နိုင်ငံကိုတကယ်မချစ်လို့စွန့်ရစ်လေရော့သလားအပိုင်း(၄)

padonmarAugust 17, 20111min72152

ကျွန်မကကျွမ်းကျင်ရာ ဆရာဝန်တွေအနေနဲ့ပြောရပေမယ့် ဒီလိုအဖြစ်တွေ အင်ဂျင်နီယာလော က၊ စီပွားရေးပညာရှင်လောက၊ ကွန်ပျူတာပညာရှင်လောက စသည်ဖြင့် အများကြီးဘဲနေမှာပါ။
ကျွန်မတို့မှာ
MRT,Sky Train,Subway ဆိုတာတွေ မရှိရင်နေပါစေ စစ်ကျန်Busတွေ စီးနေရလည်း နေနိုင်ပါတယ်။
Charles & Keith မစီးရလည်း ကတ္တီပါ ပုံတော်ဖိနပ်နဲ့ ကျေနပ်ပါမယ်။
Chocolate နဲ့ Pistachio မစားရလည်း ဘိန်းမုန့် နဲ့ ကောက်ညှင်းပေါင်းစားပြီး ဗိုက်ဝနိုင်ပါတယ်။
Ashworth ,Victoria Secret ဆိုတာတွေ မဝတ်ရလည်းယောလုံချည်၊ကချင်လုံချည်၊ရှမ်းအကျီင်္လေးတွေ ဝတ်ပြီးလှတယ်လို့ခံယူပါမယ်၊
ATM card,Credit cardတွေမရှိလည်း ပိုက်ဆံ နွမ်းနွမ်းလေးတွေကို ဆာလာအိတ်တွေနဲ့ ထမ်းပြီး အလုပ်လုပ်ပါမယ်။
Internet connection နှေးနေလည်းစိတ်ရှည်ရှည်နဲ့ စောင့်ဖတ်ပါမယ်။
ပေါက်ပြဲနေတဲ့ လမ်းတွေဖာမပေးရင်နေပါစေ ချိုင့်ခွက်တွေ ကြည့်ရှောင်ပါမယ်။

လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှု ၊ ကောင်းမွန်မျှတတဲ့ ပညာရေးစံနစ် ၊မိမိအရည်အချင်းလိုက်ခံစားခွင့် ဆိုတာတွေရှိရင် ကိုယ့်ရဲ့မျိုးဆက်သစ်တွေအတွက် စိုးရိမ်စရာမလိုဘဲ
ဒီမြေဒီရေဒီနိုင်ငံတော်ကို တတ်ခဲ့တဲ့ပညာတွေနဲ့ အလုပ်အကျွေးပြုမယ့်သူတွေပေါများလာမှာပါ။

