ဘယ်မအေရိုးမှ မကောင်းပါဘူး(ရေးသူ-သခင်ဘမောင်)

kaiAugust 15, 20111min28319

ဘယ်မအေရိုးမှ မကောင်းပါဘူး(ရေးသူ-သခင်ဘမောင်)

ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ၁၂၄ရ ခုနှစ်မတိုင်မီ မြန်မာဘုရင် သီပေါမင်း လက်ထက် ပဒေသရာဇ်ခေတ်မှ ဗြိတိသျှနယ်ချဲ့ ခေတ်၊ ဂျပန်ဖက်ဆစ်ခေတ်၊ အင်္ဂလိပ် လွတ်လပ်ရေး ကျေညာပေးသော ခေတ်ထိ နှစ်ပေါင်းကိုးဆယ်မျှအတွင်း တိုင်းပြည် အုပ်ချုပ်သူ မင်း အစိုးရအမျိုးမျိုးတို့၏ အုပ်ချုပ်စိုးမိုးပုံတို့ကို ဖြတ်သန်းတွေ့သိခဲ့ ရသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ထို့ကြောင့် ကျွန်တော်တို့သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် တွေ့ဆုံကြသည့်အခါ စပ်မိစပ်ရာ နိုင်ငံရေး၊ လူမှုရေး၊ စာပေရေးစသည်များကို ပြောကြရင်း ခေတ်အဆက်ဆက်တွင် ဆရာကြီး ဖြတ်သန်းတွေ့သိခဲ့ရသော မင်း အစိုးရများအနက် ပြည်သူတို့၏ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး စသည့်အကျိုးစီးပွါးများနှင့် ပတ်သက်၍ စီမံအုပ်ချုပ်ပုံတို့သည် မည်သည့်အစိုးရ ခေတ်၊ မည်သည့်အစိုးရလက်ထက်တွင် ကောင်းမွန်၍ မည်သည့်အစိုးရခေတ် မည်သည့်အစိုးရ လက်ထက်တွင် ဆိုးဆိုးဝါးဝါး ဖြစ်ပါသလဲဟု မေးမြန်းကြပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းက အထက်ပါအမေးစကားကို အောက်ပါပုံပမာကလေး ဖြင့် မိန့်ဆို ဖြေကြားပါသည်။
အုပ်ကျစ်ကျော်အေး မန္တလေးတည်ဆိုတော့ အုပ်က ၁၊ ကျစ်က ၂၊ ကျော်က ၂၊ အေးက ၁၊ အစဉ်အလိုက်ချကြည့်ရင် ၁၂၂၁ ဖြစ်တယ်။ အဲဒီ ၁၂၂၁ ခုနှစ်ဟာ ရတနာပုံ မန္တလေးမြို့ကို မင်းတုန်းဘုရင်ကြီး တည်ဆောက်ခဲ့တဲ့ နှစ်ဖြစ်တယ်။ မန္တလေးမြို့ တည်ဆောက်တာနှင့် မန္တလေးနန်းတည်ဆောက်တာ တချိန်တည်း တနှစ်တည်းတော့ မဟုတ်ဘူး။ နန်းတော်ကြီးကို ၁၂၂၉ မှာ တည်ဆောက်ပြီး၊ ကျုံးမြို့ရိုးအစရှိတဲ့ မြို့တော်ကြီးကို ၁၂၂၁ ခုနှစ်မှာ စတင် တည်ဆောက်တယ်။ မြို့ တော်တည်ဆောက်မဲ့နေရာကိုတော့ ၁၂၁၈ ခုနှစ်ကစပြီး၊ တောရှင်း မြေညှိလုပ်ငန်းတွေ လုပ်ကြတာပေါ့။ ဒါပေမယ့် မှတ်သားလို့ လွယ်အောင်ဆိုပြီး ကျုံးမြို့ ရိုး ပနက်ချတည်ဆောက်တဲ့ သက္ကရာဇ် ၁၂၂၁ ခုနှစ်ကို အုပ်ကျစ်ကျော်အေး မန္တလေးတည် လို့ ခေါ်တွင်ခဲ့ကြတယ်။
မင်းတုန်းမင်းသားဟာ ၁၂၁၄ ခုနှစ်မှာ အာဏာရရှိခဲ့တယ်။ အာဏာရရှိတာကို အမှန်တကယ်ပြောရရင် အိမ်ရှေ့မင်းသား ကနောင်မြို့ စားရဲ့ သတ္တိရှိမှုနဲ့ လုပ်ရည်ကြံရည် ပါဝင်ခဲ့တဲ့အတွက်ဆိုရင် မမှားပါဘူး။ အိမ်ရှေ့ မင်းသားဆိုတာက ၁၃၀ဝပြည့် အရေးတော်ပုံခေတ်မှာ တို့ဗမာအစည်းအရုံးဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ သခင်ထိပ်တင် ကိုယ်တော်ကြီးရဲ့ အဖိုးဖြစ်တယ်။
စကားစပ်မိလို့ သခင်ထိပ်တင်ကိုယ်တော်ကြီးအကြောင်း နဲနဲပြောရအုံးမယ်။ သူ့ရဲ့ အိမ်ရှင်မဇနီးက တို့သီပေါဘုရင်ရဲ့ တတိယ သမီးတော်ပေါ့။ သီပေါဘုရင်က မင်းတုန်းဘုရင်ရဲ့ သားဖြစ်တော့ တတိယသမီးတော်ဟာ မင်းတုန်းဘုရင်ရဲ့ မြေးပေါ့ကွယ်။ ညီတော်နောင်တော် အရင်းဖြစ်ကြတဲ့ အိမ်ရှေ့မင်းသားရဲ့မြေး သခင်ထိပ်တင်ကိုယ်တော်ကြီးနှင့် မင်းတုန်းဘုရင်ရဲ့ မြေး တတိယသမီးတော်တို့ဟာ တကယ်ဆိုတော့ မောင်နှမ နှစ်ဝမ်းဘဲကွဲကြသေးတာကလား။ သူတို့နှစ်ဦး လက်ထပ်တဲ့ကိစ္စမှာ ဆရာလဲ တော်တော်ကူညီ ဆောင်ရွက်ပေးခဲ့ဘူးပါတယ်။
တို့ဗမာအစည်းအရုံးက ဆရာတို့ပါဝင်ပြီး နာယက တာဝန်ထမ်းဆောင်တဲ့အခါ သူလဲ တော်တော်ကူညီအားပေးဘော် ရလာတယ်။ သူ့အနေနဲ့ အိမ်ရှေ့မင်းရဲ့မြေး၊ သီပေါဘုရင် သမက်ဖြစ်ပေမဲ့ ပဒေသရာဇ်စိတ် မရှိရှာပါဘူး။ ဆင်းရဲသား ပစ္စည်းမဲ့များ အတွင်းမှာပဲ အရောတဝင် ဆက်ဆံနေထိုင်လိုတဲ့ ဆန္ဒရှိတာကို သိရတယ်။ နေလဲနေတယ်။
တို့ဗမာအစည်းရုံးကြီးရဲ့ စည်းရုံးရေးကိစ္စအတွက် မုံရွာအထက် ကနီကနဲတို့ မင်းကင်းတို့ဆိုတဲ့ မြို့ရွာတွေကို ဆရာတို့ သွားကြတဲ့အခါ ပထမတခေါက်တုန်းကဆိုရင် ဆေးဖော်ကြောဖက် သိပ်မရှိပါဘူး။ သခင်အသင်းဝင်ထားတဲ့ လူလောက်ပဲ သင်္ဘေဆိပ်က ဆီးကြိုကြ၊ ဆရာတို့ဆီ လာမေးကြ မြန်းကြတာဘဲ။ တရားပွဲတို့ ဆွေးနွေးပွဲတို့ ဆိုရင်လဲ ကြက်ပွဲငှက်ပွဲလောက်တောင် မစည်ပါဘူး။
