိတယ်
ပါတ်သက်ဆက်နွယ်တဲ့အနွယ်တော်တွေက ပုံမှန်လာရောက်လို့ ကုသိုလ်ပြုတတ်ကြပါတယ်။
ဘုရားပရဝုဏ်ထဲရောက်ပြီဆိုတာနဲ့ ရှမ်းအိုးစည်သံနဲ့နတ်ချော့နေတဲ့အသံကိုကြားရမှာဖြစ်ပါတယ်။

ဘုရားပရဝုဏ်ထဲရောက်ပြီဆိုတာနဲ့ ရှမ်းအိုးစည်သံနဲ့နတ်ချော့နေတဲ့အသံကိုကြားရမှာဖြစ်ပါတယ်။
အရှေ့ဘက်ကမြင်ရတဲ့ဘုရားစောင်းတန်းအဝင်ဝမှာ စောမွန်လှမယ်တော်ကို ဆက်ဘို့
ခေါင်းပေါင်း ပုဝါ ပုတီးနဲ့ သစ်သီးစုံကန်တော့ပွဲတွေရောင်းတဲ့အသယ်တွေကိုစတွေ့ရပါပြီ။

ခေါင်းပေါင်းလေးတွေ
သစ်သီးစုံပွဲလေးလဲ ဝယ်ကပ်လို့ရပါတယ်နော်
အုန်းငှက်ပျောပွဲ
ဒါကတော့ရွှေစာရံစေတီတော် အခုတော့ ကြေးပြားအသစ်တွေ ပြန်ကပ်လို့နေပါတယ်။
ခေါင်းလောင်းလေးပါ
စောမွန်လှစာအုပ်နဲ့ပန်းချီပုံ
အနောက်ဘက်ခြမ်းကဘုရား ဒီဘုရားက ရွှေသင်္ကန်းကပ်လို့ရပါတယ်။
အဝေးကမြင်ရတဲ့ စေတီတော်
စေတီတော်ရဲ့အနောက်ဘက်မှာရှိတဲ့ ဖုးိကုလားနဲ့ဖိုးပေါ်ဘုရား။
ဘုရားပုံသဏ္ဍန်ကတော့ ပုဂံခေတ်လက်ရာများလို့ ခံစားရမိပါတယ်။

စောမွန်လှမယ်တော်ကို ပူဇော်နေပုံပါ
စောမွန်လှမယ်တော်ကို ခေါင်းပေါင်းတော်လဲပေးနေပုံ
ဟောအသစ်လဲပေးပြီးသွားပါပြီ။
သူတို့ရဲ့ရုပ်ထုတွေပါ။


မော်မဖူးဘဲစေတီတော်ကို အပြည့်မြင်နိုင်တဲ့နေရာလေး
လက်ဆောင်ပေးစရာ ဈေးတန်းလေး
အိမ်အပြန်လက်ဆောင် ထန်းရွက်ငါးနဲ့ထန်းရွက်ပုတီး မြန်မာလက်ရာစစ်စစ်
ကဲလာ ကဲလာ ကြိုက်တာရွေးဝယ် ပြည်တွင်းဖြစ်လေးတွေချည်းဘဲနော်
ဘုရားကနေအောက်ဆင်းသွားရင် ဒီမန်းကျည်းပင်ကြီးကိုတွေ့ရပါတယ်။
ဒုဌဝတီမြစ်နဲ့ ကျွဲနဖားတောင်အလှ
ကဲမန်းလေးဘက်ရောက်ရင်သွားဖူးဖြစ်အောင်ဖူးနော်

13 comments

  • နောက်နေ့ကော်နက်ရှင်ကောင်းရင်
    ဖိုးကုလားဘုရားထဲက နံရံဆေးရေးပန်းချီနဲ့ လှုျိုဝှက်ဂူပေါက်ပုံတွေတင်ပေးပါမယ်။
    မကြာမီလာမယ် မျှော်ပါ………………
    ကြိုတင်ကြော်ငြာဝင်ထားပါတယ်

