မြန်မာအစိုးရသစ်က နိုင်ငံခြား ငွေလက်မှတ်FEC ကို ရုတ်သိမ်းမည် ……

နွယ်ပင်August 15, 20111min10215

မြန်မာအစိုးရသစ်သည် လွန်ခဲ့သောအနှစ် ၂ဝ က နိုင်ငံခြားသားများအတွက် ထုတ်လုပ်ထားသော နိုင်ငံခြား ငွေလက်မှတ် FEC ကို ပြန်လည် ရုတ်သိမ်းရန် စီစဉ်နေကြောင်း တာဝန်ရှိသူများက သောကြာနေ့က ပြောကြားခဲ့သည်။

“မကြာတော့တဲ့ ကာလမှာ FEC ဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ “ကျပ်” နဲ့ နိုင်ငံခြားသုံးငွေသာ ရှိတော့မှာပါ” ဟု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယခု သတင်းစာရှင်းလင်းပွဲမှာ ဧပြီလ အစိုးရသစ်တက်ပြီး ပထမဆုံးကျင်းပသော သတင်းစာ ရှင်းလင်းပွဲ ဖြစ်သည်။

FEC ကို ၁၉၉၃ ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး နိုင်ငံခြားသုံးငွေကို အစိုးရထိန်းချုပ်မှု ပြုလုပ်နိုင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာလှည့် ခရီးသည်များအနေဖြင့် လေဆိပ်တွင် ဒေါ်လာ (၂ဝဝ) တန်ဖိုးရှိ FEC များ ဝယ်ယူကြရပြီး နိုင်ငံခြားသားလုပ်ငန်းရှင်များနှင့် အကူအညီ ပေးရေးအုပ်စုများသည် တရားဝင် ငွေစာရင်းလွှဲပြောင်းမှုအတွက် FEC ကိုသာ အသုံးပြုကြရပြီး ဒေါ်လာနှင့် FEC ကြား ငွေလဲလှယ်နှုန်း ကွာဟမှုကြောင့် ဆုံးရှုံးမှုများ ရှိခဲ့ရသည်။

မှောင်ခိုဈေးကွက်တွင် နိုင်ငံခြားငွေလဲလှယ်မှု ပြုလုပ်ခြင်းကို ကာကွယ်ရန် FEC ကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံမှာ ငွေလဲလှယ် မှုနှုန်း အမျိုးမျိုး ရှိနေတာဟာ နိုင်ငံခြားငွေကို ဖလှယ်တဲ့နေရာမှာ အရမ်း ရှုပ်ထွေးပါတယ်။ အကျင့်ပျက်ခြစားမှုကိုလည်း ဖြစ်စေပါတယ်” ဟု မြန်မာ နိုင်ငံ၏ စနစ်နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်လများအတွင်းက မြန်မာကျပ်ငွေသည် ဒေါ်လာ FEC တို့ထက် စာလျှင် အားကောင်းလာခဲ့ရာ ယင်းမှာ ဈေးကွက်အတွင်းသို့ ဒေါ်လာ များစွာ ဝင်ရောက်လာခြင်းကြောင့် ဖြစ်သည်။

FEC ကို ကိုင်ဆောင်ထားသူများ အနေဖြင့် စိုးရိမ်ပူပန်မှု မရှိကြစေလိုကြောင်း၊ အစိုးရသည် FEC ကို ကျပ်ငွေဖြင့် သော်လည်းကောင်း၊ ဒေါ်လာဖြင့်သော်လည်းကောင်း ပြန်လည် ဝယ်ယူမည်ဖြစ်သည်ဟု ဦးကျော်ဆန်းက ပြောကြားခဲ့သည်။ သို့သော် မည်သည့်နှုန်းဖြင့် ဝယ်ယူမည် ဆိုသည်ကိုမူ ပြောကြားသွားခြင်း မရှိခဲ့ပေ။

(12 August 2011 ရက်စွဲပါ Monsters and Critic မှ “New Myanmar Government to Drop Foreign Exchange Certificate” ကို Y C မှ ဘာသာပြန်ဆိုသည်)
မြတ်လေးငုံ ဆိုဒ်မှ ဖော်ပြပါသည် ။

15 comments

  • pan pan

    August 15, 2011 at 1:01 pm

    “အစိုးရသည် FEC ကို ကျပ်ငွေဖြင့် သော်လည်းကောင်း၊ ဒေါ်လာဖြင့်သော်လည်းကောင်း ပြန်လည် ဝယ်ယူမည်”
    ဝယ်မယ်လို့တော့ပြောတယ်ပေ့ါ
    ဘယ်လောက်ပေးမလဲဆိုတာအရေးကြီးတယ်
    FEC ဒီကနေ့ပေါက်ဈေးကတော့ ၆၅ဝကျပ်ပါတဲ့

    • နွယ်ပင်

      August 15, 2011 at 2:01 pm

      ဒီနေ့ပေါက်ဈေးက တက်သွားပြီထင်တယ်
      အခုလေးတင် ADSL Bill ဆောင်ဖို့ သွားဝယ်တာ
      710 ပေးခဲ့ရတယ် ပန်ပန်ရေ ……………

      • pan pan

        August 15, 2011 at 2:11 pm

        အဟင့်…
        တို့တွေရောင်းတော့ ၆၅ဝပဲရမယ်တဲ့ !_!
        မနက်က ၁၁နာရီလောက်ထိ ဈေးမဖွင့်သေးဘူး
        ပြီးမှ၆၅ဝဆိုပြီးပြောတာ
        အဲဒါကိုယ်ကရောင်းလို့ရမယ့်ဈေးပါတဲ့
        ဝယ်ရင်တစ်ဈေးလေ
        အစ်မက ၇၁ဝတောင်ပေးဝယ်ရတော့ များသွားတာပေ့ါ

