ဆရာ-နန္ဒာသိန်းဇံ ကွယ်လွန်ပြီ

ဂ်စ္စူAugust 14, 20111min23113



UMFCCI မှာလုပ်တဲ့ သောပြောပွဲမှ ဆရာနန္ဒာသိန်းဇံ


ယနေ့ ၁၄ ဩဂုတ် ၂၀၁၁ တနင်္ဂနွေနေ့ ညနေတွင် ထင်ရှားကျော်ကြားသော ဒသနပညာရှင် စာရေးဆရာ၊ အငြိမ်းစား ဒဿနိကဗေဒ ပါမောက္ခ နန္ဒာသိန်းဇံသည် ရန်ကုန် ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း ဒေါက်တာ ခင်မောင်ညိုက ဖုန်းဆက် သတင်းပေးပါသည်။

မိတ်ဆွေတစ်ဦးကလည်း Khant Nyi Pe Saya Nandar Thein Zan passed away.14 August 2011,Sunday. ဟု ယခုလေးတွင် သတင်းပေးပါသည်။ ဆရာသည် အသက် ၇ဝ ဝန်းကျင်ခန့်ရှိပါမည်။ ကျန်းမာရေးမကောင်းတာတော့ ကြာပါပြီ။ ခရောင်းတောကို ဖြတ်သန်းခြင်း၊ မိတ်ဆွေကောင်းနှင့် ခရီးသွားခြင်းစသော အတွေးအခေါ်စာပေများကို ရေးသားခဲ့ပြီး လူငယ်ပရိသတ်အပေါ် အထူးလွှမ်းမိုးခဲ့ပါသည်။

(ဆရာမောင်ဝံသ ထံမှ ကူးယူပါသည်)
Source:Irrawaddy’s Blog
http://www.irrawaddyblog.com/2011/08/blog-post_7066.html

13 comments

  • ရာဇဝင်လူဆိုး

    August 14, 2011 at 9:49 pm

    လူငယ်တွေကို လမ်းပြနေသူတစ်ဦးကွယ်လွန်ခြင်းအတွက် အလွန်တရာဝမ်းနည်းပါကြောင်း……

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 14, 2011 at 9:55 pm

    ဒီပုဂ္ဂိုလ် ( ဆရာ ) ရဲ့ စာအုပ်တစ်အုပ်က စာကြောင်းအချို့ကို လက်တမ်းရေးလိုက်ပါတယ်
    သည်။၏ လွဲသော်လည်း မူရင်းစာအဓိပ္ပါယ်ပေါ်အောင်ရေးပါမည်
    ( ဘဝအောင်မြင်ရေးသို့ ရှေးရှုကြ )
    ကမ်းပျောက်တဲ့ ကိုတံငါ ကမ်းပျောက်သည့်အခိုက် ကိုးကွယ်ရာကို ရှိခိုးပြီးသည်အလျှောက်
    လျှပ်စီးကြောင့် ကမ်းကိုတွေ့ခြင်း
    ( တော်တော် အဓိပ္ပါယ်ရှိတယ်နော် )

  • koyinmaung

    August 14, 2011 at 10:22 pm

    အို….ဆရာကြီးနန္ဒာသိန်းဇံကွယ်လွန်သွားတာအလွန်နှစ်မြောမိပါတယ်…ကောင်းရာမွန်ရာရောက်မှာပါ…

  • Ko Ko Aung

    August 14, 2011 at 11:31 pm

    ခပ်ငယ်ငယ်က ..
    ဦးလေးတယောက်ဆီက – ဆရာရေးတဲ့ ခယောင်းလမ်းကို ဖြတ်ကျော်ခြင်း စာအုပ်လေးဖတ်ခဲ့ရတယ်။ ရင်ထဲမှာ အတွေးလေးတွေ အညှောက်ပေါက်လာခဲ့တယ်။

    နဲနဲပိုကြီးလာတော့ ..
    အကိုဆီက – ဘဝအဓိပ္ပါယ်နှင့် ဘဝသစ္စာ ကို ဖတ်ခဲ့ရတယ်။ ကျွန်တော့ အတွေးအခေါ် လမ်းကြောင်းတွေ ပြောင်းခဲ့တယ်။

