ကြားကြမှာပေါ့။ သူပဲအပြောကောင်း ပြောချင်ရာပြောတဲ့သူတစ်ယောက် ငယ်ငယ်တုန်းက ဇာတ်ပွဲထဲ နောက်ပိုင်းဇာတ်တွေ အကြည့်များ အတုခိုးထားသလားမသိဘူး အငိုလေးပါတွဲပါလာလေရောလား။
ဘယ်သို့ဘယ်ပုံ ငိုသွားတယ်ဆိုတာကို သိရအောင်လို့ ဖွလိုက်ပါတယ်။ သူကတော့ ပြောရှာပါတယ် မဖွနဲ့နော်တဲ့။ သို့သော်လည်း ဖွပြီးသား မပွမှာ စိုးလို့ မန်းဂေပေါ်မှာပါ တက်ဖွပါရစေ။

အမေးအဖြေ လုပ်ရာကနေ ငိုသွားတာဆိုတော့… အမေးအဖြေလေးတွေကို စပြီးဖတ်လိုက်ပါဗျား..

ကိုဇေယျာမြတ်ခိုင် (မော်နီတာ သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာ)
“ကျနော်သိချင်တဲ့ မေးခွန်းကတော့ အခု KIA နဲ့ ဖြစ်တဲ့ကိစ္စမှာ KIA က မြစ်ဆုံ ရေကာတာကြောင့်လို့ ပြောပါတယ်။ အခုတိုက်ပွဲဖြစ်နေတာက ညှိနှိုင်းနေဆဲပဲလို့ သိရပါတယ်။ အဲဒီအတွက် နိုင်ငံတော် အစိုးရအနေနဲ့ မြစ်ဆုံရေကာတာကို ဆက်ဆောက်ဖို့ အစီအစဉ် ရှိမရှိသိချင်ပါတယ်။ နောက်တခုက နိုင်ငံတော်အစိုးရသစ်လက်ထက်မှာ ပိုက်ဆံသစ်၊ ပုံစံသစ်တွေ ထုတ်မထုတ် စီအစဉ်ရှိမရှိသိချင်ပါတယ်။ အဲတော့ ဆင်းရဲမှုလျော့ချရေး လုပ်နေတာ တွေ့ရပါတယ်။ အဲဒီမှာအသေးစာငွေထုတ်ချေးပေးတာတွေ လည်း တွေ့ရပါတယ်။ နောက်ထပ် ဆင်းရဲမှု လျော့ချရေးအတွက် ဘယ်လို စီမံကိန်းတွေ လုပ်ဆောင်ဖို့ ရှိတယ်ဆိုတာ သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။”