တရုတ်ပြည် တခါးဖွင့်ဝါဒ ကျင့်သုံးတော့ နိုင်ငံရပ်ခြားရောက်နေတဲ့ Oversea Chinese တွေကို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။ သူတို့ နိုင်ငံခြားမှာ ရနေတဲ့ လစာ၊ အခွင့်အရေးတွေထက်မနည်း ရစေမယ်လို့ ဖိတ်လိုက်တာ တော်တော်များများ ပြန်လာကြပါတယ်။ ကျွန်မသိသလောက် တရုတ်ပြည်ရဲ့ ပထမဆုံး အဏုမြူဗုံးထွင်တဲ့သူဟာ အမေရိကားကပြန်လာတဲ့သူလို့ မှတ်ဘူးပါတယ်။
အခု ကျွန်မတို့ တိုင်းပြည်မှာ မကြာခဏ ကြားနေရတဲ့ လူနာနဲ့ ဆရာဝန်ကြား ပြဿနာတွေဟာ ကျွမ်းကျင်ဆရာဝန် မလုံလောက်မှု ကနေစပြီးဖြစ်လာတာပါ။ အထူးကုဦးရေနဲ့ လူနာဦးရေဟာ မမျှတ တော့ပါဘူး။ လူနာတွေကလည်း ကိုယ့်ဝေဒနာကို အတော်ဆုံး၊ နာမည်အကြီးဆုံးနဲ့မှ ရွေးပြချင်တာ အပြစ်ဆိုလို့မရပါဘူး။ ဆရာဝန်ကြီးတွေခမျာ မနက်ရုံးချိန်မှာ ဆေးရုံတာဝန်ထမ်းရတယ်။ ညနေ ဆေးရုံကပြန်တော့ တန်းစီနေတဲ့ ဆေးခန်းက လူနာတွေကို ကြည့်ရတယ်။ ပြီးရင် ပုဂ္ဂလိက ဆေးရုံ အတွင်းလူနာတွေကို ကြည့်ရတယ်။ တခါတလေ လူနာကြည့်ချိန်ဟာ ညသန်းခေါင်ဖြစ်လို့ လူနာရော လူနာရှင်ပါ အိပ်မောကျနေတာကို နှိုးပြီးကြည့်ရတာမျိုးလည်း ကြားနေကျပါ။ ဆရာဝန်ကြီးမှာလည်း လူနာကြည့်ရင်း ပင်ပန်းလွန်းလို့ ပြောတာတွေ နားထဲမဝင်ဘဲ ငိုက်နေတယ်ဆိုတာလည်း ကြားဖူးကြ မှာပါ။ ဒီလိုအခါမှာ အမှားအယွင်းတွေဆိုတာ ပေါ်လာတော့တာပါဘဲ။ ဘာဖြစ်လို့ ဒီလို ဆရာဝန် လူနာ အချိုးမမျှတရလဲ။ ကျွန်မတို့ တိုင်းပြည်က လူတော်တွေကို ကျွန်မတို့ ပြည်သူပြည်သားတွေ ဘာကြောင့် အသုံးချခွင့်မရတာလဲ။ ဆရာဝန်တွေကလည်း ပြည်ပထွက်အလုပ်လုပ်တယ်။ လူနာတွေကလည်း ပြည်ပ ထွက် ဆေးကုခံတယ်။ မြန်မာဆရာဝန်ကို ပြည်ပကတောင် လက်ခံ အသုံးပြုသေးတာ ပြည်တွင်းက ဘာလို့ မသုံးချင်ရမှာလဲ။ တောလက်ကျေးရွာတွေမှာလည်း လိုအပ်နေဆဲ၊ မြို့ကြီး ပြကြီးတွေမှာ လည်းလိုအပ်နေဆဲပါ။ အသစ်အသစ်တွေ မွေးထုတ်တာထက် ကျွမ်းကျင်ပြီးသူများ ပြန်လာရင် ပိုမကောင်းပေဘူးလား။
မြန်မာနိုင်ငံသားတွေအတွက် လူမျိုးလူတန်းစားမရွေးကိုစောင့်ရှောက်လွှမ်းခြုံမှုပြုနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီးတခုကို စနစ်တကျ အကောင်အထည်ဖေါ်ဘို့လိုနေပါပြီ။
ဒီအတွက် နိုင်ငံတကာမှာ Healthcare System management ပါရဂူဘွဲံရသူတွေ ကမြန်မာ နိုင်ငံကိုပြန်အကျိုးပြုကြဘို့ ဆန္ဒတွေ အလျံပယ်ရှိနေကြောင်းလည်း ကြားနေရပါတယ်။

ကျွန်မအမြင်မှာတော့ နိုင်ငံကို စွန့်ခွါသူတွေဟာ Salmon ငါးတွေနဲ့တူပါတယ်။ Salmon ငါးတွေ ဟာ ပင်လယ်ထဲက ရေငန်ငါးတွေပါ။ သူတို့ဓလေ့က မြစ်ညာထိဆန်တက်ပြီး ဥချကြပါတယ်။ အဲဒီမှာ အကောင်ပေါက်မှ ပင်လယ်ကိုပြန်စုန်ဆင်းလာကြပါတယ်။
ကျွန်မတို့ ဆရာတွေ မိတ်ဆွေသူငယ်ချင်းတွေလည်း ရေမြေရာသီဥတု အဆင်ပြေမယ့် မြစ်ညာနဲ့ တူတဲ့ နိုင်ငံရပ်ခြားတွေကို ရုန်းကန်လှုပ်ရှား ဆန်တက်သွားတယ်လို့ မြင်ပါတယ်။ Salmon ငါးတွေ ကြင်ဖော်နဲ့တကွ သားသမီးတွေနဲ့ မိခင်ပင်လယ်ဆီ ပြန်လာတာကို ငါ့ကိုပစ်သွားရကောင်းလားလို့ အပြစ် တင်မစောနေကြပါနဲ့တော့။ သူ့သဘာဝပါဘဲ။
ပြန်ချိန်သင့်လို့ ပြန်လာကြတဲ့သူတွေကို လမ်းကနေ အတားအဆီးပိုက်ကွန်တွေနဲ့လည်း မဖမ်း သင့်ပါဘူး။ ဝမ်းမြောက်ဝမ်းသာ လက်ကမ်းလို့ ကြိုသင့်ပါတယ်လို့ဘဲ ပြောချင်ပါတယ်။