      • MaMa

        August 15, 2011 at 3:57 pm

        ခုချိန်ဟာ အချိန်ကောင်းပဲ။ ရောင်းဈေးနဲ့ ဝယ်ဈေးကို အများကြီး ခွာထားတယ်။ ရောင်းချင်တဲ့လူလာမလား၊ ဝယ်ချင်တဲ့လူ လာမလား။ လာခဲ့ ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ်။

  • windtalker

    August 15, 2011 at 1:44 pm

    အဲဒါဆိုရင်တော့
    အလုပ် မရှုပ်တော့ဘူးပေါ့
    နို ့
    ရုံးသွားလို ့
    အခွန်ဆောင်ရမယ်ဆိုရင်
    အက်ဖ်အီးစီ
    လိုက်ရှာလဲ နေရတာ
    တစ်ဒုက္ခ

  • moonpoem

    August 15, 2011 at 1:53 pm

    ဘယ်တော့လဲ ဘယ်လောက်လဲ ဘယ်တုန်းကမှ မြန်မာသတင်းတွေဟာ တိတိကျကျမပြောတတ်ကြပါလား

    • နွယ်ပင်

      August 15, 2011 at 1:58 pm

      မကြာမီ လာမည်မျှော်ပါတဲ့ လမင်းကဗျာရေ ………… 🙂

      • စုံ စုံ

        August 15, 2011 at 4:49 pm

        မျှော်သာမျှော်သည် မယုံကြည်
        ရင်မှာဝေဒနာ တိုးလို့လာပြီ

  • PaukPhaw

    August 15, 2011 at 2:42 pm

    Monday
    August 15, 2011.

    From Singapore (SG PNSL Market Zone) to YGN,
    1 SGD: 617 Ks @SG Time 02:10PM

    From – eTm Broadcast (YGN),
    Offer Price @YGN Time 10:45AM
    1 USD: 750 Ks – 755 Ks
    1 FEC: Not Available
    Myanmar Gold 1 Tical: 688,000 Ks

    YGN Open Market Zone @YGN Time-12:20PM
    100 Ks: 0.858 – 0.86 (China Yuan)
    100 Ks: 4.0 – 3.99 (Thailand Baht)
    100 Ks: 10.10 – 10.0 (Bangladesh Taka)
    1 USD: 753 – 758 Ks
    1 FEC: 680 – 695 Ks
    Earning: 789 – 790 Ks
    1 SGD: 640 Ks
    Gold: 688,000 Ks (YGN) | 688,300 Ks (MDY)

    YGN Closed Market Zone @YGN Time – 2:45PM
    =================

    The rates may vary (+ / -) from time to time, T & C depending on exchange amount, market dealers ..etc, and are based on information supplied by leading market data contributors, SG PNSL – Myanmar Shops and YGN – eTm media broadcasting.

  • nayminn

    August 15, 2011 at 5:33 pm

    ဥထားတာလေးတွေ…ထုတော့…တွားပီထင်ပါတယ်။

  • naywoonni

    August 15, 2011 at 6:55 pm

    တစ် FEC မှ မရှိဘူး…။ ငါကွ…။

  • forever

    August 15, 2011 at 7:44 pm

    သူကြီး ရဲ.စကားယူသုံးရရင်…..

    မတူတဲ.အမြင်နဲ. ဖြေကြည်.မယ်…
    fec ကို တကယ်မဖျက်သေးဘဲ ၊ ဘယ်တော.ဖျက်မယ်မှန်းလဲမသေချာ ( IMF ကိုစောင်.ရအုံးမှာ )
    ဘဲ ပွဲဆူအောင်လုပ်တာ နောက်ဆုံးနည်းဗျုဟာလားမသိ
    လက်တွေ.မှာတော. ဈေးကွက်ထဲမှာ မျက်မမြင် ဆင်စမ်း သလိုဖြစ်နေပြီ

  • ဆူး

    August 15, 2011 at 9:59 pm

    ၆၀ဝ နဲ့ လဲပေးမယ် ဆိုလား… လက်ထဲ ရှိတာ အကုန်သာ သုံးထား..

  • i love this

    August 16, 2011 at 12:20 am

    အခြေအနေများသည် လျင်မြန်စွာ ရှုပ်ထွေးစပြုနေပြီ ၊
    ငါ့တွင် ဘာမှ မရှိ ၊ ဘာတွေဆက်ဖြစ် ဦးမလဲ ထိုင်စောင့်ကြည့်နေရန်သာ၊

  • Shwe Tike Soe

    August 16, 2011 at 9:00 am

    အော် ဒေါ်လာစားတွေရဲ.ဘဝ ကလဲ ဆိုးလိုက်လေချင်း…
    ဘောလုံးပွဲမလောင်း။ နှစ်လုံး သုံးလုံး မထိုးပဲ ထိုင်နေရင် အလုပ်လုပ်နေရင်းကို ရှုံးနေတော့တာပဲ အဟင့်အဟင့်အဟင့်
    သိမ်းလိုက်တာပဲကောင်းပါတယ်…… မဟုတ်ရင် တစ်လ တစ်လ FEC လေးပင့်ပင့်နေရတာ….

Leave a Reply