MGစာလုံးဒီဇိုင်းပုံများ

panpanAugust 15, 20111min22822

ရွာသူရွာသားအပေါင်း သူတော်ကောင်းတို့ အပျင်းပြေကြည့်ရအောင် လက်ကမြင်းလိုက်ကြောင်း….

(သဂျီးကောင်းကြောင်းကြော်ငြာတစ်ပုံပါ၏)  😀

 

သက်တန့်ရောင် MGပါ၊ 3Dဒီဇိုင်းနဲ့ပေ့ါ

ဒါကတော့ ဖောက်ထွင်းမြင်လို့ရတဲ့ စာလုံးအကြည်ပုံစံ

ဒီပုံကလည်း သက်တန့်ရောင်ပဲ၊ သူကတော့ Blurထားတာ

neon light MG၊ အဲဒီပုံကြည့်ပြီး နားငြီးတယ်

သဂျီးကကောင်းတယ်လို့ ကြော်ငြာဝင်တာ

cardiac waveလေးပါ၊ သူများတွေကတော့ပြောတယ်၊ ဓါတ်လိုက်နေတာလားတဲ့

———————————————————————————————-

ဘာရယ်တော့မဟုတ်ဘူး

ဒီလိုပဲလက်ကမြင်းပြီး လုပ်လိုက်တာ

ဘယ်ပုံလှတယ်ထင်လဲ

😀 😀 😀

22 comments

  • aungnng87

    August 15, 2011 at 1:56 pm

    လှပါတယ်။ အားလုံးလှတယ်။ သူဂျီးအစ်(စ်) ဂွတ်ဆိုတာကလွဲပြီးတော့ပေါ့။

  • manawphyulay

    August 15, 2011 at 2:08 pm

    သဂျီးအစ် ဂို့စ်လားလို့ ဟီး…. လန့်သွားတာပဲ။ မဆိုးတော့မဆိုးပါဘူး အပေါ်ဆုံးက ဘာကိုပြောထားမှန်း သေချာမသိဘူးဖြစ်နေတယ် ညီမလေးရဲ့။ မိုက်တယ် ဆက်လုပ်…

    • pan pan

      August 15, 2011 at 2:20 pm

      သဂျီးနာမည်နဲ့မှ အဲဒီ ဒီဇိုင်းဖြစ်သွားတယ် 😀
      အပေါ်ဆုံးပုံက သရီးဒီပုံလုပ်ထားတာပါအစ်မ
      အရင်ကလုပ်ထားတဲ့PSDပုံက layerတချို့ယူသုံးထားတယ်
      ပြီးတော့ လုပ်ထားတာလည်း step by step မဖြစ်လိုက်ဘူး
      ပြန်မပြင်တော့ဘဲ ရသလိုဆက်လုပ်လိုက်တာ
      သိပ်မသပ်ရပ်ဘူးဖြစ်သွားတယ်
      အဲဒီတော့ ပုံကသိပ်မပေါ်တော့ဘဲ ဘာကိုပြောထားမှန်း သေချာမသိဘူးဖြစ်သွားတယ်အစ်မရယ်..
      ညွှန်ပြပေးတာ ကျေးဇူးတင်ပါတယ်
      ညီမလည်း အစ်မပြောမှသေချာကြည့်ပြီး အပြစ်တွေတွေ့တော့တယ်
      အစက သိပ်မသိသာဘူးထင်နေတာ

  • PaukPhaw

    August 15, 2011 at 2:25 pm

    အောက်ဆုံးပုံက ဘာတုံး..
    MDY GAY ဆိုပါလားဗျ..