ကျွန်မရဲ့ပေါက်ကွဲသံစဉ်လေးကို သည်းခံဖတ်ရှုပေးတာကျေးဇူးပါ၊တေးရေးတေးဆို ခင်ဝမ်းရဲ့သီချင်းတွေထဲက ကျွန်မနှစ်သက်မိတဲ့ ဆယ်လမွန်ငါးတို့အပြန် သီချင်းထဲကလိုဘဲ oversea burmese တွေ အမိမြန်မာပြည်ကို ပြန်လာပြီး ပြန်လည်တည်ထောင်ရေးမှာ တစ်တပ်တစ်အားပါဝင်နိုင်မယ့် အိပ်မက်လေးတွေ မက်ရင်း ဒီသီချင်းစာသားလေးလက်ဆောင်ပေးခဲ့ပါရစေ၊
“ရေလွှာလဲခင်းပြန့် ကြည်လင်စေ
မိုးဦးလဲလှပသာယာစေ
ဘဝစေရာတာဝန် ကျေပွန်ဆောင်ရွက်ခဲ့သူတို့
ရေစုန်ကိုဆန်ကာ ပြန်ခဲ့ပြီ
(မိုးဦးရေဆန် မိုးဦးရေဆန် ဆယ်လမွန်ငါးတို့ အပြန် …………..
ဆယ်လမွန်ငါးတို့ အပြန် ………….. ဆယ်လမွန်ငါးတို့ အပြန် …………..
အပြန်အပြန် အပြန် ဆယ်လမွန်ငါးတို့ ……………အပြန် …………..)

ပြန်ချိန်လည်းဆုံးဖြတ်ခိုင်မာစေ
ရာသီလဲတွက်ချက်မှန်ကန်စေ
စိတ်တူရာခိုဝင် ပြည့်စုံချိန်ပြန်ခဲ့မယ်တဲ့
ငယ်ရွယ်စဉ်ရှာဖွေစွန့်ခဲ့ပြီ……………
(မိုးဦးရေဆန် မိုးဦးရေဆန် ဆယ်လမွန်ငါးတို့ အပြန် …………..
ဆယ်လမွန်ငါးတို့ အပြန် ………….. ဆယ်လမွန်ငါးတို့ အပြန် …………..
အပြန်အပြန် အပြန် ဆယ်လမွန်ငါးတို့ ……………အပြန် …………..)

52 comments

  • padonmar

    August 17, 2011 at 7:24 pm

    အကိုကြီးမောင်မိုးညိုရဲ့ comment ကိုကြိုက်လို့ယူသုံးထားပါတယ်။
    ဆယ်လမွန်ငါးတို့အပြန် သီချင်းစာသားရေးပေးတဲ့ ကိုပေါက်ကိုလည်း ကျေးဇူးတင်ပါတယ်။

  • weiwei

    August 17, 2011 at 7:34 pm

    မပဒုမ္မာမက်တဲ့အိမ်မက် အကောင်အထည်ပေါ်နိုင်ပါစေလို့ ထပ်တူ ဆန္ဒပြုလိုက်ပါတယ် ….

  • king

    August 17, 2011 at 7:37 pm

    ပေါ်တော့မယ်ဗျို့ …

  • ဆူး

    August 17, 2011 at 8:07 pm

    ဆော်လမွန် ငါးတို့ အပြန် အပြန် ဆိုပြီး သီချင်းသာ ကြားဖူးတာ.. သေချာလည်း နားမထောင်ဖြစ်ဘူး။
    အန်တီရေးမှ.. သီချင်းရေးသူရဲ့ စိတ်ကူးကို မြင်မိတော့တယ်။

  • pooch

    August 17, 2011 at 8:18 pm

    ဒီပို့စ် ကို ကြိုက်လို့ ၁၊ ၂၊ ၃၊ ၄ အကုန် ကူးပြီး းသိမ်းထားလိုက်ပြီ .. ရင်ထဲက ပွင့်အံလာတဲ့ စကားတွေမို့ အရေးရော အတွေးရော အင်မတန်မှ နှစ်သက်ပါတယ်.. မန်းလေးများမတော်တဆ ရောက်ရင် တွေ့ချင်ပါတယ် လေးပေါက်ကို ဆက်သွယ်ရင် အနော့်လည်း တွေ့ဖြစ်မယ် ထင်ပါတယ်…