    ပုံ
    ကိုပေါက်(မန္တလေး)
    ပေါက်ကရတွေးပေါက်ကရရေး
    ပေါက်ကရကော်မင်းပေး
    ပေါက်ကရပုံတွေရိုက်တင်တဲ့
    ကိုပေါက်

  • pooch

    August 14, 2011 at 11:33 pm

    အနော် မန်းလေးမှာနေတာ အနှစ် ၂ဝ ကျော်ပြီ ရွှေစာရံကို နှစ်ခေါက်လားပဲ ရောက်ဖူးတယ် လူရှုပ်တဲ့ နေရာဆို သိပ်မကြိုက်တာနဲ့ အခါကြီး ရက်ကြီးဆို ဘယ်မှ သိပ်မရောက်ဖြစ်ဖူး တောင်ပြုံးဆိုတာလည်း အခုထိမရောက်ဖူးဘူး အိမ်ကလည်း ဘိုးစဉ်ဘောင်ဆက် မသွားကြလို့ အနော်တို့ လက်ထက်လည်း မရောက်ဖြစ်ဖူး.. အခုလို လေးပေါက်ကျေးဇူးနဲ့ မြင် ရတွေ့ရတာပါ .ရုပ်ရှင်ထဲမှာတော့ ကြည့်ဖူးတယ်..
    ဒါနဲ့ လေးပေါက်ရယ် ဒီကော်နက်ရှင်နဲ့ ဒီပုံတွေ ကို တင်နိုင်တာ အရမ်းအရမ်းအရမ်းကို လေးစားပါတယ်
    အလွန်အလွန့်ကို စိတ်ရှည် သီးခံနိုင်စွမ်းရှိသော လေးလေးပေါက်ပါ…. bravo….:)

  • MaMa

    August 15, 2011 at 7:31 am

    ထန်းရွက်ပုတီးတွေ၊ ထန်းရွက်ငါးတွေ ဝယ်ချင်စရာပဲ။ သီးစုံကန်တော့ပွဲကလည်း စုံနေတာပဲ။ ဘုရားပွဲရက်တော့ ဟုတ်ဟန်မတူဘူး။ လူတွေသိပ်မများလို့။ ဒါတောင် ပစ္စည်းတွေ စုံစုံလင်လင်ရောင်းနေကြတယ်ဆိုတော့ အမြဲတမ်း လူသွားလူလာ များလို့ ဖြစ်ရမယ်။

  • pan pan

    August 15, 2011 at 8:43 am

    နတ်နဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေ တော်တော်ဦးစားပေးရောင်းတယ်နော်
    စောမွန်လှမယ်တော် အတွက်ပေ့ါ
    ရွှေစာရံဘုရား ရောက်ဖူးဖို့နေနေသာသာ အရင်ကရွှေစာရံဘုရား ဘယ်နားရှိမှန်းတောင်မသိဘူး

  • weiwei

    August 15, 2011 at 9:00 am

    ဘုရားမှာ နတ်နဲ့ပတ်သက်တာတွေကို မြင်ရတိုင်း စိတ်ပျက်မိတယ် …
    ဘုရားကိုကြည်ညိုတဲ့စိတ် အနှောင့်အယှက်ဖြစ်ရလွန်းလို့ …

  • mr.lone

    August 15, 2011 at 10:34 am

    မော်မဖူးပဲစေတီတော်ကိုအပြည့်မြင်နိုင်တဲ့နေရာလေး ဆိုပြီးအောက်က ပုံ လေးလေ ရေတွင်း အသေးစားလေးလေ ။ အဲဒါ ဘာသဘောလဲဟင် အဲဒီ့ ထဲကိုငုံ့ကြည့်ရင် စေတီကို တွေ့တဲ့သဘောလား
    ဦးဦးပေါက်။….