ဆရာတို့လဲ စိတ်မကျေနပ်တာနဲ့ နောက်တခေါက် ထပ်သွားကြပြန်တယ်။ အဲဒီအခါ ထိပ်တင်ကိုယ်တော်ကြီးကို ခေါ်သွားပြီး အိမ်ရှေ့မင်းရဲ့မြေး၊ သီပေါဘုရင်ရဲ့ သမက် မင်းသားထိပ်တင်ကိုယ်တော်ကြီး ပါတယ်လို့ သတင်းလွှင့်လိုက်တယ်။ အဲဒီသတင်းလဲ ကြားရော တောရောမြို့ပါဆိုသလို မင်းသားကို ကြည့်ချင်မြင်ချင်ကြတဲ့အတွက် ဆရာတို့ကို သင်္ဘေဆိပ်က လာကြိုကြတာ ကမ်းညွတ်မတတ်ပါဘဲ။ တရားပွဲတွေလဲ ဝက်ဝက်ကွဲပါဘဲ။ ကျွေးမွေးဧည့်ခံလိုက်ကြတာလဲ မပြောပါနဲ့။ ဗိုက်ခွေးနမ်းမတတ် ဆိုသလိုပါဘဲ။ သူ့အကြောင်း ပြုပြီး တို့ဗမာအစည်းအရုံးရဲ့ စည်းရုံးရေးအားဟာလဲ တော်တော်တက်လာတယ်။ အသင်းဝင်တွေလဲ များလာတယ်။
ထိပ်တင်ကိုယ်တော်ကြီးက ပဒေရာဇ်စိတ်၊ ရှင်ဘုရင်စိတ် မပေါက်ပေမယ့် လူရုပ်လက္ခဏာ ပုံသဏ္ဍာန်ကတော့ ရှေးကလူတွေအမြင်နဲ့ဆိုရင် တကယ်ထီးမူနန်းဟန် ပါတယ်လို့ ဆိုကြတာပေါ့။ အသားအရေလဲကောင်း လူရည်လဲသန့်တယ်။ အလုံးအရပ်ကလဲ လူတန်းစေ့ဖြစ်ပြီး၊ တော်တော်ခန့်ညားချောမောတဲ့ ပုဂ္ဂိုလ်တဦးပါဘဲ။ သူလဲ အဲဒီ ကနီကနဲက အပြန် သိပ်မကြာပါဘူး။ သခင်အသင်းဝင်ဖြစ်ပြီး သူ့အမည်ရှေ့က သခင်ဆိုတာ တိုးလိုက်လို့ သခင်ထိပ်တင်ကိုယ်တော်ကြီးရယ်လို့ ဖြစ်လာတော့တာဘဲ။
အေး..အေး.. ခုတင်က စကားဆက်ရအောင်၊ မင်းတုန်းမင်းသား အာဏာရရှိတယ် ဆိုတာ ညီတော်အိမ်ရှေ့မင်းသားရဲ့ လုပ်ရည် ကြံရည် အများအပြား ပါဝင်ခဲ့ခြင်းကြောင့် ဆိုရင် မမှားပါဘူး။ နောင်တော် ပုဂံမင်းလက်ထက် အမရပူရမြို့မှာ မင်းတုန်းမင်းသားနဲ့ ကနောင်မင်းသားတို့ နေထိုင်ကြတဲ့အခါ ပုဂံမင်းရဲ့ အိမ်တော်ပါများနဲ့ အချို့မှူးမတ်များက မင်းတုန်းမင်းနှင့် ကနောင်မင်းသားတို့ ရှိနေကြရင် သူတို့ ဩဇာမကြီးမှာ သူတို့သဘောကျ မလုပ်ကြရမှာ တွေကို စိုးရိမ်ပြီး လုပ်ကြံပစ်ကြဘို့ ကြံစည်ကြတယ်။ အဲဒါကို ညီတော်ကနောင်မင်းသားက ရိပ်မိလေတော့ ၁၂၁၄ ခုနှစ် ပြာသိုလမှာ သားမယား အချွေအရံများပါ အမရပူရက မတ္တရာ၊ အဲဒီကမှ အနောက်ဖက်ကူးပြီး ရွှေဘိုအထိ ထွက်သွားကြတယ်။
ရွှေဘိုရောက်တော့ မင်းတုန်းမင်းသားကို အေးအေးဆေးဆေး နေရစ်စေပြီး ကနောင် မင်းသားက ဗိုလ်ပါရဲမက်များကို ဦးစီးပြီး အမရပူရကို ရက်ပေါင်းလေးဆယ်ကျော် ဝိုင်းရံလုပ်ကြံတော့မှ ၁၂၁၄ ခုနှစ်တပေါင်းလထဲမှာ အောင်မြင်တယ်။ အောင်မြင်ပြီးတဲ့နောက်မှ ရွှေဘိုက နောင်တော်မင်းတုန်းမင်းသားထံ အကြောင်းကြားတယ်။ အဲဒီအခါ မင်းတုန်းမင်းသားက နောင်တော်ပုဂံမင်းနှင့်မိဖုရားရော အချွေအရံများပါ ရွှေဘိုသို့ ခေါ်လာစေပြီး ဘေးတော် အလောင်းမင်းတရားကြီးရဲ့ ရွာနေဖြစ်တဲ့ ရွှေဘိုမြို့မှာ ထီးနန်းစိုက်ဖို့ ကြံရွယ်တယ်။
ဒါပေမယ့် ဆရာတော်သံဃာတော်များ၊ မူးမတ်ပညာရှိများက အမရပူရမြို့ကို ပြန်လည်ထီးနန်းစိုက်တာက ပိုမိုသင့်မြတ်မည်ဖြစ်ကြောင်း အကြံပေးကြလို့ ရွှေဘိုမြို့ မှာ တနှစ်ကိုးလ ဆိုသလို နေပြီးမှ ၁၂၁၅ ခုနှစ် တန်ဆောင်မုန်းလမှာ အမရပူရမြို့ကိုပြန်ပြီး ထီးနန်းစံတယ်။ ညီတော်ကနောင်မင်းသားကို အိမ်ရှေ့မင်းအဖြစ်ခန့်တယ်။ နောင်တော်ပုဂံမင်း ကိုလဲ နန်းတော်ရဲ့ အရှေ့ မြောက်ဘက်မှာ သီးခြားအိမ်တော်နှင့် အိမ်နိမ့်စံအဖြစ် ချမ်းချမ်းသာသာ ထားတယ်။ တခါ အမရပူရမှာ သုံးနှစ်လောက်နေပြီးမှ အခု မန္တလေးမြို့တော်နေရာမှာ ယာယီစံနန်း ဆောက်လုပ်နေထိုင်ပြီး မန္တလေးနန်းတော်ကြီးနှင့် မြို့တော်ကိုပါ တည်ဆောက်နန်းစိုက်တယ်။
မန္တလေးမြို့နှင့် နန်းတော်ကြီးကို တည်ဆောက်ရာမှာ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေဟာ အသစ်စက်စက် သုံးသင့်တာသုံးပီး အမရပူရမြို့ဟောင်းက ပစ္စည်းတွေ သုံးသင့်တာ ထည့်သုံးရသေးတယ်။ အဲဒီလို အသုံးပြုနိုင်ရေးအတွက် ထီးနန်းဆိုင်ရာ အဆောင်အယောင် ပစ္စည်းတွေ၊ လွှတ်တော်ဗြဲတိုက်ကစပီး အုပ်ချုပ်ရေးဘက် စစ်ဘက်ဆိုင်ရာပစ္စည်းတွေ၊ ဘာသာ သာသနာရေးဆိုင်ရာ အဆောင်အယောင်ပစ္စည်းတွေ၊ ဘဏ္ဍာတိုက်နှင့် စားနပ်ရိက္ခာ ကျည်တော်များမှ ပစ္စည်းတွေ၊ မင်းမိဖုရား သားတော်သမီးတော် နန်းတော်သူ နန်းတော်သား များရဲ့ အသုံးအဆောင်ပစ္စည်းတွေ စသဖြင့် ရွှေ့ ဘို့ပြောင်းဘို့ခဲယဉ်းတဲ့ အဆောက်အဦ အရာဝတ္ထုကြီးတွေကလွဲရင် အကုန်လိုလို ပြောင်းရွှေ့ ကြရတယ်။
