ဒေါ်လာစားတိုင်း ဖတ်သင့်ပါသဖြင့် Share လိုက်ပါတယ်….

bigchefAugust 15, 20111min11611

ဖြစ်ချင်လဲ ဖြစ် မယ်။ ထင်မြင်ချက်လေးတွေ ကိုဝိုင်း မန်.ပေး ကြ ပါအုံး။ရွာ ထဲ မှာ Dollar စားတွေ အများ သား ဆိုတော့

ဒေါ်လာစားတိုင်း ဖတ်သင့်ပါသဖြင့် Share လိုက်ပါတယ်…..။

အမေရိကန်ဒေါ်လာငွေဈေးကျဆင်းပြီး မြန်မာငွေ ပြန်လည် ခိုင်မာလာပါမယ်လို့ ကျနော် – ၂၀၁၁- နှစ်ဆန်းပိုင်း ဇန္နဝါရီလဆန်းပိုင်းက စီးပွားရေးပိတ်ဆို့မှု အကြောင်းရေးနေရင်း Australia Macquarie Universityမှ စီးပွားရေးပါမောက္ခ Dr. Sean Turnell မှ ထိုင်းနိုင်ငံမှ မြန်မာအလုပ်သမားများ နှစ်စဉ်မြန်မာနိုင်ငံ ပြန်ပို့ ပေးနေသော ငွေကြေးပမာဏ အကြောင်းဆောင်းပါး ပါလာတဲ့အတွက် ကျနော်က မြန်မာနိုင်ငံမှာ အခု မြန်မာငွေပြန်လည်ခိုင်မာလာနေတဲ့ ကိစ္စကို ထောက်ပြခဲ့ပါတယ်။ န.အ.ဖက သူတို့ လက်ထက် စီးပွားရေး အကောင်းဘက်ကို ပြလာလို့ စီးပွားရေးခိုင်မာလာလို့ ဦးမော့လာလို့ ဆိုပြီး အတည်ပေါက်လိမ်လာပါတယ် ။

တကယ်က အရင်နှစ်တွေက သန်းရွှေ နဲ့မောင်အေးမိသားစုက နှစ်စဉ် ကားပါမစ်/ ဖုန်းပါမစ်/ လုပ်ငန်းပါမစ် စတာတွေကနေ နိုင်ငံသူ နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ ငွေတွေကို ရေစစ်နဲ့ သဲ့ယူသလို နစ်စဉ် သဲ့ယူခဲ့ပါတယ်။ တနှစ်ကို မြန်မာကျပ်ငွေ သိန်းပေါင်း (၂-ကုဋေလောက်) သဲ့ယူပါတယ်။ အဲဒီငွေတွေကို နိုင်ငံခြားက ငွေလွှဲသူတွေ လွှဲပို့တဲ့ဒေါ်လာကို တေဇတို့က စင်ကာပူမှာတင် ဘဏ်ထဲ သိမ်းထားလိုက်ပြိး အဲဒီဒေါ်လာတွေဟာ မြန်မာပြည်ထဲ မရောက်တော့ဘဲ မြန်မာပြည်မှာ သူတို့ပါမစ်နဲ့ သဲ့ယူထားတဲ့ မြန်မာကျပ်ငွေတွေကို ပြန်အမ်းပေးနေတာပါ။ သတိထားတတ်ရင် ပိုသိပါတယ်။ ကားဈေး/ လက်ကိုင်ဖုန်းဈေးတွေ မတရား ခေါင်ခိုက်တဲ့နှစ်တွေမှာ ဒေါ်လာဈေး အမြင့်ဆုံးရတတ်ပါတယ်။
မတရားဝိုက် (သဲ့ယူထားတဲ့ငွေ) ကဖုန်းဈေး၊ ကားဈေးတက်ရင် မြန်မာကျပ်ငွေ သူတို့လက်ထဲ မတရားများလာတော့ မြန်မာငွေဈေး ပိုကျတာပါ။ အစိုးရလက်ထဲ ဒေါ်လာတွေ ဝင်လာတာများလို့ ဆိုတာ လိမ်တာသက်သက်ပါ။ အခု သမ္မတကြီးဦးသိန်းစိန် အစိုးရတောင် နိုင်ငံခြားငွေ သုံးစွဲရန် နည်းနေလို့ တရုတ်ပြည် ခွက်ပျောက်သွားတောင်း ဒူးထောက်ပြန်လာရတာ သိကြတယ်နော်။ သမ္မတဖြစ်လို့ ဖင်တောင်ပူအောင် မထိုင်ရရှာဘူး ဒူးထောက် တောင်းရတဲ့ သမ္မတဘဲ။ နိုင်ငံခြားငွေ ရှိရင် ထမင်းစားသူတွေဘဲ။ အခု ကားပါမစ်က မရှိတော့ဘူး။ တခါ ဖုန်းကတော့ ၃-သိန်းနဲ့တောင်ပေးမယ်။ နောက်- ၂နစ်လောက်ဆို ဖုံးတွေ ဒေါ်လာ- ၅ဝ လောက်ဘဲရှိတော့မယ်။ ဖုန်းကနေ သဲ့ယူတဲ့ စံနစ် မရှိတော့ဘူး။ မြန်မာငွေ အသားလွတ် ဝိုက်ရတဲ့ စံနစ်မရှိတော့ဘူး။ နိုင်ငံခြားနေသူတွေ ပို့တဲ့ငွေကို စင်ကာပူမှာ သိမ်းပြိး ပြည်တွင်းက အသားလွတ် ယူထားတဲ့ငွေနဲ ့ပြန်အမ်း ငွေမရှိတော့ဘူး။