  • မဝေရေ
    မြန်မာပြည်ရဲ့ ကိုးကွယ်ခြင်းတွေသည် ရောထွေးနေတာကြာပါပြီ။
    အဲတော့ လိုက်ပြုပြင်လို့လဲ ရနိုင်မယ်မထင်ဘူးဗျ။
    ရိုးရာနဲ့ဆို်င်သောယုံကြည်မူ့ကလဲရင်ထဲအသဲထဲမှာခို်င်မာနေပါပြီ။
    ဒီရွှေစာရံဘုရားတို့ တောင်ပြုံးတို့ဆိုတာ ဘုရားဖူးသက်သက်လာသူ နည်းပါးပါတယ်။
    နတ်နဲ့သက်ဆိုင်သူများသာ လာကြပါတယ်.
    ကျနော်ကတော့ ဒုဌဝတီရေတက်ချိန်လေးရယ် ဖိုးကုလားဘုရားက နံရံပန်းချီတွေကို ဓါတ်ပုံ ရိုက်ချင်လို့အရောက်သွားလိုက်တာပါ။
    ကိုယ်လိုချင်တာယူပြီး မလိုချင်တာပယ်ထားတဲ့အကျင့်ကို ကျင့်နေတာကြာပါပြီ။
    mr.lone ရေ
    ဟုတ်ပါတယ် ရွှေစည်းခုံစေတီတော်က အတိုင်းပါဘဲ
    ရေတွင်းထဲမှာအရိပ်လာထင်တာပါ။
    ရှေးမြန်မာတွေ က လည်း တြီဂိုနို်မေတြီဘာသာရပ်ကို တတ်ကျွမ်းတယ်လို့ပြောလို့ရပါတယ်.

  • မမရေ
    ဟုတ်ပါတယ် ဘုရားပွဲရက်မဟုတ်ပေမယ့် စောမွန်လှနဲ့ဆက်စပ်ပါတ်သက်နေတဲ့အနွယ်တော်တွေက
    လာရောက်ပူဇော်ပသလေ့ရှိတဲ့အတွက် ကန့်တော့ပွဲတွေ တွေ့ရတာပါ
    ယုံတာ မယုံတာ အပထား ယုံကြည်သူများကတော့ သူယုံကြည်တဲ့အတိုင်းလုပ်ကြတာ သဘာဝတရားပါ။
    ဘုရားပွဲက တော့ အကြာကြီးကျင်းပပါတယ်။
    တပေါင်းလပြည့်နေ့က ဘုရားပွဲနောက်ဆုံးနေ့ပါ။
    အဲဒီနေ့ဆို မန်းလေးက လူအကုန်လောက် ရွှေစာရံကိုရောက်နေကြပါတယ်။
    1984ခုနှစ်ရဲ့တပေါင်းလပြည့်နေ့ကတော့ မန်းလေးမြို့အသဲကွဲခဲ့တဲ့နေ့ပါ။
    ရွှေစာရံဘုရားပွဲသွားနေတုန်း မန်းလေးမြို့ရဲ့နာမယ်ကျော် ဦးကြားကြီး ဝင်းက စမီးလောင်လိုက်တာ
    တစ်မြို့လုံးပြောင်သလင်းခါသွားခဲ့ပါတယ်။
    ဘာမှမရလို်က်သူများတယ်လေ။

  • aungnng87

    August 15, 2011 at 1:40 pm

    ပုံတွေကိုကြည့်ရတာ လွမ်းသလိုလို ဆွေးသလိုလိုဘဲ။ စေတီတော်ကြီးကိုကြည့်ပြီးတော့လည်းလွမ်းတယ်၊ မြစ်ကြီးကိုမြင်ရတာ၊ မန်ကျည်းပင်ကြီးကိုမြင်ရတာ အင်း…. ဗမာပြည်ပြန်ရောက်ရင်တော့ သေသေချာချာသွားလည်ရမယ်။ ကျေးဇူးဘဲနော်။

  • ရွှေဘိုသား

    August 15, 2011 at 2:20 pm

    လေးပေါက်တို. မန္တလေးကို ရွှေဘိုပြန်လို. တစ်ညပဲ ဝင်တည်းဖူးတယ်

    နှံ.အောင်မလည်ဖူးသေးဘူး သမိုင်းဝင်မြို.တွေမို. လည်ချင်တယ် မန်းတောင်ရိပ်ကိုလည်းခိုဖူးချင်တယ်