    • pan pan

      August 15, 2011 at 2:32 pm

      MDY GAYZပါရှင်
      GAY မဟုတ်ပါဘူး
      တော်ကြာ ရွာထဲကရွာသားတွေ စိတ်ဆိုးနေပါဦးမယ်…. 😀

  • ရွှေဘိုသား

    August 15, 2011 at 2:32 pm

    ရွာထဲမှာ Photoshop ကျွမ်းတဲ.သူတွေလည်း ရှိနေပါလား

    ရွှေဘိုသားပုံလေး တင်မယ်လို. လုပ်နေတာ မတင်ရဲတော.ဘူး စတာနော် စိတ်မတိုးနဲ.ဗျ

    သူကြီးကောင်းကြောင်းသာပြောတယ်

    ကျနော်တို. ရွှေဘိုက စာသင်ကျောင်း နံရံပေါ် ဆွဲထားတဲ. အရုပ်တွေပေါ် နှင်းကျထားတာနဲ. တူတယ်

    သူကြီး အပတ်အေး နေပါအုံးမယ် မှာလို. အအေးပတ် နေပါအုံးမယ် သေသွားလို. ထုတ်စရာရှိတဲ. ပိုက်ဆံမရပဲနေအုံးမယ်

    ပိုက်ဆံလိုချင်လို.တော.မဟုတ်ပါဘူး သူကြီး သံသရာ အကြွေးတင်နေမှာစိုးလို့

    • pan pan

      August 15, 2011 at 2:42 pm

      photoshop မကျွမ်းပါဘူးရွှေဘိုသားရယ်
      လေ့လာဆဲပါ
      အင်တာနက်ကနေ လေ့လာတယ်လေ
      photoshop သင်တန်းတွေတော့မတက်ဖူးဘူး
      ရှာဖွေလေ့လာရင်း self-studyလုပ်နေတာ
      လောလောဆယ်လုပ်နေတဲ့ အလုပ်နဲ့လည်း သိပ်မဆက်စပ်ဘူး

  • ရွှေဘိုသား

    August 15, 2011 at 2:48 pm

    မဟုတ်မှလွဲရော သူကြီး ကောင်းတယ်လို. ရေးထားတာကို မကျေနပ်လို.

    ရွာသား တစ်ယောက် သေးပန်းသွားတာလား မသိဘူး

  • ရွှေဘိုသား

    August 15, 2011 at 2:54 pm

    မပန်ပန် ကျနော်လည်း Photoshop စိတ်ဝင်စားလို. လေ.လာနေတာဗျ သိပ်တော. မတတ်သေးဘူး

    အခုတောင် သင်တန်းတက်မလို. စုံစမ်းနေတာ အင်တာနက် ဘယ်ဆိုဒ်ကလေ.လာတာလည်း ပြောပါအုံးနော်

    လေ.လာချင်လို. တစ်ဆက်ထဲ မေးရအုံးမယ် Posted in forum မှာဘယ်လိုဝင်ရေးသလဲဆိုတာ သိရင်

    zinmyonaung91@gmail.com ထဲပို.ပေးပါဗျာနော် ဘယ်လိုမှတော. သဘောမထားပါနဲ.

    • pan pan

      August 15, 2011 at 4:54 pm

      မေးလ်ထဲပို့လိုက်ပြီ ရွှေဘိုသားရေ….
      photoshop လေ့လာဖို့ ဆိုဒ်ပါပေးလိုက်တယ်
      brush, custom shape, font, style, gradiant စတာတွေလည်း ရသလောက် ဒေါင်းလုပ်ချပြီးလုပ်ရင် ပိုကောင်းတယ်

  • moonpoem

    August 15, 2011 at 3:20 pm

    အပေါ်ဆုံးနဲ ့အောက်ဆုံးကပုံလေးလှတယ်။ ကိုယ်ကဖိုတိုရှော့လုပ်တာမကျွမ်းတော့ သူများတွေကျွမ်းတာမြင်ရင် သ်ိပ်ကိုအားကျပါတယ်။