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း
“ပိုက်ဆံသစ် ထုတ်ဖို့ မရှိ မရှိဆိုတာ။ နိုင်ငံတော်မှာလဲ လိုအပ်တဲ့ ပိုက်ဆံ လိုအပ်တဲ့ ငွေကြေးအကြွေတွေ ထုတ်ပေး နေပြီ မဟုတ်လား။ ဒါကလည်း အသစ်ထုတ်ပေးနေတယ်လို့ဘဲ သဘောပေါက်ပါနော်။ နောက်တခါ မြစ်ဆုံစီမံကိန်း ဆက်လုပ် မလုပ်၊ ဒါတွေ အားလုံးကလည်းဘဲနော် အမျိုးသား အကျိုးစီးပွားအတွက် အစစအရာရာ ချိန်ဆပြီးတော့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့တတွေ စဉ်းစားကြ၊ လုပ်ကြတဲ့အခါမှာ တဘက်စကားတွေ မယုံဖို့ လိုပါတယ်။ မနက်ကို ကျနော်ကိုယ်တိုင် ပြောခဲ့တာ အားလုံး အသိပါ။ ငါပြောတိုင်း အမှန်လို့ မယုံနဲ့ မင်းတို့ကိုယ်တိုင် ဘာဖြစ်တယ် ကျင့်ကြံကြည့်ကြ၊ တခြားလူကပြောလို့ ကန့်ကွက်ကြလို့ ဆိုတာ မရှိဘူး။ အဲတော့ ယနေ့အခါမှာ KIO ကရော၊ တခြား အဖွဲ့အစည်းတွေ ကရော ဒီဟာကြီးလုပ်ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်။ အမျိုးမျိုးပြောကြတယ်။ အယူအဆ အမျိုးမျိုးရှိကြတယ်။ သို့သော် ဒီလိုပြောတာတွေ၊ အယူအဆတွေကို ကျနော်က လုံးဝကြီး ပျက်ပယ်တာ မဟုတ်ပါဘူး။ ကျနော် ပြောပြမယ်။ အကြောင်းအရာ တခုအပေါ်မှာ ထင်မြင်ချက်၊ ယူဆချက်တွေကို လူ ၁ဝဝ ရှိရင် ထင်မြင်ချက်၊ ယူဆချက်တွေ ၁ဝဝ ရှိနိုင်ပါတယ်။ သို့သော် အဲဒီထင်မြင်၊ ယူဆချက်တွေဟာ မှန်နိုင်၏ မမှန်နိုင်၏ ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ဒါပေမဲ့ တဘက်က ပြောတိုင်း ဆိုတိုင်း ခိုးတိုင်း အဲဒါတွေ အမှန်ကြီးပဲလို့ ဘယ်တော့မှ မတွက်စေချင်ပါဘူး။ နိုင်ငံတော်အစိုးရအနေနဲ့လည်းဘဲ ကိုယ့်ပြည်သူတွေ ဒုက္ခရောက်အောင်လို့၊ ကိုယ့်ဧရာဝတီမြစ်ကြီး ပျက်ဆီးသွားအောင် မလုပ်ပါဘူး။ ကျနော်တို့တွေက ကိုယ့်တိုင်းပြည်ကို ချစ်သလား။
နိုင်ငံတော်အစိုးရကို ချစ်သလား၊ ဒါလေးတွေ မျှမျှတတ စဉ်းစားကြည့်စေချင်ပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ ကလည်းဘဲ ကိုယ့်တိုင်းပြည် ကောင်းအောင်ဘဲ လုပ်မှာပါ။
ကိုယ့်တိုင်းပြည် ဒုက္ခရောက်အောင်၊ ပျက်စီးအောင် လုပ်ဖို့ မရှိဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်လို့ ချင့်ချင့်ချိန်ချိန် ညှိညှိနှိုင်းနှိုင်း လေ့လာပြီးမှသာ လုပ်သွားရမှာ ဖြစ်ပါတယ်။ တခါတရံမှာ မြန်မာအစိုးရကို ဘာမှ နားလည်တာ မဟုတ်ဘူး။ ဘာမှသိတာမဟုတ်ဘူး။ ဘာမှ စဉ်းစားတာ မရှိဘူး။ နလဗိန်းတုံး ဆိုရမှာပဲ။ တကယ့်တကယ် စဉ်းစားရင် အဲဒီလို မြင်ရမှာပါ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအပေါ်မှာ ဒီလိုမြင်တာတွေကို ကျနော်တို့ လက်ခံကြမှာလား၊ တကယ်ကော ဒီမှာလုပ်နေတဲ့ နိုင်ငံရဲ့ အကြီးအကဲတွေဟာ ယနေ့ နိုင်ငံတော်ကို အခက်အခဲ အမျိုးမျိုးအကြားက ဒီအခြေအနေအထိ ရောက်အောင် ထူထောင်ပေးခဲ့တဲ့ နိုင်ငံတော် အကြီးအကဲတွေ ဘာတွေ ဆောက်ရွက်ခဲ့ဆိုတာ အင်မတန်မှ ခက်ခဲတဲ့ ၈၈ နောက်ပိုင်းအခြေအနေတွေကို ဖြတ်သန်းပြီးတော့ ဒီဘဝကို ရောက်ခဲ့တယ်။ ဒီဘဝကိုရောက်တဲ့အခါမှာ ပိတ်ဆို့မှုတွေ၊ တားဆီးမှုတွေ၊ ဆန့်ကျင်မှုတွေ အမျိုးမျိုး၊ ဟိုဟာဆိုလည်း မပေးနဲ့ ဒီဟာဆိုလည်းနဲ့၊ ဟိုဟာဆိုလည်း ပိတ်မှာ၊ ဒီဟာဆိုလည်း ပိတ်မှာ၊ ခရီးသွားတွေကိုလည်း မလာကြပါနဲ့ ဒီလိုတွေပါ။ ၈၈ ခုနှစ် အစိုးရတက်လာတော့ ဒီအစိုးရဟာ နိုင်ငံခြားငွေကမရှိဘူး။ တကယ်ကို ခက်ခဲတယ်။ အဲဒီလို ဘဝ၊ အဲဒီလို အခြေအနေ၊ အဲဒီလို အဘက်ဘက်က ထိုးနှက်ချက်တွေ၊ အမေရိကန်နိုင်ငံလို အင်မတန်ပါဝါကြီးတဲ့ အဖွဲ့အစည်းကပါ ထိုးနှက်ချက်တွေ ကိုယ့်တိုင်းပြည် ဒီလို ရပ်တည်နိုင်အောင် (၂ မိနစ်ကျော် ငိုနေသည်) ဆောရီးပါ ဒီလိုဖြစ်လာတယ်”
(အထက်ပါ စာသား အများစု သတင်းစာတွင် မပါဝင်ပါ။)