တခါ ကြိုင်ကြိုင်တို့ ပြေးဖို့ပြင်ထားပြီးပြီ။ သူတို့ပိုင်တဲ့ငွေတွေ ကိုလည်း သူတို့ ကိုယ်တိုင်က မြန်မာပြည်ကပြေးဖို့ဘဲ အပီတွက်ထား ပြင်ထားကြတော့ သူတို့ငွေကို ပြည်တွင်းပြန် မရင်းနှီးကြတော့ဘူး။ ဒါကို မျက်တောင်တဆုံးဘဲ ကြည့်တတ်တဲ့ ကြံ့ဖွတ်တွေက မမြင်ကြသေးဘူး။ ချကျွေးတာလေး အငမ်းမရ ဟပ်နေကြတာ။ သူတို ့အဘ ကပြေးဖို ့ ရယ်ဒီ။ ထစ်ဆိုရင် အမြှီးတောင် မြင်လိုက်ရမှာမဟုတ်ဘူး။
ဒီတော့ အခုမြန်မာငွေက ခိုင်မာလာတာ သက်သက်ပါ။ အမေရိကန် ဒေါ်လာဈေး ကျလို့မဟုတ်ပါဘူး။ အမေရိကန် ဒေါ်လာက တချို့နိုင်ငံတွေ (ဥပမာဩစတေးလျနဲ့) ဆိုရင်ကျပါတယ်။ ကျတာက ဩစတေးလျက သံယံဇာတအများကြိးထွက်တော့ စီးပွားရေးခိုင်မာလို့ပါ။ အခု ငွေတန်ဖိုး တအိအိကျနေတာက တရုတ်ငွေပါ။ သူငွေက လူသန်း-၁၃၀ဝ – ရဲ ့အင်အား။ ကျတာက တအိအိ။ ဒါပေမဲ့ သူက စီးပွားရေးပမာဏက ကြီးလွန်းတော့ ငွေတန်ဖိုး နည်းနည်းလေးကျတာ အင်မတန် ကြောက်စရာကောင်းတယ်။ အဲဒါက တမှောင့်။ သူငွေနဲ ့ယှဉ်ရင် အမေရိကန်ငွေက ခိုင်မာတယ်။
ကျနော်တို့ဆီမှာက မူမမှန်တဲ့ ငွေကြေး ကစားထားတာကြောင့် အဲဒီကစားတာကို ရပ်လိုက်ရတာနဲ့ မြန်မာငွေဈေးက အရှိန်အဟုန် ပျင်းပျင်း ထိခိုက်လာတာ။ ဘာမှစီးပွားရေး တက်လာလို့ မဟုတ်ဘူး။ လူမမာနဲ့ ဥပမာပေးပါမယ်။ အခုမြန်မာပြည်မှာ ဆေးခန်း အတော်များများက လူတယောက် သာမန်ဖျားနာရင်ကို STEROIDS / PREDNISOLONE တွေ ပေးတော့တာ။ စတီးရွိုက်ဆေးဆိုတာက သူက ရောဂါကို ကုပေးတာမဟုတ်ဘူး။ ရောဂါလက္ခဏာကို / တနည်း – ဝေဒနာကိုသက်သာအောင် လုပ်ပေးတာ။ ဥပမာထပ်ဆင့်ပေးပါမယ်။ သူက ပဋိဇီဝဆေးလို ရောဂါပိုးကို တိုက်ပေးတာမဟုတ်ဘူး။ အရပ်စကားနဲ့ဆို (ရွှေရင်အေးဆေး) လူတဦးကို ရောဂါပိုးဂါပိုးဝင်လာရင် (ရန်သူပေါ့) လာရင် လူ့ခန္ဓာကိုယ်က (မြို့ခံတပ်ပေါ့) ပြန်ခုခံတိုက်တယ်။ တနည်း စစ်ဖြစ်ကြတယ်ပေါ့။ စစ်တိုက်ကြ စစ်ဖြစ်ကျတော့ မီးတွေလောင် ဘာဖြစ်ညာဖြစ်တော့ လူမှာ ကိုက်ခဲ မီးလောင်တော့ ကိုယ်တွေပူ ဖျားတယ်ပေါ့။ အဲဒီလိုမြင်ကြည့်ပါ။ ကိုယ်က ကိုယ်ခံအားကောင်းရင် ရောဂါပိုးကိုနိုင်ပြိး သက်သာလာတယ်။ ကိုယ်ကမနိုင်ရင် ပဋိဇီဝဆေးတွေ အကူယူ တိုက်ရတာက ဆေးကုတာ လုပ်ပေးရပါတယ်။