  • windtalker

    August 17, 2011 at 10:06 pm

    နေရာ တွေ လိုမယ် ထင်တယ်နော်
    ပြည်တော်ပြန်လာမယ့်
    လူတော်များအတွက် အလုပ်အကိုင်
    နေရာချထားရေး လုပ်ပေးဖို ့လိုမယ် ထင်ပါတယ်

  • unclegyi1974

    August 17, 2011 at 10:20 pm

    နိုင်ငံရပ်ခြားဘာဖြစ်လို့ထွက်ပြီးအလုပ်လုပ်ကြလဲ
    ငွေတခုတည်းကြောင့်တော့မဟုတ်ဖူးနော်
    နိုင်ငံခြားမှာသွားပြီးအထူးကုဆရာဝန်ကြီးတွေလုပ်နေကြသူတွေကိုဒီကပြည်သူတွေဘာဖြစ်လို့
    အသုံးချခွင့်မရတာလဲ ပြည်သူတွေကြောင့်တော့မဟုတ်ဖူးနော်
    ဒါဆိုသူတို့ကိုပြည်သူတွေအတွက်အကျိုးပြုဖို့ဘယ်သူတွေမှာတာဝန်ရှိလဲ
    လူတိုင်းသိမယ်လို့ထင်ပါတယ်

  • MaMa

    August 17, 2011 at 10:35 pm

    (Ashworth ,Victoria Secret ဆိုတာတွေ မဝတ်ရလည်း ယောလုံချည်၊ ကချင်လုံချည်၊ ရှမ်းအကျီင်္လေးတွေ ဝတ်ပြီးလှတယ်လို့ခံယူပါမယ်။)
    ပြည်တွင်းဖြစ်ကို အားပေးပါ။ အချင်းချင်းချစ်ခင်ပါ။ (ဝိုင်းအော်ပေးလိုက်ပါတယ်။)
    🙂

  • Patriot

    August 18, 2011 at 9:58 am

    I really really like this post! Dear Padonmar, this is a true story which we all felt in aboard. you presented on behalf of us who migrated and resided in adoptive country.

  • akswe

    August 18, 2011 at 2:20 pm

    မပုဒုမ္မာရေ….ပြန်လာဖို့ အကြိမ်ကြိမ် စဉ်းစားတယ် ခဏခဏ စဉ်းစားတယ် မကြာမကြာ စဉ်းစားတယ်…ဒါပေမယ့်ဖြစ်သေးဘူး… ဥတွေက လဲ ကွဲကုန်ပြီ .. အရင်းအနှီးမရှိတော့ဘူး… တတ်ထားတဲ့ပညာက လူတောမတိုးဘူး…
    လုပ်တတ်တဲ့ အလုပ်နဲ့က မြန်မာပြည် မှာ ဆို စားလောက် အောင် မရှာနိုင်ဘူး…. ဟူးးးးးးးး ဤခရီးမနီးပါ ……

  • padonmar

    August 18, 2011 at 11:10 pm

    အဘဆွေ
    အခု သမတကြီးက ဖိတ်ခေါ်နေတယ်လေ၊ကျွန်မအထင်တော့ ပညာတတ်တွေကို ခေါ်ချင်တာလို့ထင်တယ်၊
    အခုပြန်မလာနိုင်သေးလည်း retire ရပြီးရင် ပြန်လာပေါ့။
    မြန်မာပြည်ဟာ အသက်ကြီးပိုင်းတွေအတွက် ကျန်းမာရေးကလွဲရင် သင့်တော်နေပါသေးတယ်၊သာသနာနဲ့ အနီးစပ်ဆုံးပါဘဲ။
    ဝေဝေက ဖားအောက်ပို့လို့ရတယ်။
    ဆူးက ဗောဓိရိပ်ငြိမ်ကျောင်းပို့ပေးလိမ့်မယ်။
    မမကတော့ ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်းပို့လိမ့်မယ်၊
    အဲဒီနေရာတွေ မသွားချင်သေးရင် ကျွန်မတို့ 2000group နဲ့ ပေါင်းပြီး children camp တွေမှာ volunteer လုပ်ပေးလို့ရပါတယ်၊
    ကလေးတွေကို အင်္ဂလိပ်စာ သင်ပေးနီုင်တယ်လေ၊ပြည်ပအတွေ့အကြုံဗဟုသုတတွေပေးလို့လည်းရတယ်၊ကြိုဆိုပါတယ်၊

