ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့နှင့် သနပ္ပင်မြို့များသို့ သွားရောက်ခဲ့

ဦးကောက်August 15, 20111min492

w64614

ဒေါ်အောင်ဆန်းစုကြည်သည် ဩဂုတ်လ ၁၄ ရက်နေ့က ပဲခူးမြို့သို့ စတင် ရောက်ရှိလာခဲ့ပြီး ရွှေမော်ဓော စေတီတော်မြတ်ကြီးအား တက်ရောက် ဖူးမြော်ခဲ့ပြီးနောက် ပဲခူးမြို့ရှိ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်
ကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် သနပ္ပင်မြို့သို့ ဆက်လက် ထွက်ခွာခဲ့ပြီး သနပ္ပင်မြို့ နဝရတ် ကိုးသွယ်လမ်းရှိ အောင်ဆန်းဂျာမွန်း စာကြည့်တိုက်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် နံနက် ၁ဝ နာရီခွဲ အချိန်ခန့်တွင် သနပ္ပင်မြို့မှ ပြန်လည် ထွက်ခွာသွားခဲ့ပြီး  ပဲခူးမြို့အနီးရှိ စာဖတ်ခန်းတစ်ခုအား ဖွင့်လှစ်ပေးခဲ့ကာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့သည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။

2 comments

  • aungnng87

    August 15, 2011 at 1:15 pm

    ညကအန်တီစုပုံကို တီင်္လီဗေးရှင်းမှာကြည့်လိုက်ရတယ်။ အန်တီစုဘေးမှာ ပရိသတ်ပေါင်းမြောက်များစွာနဲ့။

    • R Ga

      August 15, 2011 at 2:29 pm

      တီဗွီကလာတယ်ဆိုတာ မြန်မာအသံကလာတာလား..။ DBV ကလာတာလား သိချင်ပါတယ်။
      မြန်မာအသံကလာတယ်ဆိုရင် တော့ ည ၈ နာရီသတင်းတွေ လူတွေပြန်ကြည့်မယ့်အလားပဲ.။ ကြော်ငြာတောင် ဝင်မယ့်ပုံရှိတယ်။

Leave a Reply