အဲဒီမှာ စတီးရွိုက်ဆေးကို ပေးလိုက်ရင်သူက ရန်သူ မတိုက်ဘူး။ စတီးရွိုက်က မြို့ခံတပ်ကို မတိုက်ဖို့ ရွှေရင်အေးဆေး ပေးလိုက်တာပါ။ စစ်မတိုက်ကြတော့ မီးမလောင်တော့ဘူး အပစ်အခတ်တွေ မရှိတော့ အကိုက်အခဲတွေ ကိုယ်ပူတာတွေ ရပ်သွားတာပါ။ ရောဂါပိုး(ရန်သူ) က သူ့ကိုတိုက်သူမရှိတော့ မြို့ထဲကို အေးအေးဆေးဆေး ဝင်ထိုင်တော့ ခြေကုပ်ယူတော့တာပါ။ အဲဒီလို ပုံဖေါ်မြင်ကြည့်ပါ။ ကျနော်တို့ ကိုစာသင်ပေးတဲ့ ပါမောက္ခကြီးတွေ ပြင်ပဆေးခန်းက ဆရာဝန်တွေ ပြီးလွယ်နဲ့ စတီးရှိုက်တွေ ပေးနေတာကို နည်းနည်းရိပ်မိကြပါတယ်။ အခုကျနော် ထောက်ပြသလောက် မသိကြပါဘူး။ သိရင်မျက်လုံးပြူးကုန်ပြီး ထိုင်မနေနိုင်ကြပါဘူး။ အခုဆို မြန်မာပြည်ဆေးဆိုင်တွေကို ခင်ရင်မေးကြည့်ပါ။ ဒီစတီးရွိုက်ဆေးတွေဟာ အင်မတန် ရောင်းအားကောင်းနေပါတယ်။
ကျန်းမာရေးဝန်ကြီး ဦးဖေသက်ခင် / ကျနော်က မမတူးခေါ်တဲ့ ဒု-ဝန်ကြီး ဒေါ်ဝင်းဝင်းမြင့် / မမအုံးလို့ ခေါ်တဲ့ ဒေါ်မြမြအုံးခင် (သုံးယောက်စလုံးနဲ့ အတော်လေး ခင်ပါတယ်) တို့ကို ကျနော် ဒုက္ခပေးတာမဟုတ်ပါဘူး။ ဆေးဆိုင်တွေမှာ စစ်တမ်း ကောက်စေချင်ပါတယ်။ စတီးရွိုက်ကို ကွမ်းယာဆိုင်တွေကအစ ပဲကြီးလှော်လို ညွှန်းနေတာလေး စစ်တမ်းကောက်ပေးပါ ကြပ်မတ်ပေးပါလို့။ ဒီဆေးတွေကြောင့် ကျနော်တို့ မြန်မာလူမျိုးတွေ ဝလဲပိုဝလာတယ်။ အရပ်ပါပုလာပါတယ်။ တခါဖျားလို့ ဆေးခန်းတွေမှာ တခါကုလိုက်ရင် တခါဝလာတာ အဲဒီဆေးတွေ အကျွေးခံကြရလို့ပါ။
ကဲငွေဈေးနှုန်း ကိစ္စဘက်ပြန်လှဲ့ ကြရအောင်။ မြန်မာပြည်မှာ ဖြစ်နေတာက စီးပွားရေးမှာ အာဏာရှင်ကြီးတွေက အထက်ကလို စတီးရွိုက်ဆေးနဲ့ စီးပွားရေးကို ဆေးတိုက်ထားေတော့ စတီးရွိုက်လဲ ဖြတ်ရော အဖျားပြန်ထတော့တာပါဘဲ။ အခုက အချိန်အကြာကြီး စတီးရွိုက်နဲ့ အကျွေးခံထားရ။ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ငွေကြေးတွေကလည်း သူတို့လူတစု လက်ထဲရောက်တယ်။ လူထုလက်ထဲမှာလည်း ငွေကကုန်ခမ်း နေပြီ (လူမမာ အားပြတ်နေပြီ)။ တခါစတီးရွိုက်ကလည်း ဖြတ်လိုက်တော့ အရေးပေါ် ဖြစ်တော့တာဘဲ။ အထက်က စတီးရွီုက်ဆေးက ဖြတ်ရင် တဖြေးဖြေးချင်း လျှော့ဖြတ်ရတာ။ ရုတ်တရက် ဖြတ်လိုက်ရင် အဖျားလဲ ပြန်ပြီး ကန်ထလာတယ်။ လူမမာလည်း အားပြတ်သလို အရုပ်ကြိုးပြတ်ပြီး မလှုပ်ချင် မကိုင်ချင်အောင် ပုံကျသွားတော့တာ။