အဲဒီလို ပြောင်းရရွှေရတဲ့အခါ ဆင်းရဲသား တောင်သူလယ်သမားများက သူတို့လှည်း များနှင့်သူတို့ အမရပူရမြို့ဟောင်းက မန္တလေးမြို့သစ်နေရာအထိ သယ်ယူပို့ဆောင်ပေးရတယ်။ သယ်ယူပို့ဆောင်ခရယ်လို့ နန်းတော်ကြီးက တနေ့တကျပ်ခွဲ သတ်မှတ်ပေးထားသတဲ့။ ဒါပေမဲ့ ခုခေတ်လိုပေါ့။ လှီးကြဖြတ်ကြတော့ ဆင်းရဲသားလှည်းသမားများလဲ တကျပ် ငါးမတ်ဆိုသလို ရကြတယ်။ ဒီအချက်ကို ဆင်းရဲသားလှည်းသမားများက မကျေနပ်ကြဘူး။ ကျယ်ကျယ်လောင် လောင်လဲ မပြောရဲကြတော့ တိုးတိုးတိတ်တိတ်ကြိတ်ပြီး ပြောကြသတဲ့။ မင်းနားတထောင် ဆိုတဲ့အတိုင်း အဲဒီလို တိုးတိုးတိတ်တိတ် ပြောတာကိုပဲ နန်းတော်ကြီးက သိရလို့ အိမ်ရှေ့မင်းသားကိုယ်တိုင် ရုပ်ဖျက်ပြီး ဆင်းရဲသားလှည်းသမားများထံ သွားရောက်စုံစမ်းတယ်။
တနေ့တော့ အိမ်ရှေ့မင်းသားကြီးဟာ နေ့ခင်း ၁၂နာရီ လောက်မှာ ဆင်းရဲသား လှည်းသမားများ သစ်ပင်ရိပ်မှာ ထမင်းစားရင်း အနားယူနေတုန်း ချည်လုံချည်၊ ချည်အင်္ကျီ တဘက် (မျက်နှာသုတ်ပုဝါ) ခေါင်းပေါင်းကြီးနှင့် ဆင်းရဲသားလို ရုပ်ပြောင်းဝင်သွားသတဲ့။ ပီးတော့ လှည်းသမားကြီးများနှင့် ရောက်တတ်ရာရာ စကားများပြောရင်း အမရပူရ မြို့ဟောင်းက မန္တလေးမြို့သစ်ကို ပစ္စည်းတွေ သယ်ယူပို့ဆောင်ရတဲ့အတွက် တနေ့လှည်းခ ဘယ်လောက်ရ သလဲလို့ မေးမြန်းကြည့်သတဲ့။
အသက် ခြောက်ဆယ် ခွန်နှစ်ဆယ်ခန့်ရှိ အဖိုးကြီးတယောက်က နန်းတော်ကြီး ကတော့ တကျပ်ခွဲပေးဘို့ အမိန့်ချထားတယ် ဆိုတာပဲ။ ဒါပေမဲ့ ဘကြီးတို့ ရတော့ တကျပ် အလွန်ဆုံး ငါးမတ်ဆိုသလို ရသကွဲ့လို့ ဖြေကြားသတဲ့။
တခါ အိမ်ရှေ့မင်းသားက အဖိုးကြီးကို “ဘကြီးက အသက်ဘယ်လောက်ရှိပါပြီလဲ” လို့ ထပ်မေးတော့ အဘိုးကြီးက “ဘကြီးအသက်လား ခုနှစ်ဆယ် ဆိုပါတော့ကွယ်” လို့ ပြန်ဖြေ သတဲ့။
အိမ်ရှေ့မင်းသားက ဒီလိုဆို ဘကြီးဟာ မှန်နန်းရှင်တို့ ကုန်းဘောင်ဘုရင်တို့ ပုဂံဘုရင် တို့ကို ကောင်းကောင်းမီတာပေါ့နော်ဟု မေးလိုက်တဲ့အခါ အဖိုးကြီးက မီတာပေါ့မောင်ရဲ့။ မှန်နန်းရှင် ကုန်းဘောင်တို့တွင် ဘယ်ကမလဲ ဘိုးတော်ဘုရင်ကိုတောင် ဘကြီးတို့ ကောင်းကောင်းမီတာပေါ့ဟု ပြန်ပြောသတဲ့။
တဖန် အိမ်ရှေ့မင်းသားကဆက်ပြီး ဒါဖြင့် ဘကြီးရယ် ကျွန်တော်တို့ လူငယ်တွေ ဗဟုသုတအဖြစ် မေးပါရစေ၊ အခုမင်းတုန်း ရှင်ဘုရင်အထိပေါ့ဗျာ၊ အဲဒီ ဘကြီးမီခဲ့ တွေ့ကြုံခဲ့တဲ့ မင်းတွေ မင်းတွေခေတ်မှာ ဘယ်မင်းဘယ်လက်ထက်မှာ ဆင်းရဲသားများ တိုင်းသူပြည်သား များအတွက် ငဲ့ညှာထောက်ထားပြီး စားဝတ်နေရေး မျှတချောင်လည်အောင် ကောင်းကောင်း မွန်မွန် စီမံအုပ်ချုပ်ပါသလဲ။ ဘယ်မင်းလက်ထက်မှာ ဆင်းရဲသားများ တိုင်းသူပြည်သားများ အပေါ် ငဲ့ညှာထောက်ထားခြင်းမရှိဘဲ မကောင်းတဲ့ အပြုအမူတွေနှင့် ဆိုးဆိုးဝါးဝါး အုပ်ချုပ်ပါသလဲဆိုတာ သိပါရစေခင်ဗျာလို့ မေးလိုက်သတဲ့။
အဲဒီအခါကျတော့ အဖိုးကြီးက မျက်နှာကြီး ရှုံ့မဲ့လိုက်ပြီး အင်း မေးမှမေးတတ်ပလေ တူမောင်ရာ၊ သူတို့ ကြားအောင်တော့ မပြောရဲပါဘူး၊ ဘကြီးတွေ့ခဲ့သမျှ သိခဲ့သမျှတော့ မင်းဆိုတဲ့အကောင်တွေဟာ ဘယ်မအေရိုးမှ မကောင်းပါဘူးကွဲ့၊ မယားကြီးမယားငယ် မယားမြှောင် အမျိုးမျိုးယူပြီး သူတို့သားမယား ဆွေမျိုးတစု ကောင်းစားရေး၊ စည်းစိမ်အမျိုးမျိုး ခံနိုင်ရေး၊ ဩဇာအာဏာ ကြီးမားရေးအတွက် လုပ်ကြတာပါဘဲ။ တို့ ဆင်းရဲသားတောင်သူ လယ်သမား အလုပ်သမားတွေကတော့ သူတို့ကောင်းစားရေးအတွက် အစတေးခံဘဝက မတက်ကြရပါဘူးလို့ ပြောလိုက်တဲ့အခါ အိမ်ရှေ့မင်းသားကြီးလဲ နောက်ထပ်ဘာမျှ မမေးရဲတော့ဘဲ အသာထပြန်လာခဲ့ရသတဲ့။
ယခုခေတ်မှာလဲ ဆရာတွေ့ကြုံခဲ့ရသမျှ မင်းအစိုးရဆိုတဲ့ အကောင်တွေဟာ အဲဒီဆင်းရဲသား လှည်းသမားကြီး ပြောသလိုဘဲ။ ပြည်သူလူထု ကောင်းကျိုးကို အဓိကထား လုပ်ကြတာ မတွေ့ရသေးပါဘူး။ တအိမ်ထောင်၊ ကားတစီး တိုက်တလုံး၊ တလဝင်ငွေ ရှစ်ရာဆိုတာလဲ သူတို့ တစုအတွက်ပါဘဲဟု ပြောဆိုကာ ရယ်မောနေပါတော့သည်။