    • Foreign Resident

      August 19, 2011 at 1:24 am

      ဝေဝေ က ဖားအောက်ပို့လို့ရတယ်။
      ဆူး က ဗောဓိရိပ်ငြိမ်ကျောင်းပို့ပေးလိမ့်မယ်။
      မမ ကတော့ ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်းပို့လိမ့်မယ်၊
      အဲဒီနေရာတွေ မသွားချင်သေးရင် ကျွန်မတို့ 2000group နဲ့ ပေါင်းပြီး children camp တွေမှာ

      Ummmm
      Why do you think အဘဆွေ want to go only this places ???
      Monasteries & children camps only ???

      Anybody else want to send အဘဆွေ to night clubs ???
      Please offer !!!

      Just Kidding Naw 😛

      • MaMa

        August 19, 2011 at 7:29 am

        Anybody else want to send အဘဆွေ to night clubs ???
        Please offer !!!

        အဘဆွေ အတွက်ပဲလား။ FR အတွက်ရော offer လုပ်လို့ မရဘူးလား…?????

        အဲဒီအတွက်လည်း စိတ်မပူပါနဲ့။ မောင်ပေတို့၊ နေဝန်းနီတို့လို offer လုပ်ချင်သူတွေက email တိတ်တဆိတ် တောင်းပါလိမ့်မယ်။
        😀 😀 😀

        • Foreign Resident

          August 19, 2011 at 7:56 am

          Haa Haa Haa
          အဘဆွေ အတွက်ပဲလား။ FR အတွက်ရော offer လုပ်လို့ မရဘူးလား…???
          Yes, any body can, I will warmly welcome those offers & I promised you will not regret for this !!! 😛 😛

          By the way, Ma Ma,
          Do you get new g-mail ?
          If not, I will make it for you right now ?
          Just let me know your e-mail address.
          🙂

        • MaMa

          August 19, 2011 at 9:00 am

          Now I got new gmail account that was done by akswe. Thanks!

        • akswe

          August 19, 2011 at 2:45 pm

          ကျေးဇူး ကြီးလှပါပေတယ် ရွာသူရွာသား ညီအစ်ကို မောင်နှစ်မတွေရယ်..
          အော်ဖာတွေများနေလို့ ဘယ်သွားပြီးဘာလုပ်ရမလဲ တောင်မသိတော့ဘူး….
          ဒီလိုမရဘူးလား….
          ဝေဝေ က ဖားအောက်ပို့ (၁၀)ရက်
          ဆူး က ဗောဓိရိပ်ငြိမ်ကျောင်းပို့ (၁၀)ရက်
          မမ ကတော့ ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်းပို့ (၁၀)ရက်
          မပုဒုမ္မာ တို့ 2000group နဲ့ ပေါင်းပြီး children camp တွေမှာ ဘော်လန်တီယာလုပ်…. (၁)လ..
          အဲဒါတွေပြီးရင်မှ …..
          အဘနီ တို့ မောင်ပေတို့ ကိုဖောရင်း တို့နဲ့ လျှမ်းကြတာပေါ့….
          ကိုကြောင်ကြီးနဲ့တော့ မသွားရဲတော့ဘူး ကြည့်ပါလား မပုဒုမ္မာ ဆီမှာ ဆေးထိုးဖို့မေးနေရတယ်…

    • Foreign Resident

      August 19, 2011 at 1:33 am

      မြန်မာပြည်ဟာ အသက်ကြီးပိုင်းတွေအတွက် ကျန်းမာရေးကလွဲရင် သင့်တော်နေပါသေးတယ်
      Yes, I also think like that. 🙂

      But, my wife argue that, she said,
      ” ကျန်းမာရေး is the most important thing for အသက်ကြီးပိုင်း ” 🙁
      Moreover, she don’t interest much about သာသနာ. 😛
      So, she will not return to Myanmar except social visit ( 1 months ) 🙁