တခါက ၂၀၀၅- ခုနှစ်ပေါ့။ မိတ်ဆွေတယောက်ရဲ ့ကလေး – ၃-နှစ်သားလေး ဖျားတယ်။ ဆေးခန်းပြတယ်။ ငွေသိပ်မတတ်နိုင်တော့ အဖျားကျပြီ ဆိုပြီး ဆေးခန်းဆက် မသွားတော့ စတီးရွိုက် ရုတ်တရက် ပြတ်သွားတယ်။ ကလေးက မျက်လုံးလေးဟောက် မလှုပ်နိုင်တော့ ကလေးဆေးရုံကြီး သွားပြရတယ်။ ဆေးရုံတင်ရတယ်။ ဆေးရုံမှာအားဆေးတွေသွင်း အားပြန်မထူနိုင်ဘူး။ ကျနော်လိုက်ကြည့်တယ်။ ကလေးကို ကိုင်ကြည့်လိုက်တာနဲ့ ချွေးစေးတွေနဲ့ အေးစက်နေတာ။ သိလိုက်ပြီ အပြင်ဆေးခန်းက ဆရာဝန်က ပထမနေ့ကတည်းက စတီးရွိုက်ဆေး နဲ့ကုနေတယ်ဆိုတာ။ ဒါ (လုံးဝ မလုပ်ကောင်းတဲ) ကိစ္စ။ ဒါဆရာဝန်တွေ စောင့်ထိန်းရတဲ့ သမားကျင့်ဝတ်ကို ဖေါက်ဖျက်တာ။ ကလေးအထူးကု ဆရာဝန်ကလည်း မိတ်ဆွေဆိုတော့ ကျနော် ဒီလိုထင်ပါတယ် ရှင်းပြလိုက်တယ်။ သူက ကျနော်ထက် လေးတန်းလောက်ငယ်တယ်။ သူကလက်ခံတယ်။ စတီးရွိုက်လေး ပေးလိုက်တာ တနာရီနေတော့ ထထိုင်တော့တာဘဲ။ ဒီလိုဘဲ တခြားသူတွေလဲခနခန ဖြစ်တတ်ကြလို့ ကျနော့်ကိုခေါ်ပါတယ်။ သိတယ်။ စတီးရွိုက်ဝယ်သောက် ညွှန်းလိုက်တယ်။ အိမ်ပြန်တယ်။ မသက်သာရင်ဖုံးဆက်။ ဒီအတိုင်းဘဲ။ နာရီဝက် တနာရီဆို ရေတောင်ပြန်ချိုးလို့။ ပြီးမှ တစတစ ဖြတ်နည်းညွှန်းရတယ်။
အခုကျနော်တို့ဆီမှာ ဖြစ်နေတာက ပါမစ်ဆိုတဲ့ အထူးအခွင့်ထူးခံစီးပွားရေး ငွေညှစ်ယူတဲ့ စတီးရုွိက်ဆေး အကျွေးခံထားရတဲ့ စီးပွားရေး။ အခုစတီးရွိုက်က ပေးလို့မရတော့ဘူး။ သေပြီ။ ဘယ်လိုကုကြမလဲ။ စီးပွားရေး ဆရာကြီးများ ခင်ဗျား အခုန ကလေးအထူးကု ဆရာဝန်လေးလို စတီးရွိုက် ကိုထည့်စဉ်းးစားပါဦးလို့။ လူတစုလက်ထဲမှာ မူမမှန်မတရား အမြဲရနေတဲ့ငွေ စတီးရွိုက်တွေ မရှိတော့ဘူး။ အဲဒါကိုထည့် မစဉ်းစားတော့ ပညာရှင်ကြိးတွေ ခေါင်းခဲနေကြတာ။ ဘာကြောင့်ပါလိမ့်ပေါ့။