မှတ်ချက်။  ။ သခင်ကိုယ်တော်မှိုင်း တင်စားပြောသောပုံပြင်များ-စာအုပ်၊ ဒုတိယအကြိမ်၊ ၁၉၇၆ ဖေဖော်ဝါရီ၊ မှ ကူးယူဖော်ပြထားတာကို.. အီးမေးလ်နဲ့လက်ခံရရှိလို့ ပြန်တင်ပေးတာပါ..။

19 comments

  • kai

    August 15, 2011 at 1:22 am

    အင်တာနက်ထဲ.. သခင်ကိုယ်တော်မှိုင်း သေတမ်းစာ ဆိုတာပြန့်နေတာမို့.. သခင်ကိုယ်တော်မှိုင်းဘယ်လိုလူစားဆိုတာ ခန့်မှန်းနိုင်ဖို့.. အပေါ်ကစာကို ကူးတင်ပေးတာပါ..။
    သမိုင်းသိစေလိုရင်းဖြစ်ကြောင်း….။

  • koyinmaung

    August 15, 2011 at 8:54 am

    ခုလိုဆိုက်ပေါ်တင်ပေးတာအထူးကျေးဇူးတင်ပါတယ် ….ဆရာကြီးသခင်ကိုယ်တော်မှိုင်းသေတန်းစာဘယ်မှာရှာဖတ်လို့ရမလဲ သိယင်ပြောကြပါအုံး…