      • Foreign Resident

        August 19, 2011 at 3:11 pm

        မြန်မာပြည် ကျန်းမာရေး ကတော့ 😛
        မြန်မာနိုင်ငံ၌ ဆယ်နှစ်အတွင်း ကင်ဆာရောဂါ ဖြစ်ပွားမှု ၃ဝ ရာခိုင်နှုန်းခန့် မြင့်တက်လာ 🙁
        —http://www.news-eleven.com/index.php?option=com_content&view=article&id=9798:2011-08-17-05-13-54&catid=42:2009-11-10-07-36-59&Itemid=112—

  • kai

    August 19, 2011 at 7:42 am

    မြန်မာပြည်က..ဘွဲ့ရထားတဲ့ မြန်မာဆရာဝန်တွေ..အားလုံးထည့်တွက်ရင်.. ယူအက်စ်မှာ.. ၁ထောင်ဝန်းကျင်လောက်ရှိမယ်ထင်တယ်…။
    စာမေးပွဲပြန်ဖြေပြီး.. အမ်ဒီဖြစ်နေသူတွေချည်း ၂-၃ရာအေးဆေးရှိမယ်..။

    တနှစ် ၁သိန်းလောက်ဝင်ငွေနဲ့…ဘဝနောင်ရေးအတွက်.. အစိုးရဆီမှာ.အာမခံတွေမှာ.. အိမ်တွေမှာ.. ငွေကြေးဈေးကွက်တွေမှာ.. .ရင်းနှးိမြုတ်နှံပြီး..ဖြစ်နေသူတွေ.. မြန်မာပြည်ပြန်ဖို့.. မြန်မာပြည်ဖက်က.. ဘယ်လိုမက်လုံးများပေးနိုင်မလည်း.. (အခုထိတော့)စဉ်းစားလို့တောင်မရဘူး..။

    ဆေးရုံ.ဆေးခန်းပြန်ဖွင့်ဖို့ဆိုတာကလည်း.. ယူအက်စ်စစ်ဒဇင်ဆိုရင်.. ဆန်ရှင်ကြောင့် စီးပွားရေးလုပ်ခွင့်မရှိတာမို့.. ပြသနာမသေးဘူး..။

    ဒီလိုလူတွေပြန်ခေါ်ဖို့က… လူအရင်းအမြစ်တွေအကြောင်းနားလည်တဲ့ ပညာရှင်တွေဆီက.အကြံညဏ်တွေ..အများကြီးယူရလိမ့်မယ်..။

    • Foreign Resident

      August 19, 2011 at 8:00 am

      မြန်မာပြည်ပြန်ဖို့.. မြန်မာပြည်ဖက်က.. ဘယ်လိုမက်လုံးများပေးနိုင်မလည်း.. (အခုထိတော့)စဉ်းစားလို့တောင်မရဘူး..

    • မင်းပြည့်ရှိန်

      August 19, 2011 at 8:06 am

      တဂျီးရယ်..
      ပြောရက်လိုက်တာ.. ဘယ်လို မက်လုံး များပေးနိုင်မလဲ…တဲ့ ပြောရက်လိုက်တာ..
      မက်လုံး ရှိမှ ပြန်လာကြမတဲ့လား…..
      သမ္မတတော့ အဟုတ်ဘူးနော်.. မက်လုံးတော့ ပေးကြည့်မယ်..

      နိုင်ငံ့အရေး မှာ ပါဝင်ပတ်သက်ခွင့်…..
      မြန်မာပြည် တိုးတက်ဖွံ့ဖြိုးဖို့ အတွက်… ဆိုင်ရာ ဆိုင်ရာ ကဏ္ဍများမှာ…
      ဦးဆောင်ကြပါ…. ပါဝင်ပတ်သက် ဆုံးဖြတ်ချက်ပေးကြပါ….
      လာမယ့် လာမယ့် ရွေးကောက်ပွဲများမှာလည်း… ပါဝင် ယှဉ်ပြိုင် အရွေးခံကြပါ…
      အရင်လို မဲ မခိုးတော့ပါဘူး……
      ပညာရှင်များကလည်း ပညာရှင်များ အလျောက် နိုင်ငံတည်ဆောက်ရေးမှာ အားဖြည့်ပေးကြပါ..
      ဓနရှင်များကလည်း ဓနရှင်များ အလျောက် နိုင်ငံတည်ဆောက်ရေးမှာ ပံ့ပိုးပေးကြပါ….