ကျနော်က မြန်မာပြည် ငွေလွှဲတဲ့ကိစ္စကို ဆောင်းပါးတွေပေါ်မှာ ရေးလိုက်တယ်။ လူထု ထံကနေ ကျနော်အမြင့်ကို လက်ခံသူတွေ အများကြီး ကွန်မင့်တွေ တက်လာပါတယ်။ ကနေ့ ပြည်ပအသံလွှင့်ဌာနကြိးတွေ မီဒီယာကြီးတွေပေါ်မှာရော ပြည်တွင်း/ပြည်ပက စီးပွားရေး ပညာရှင်ကြီးတွေကပါ ကျနော်ထောက်ပြတဲ့ ငွေလွှဲတာမှာ အမေရိကန် ဒေါ်လာတွေဟာ မြန်မာပြည်ထဲကို ဝင်မလာဘဲ စင်ကာပူမှာတင် လမ်းဆုံး ပြည်တွင်းမှာ စတီးရွိုက် ကျပ်ငွေတွေ နဲလည်း ပေးနေပါတယ်.. ဆိုတာ လက်ခံတဲ့ပညာရှင်တွေ မရှိကြသေးတာ တော်တော်လေး ထူးဆန်းနေပါတယ်။ တခါ ပိုထူးခြားတာက ကျနော်ရေးထားတာတွေ တလွှဲပါလို့ပြောသူ တယောက်မှ မရှိတာကလည်း။ ဒီစတီးရွိုက် ငွေဆိုတာ တကယ်က ငွေမည်းတွေ။ အဲဒါတွေကို ငွေဖြူဖြစ်ရုံမက စင်ကာပူ ဘဏ်ထဲအထိ တရားဝင်ငွေအနေနဲ့ ရောက်အောင် တချက်ခုတ် ဆယ်ချက်ပြတ် လုပ်နေခဲ့တာ။ အခု စီးပွားရေးပညာရှင်ကြီးတွေ (ပြည်တွင်းကို မဆိုလိုပါ) ပြည်ပက ပညာရှင်ကြီတွေ ဘာလို ဒီစတီးရွိုက်ငွေ ငွေမည်းကိစ္စ ကို ဘာကြောင့် ရေငုံနေကြတာပါလည်း။
အခုကျနော် နိုင်ငံခြားမှာ တခါတခါ စီးပွာရေး သတင်းစာပေါ့ ဝယ်ဖတ်တယ်။ နားမလည်တာ အများကြီး နားလည်တာက နည်းနည်း။ ကိုယ်ကစီးပွားရေးနဲ့ ဆိုင်တဲ့ ဝေါဟာရတွေတောင်မှ မသိတာ ဘယ်နားလညနိုင်မှာလည်း။ ဒါပေမဲ့ မြန်မာနိုင်ငံက စီးပွားရေးပညာရှင်ကြီး များကိုတော့ စတီးရွိုက် ကိုထည့် စဉ်းစားပါလို့ ပြောလိုပါတယ်။ ဒါကိုထည့်မစဉ်းစားရင် အထက်က ကလေးကို မလိုဘဲ အားဆေးတွေ သွင်းနေတာ ၂- ရက်။ ရောဂါတခြား ဆေးတခြား ဖြစ်နေပါမယ်။ သူလိုနေတဲ့ဆေးကို သိတော့ တနာရီနဲ့ ထ ထိုင်တာပါ။ အခု စတီးရွိုက်ကတော့ ပြန်ပေးလို့ မရတော့ဘူး။ စတီးရွိုက်ခေတ် ကုန်ပြီ စတီးရွိုက်ကို ထည့်စဉ်းစားပြီ ကုသဖို့ထက် မြန်မာငွေ ဘယ်လောက်အထိ ဈေးပေါက်မယ်ဆိုတာကို ကြိုတင် တွက်ဆထားဖို့ လုပ်ကြရပါမယ်။
နောက် ကုသချင်တယ်ဆိုရင်တော့ကျနော်မြင်တာလေးပေါ့။ ငါနည်းမှ အပိုင်လို့ အမှန်လို့တော့ မပြောရဲပါ။ အခုဟာက လူမမာစကားနဲ့ ပြောရရင် သွေးအဆိပ်တက်နေ သွေးတွေ ယိုစိမ့်နေတဲ့ လူမမာ အဆင့်ရောက်နေတော့ ကျုပ်ကုရင်ရတယ် အာမမခံရဲတဲ့ အခြေအနေရောက်နေပါတယ်။ ရောဂါလွန်နေပြီ။ နည်းနည်း သက်သာစေနိုင်မယ့် နည်းလေးတွေ ဆေးမီးတိုလေးတွေတော့ အကြံပေးချင်ပါတယ်။ လက်ခံရင်ပေါ့။ လက်မခံရင်လဲ ရပါတယ်။ လစ်ဗျားပြီးရင် ခင်ဗျားတို့ (လစ်ဗျာ) လုပ်ဖို ့ပြင်ထားကြပေတော့။