    • Foreign Resident

      August 15, 2011 at 2:46 pm

      Dear Ko Yin Maung & ရွှေဘိုသား,
      For your information,
      အင်တာနက်ထဲ ပြန့်နေတဲ့.. သခင်ကိုယ်တော်မှိုင်း သေတမ်းစာ ဆိုတာ
      ( But I don’t believe it )

      “ဗမာခေါင်းဆောင် သခင်ကိုယ်တော်မှိုင်း၏သေတမ်းစာ“

      (ဤသေတမ်းစာသည် ဗမာမျိုးချစ်ခေါင်းဆောင် သခင်ကိုယ်တော်မှိုင်း မကွယ်လွန်မီ ဗမာခေါင်းဆောင် အချို ့အား မှာကြားခဲ့သော သေတမ်းစာဖြစ်သည်)

      – ရခိုင်ကို အထင်သေးမိလို့ ဗမာဦးခေါင်းအနောက်ကို ညွှန့်ခဲ့ရတယ်။ ဒီတော့ ရခိုင်ကို ဘယ်တော့ခါမှ အထင်မသေးနဲ့။ ဤအတိတ်က ဖြစ်ရပ်ကို ကြည့်ပြီး သတိထားရမယ်။ ရခိုင်တွေဟာ ရာဇဝင်ကြီးသလောက် မာနကြီးတယ်။ ဘယ်သူ့ကိုမှ အထင်ကြီးတဲ့ လူမျိုးမဟုတ်ဘူး။ သမိုင်းကြွေး မဆပ်နိုင်အောင်၊ နာလံမထူနိုင်အောင် မင်းတို့တတွေ စွမ်းဆောင်တတ်ရမယ်။

      – ရှမ်းဆိုတဲ့ လူတွေကလည်း တောင်ပေါ်မှာနေ တောင်ပေါ်သား။ သူတို့ အထက်ကဆိုရင် ငှက်ပျံသွားတာကိုတောင် မလိုချင်ဘူး။ မလျှော့တဲ့ဇွဲ၊ လုံ့လဟာ ရှမ်းတွေမှာ ရှိတယ်။ ဗမာတွေကို ရာဇဝင်ကြည့်ပြီး ဓားသွေးတိုက်ရမယ်ဆိုတဲ့ စကားပုံ တစ်နေ့နေ့မှာတော့ ဒီပြဿနာ ပေါ်လာမယ်။ တောင်ပေါ်သား အသိထက် မကျော်လွန်စေဖို့ ကြပ်ကြပ်သတိထားရမယ်။ ဘယ်သူဖြစ်ဖြစ် ကြီးထွားလာခဲ့ရင် ဗမာ့ရန်သူပဲ၊ ပြတ်သားတဲ့နည်းကို ကျင့်သုံးရမယ်။

      – ကရင်ဆိုရင်လဲ တို့တတွေရဲ ့ စိတ်မချနိုင်တဲ့ စကားပြောရင် ပြောသလို လုပ်တတ်တဲ့ ဝါဒရှိတယ်။ ဒါဟာ ရန်သူတစ်မျိုးပဲ။ သူတို့ရဲ ့ ဘဝကို မြေတောင်မြှောက်မပေးနဲ့။ လက်မြန်ခြေမြန်ဝါဒရှိတယ်။ သတိလစ်ရင် လစ်သလို ဗမာတွေ အသက်ရှူကြပ်လိမ့်မယ်။

      – ဓါးရှည် ဓါးချွန်တွေကို ကိုင်ပြီး ရေခဲတောင်ပေါ်မှာ ပျော်ပိုက်တဲ့ ကချင်တွေကလည်း မန္တလေးကိုတောင် သူတို့မြို ့ဆိုပြီး တောင်ဘက်တခွင်ကို သူတို့ဒေသဖြစ်ဖို့ ရည်မှန်းထားတယ်။ သူတို့က ပင်လယ်ငါးကို စားမယ်တဲ့။ မင်းတို့ ဗမာတွေရဲ ့ သခင်ဘဝကို ရောက်အောင်ဖန်တီးမယ်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တတွေဟာ လက်ဦးထားဖို့ အရေးကြီးတယ်။ မညှာနဲ့။ ညှာရင်နာမယ်။ ဗမာတွေ သတိထားကြ။

      – သမိုင်းရှည်ပြီး တိုးတက်ခဲ့တဲ့ မွန်တွေကလည်း ကနေ့ဆို ဗမာလက်အောက်မှာ ရောက်နေပေမယ့် ဒဂုံဆိုတာ မွန်စကားဖြစ်လို့ ရန်ကုန်ဆိုတာ မွန်ပြည်ဖြစ်ရမယ်ဆိုတာပါပဲ။ အတိတ်က သူပိုင်တယ်။ ငါပိုင်တယ် ဆိုတာက ဗမာတွေနားမလည်ဘူး။ လက်ရှိမှာ လယ်လိုရှိနေသလဲ။ ရှိနေသလို သိမ်းထားရမယ်။ မွန်ဆိုတာ သည်းမခံတတ်ဘူး။ မလိုလားရင် တော်လှန်တတ်တယ်။

      – ထားဝယ်ဆိုတဲ့ လူမျိုးကလည်း ရှိသေးတယ်။ သူတို့ကတော့ လူနည်းစုတွေပဲ။ ဒါပေမယ့် အထင်သေးလို့မဖြစ်ဘူး။ ငါတို့ရဲ ့ သမိုင်းကြွေး ရှိနေတယ်။ သူတို့တွေဟာ တခြားတိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး ငါတို့ဗမာတွေကို အန္တရာယ်ပြုလာနိုင်တယ်။ ဒါကြောင့် ဒီကောင်တွေကို တခြားတိုင်းရင်းသားတွေနဲ့ မပူးပေါင်းမိအောင် မင်းတို့ကြိုးစားရမယ်။ အကောင်းဆုံးကတော့ ထားဝယ်လူမျိုးတွေကို ပျူနဲ့ကမ်းယံတွေလိုပဲ မျိုးပျောက်သွားအောင် ငါတို့လုပ်ဆောင်ရမယ်။ ဆိုလိုတာက ငါတို့ဗမာအမျိုးသားတွေဟာ ထားဝယ်အမျိုးသမီးတွေကို ရတဲ့နည်းနဲ့သိမ်းသွင်းပြီး လက်ထပ်ယူရမယ်။ ရန်သူကို ကြီးသူဖြစ်စေ၊ ငယ်သူဖြစ်စေ ဘယ်တော့မှ အထင်မသေးကြနဲ့ ငါမှာချင်တယ်။