ဒေါက်တာတင်အောင်ရွှေ (ကနောင် ဂျာနယ်)
“ကျနော်သိလိုတဲ့မေးခွန်းက NGO တွေဟာ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးဆိုပြီးတော့ NGO ဖွဲ့စည်းဖို့ ကျနော်တို့ လျှောက်ထားကြပါတယ်။ အဲဒီလို NGO လျှောက်တဲ့အခါမှာ ကျနော်တို့ မှတ်ပုံတင်ခွင့်ပြုတဲ့ မူလေးပေါ့။ ဘာလဲဆိုတော့ ကျနော်ကိုယ်တိုင် မြန်မာနိုင်ငံစာရေးဆရာအသင်း ဆိုပြီးတော့ ကျနော်တို့ အစိုးရသစ်မတိုင်မီ ၃ လ လောက်ကနေ လျှောက်ထားပါတယ်။ စက်မှုနိုင်ငံ ထူထောင်တဲ့နေရာမှာ နိုင်ငံခြားတွေ အများဆုံး ရှာပေးနိုင်တဲ့ အသင်းဖြစ်ပါတယ်။ အဲဒီအတွက်ကို စီးပွားကူးသန်း၊ စ သုံးလုံးကနေ ပြီးတော့ ကျနော်တို့ ဖြစ်မြောက်ရေးကို ….. ဒါပေမဲ့ ဒီနေ့ထိ လုပ်လို့ မရသေးပါဘူး။ ဒါကို မှတ်ပုံတင်ခွင့် မပြုဘူးဆိုရင်လည်း ဘာကြောင့် မပြုဘူးဆိုတဲ့ အပိုင်း
လည်း ကျနော်သိချင်ပါတယ်”