ဒါပေမဲ့ ပြည်သူအများစုကိုတော့ အသိပေး သတိပေးလိုပါတယ်။ မြန်မာငွေ အခုထက် ပိုခိုင်မာလာပါမယ်လို့။ ဘယ်လောက်အထိ ပြန်တက်လာနိုင်တယ်တော့ မခန့်မှန်းနိုင်ပါဘူး။ ဒီထက်မက တက်လာပါမယ်တော့ ပြောရဲပါတယ်။ ကျနော်အထင် သက်သက်နဲ့ (ခန့်မှန်းတာ သက်သက်နော်) မြန်မာငွေဟာ တစ်ဒေါ်လာကို ၅၀၀-ကျပ်အောက်ကို ပြန်ရောက်မယ်လို ့ထင်နေပါတယ်။ ပြန်စဉ်းစားကြည့်ပါ။ ရှေ့လျှောက် နိုင်ငံခြားကနေ မြန်မာတွေက အခြေနေပိုဆိုးလေ မိမိရဲ့ ဆွေမျိုးမိသားစုတွေဆီ ငွေတွေကို ပိုပြီးတောင်ပို့ ကြရပါမယ်။ နိုင်ငံခြားငွေတွေ ပိုလို့တောင် ဝင်လာပါမယ်။ ဒါပေမယ့် အရင်လို စင်ကာပူဘဏ်ထဲမှာ အောင်းမနေတော့ဘဲ ပြည်တွင်းကို တိုက်ရိုက် ဝင်လာရပါတော့မယ်။
အဲဒီကျရင် ဒီငွေမည်းလိုဖြစ်နေတဲ့ အမေရိကန်ဒေါ်လာဟာ ဈေးကွက်ထဲမှာ များနေရင် တိုင်းပြည်နာပါတယ်။ သူက ငွေမည်းဒေါ်လာဖြစ်နေတော့ ပမာဏ နည်းရင် မသိသာပေမဲ့ ပမာဏများရင် ဘဏ်ထဲကို တရားဝင်ငွေအနေနဲ့ ပြန်သွင်းဖို့က လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ အမေရိကန်မှာ ဒေါ်လာကို စောင့်ကြည့်နေတဲ့ ဒေါ်လာ FBI ဆိုတာရှိတယ်။ သူတို့သိရင် စောင့်ကြည့်မယ်။ ပြန်မထည့် နိုင်အောင်လုပ်ပါမယ်။ အဲဒီကျရင် အဲဒီငွေမည်း ဒေါ်လာက အကျကိုပိုပြီး တွန်းအားများမယ်။
တခါ န.အ.ဖ ကလဲ ပြည်ပက ဒီလောက်များတဲ့ငွေတွေ မတရားလွှဲနေတာကို ငွေလွှဲသူတွေကို ဖမ်းတာ တခါဆို တခါမှ မရှိခဲ့ဘူးပါ။ သူတို့အကျိုးစီးပွားကို ကူနေသူတွေဆိုတော့။ အခုကျတော့ သူတို့အကျိုး (စီးပွားရေးတွေကိုပါ ထိခိုက်လာတော့) ဖမ်းတာက လာပါဦးမယ်။ ဖမ်းလေ ဒေါ်လာဈေးက ကျလေ။
နောက်ဆုံး ဘယ်လောက်အထိ ပြန်ကျနိုင်မလည်းဆိုရင် ၂၀၀၀-ခုနှစ်စ လောက်က ရှိခဲ့တဲ့ ၃၀၀- ဝန်းကျင်အထိ ကိုတောင် ပြန်ရောက်နိုင်ပါတယ်။ အတတ်တော့မပြောနိုင်ပါ။ ဘဏ်ကနေ မြန်မာတွေတွေ လှိမ့်ထုတ်လိုက်ရင် တခါ ဈေးကပြောင်းပြန် ပြန်ဖြစ်နိုင်တယ်လေ။ အရူး လင်လုပ်ရသလိုပါပဲ။