      – ဒေါင်းအတောင်ခပ်ရင် တောရှင်းရမယ်။ ဘယ်သူ့ကိုမှ ဒေါင်းအတောင်အောက်က မလွတ်စေရဘူး။ ဒေါင်းအလံကို ငါသိတယ်။ ဒေါင်းကို ပယ်ရင် ဘာကိုမှ ငါမလိုလားဘူး။ ငါတို့ဗမာတွေကလည်း သူတစ်လူ။ ငါတစ်မင်းနဲ့ ညီညွတ်မှု မရှိဘူး။ အချင်းချင်း ညီညွတ်မှုရှိမှသာ သာယာမယ်။ ပုဂိ္ဂုလ်အချင်းချင်း မကျေနပ်တာကို နိုင်ငံရေးမှာ မရောထွေးသင့်ဘူး။

      – ဒါကြောင့် ငါမသေခင် နောက်ဆုံး မှာထားခဲ့ချင်တယ်။ ဒါကို ငါတို့တတွေ မစောင့်ထိန်းရင် သူ့ကျွန်ဖြစ်မယ်။ ဗမာဟာ ဗမာပဲ။ ကမ္ဘာမှာ ဗမာတွေရှိနေသရွေ ့ ထာဝရရှင်သန်နေမယ့် ကတိတစ်ခု ငါတောင်းချင်တယ်။ မင်းတို့ကတိပေးရင် ငါသေပျော်ပြီ။ သို့မဟုတ်ရင် ငါသေမပျော်ဘူး။ တမလွန်ဘဝကလည်း ငါတို့ဗမာတွေ ကျွန်ဖြစ်နေတာကို မကြည့်ချင်ဘူး။ ဗမာတွေ အချင်းချင်း ဘာတွေပဲဖြစ်ဖြစ် ဗမာ့လွတ်လပ်ရေးကို တစ်ခြားလူမျိုးတွေဆီကို မရောက်ဖို့ အရေးကြီးတဲ့အခါ ဗမာတွေ အချင်းချင်း သွေးစည်းပြီး တစ်ပါးရန်ကို ကာကွယ်ရမယ်။ ဒီလိုအချိန်မှာ သူတစ်လူ၊ ငါတစ်မင်း ဝါဒကို စွန့်ရမယ်။

      ( သခင် ကိုယ်တော်မှိုင်း )

      • မိုက်ကယ်ဂျော်နီအောင်ပု

        August 15, 2011 at 3:01 pm

        တိုင်ဆိုင်လို့ပါ
        ပုဂ္ဂိုလ်တစ်ယောက် ဘာလင်တံတိုင်းအကြောင်းမှာ မန်းထားတာလေးပါ
        ………………………………………..
        …………………………………………
        0 #4 လူငယ် 2011-08-14 12:11
        ဒုတိယကမ္ဘာစစ်ပွဲ ကြီးပြီးတဲ့ နာမည်ကြီးတဲ့ ဘာလင်တံတိုင်းကြ ီး
        ဆိုရှယ်လစ်အုပ်စ ု နဲ ့ ဒီမိုကရေစီအုပ်စ ုအားပြိုင်ပြီးခ ွဲခြားခဲ့တယ်
        တောင်ကိုရီယားနဲ ့မြောက်ကိုရီယား
        ဗမာပြည်မှာလဲ ခွဲထွက်ရေးဖယ်ဒ ရယ်မူ နဲ ့ပြည်ထောင်စု ပြသာနာမပီးသေးဘူ း
        အရည်အချင်း ရှိတဲ့ခေါင်းဆော င်တွေ တိုင်းပြည်ချစ်တ ဲ့ ခေါင်းဆောင်း တွေ
        စည်းခြားချင်း ခွဲထွက်ချင်း အုတ်တံတိုင်းမဆေ ာက် သလို မော်စီတုန်း ကျွန်လဲ မလုပ်ဘူး
        အဲဒါကြောင့် ဂျာမဏီနိုင်ငံ တခုထဲဖြစ်သွားပြ ီး တခုတဲ ဖြစ် ဗမာနိုင်ငံ ပြန်ကြည် ရင်
        ဆရာအောင်သင် ပြောသလိုပဲ ပညာမတတ်လိုကျွန် ဖြစ်ခဲ့တာ နှစ်ဖက်လုံး အမြင်ကျည်လို ့
        ပြည်တွင်း စစ်အဆုံးမသတ်နို င်ဘူး ။
        ဗမာပြည်မှာ စစ်ခေါင်းဆောင်ပ ဲဖြစ်ဖြစ် တိုင်းရင်းသားခေ ါင်းဆောင်း အမြင်းကျည်နေတယ် ဆိုတာ ဖယ်ဒရယ်မူတောင်း ဆိုနေတာ က ထောက်ပြနေပြီး
        ယနေ ့ကမ္ဘာကြီး ပြန်ကြည်မယ်ဆိုရ င်
        ဖယ်ဒရယ်မူမလိုချ င် သလို
        စစ်အာဏာရှင်ကိုလ ဲ လက်မခံဘူး
        မော်စီတုန် ကွန်မြုနစ် စနစ်ကိုလဲ လုံးလက်မတော့ဘူး ဆို အထင်သားမြင်နေရ ပြီ း
        ပြည်သူတွေ လိုအပ်နေတာ
        ဗမာပြည် ငြိမ်းချမ်းရေးန ဲ ့တိုင်းပြည်တိုး တက်ရေးပဲ ပြည်သူတွေ လူငယ်တွေ တောင်းဆိုနေဒါ ဒီအတွက်လဲ
        ဘဝတွေ ပေးဆပ်ပြီးတိုက် ပွဲ ဝင်နေတယ်။
        http://www.maukkha.org/index.php?option=com_content&view=article&id=1731:2011-08-13-09-21-47&catid=120:2010-10-11-07-37-22&Itemid=374

  • ကြောင်ကြီး

    August 15, 2011 at 8:59 am

    ရွာထဲတွင် ပျံ့နှံနေသော သဂျီးသေတမ်းစာကား ဤသို့တည်း….။။။။
    ရွာသားဆို (ရွာသူလည်းပါဒယ်) ဘယ်မအေရိုးမှ မကောင်းပါဘူးကွဲ့၊ ပွိုင့်ကြီးပွိုင့်ငယ် ပွိုင်ချောင် အမျိုးမျိုးဖန်ပြီး ငွေတသိန်းထုတ်ရေး၊ တော့ပ်တန်းဝင်ရေး၊ နာမည်အတင်ခံရရေး၊ လူသိများရေးအတွက် လုပ်ကြတာပါပဲ။ ငါ့မှာတော့ သူတို့စိတ်ပျော်ဖို့ အစတေးခံ သဂျီးအခေါ်ခံ ဘဝထက် မပိုပါဘူး။။ 😥