  • chitlay

    August 15, 2011 at 3:23 pm

    ပုံတွေ အားလုံးလှပါတယ်။
    အောက်ဆုံးက ပုံလေးကို အကြိုက်ဆုံးပဲ …

  • MaMa

    August 15, 2011 at 3:49 pm

    သက်တန့်ရောင်ပဲ၊ သူကတော့ Blurထားတာလို့ ဆိုတဲ့ ပုံကို ကြိုက်တယ်။
    သဂျီး is good ဆိုတဲ့ ပုံမှာတော့ ဒီဇိုင်းက opposite ရသကို ပေးချင်ပုံပဲ။ 🙂

    • pan pan

      August 15, 2011 at 4:51 pm

      ရိုးရိုးလေးလုပ်မိတာရယ်ပါ
      မမလုပ်မှ သဂျီးစိတ်ဆိုးတော့မယ် 😀
      တော်ကြာရာဇဝတ်သင့်ပြီး ထိပ်တုံးစာမိနေမှဖြင့်……. 🙁

  • zaw min

    August 15, 2011 at 4:04 pm

    ပန်ပန်ကတော့ လုပ်တော့မယ်…သူကြီးကပုံထဲကလို မျက်နှာမှာကျောက်ပေါက်တွေလို ရေကျောက်တွေလိုမပါဘူးလို့…ကိုကြောင်ဆီမှ သတင်းရတယ်…ပြန်ဖျက်ပေးလိုက်အုံးနော်…တော်တော်ကြာ သူကြီးရွှေစိတ်တော်ဆိုးပြီး…နှစ်လုံးပြူးနဲ့လိုက်ပစ်နေအုံးမယ်…သူကြီးခန့်ချောကြီးတဲ့ ဝင်းဦးနဲ့တူတယ်ဆိုလားပဲ….

    • pan pan

      August 15, 2011 at 4:48 pm

      အဲဒါကြောင့် သဂျီးနာမည်ကိုပဲလုပ်တာပါ
      ကျောက်ပေါက်မာလိုဖြစ်သွားလို့လား
      တကယ်ကတော့ မှန်မှာစာရေးထားတာ မိုးရွာတော့ ရေငွေ့ရိုက်ပြီး ရေးထားတဲ့ဆေးတွေ စီးကျလာတာပါ

  • ကြောင်ကြီး

    August 16, 2011 at 10:05 am

    လက်ကမြင်း ခြေထောက်ကနွား ကိုယ်ကကျွဲ ခေါင်းကဆိတ် ဘယ်လိုပုံပေါက်သွားမလဲ ကိုယ့်ပုံကို ဒီဇိုင်းထုတ်ကြည့်ပါလားဟင်..။
    လက်ကမြင်းထားတယ်ဆိုလို့ပါ။။ 😮

    • pan pan

      August 16, 2011 at 10:20 am

      အမြီးကတော့ ကြောင်မြီး
      ဦးကြောင်ကြီးအမြီးကို ယူသုံးပစ်လိုက်မယ်

  • kai

    August 16, 2011 at 11:47 am

    KISS “Keep it simple, Stupid!”
    အဲဒါလေး.. ကိုင်စွဲထားပြီး..effect တွေသိပ်မသုံးပဲ.. ကိုယ့်လုပ်အားနဲ့.. အချိန်ယူလုပ်ပါ..။
    အနုပညာ မြှောက်လာလိမ့်မယ်..ထင်ပါတယ်.။

    မန္တလေးဂေဇက် လိုဂိုက( Mandalay Gazette)စာက.. မင်းတုန်းမင်းလက်ထက်ကထဲကအတိုင်းပဲ..။
    စာလုံးဒီဇိုင်းက.. အထူးတလည်မပြင်ထားပါဘူး..။
    အဲဒါလေး အသိပေးချင်လို့… 🙂

  • thit min

    August 17, 2011 at 1:55 pm

    လူမင်း က ကျန်စစ်မင်း …… သူကြီး က မင်းတုန်းမင်း…..
    ပြင်ဘူး…………..ဒါ ပဲ နော်..။

Leave a Reply