အားလုံးကို လေးစားလျှက်
ဒေါက်တာလှိုင်မြင့်
ကိုပု post ကိုပြန်ပြီး ရှယ်ယာ လုပ်ထားတာပါ…

11 comments

  • susunosuki

    August 15, 2011 at 12:32 pm

    အရင်တုန်းက မြန်မာကျပ်ငွေမာတာ ကျောက်စိမ်းတုံးတွေ၊ ဓါတ်ငွေ့တွေ ထုတ်ရောင်းလို့ဖြစ်တယ်ထင်ခဲ့တာ အခုကျမှ စဉ်းစားစရာတစ်ခုရတယ်။ တစ်ဒေါ်လာ ၃၀ဝ ဟုတ်လား၊ ပျော်စရာကြီး။

    • Foreign Resident

      August 15, 2011 at 1:03 pm

      ” တစ်ဒေါ်လာ ၃၀ဝ ဟုတ်လား၊ ပျော်စရာကြီး ”
      No, you cannot be happy.
      Most Economists said,
      If the US$ value is less than 500 Ks ( & keep this momentum )
      then, our country will collapse.

      1. We cannot make export ( local price is more than foreign price ).
      2. Then, every commodity price & service charges will down.
      3. Most of the companies will close, because they have lesser income, no profit & cannot afford to pay salary to their employees.
      4. Farmer, fisher men & workers will loose their job & more poor.
      5. Finally, it will become a revolution like 8.8.88.

      Don’t forget,
      every developed nations have inflation,
      they don’t kill this inflation &
      just maintain it in certain controlled stage ( 0 to 5 % ).
      In fact, this controlled inflation indirectly push the Economy upward.
      It’s necessary evil.

    • မီးမီး သော်

      August 15, 2011 at 1:20 pm

      တခါ ကြိုင်ကြိုင်တို့ ပြေးဖို့ပြင်ထားပြီးပြီ။ သူတို့ပိုင်တဲ့ငွေတွေ ကိုလည်း သူတို့ ကိုယ်တိုင်က မြန်မာပြည်ကပြေးဖို့ဘဲ အပီတွက်ထား ပြင်ထားကြတော့ သူတို့ငွေကို ပြည်တွင်းပြန် မရင်းနှီးကြတော့ဘူး။ ဒါကို မျက်တောင်တဆုံးဘဲ ကြည့်တတ်တဲ့ ကြံ့ဖွတ်တွေက မမြင်ကြသေးဘူး။ ချကျွေးတာလေး အငမ်းမရ ဟပ်နေကြတာ။ သူတို ့အဘ ကပြေးဖို ့ ရယ်ဒီ။ ထစ်ဆိုရင် အမြှီးတောင် မြင်လိုက်ရမှာမဟုတ်ဘူး။

  • Foreign Resident

    August 15, 2011 at 12:35 pm

    If any villager who want to read ဒေါက်တာလှိုင်မြင့် ဆောင်းပါးများ,
    Please see at
    —http://www.demowaiyan.co.cc/—

  • hmee

    August 15, 2011 at 1:49 pm

    တဒေါ်လာ ၃၀ဝ သေဖို့ပဲ ရှိတော့တယ်။ အဲ့လောက်ဖြစ်လို့ကတော့ သူများဆီမှာ ဒုက္ခမခံတော့ဖူး ပြန်တော့မယ်။ ရွာပြန်ပြီ လယ်အလုပ်ပဲ ပြန်လုပ်တော့မယ်။ 🙁

  • MaMa

    August 15, 2011 at 3:55 pm

    မှီရေ- တဒေါ်လာ ၃၀ဝ လည်း ရွာပြန်ဖို့ မစဉ်းစားနဲ့ဦး။ ရွာက အခြေအနေလည်း အရင်စုံစမ်းကြည့်ဦး။ 🙁

  • zaw min

    August 15, 2011 at 4:20 pm

    ဒေါလာဈေးကျဆင်းတာ မြန်မာငွေမာလာဆိုတာ…စီးပွါးရေးအရကောင်းတယ်လို့မမြင်ပါဘူး..ပြည်ပမှာချွေးနဲစာနဲ့ပင်ပင်ပန်းပန်းလုပ်ကိုင်ပြီး ရလာတဲ့မဆို့မပို့ငွေလေးကို မိသားစုစားဝတ်နေရေးအတွက်ပြန်လည်ပို့ပေးနေရတဲ့ အခြေခံလူတန်းစားအလုပ်သမားတွေအတွက် တော်တော်လေးထိခိုက်ပါတယ်…သူတို့မှာမြန်မာပြည်ကနေ လာရောက်အလုပ်လုပ်နိုင်ရန်အတွက် အေဂျင့်ဖီး ၁၂ သိန်းကနေ သိန်း ၄ဝ အထိပေးပြီးလာရပါတယ်(မလေးနဲ့စင်္ကာပူ)။ယနေ့ ရင်းဂစ်ဈေး ၂၄ဝပဲရှိတယ်…စက်ရုံအလုပ်သမားတွေဆိုရင် စားစရိတ်နှုတ်ပီး တစ်လကို Rm.300 လောက်ပဲကျန်တယ်…မြန်မာပြည်ကနေ အိမ်ပေါင်၊လယ်ပေါင်ပြီးလာရတဲ့သူတွေ အကြွေးကိုဘယ်လိုဆပ်မလဲ….