ဗိုလ်မှူးချုပ် ကျော်ဇံမြင့် (ပြည်ထဲရေး ဝန်ကြီးဌာန)
“ခုန မေးခွန်းနဲ့ ပတ်သက်လို့ ဖြေရရင် ကျနော်တို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။ အခုလက်ရှိလည်း ကျနော်တို့ ပြည်ထဲရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ထားပြီး လက်ရှိ ဖွဲ့စည်းဆောင်ရွက်နေတဲ့ အသင်းအဖွဲ့ပေါင်း ၂၂ဝ ဖွဲ့ရှိပါတယ်။ အခုလက်ရှိ သက်တမ်းတိုးဖို့အတွက် ကိုရော၊ တင်ပြထားတဲ့ အသင်းအဖွဲ့ ၃၁ သင်း၊ INGO တွေရော အသင်းတွေ ကျနော်တို့ကို တင်ပြထားတာ ရှိပါတယ်။ ဒါကိုလည်း ကျနော်တို့ အသင်းအဖွဲများ ဖွဲ့စည်းခွင့်ပြုရေးနဲ့ ကြီးကြပ်ရေးဗဟိုကော်မတီဖွဲ့စည်းပြီး ဆောက်ရွားထားရှိပါတယ်။ ဒီနေရာမှာ ကျနော်တို့ ဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေး ဝန်ကြီးဌာနကနေ ဆောက်ရွက်ပြီးတော့ ကျနော်တို့
မြန်မာနိုင်ငံ ရဲတပ်ဖွဲ ရဲချုပ် အဖွဲ့ဝင်၊ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံး စစ်ဦးစီးမှူး ပထမတန်း အဖွဲ့ဝင်၊ အထွေထွေ အုပ်ချုပ်ရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးက အတွင်းရေးမှူး အဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါတွေကိုလည်း ကျနော်တို့ ဆောင်ရွက်တဲ့အခါမှာ ပထမအဆင့်အနေနဲ့ ဖွဲ့စည်းဆောက်ရွက်မဲ့ အသင်းရေးရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးရာ ဦးစီးဌာနကနေပြီးတော့ စတင်ပြီးဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဖွဲ့စည်းတဲ့နေရာမှာ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ကိုယ်တိုင် သွားရောက်ပြီးတော့ သတ်မှတ်ထားတဲ့ ပုံစံအတိုင်း လျှောက်ထားနိုင်ပါတယ်။ ဒါကို သက်ဆိုင်ရာ မြို့ရဲ့ အထွေထွေ အုပ်ချုပ်ရေး ဝန်ကြီးဌာနကနေ စိစစ်ပြီးတော့ သူ့ရဲ့ စိစစ်ထောက်ခံချက်နဲ့
အတူ ကျနော်တို့ ခရိုင်အဆင့် အုပ်ချုပ်ကဏ္ဍကို တင်ပြရတာဖြစ်ပါတယ်။ ဒီနေရာမှာလည်း ခရိုင်အဆင့် အုပ်ချုပ်ရေး ဝန်ကြီးဌာနက စိစစ်ပြီးတဲ့အခါမှာ အဆင့်အဆင့် ပြည်နယ်နဲ့ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဝန်ကြီးဌာနကို တင်ပြပြီးတော့ ဒီအစိုးရ အဖွဲ့ရဲ့ ထောက်ခံချက်နဲ့အတူ ကျနော်တို့ ပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြရမှာဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက ခုန ကျနော် ပြောခဲ့တဲ့ အဖွဲ့တွေမှာ ပါဝင်တဲ့ အဖွဲ့အစည်းကနေ ဆောက်ရွက် လျက် ရှိပါတယ်။ အခုလက်ရှိလည်း ဆောင်ရွက်လျက် ရှိပါတယ်”

ဦးကျော်ဆန်း၏ ထပ်မံဖြည့်စွက် ဖြေကြားချက်။
(ဤဖြေကြားချက်များအားလုံး သတင်းစာထဲမပါဝင်ပါ)
“စောစောက မေးခွန်းကို ဖြေကြားတဲ့အခါမှာ emotion ဖြစ်သွားပါတယ်။ ဘာကြောင့် emotion ဖြစ်တာလည်းဆိုတော့ ခုနက ခက်ခက်ခဲ ရုန်းကန်ကြရတဲ့အပေါ်မှာ နားလည်မှု မရှိကြပါလားဆိုတဲ့ ခံစား ရတဲ့ emotion ဖြစ်တယ်။ သို့သော် ဒီကိစ္စကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပေးပါ။ ပြည်ကြားရေး ဝန်ကြီး က မဖြေနိုင်လို့ ဒီလိုဖြစ်တယ် မဟုတ်ပါဘူး။ လူတိုင်းမှာ emotion ရှိတယ်။ ဘယ်လောက်ထိ ကောင်းအောင် ဆောင်ရွက်ပေးခဲ့ပေမယ့် ဒီအပေါ်မှာ နားလည်မှု မရှိနိုင်ကြတဲ့အပေါ်မှာ emotion ဖြစ် သွားတယ်။ ဒါကြောင့် ဒါလေးကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ မမှန်တာကို မဟုတ်တာတွေ ကိုတော့ မဖွ စေချင်ပါဘူး။ ဒါကလည်း ကျနော့်လို အပ်ချက်ပေါ့။ emotion မဖြစ်ထိုက်ဘူးပေါ့။ သို့သော် ပြောရင်း ပြော ရင်းနဲ့ စိတ်ထဲက ဖြစ်သွားတာပါ။ မဖြေနိုင်လို့၊ ဒီလိုဖြစ်သွားတာ မဟုတ်ပါဘူး။ ဖြေကြားတဲ့ အခါမှာ emotion ဖြစ်သွားတာပါ”
“အသေးစားငွေချေးမှုကိုတော့ လုပ်နေပါပြီ ကျန်တာကိုတော့ ဘာလိုလုပ်မလဲဆိုတာ သိချင်တဲ့အတွက်…….. ။

About လင်းဝေ

LIN KYAW has written 154 post in this Website..

Man in the middle of nowhere…. But in the heart full of hope with pragmatic view in optimism