  • PaukPhaw

    August 15, 2011 at 10:27 am

    Right!
    ဘယ်မအေရိုးမှ မကောင်းခဲ့သလို..ဘယ်မအေရိုးမှလဲ ကောင်းလာမှာ မဟုတ်ဘူး

    တဂျီးပဲ ကောင်းတယ်..(ပွိုင့်တွေလျှောက်လျှောက်နုတ်တတ်တာကလွဲလို ့ပေါ့) 😛

  • windtalker

    August 15, 2011 at 1:55 pm

    အို ဘယ်သူတွေ
    ဘယ်လိုပြောပြော
    ကိုယ့်ပိုက်ဆံ နဲ ့ကိုယ်တိုင်
    စိုက်ထုတ်ပြီး
    တို ့ရွာသား ရွာသူတွေ
    ရေးချင်တာရေး
    တင်ချင်တာတင်
    တစ်ပုဒ် ၅၀
    ကွန်မင့် ရေးသူ ၇
    လက်ခံသူ တစ်စောင် ၃
    ဆိုပြီး
    ပေးနေတာ ကြောင့်
    ကိုခိုင်သူကြီး
    ချမ်းသာမငြီး
    အမြဲသာယာ
    စဉ်ကျန်းမာ
    အဆင်းလဲလှ
    ဉာဏ်လဲကြွ
    ပါစေကြောင်း
    မောင်ပေ မှ
    မေတ္တာပို ့သလိုက်ပါသည်

  • ရွှေဘိုသား

    August 15, 2011 at 2:06 pm

    သခင်ကိုယ်တော်မှိုင်း သေတမ်းစာ ပြန်.နေတယ်သာပြောတယ် မတွေ.မိသေးဘူး
    အခုလို ရွာသူကြီးက တင်ပေးတော. ကျေးဇူးတင်ပါတယ်ဗျာ

    လခွီး ဘယ်လူကြီး မှမကောင်းဘူး

  • aungnng87

    August 15, 2011 at 2:10 pm

    ကောင်းလိုက်တဲ့အဖိုးကြီးရဲ့အဖြေပဲကွယ်။ တို.ကိုမေးရင်လည်းအဲလိုဘဲဖြေမှာ…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 15, 2011 at 2:12 pm

    ဆရာကြီးက သူကိုယ်တိုင်တွေ့ခဲ့တဲ့ သမိုင်းက မအေလိုးတွေကို
    သူ့အမြင်ကို အမြင်တိုင်းပြောတာကိုတော့ ကျုပ်အနေနဲ့သိပ်တော့မဝေဖန်တတ်ဘူး
    အဲ့သည်ခေတ်တုန်းက ကျုပ်က ဘယ်နားရှိမှန်းမှမသိတာ
    ဆိုတော့ကာ ကျုပ်အမြင် ကျုပ်ကိုယ်တွေ့သမိုင်းကို ပြောရရင်
    ဆယ်စုနှစ်လေးအတွင်းမှာပေါ့ အထူးသဖြင့် 88 နောက်ပိုင်း
    ပြည်တွင်းမှာ စစ်အာဏာရှင်တွေက နှိပ်စက်လို့ပါဆိုပြီး
    နယ်စပ်စခန်းတွေကနေ အကြောင်းအမျိုးမျိုးနဲ့နိုင်ငံခြားထွက်သွားတဲ့
    ငါလိုးမသားတွေ
    မသွားခင်ကတော့ သက်ဆိုင်ရာဒေသတွေမှာလူစု
    လက်သီးလက်မောင်းတွေတန်းပြီး စစ်အဆိုးရကိုဆန့်ကျင်တာတို့
    ပြုပ်ကြသွားတဲ့အထိ တိုက်ပွဲဝင်မှာတို့
    အသက်တွေသေတဲ့အထိတိုက်ပွဲဝင်မှာတို့
    ဒီမိုကရေစီ တတိယနိုင်ငံတွေကိုရောက်တဲ့အခါကြရင် ပိုပြီးတော့ ကြိုးစားမှာတို့ကို
    ပြောဆိုဖောင်တွေဖြည့် တိုတိုပြောရရင်သက်ဆိုင်ရာနိုင်ငံတွေကိုရောက်ပါလေရော
    ရောက်လည်းရောက်ရော
    ငါလိုးမသားတွေ ဘာဆိုဘာမှကို မလုပ်တော့ဘူး
    ဆောက်ကြီးစောက်ကျယ်တွေကို လီးလိုလို မှိုလိုလိုပြောတဲ့
    မအေးလိုးတွေ
    ဒါ့ကြောင့်
    ကိုယ်စားပေါက်ချောင်တဲ့ နေရာလေးကိုရတာနဲ့
    တိုင်းပြည်အရေး( သွားတုန်းက နိုင်ငံရေးလှုပ်ရှားသူအဖြစ် )မေ့လျှော့သွားတဲ့
    ငါလိုးမသားတွေနဲ့စာလိုက်ရင်
    နိုင်ငံတော်ရာထူးတွေရလို့ သူ့သားမယားအဖို့ကြည့်တဲ့ မအေလိုးတွေကိုလည်း
    ပြောရတာခပ်ခက်ခက်ဘဲ
    ( ပြည်တွင်းအရေးကိုခုတုံးလုပ် ပြည်ပထွက်ပြီး ဘာမှမလုပ်တဲ့ ဘယ် ငါလိုးမသားမဆို လီးဘဲ )