    တက္ကသိုလ်ရောက်တော့ ဒဿနိကဗေဒမှာ ကျွန်တော့အတန်းကို ဆရာသင်ရတယ်။

    ဆရာ့ထံက အတွေးအခေါ်နဲ့ ပညာတွေကို စာသင်ခန်းထဲမှာသာမက ဂျပ်ဆင် canteen က လက်ဘက်ရည်ဆိုင်လေးမှာပါ အခြားတပြည့်တွေနဲ့ အတူဆည်းပူးခွင့်ရခဲ့တယ်။

    ကျွန်တော့ဘဝရဲ့ လက်ဦးဆရာတဦးဖြစ်သူကို နှုတ်ဆက်ကန်တော့လိုက်ပါတယ်။

  • pooch

    August 14, 2011 at 11:53 pm

    ဒီနေ့ ထူးအိမ်သင်ကွယ် လွန်တာ ရ နှစ်ပြည့်လို့ ထူးအိမ်သင်နေ့ဆိုပြီး အမှတ်တရ ကျင်းပကြတယ် အခုတခါ ဒီနေ့ မှာပဲ စာပေ လောကရဲ့ အထင်ကရ ထင်ရှားကျော်ကြားသော ဒသနပညာရှင် စာရေးဆရာ၊ တယောက် ကြွေလွင့်ပြန်တယ် အစားထိုးမရတဲ့ သူတွေကို တဖြည်းဖြည်းချင်း ဆုံးရှုံးနေရတယ်…..ဝမ်းနည်းရပါတယ်… ကောင်းရာသုဂတိလားပါစေ..

  • မင်းပြည့်ရှိန်

    August 15, 2011 at 12:11 am

    အလင်းရောင်ပေးတဲ့ မီးတိုင်လေး တစ်ခု…..
    ခုတော့……………
    ငြိမ်းခဲ့ပြီတဲ့လား…

    မီးစာကုန်…. ဆီခမ်း ခဲ့တဲ့ တိုင်… အလင်းရောင်ပေးခဲ့ သတဲ့လား… ဆရာရယ်…
    ဆရာ ပေးခဲ့တဲ့ အလင်းနဲ့
    ကျွန်တော်တို့ လမ်းမှန်ပေါ် ရောက်ခဲ့ဖူးတယ်… လျှောက်ခဲ့ဖူးတယ် ဆိုရင်… ဆရာ ကျေနပ်မှာပါ….
    ဆရာ မရှိတော့ပေမယ့်.. ဆရာ့ ဆုံးမစာတွေက လမ်းပြတုန်း.. အလင်းရောင်ပေးနေတုန်း….
    ဆရာရယ်.. ဘဝဆိုတာ ခဏလေးပေမယ့်…. ဆရာကတော့ တန်ဖိုးရှိအောင် ကြိုးစားခဲ့တယ်နော်…
    ဆရာ ချစ်ခဲ့တဲ့ …ဆရာ တန်ဖိုးထားခဲ့တဲ့….
    ကျွန်တော်တို့လည်း…
    ဆရာ့ စေတနာတွေ အလကား မဖြစ်စေရအောင်…. ဘဝကို တည်ဆောက်မှာပါ…
    ဆရာ ထွန်းညှိခဲ့ပေးတဲ့ အလင်းမီးတိုင်တွေကနေ တစ်ဆင့်….
    ဆင့်ကဲ………..ဆင့်ကဲ…. အလင်းရောင်တွေကို ဖြန့်ဝေနိုင်ဖို့ အားထုတ်မှာပါဆရာ…
    ဆရာ… ဆရာ မရှိတော့ပေမယ့်… ဆရာ မသိတော့ ပေမယ့်…..
    ဆရာ့ကို…..ဆရာ့ကို….
    ဆရာ့ တပည့် ……ရိုသေစွာ….ဂါရဝ ပြုပါတယ်…ဆရာ…..