  • pooch

    August 15, 2011 at 4:26 pm

    တဒေါ်လာ ၅၀ဝ အောက်ဆိုရင် လွန်ခဲ့သော ၈ နှစ် ရ နှစ်လောက်က ဈေးကို ပြန်ရောက်သွားမှာပေါ့ အဲ့ဒီတုန်းက မှတ်မှတ်ရရ နိုင်ငံခြားစာမေးပွဲတခုကို ဖြေဖို့ စာမေးပွဲကြေးသွင်းဖို့ ဒေါ်လာသွားလဲခဲ့တာ အဲ့ဒီဈေးနဲ့ပဲ….

  • စုံ စုံ

    August 15, 2011 at 4:27 pm

    တဒေါ်လာ၃၀ဝဖြစ်မှာကနောက်
    အခုလောလောဆယ်ဒေါ်လာဈေးဒီလောက်ကျနေတာနဲ့တင်
    လူတွေတော်တော်ဓါတ်ပျက်နေပြီ
    ဟိုမှာအလုပ်လုပ်နေတဲ့သူတွေကလဲမြန်မာပြည်ဒေါ်လာဈေးကျလို့ဆိုပြီး
    လစာပိုရတာမဟုတ်
    ဒီမှာကျန်ခဲ့တဲ့သူတွေကလဲဒေါ်လာဈေးအကျနဲ့ငွေသာလက်ခံရတာ
    အားလုံးသောကုန်ပစ္စည်းတွေကဈေးလိုက်ကျနေတာမဟုတ်တော့
    ဘယ်လိုမှကိုဝင်ငွေနဲ့ထွက်ငွေနဲ့ကမကိုက်ဘူး
    လူပြိန်းအတွေးနဲ့တွေးရင်တောင်ဒေါ်လာဈေးနဲ့ရွှေဈေးတော်တော်ကိုကွာနေပြီ
    ဟိုမှာလုပ်တဲ့သူကဒေါ်လာတစ်ထောင်ဒီကိုလွှဲရင်တောင်
    ဒီကလူတွေကရွှေတကျပ်သားဘဲဝယ်နိုင်မယ်
    ဘာဘဲပြောပြောဒီလိုဒေါ်လာဈေးတွေကျနေတာဘယ်လိုမှကို
    အဆင်မပြေတွက်ခြေမကိုက်ဘူး 🙁 🙁 🙁

  • forever

    August 15, 2011 at 7:50 pm

    မြန်မာကျပ်ငွေနဲ.တန်သလောက် ဒေါ်လာဈေးကတော.ဖြစ်လာမှာ
    တရားဝင်နှန်းသတ်မှတ်လဲ နှန်းသေဆိုလျှင် သေချာတာတခုကတော.
    မှောင်ခို ဈေးကွက်ပေါ်လာအုံးမှာပါ
    တရားဝင်ငွေလဲနှန်းကို နှန်းရှင်သတ်မှတ်ဘို.ဆိုတာကလဲ….
    မြန်မာပြည်ရဲ.ဘဏ်လုပ်ငန်း စနစ်က အဆင်သင်.ဖြစ်နေပြီလား….

  • zaw min

    August 15, 2011 at 8:32 pm

    ကျနော်နိုင်ငံခြားစရောက်တဲ့အချိန်မှာ မလေးရင်းဂစ် တစ်ရင်းဂစ်ကို မြန်မာငွေ ၂၈ကျပ်၊၃ဝပဲရှိသေးတယ်၊စင်္ကာပူနဲ့ ၄၅ကျပ်ဝန်းကျင်ပဲ…အဲဒီအချိန် ပါပလစ်ကာ သင်္ဘောချ ယာယီနံပါတ်တစ်စီးကို မြန်မာငွေ ရှစ်သောင်းကနေ တစ်သိန်းဝန်းကျင်ပဲရှိပါသေးတယ်…၁၉၉၀-၁၉၉၁ ဝန်းကျင်ပါ၊ အရေးအခင်းဖြစ်ချိန်မှာ အော်ခဲ့တဲ့ ဆန်တစ်ပြည် နှစ်ကျပ်ခွဲ စိန်လွင့်ခေါင်းကိုခွဲ….ယခု ဆန်တစ်ပြည် နှစ်သောင်းခွဲ ဘယ်သူ့ခေါင်းကိုခွဲမလဲ… အဓိက လုပ်ရမယ့်ကိစ္စတွေက ဘာတွေလည်း…ပြည်သူတွေ စားဝတ်နေရေးအစဉ်ပြေအောင ်ကုန်ဈေးနှုန်းကျဆင်းအောင်ဘယ်လိုလုပ်မလဲ…ဒေါ်လာဈေးကျသွားတာ ပြည်သူတွေရဲ့အခက်အခဲတွေ ပြေလည်သွားတာလား၊…စဉ်းစဉ်းစားစားလည်းလုပ်ကြပါအုံးဗျာ…

Leave a Reply