  • pan pan

    August 15, 2011 at 2:46 pm

    ဆရာကြီးဦးအောင်သင်းစကားနဲ့ပြောမယ်
    အစိုးရဆိုတာ အစပဲရိုးတာတဲ့

  • မီးမီး သော်

    August 15, 2011 at 3:28 pm

    “”””သူတို့ ကြားအောင်တော့ မပြောရဲပါဘူး၊ ဘကြီးတွေ့ခဲ့သမျှ သိခဲ့သမျှတော့ မင်းဆိုတဲ့အကောင်တွေဟာ ဘယ်မအေရိုးမှ မကောင်းပါဘူးကွဲ့၊ မယားကြီးမယားငယ် မယားမြှောင် အမျိုးမျိုးယူပြီး သူတို့သားမယား ဆွေမျိုးတစု ကောင်းစားရေး၊ စည်းစိမ်အမျိုးမျိုး ခံနိုင်ရေး၊ ဩဇာအာဏာ ကြီးမားရေးအတွက် လုပ်ကြတာပါဘဲ။ တို့ ဆင်းရဲသားတောင်သူ လယ်သမား အလုပ်သမားတွေကတော့ သူတို့ကောင်းစားရေးအတွက် အစတေးခံဘဝက မတက်ကြရပါဘူး”””

    ကျွန်မကြိ ုက်လို ့ပြန်မန်းလိုက်ပါတယ်။တကယ်ဆို အဝေးရောက်မြန်မာတိုင်းလဲ တိုင်းပြည်အတွက် တဖက်တလမ်းကကြိ ုးစားနေကြတဲ့သူတွေရှိပါသေးတယ်။အားလုံးတော့ အတ္တမကြီးကြလောက်ပါဘူး

  • လင်းဝေကျော်

    August 15, 2011 at 4:13 pm

    သခင်ကိုယ်တော်မှိုင်းသေတမ်းစာဆိုပြီး ဘယ်ကောင်က လုပ်ကြံထားတာတုန်း။
    ဒီလို မအေ- ိုးတွေက တစ်မျိုး
    ကျနော် မွန်-ဗမာ တစ်ယောက်ပါ။ ရန်ကုန်ကိုတော့ ဒဂုံပြည်နယ်လို့ဖြစ်စေချင်တာအမှန်ပါပဲ။
    သို့သော် ခွဲတာ၊ မွန်ကိုဖြစ်စေ၊ ရခိုင်ကိုဖြစ်စေ သာမန် ဗမာလူမျိုးတစ်ယောက်က နှိမ်တယ်ဆိုတာမရှိပါဘူး။
    ချင်းကိုဖြစ်စေ၊ ကချင်ကိုဖြစ်စေ၊ ရှမ်းကို ဖြစ်စေ၊ကရင်ကို ဖြစ်စေ နှိမ်တာမျိုးလည်း ရန်ကုန်မှာ တွေ့မနေရပါဘူး။ ဒဂုံပြည်နယ်အနေနဲ့ အားလုံးရဲ့နယ်မြေ သာ ဖြစ်စေချင်ပါတယ်။

    • kai

      August 16, 2011 at 7:26 am

      ဆဲပေးလိုက်တာ… နှစ်ထောင်းအားရရှိလှပါတယ်..။ 🙂
      သခင်ကိုယ်တော်မှိုင်းနာမယ်အလွဲသုံးစားလုပ်ပြီး.. လူမျိုးရေးခွဲခြားတာမျိုးက.. ရွံဖို့ကောင်းတယ်.ဗျာ…။
      ပြောရရင်.. ဒေါ်အောင်ဆန်းစုကြည် ငုတ်တုတ်နဲ့.. ဒေါ်စုသေတန်းစာမျိုးကလည်းရှိနေသေးတယ.်..။ နောင်နှစ်တွေကြာလာရင်.. အလကားနေရင်း ပြသနာဖြစ်စရာပါပဲ..။
      ဒုက္ခ…။

  • naywoonni

    August 15, 2011 at 6:54 pm

    အဲဒါကြောင့် လွတ်လပ်ရေး ရကာစက စာဆရးဆရာ တစ်ယောက် ဆရာမင်းအောင်လို့ထင်တယ်..။ သူရေးခဲ့တဲ့ စာအုပ်က ဒီမိုး ဒီလေ ဒီ မအေရိုးတွေနဲ့ ဆိုလား ပဲ…။ ဒီလို ဒီလိုတွေ လို့ ရေးခဲ့သူတွေ လည်း အများကြီးရှိနေတာပဲ… ။ စောစောပိုင်းကထဲ ထောက်ပြနေတဲ့သူတွေ ရှိပါရက် ကယ်နဲ့ ဒီလို အခြေအနေ ထိ ရောက်သွားတာ အံ့ကို ဩရော ဆိုတာလိုပဲ

  • alinsett

    August 15, 2011 at 7:00 pm

    ဖတ်ရတာ တန်တဲ ့ စာတွေ ပါပဲ။ တင်ပေးတာကို ကျေးဇူးတင်ပါတယ် ။

  • MaMa

    August 16, 2011 at 8:32 am

    မတူတဲ့ အတွေးနဲ့ ရေးရမယ်ဆိုရင်တော့ အိမ်ရှေ့မင်းသား ပြန်သွားပြီးနောက်ပိုင်း အဲဒီအဖိုးကြီးရဲ့ နောက်ပိုင်း ဇာတ်လမ်းကို သိချင်သား။

  • nature

    August 16, 2011 at 10:21 am

    ဒီစာကို ဖတ်မိတဲ့သူဟာ သခင်ကိုယ်တော်မှိုင်းအကြောင်းမသိရင် သခင်ကိုယ်တော်မှိုင်းကို သွေးခွဲသူတယောက်အဖြစ် အထင်လွဲသွားစေနိုင်ပါတယ်။ ဖတ်မိတဲ့ တိုင်းရင်းသားတွေဟာလည်း ဒေါသထွက်ပြီး အမြင်လွဲစေနိုင်ပါတယ်။ ဒါဟာငြိမ်းချမ်းရေးလမ်းစဉ် ကို နှောက်ယှက်ဖျက်ဆီးမဲ့ ဝါဒဖြန့် သွေးထိုးမှုတခုလို့ မြင်ပါတယ်။

  • captainamerica

    August 16, 2011 at 11:11 pm

    အင်မတန်အောက်တန်းကျတဲ့သွေးခွဲတဲ့စာတစ်ပုဒ်ပဲ။ သခင်ကိုယ်တော်မှိုင်းလို ဒီလောက်ငြိမ်းချမ်းရေးလိုလားတဲ့လူစားမျိုးပါးစပ်က ဒီလိုစကားမျိုးတွေ ထွက်တယ်ဆိုတာကိုယုံတဲ့သူကတော့အရူးပဲ….. ဒီလိုအောက်တန်းစား
    ဆန်တဲ့စာမျိုးကိုရေးတဲ့မအေ -ိုးမျိုးသေချင်းဆိုးနဲ.သေပါစေ………… :angry

Leave a Reply