  • weiwei

    August 15, 2011 at 8:29 am

    ၈၈ တုန်းက ကျောင်းပိတ်ထားချိန်မှာ ဘဝအဓိပါယ်နှင့်ဘဝသစ္စာ စာအုပ်ကို ဖတ်ခဲ့ရပါတယ် … လေးလေးနက်နက် တွေးခေါ်တတ်အောင် အစပျိုးခဲ့တဲ့ စာအုပ်တစ်ခုဖြစ်ခဲ့လို့ အခုထိအောင် သိမ်းထားခဲ့တယ် …
    ဆရာဆုံးပါးသွားပေမယ့် ဆရာ့ရဲ့အတွေးအခေါ်တွေ အဆုံးအမတွေ မပျောက်ဆုံးသွားအောင် ဝိုင်းဝန်းစောင့်ရှောက်သွားကြမှာပါ …
    ဆရာတစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ ဆန္ဒပြုပါတယ် ….

  • lusoegyikoko

    August 15, 2011 at 9:47 am

    အတွေးကောင်းတဲ့ ဒသန ဆရာတစ်ယောက်ဆုံးရုှံးခြင်းအတွက် ဝမ်းနည်းမိပါတယ်။
    ဆရာ သေဆုံးပေမယ့် ဆရာရဲ့စာပေတွေကတော့ ကမာ္ဘတည်သရွေ့ တည်ရှိနေမှာပါ ။
    လူတိုင်းတော့သေကြမှာပါ ဒါပေမဲ့ ဆရာရယ် ဆရာပေးခဲ့အ မွေ ကတော့ တန်းဖိုးမဖြတ်ထိုက်ပါဘူး။

  • manawphyulay

    August 15, 2011 at 1:57 pm

    အနုပညာ စာပေ ပညာရှင်များ တစ်ယောက်ပြီး တစ်ယောက် သွားကုန်ကြပြီ။ ဆရာ ပါ၊ ဆရာ နတ်၊ နောက် ပန်းချီဆရာတွေ တန်းစီးပြီးသကာလ ခု ဆရာ နန္ဒာသိန်းဇံ သွားပြန်ပြီပေါ့။ ဆရာ ဆင်ကြီး(ဆင်ဖြူကျွန်းအောင်သိန်း)တို့ ကျန်းမာပါစေ ဆုတောင်းနေမိပါတယ်။

  • naywoonni

    August 15, 2011 at 6:18 pm

    အင်း မြန်မာတို့ရဲ့ ယန်းပေါဆတ် ပါပဲ…။ ဆရာ နန္ဒာရယ် ဆရာဆန်းလွင်ရယ် တစ်ယောက်မှမရှိတော့ဘူး ။

  • mariner

    August 15, 2011 at 8:01 pm

    ဆရာနန္ဒသိန်းဇံရဲ့ ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း စာအုပ်သည် ကျွန်တော့ဘဝကို တစ်စိတ်တဒေသ မြှင့်တင်ပေးခဲ့သည်။ ကျွန်တော်သည် ဆရာ့ပရိတ်သတ် တစ်ဦး ဖြစ်ပါတယ်
    ယနေ့လူငယ်များသည် ဆရာ့စာအုပ်များကို ဖတ်ရှု လေ့လာလိုက်နာသင့်ပါသည်။

  • zaw min

    August 15, 2011 at 9:05 pm

    ေဩာ်…အနိစ္စ..အနိစ္စ…အနိစ္စ….ဘယ်သူ့ကိုမှ ချန်မထား ဘယ်သူ့ကိုမှ ဗိုလ်မထားပဲ…သေခြင်းတရား…ဤသံသရာစက်ဝန်းမှ မလွတ်ကင်းနိုင်သ၍တော့ ဒင်းကအနိုင်ယူနေအုံးမှာပါတကား…သွားနှင့်ပါအုံးဆရာ…ကျနော်တို့ အလှည့်ကို ထမင်းစားရင်း ဘဝပေးတာဝန်များအား ထမ်းဆောင်နေရင်း နောက်မှလိုက်ခဲ့ပါ့မယ်…ဆရာရဲ့ ဆုံးမစကားများအား ပြန်လည်ကြားယောင်ရင်း လိုက်နာဆောင်ရွက်နိုင်အောင်ကြိုးစားရင်းနဲ့..ဆရာကို ဂါဝရပြုလိုက်ပါတယ်…ဆရာဤသံသရာစက်ဝန်းမှ လွတ်မြောက်ပါစေဆရာ….

  • Toungoo Thar

    November 1, 2011 at 9:36 pm

    ကောင်းရာသုဂတိရောက်ပါစေ။ ဆရာ။

Leave a Reply