    လေးပေါက် လာလည်ရင် လိုက်ပို.မလား အသိမရှိဘူးဖြစ်နေလို့ ပြောလို.သာပြောရတာ

    အခုလိုတင်ပေးတာကိုကလည်း လိုက်ပို.သလောက်ဖြစ်နေပါပြီ တော်တော်တောင်စုံနေပြီ

  • hmee

    August 15, 2011 at 2:33 pm

    လေးပေါက် အဲ့ဒီနေ့က အင်္ကျ ီအပြာရောင် ဝတ်သွားတာမလား။ 🙂 မန်ကြီးပင်ကြီးနဲ့ အောက်ခြေက ခြုံလေးတွေ မြင်ရတာ မျက်စေ့အေးသွားတာပဲ။ လေးပေါက်ရေ ဒီမှာတော့ အဲ့လို အလေ့ကျပေါက်ပင် မရှိသလောက်ပဲ။ အဲ့လို ခြုံလေးတွေ ဖြစ်အောင် တမင်တကာကို စိုက်ထားရတာ။ အောက်ခြေမှာ ပိုက်လေးတွေပါပါတယ်။ မှီတို့ ပြည်ကတော့ တကယ်ကို သဘာဝအလှတွေနဲ့ ပြည့်နေတယ်ဆိုတာ အပြင်ရောက်တော့ ပိုသိလာတယ်။ စိမ်းညှို့တဲ့တောင်တွေ ၊ ရေတသွင်သွင်စီးနေတဲ့ မြစ်တွေ၊ စိမ်းစိုတဲ့လယ်ကွင်းတွေ တကဲ့အလှတွေပါ။ ဒီမှာ မြောက်ပိုင်းမှာ အရမ်းလှတဲ့ ရေတံခွန်ဆိုပြီး ဝင်ကြေး အများကြီးပေးပြီ ဝင်ရတယ်။ သေသေချာချာတော့ ထိန်းသိန်းထားတာ။ ဒါပေမဲ့ ဒါလောက်များ ပွဲကောက်ရေတံခွန် အသေးလောက်တောင် လှတာမဟုတ်။ ဒါကို တကယ့် အလှဆုံးဆိုပြီး ခရီးသည်တွေကို ပြစားတာ။ မှီတို့လို ရေမြေကောင်းက လာသူတွေ အတွက်တော့ ရီစရာလေး ဖြစ်နေသလိုပါပဲ။

  • အမှန်အတိုင်းပြောရရင် မြန်မာပြည်အကြောင်းက အကောင်းအပြောမခံရတာများပါတယ်။
    အဲတော့ မြန်မာဖြစ်ရတာကို ရှက်သူများလည်းရှိကြပါတယ်။
    လောက မှာ ဘယ်နေရာမှာမဆို ကောင်းမျုးိနှစ်ထွေရောလို့နေပါတယ်။
    ဒါကလဲ သဘာဝပါဘဲ။
    အဲတော့ကာ မြန်မာပြည်မှာလဲ နေချင်စရာကောင်းတဲ့ နေရာဒေသလေးတွေ၊
    ရူ့ခင်းလေးတွေ၊
    ရှေးမြန်မာများရဲ့ ဂုဏ်ယူလောက်တဲ့လက်ရာတွေကို တမင်ရှာကြံလို့တင်ပေးနေရတာပါဗျာ။
    မြန်မာပြည်မှာလဲ ဂုဏ်လောက်စရာလေးတွေရှိပါရဲ့ဆိုတာကို သိစေချင်လို့ပါ။

  • ရွှေဘိုသားရေ
    တစ်ယောက်ထဲတော့ လိုက်မပို့ဘူး။
    ထညက်ဆမ်းဆိုရင်လိုက်ပိုံမယ်။
    ဟုတ်တယ်ဟုတ်……
    လူစုလိုက်လေ……………

Leave a Reply