      သာယာဝပြောမှုကို တစ်နိုင်ငံလုံးသို့ ပို့ဆောင်ပေး ကြပါ…
      ကျုပ်တို့ကလည်း အရင်လို ထိုင်ခုံပေါ် တစ်သက်လုံး မထိုင်တော့ပါဘူး…
      နိုင်ငံ အတွက် အပြောင်းအလဲ ဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေမှာ ပါဝင်ပတ်သက်ပေးကြပါ ဆိုရင်ကောဗျာ….

      အဲ…နောက်တစ်ခုက သမ္မတ အနေနဲ့တော့ဖြင့် မဟုတ်ပါဘူး….
      မြန်မာပြည်သား တစ်ယောက်အနေနဲ့…ပြောရရင်ဖြင့်… တောင်းဆိုကြည့်ရရင်ဖြင့်…
      ဦးကြီးတို့ အန်တီကြီးတို့ ကိုကိုကြီးတို့ မမကြီးတို့က တားတားတို့ကို တနားဒယ်ဆို….

      ဘာများ လုပ်ပေးနိုင်ကြမလဲပေါ့ဗျာ… ဒါပါပဲ…
      မက်လုံးဆိုတာက…… ပေးဆပ်ခွင့် ကိုလား….. ရယူပိုင်ဆိုင်ခွင့်ကိုလား….. သိချင်မိပါရဲ့..

      • Foreign Resident

        August 19, 2011 at 9:21 am

        Dear မင်းပြည့်ရှိန် ,

        Emotionally you are right, but logically Thu Gyee is correct. 😛

        Because, I understand what Thu Gyee said,
        ” မြန်မာဆရာဝန်တွေ / စာမေးပွဲပြန်ဖြေပြီး.. အမ်ဒီဖြစ်နေသူ ”

        In foreign country, everybody buy a house & car “by loan”,
        (1) For young Doctors, they do not have enough money yet
        (2) For elder/rich Doctors, they want to avoid too much income tax
        ( eg. our family encounter 46.5 % income tax right now,
        so, we bought houses, paid loan & interest, make negative gearing )

        Generally, their Loan period is around 20 years or 30 years.
        So, even they want to go back to their country at once,
        But, they cannot go back, they have a lot of debts to repay.
        Let say, they have to wait at least another 20 years for loan payment.

        Moreover, some bought insurance protection (eg, health, income, house, etc)
        Then, they need to pay those insurance premiums every month.
        Then, How can they go back to Myanmar ?

        Most probably, only the elder/retired Myanmar can go back to Myanmar.

      • Foreign Resident

        August 21, 2011 at 5:43 am

        By the way,

        ဗီယက်နမ်အစိုးရက သူ့နိုင်ငံစီးပွားရေးကို တရှိန်ထိုးဦးမော့လာအောင် စေတနာရှိရှိနဲ့ ဆောင်ရွက်ချင်တဲ့အခါ ပြည်ပရောက်နေတဲ့ ဗီယက်နမ်နိုင်ငံသားတွေကို ထူးထူးကဲကဲ ဖိတ်ခေါ်မှုမရှိဘဲ

        “နေချင်ရင်လည်း ဆက်နေကြ ပါ၊ ပြည်ပမှာ ရောက်နေတဲ့ သူ့နိုင်ငံသားတွေဟာ တနေ့နေ့ တချိန်ချိန်မှာ ဗီယက်နမ်နိုင်ငံအတွက်ပါဘဲ”

        လို့ ဗီယက်နမ်ကွန်မြူနစ်ခေါင်းဆောင်များက နားလည်မှုအပြည့်ခံယူပြီး တဘက်ကလည်း လက်တွေ့လိုအပ်တဲ့ အမေရိကန်အစိုးရနဲ့ အပေးအယူမျှတစွာ ပူးပေါင်းဆောင်ရွက်တဲ့အပြင်
        ” ပြည်ပရောက် သူ့နိုင်ငံသားတွေ အလို လို ပြန်လာချင်စိတ်ပေါက်လာအောင်”
        လိုက်လျောညီထွေတဲ့ ရေခံမြေခံကောင်းတွေကို မှန်မှန်ကန်ကန် လုပ်ပြနိုင်ခဲ့ပါတယ်။

        —http://www.naytthit.net/?p=17393—

  • ကြောင်ကြီး

    August 19, 2011 at 10:31 am

    ဆေးရုံတွေ မရှိရင်နေ၊ ဒေါ်ပုဒုမ္မာရှိရင် ကျေနပ်ပါပြီ။ ရွာထဲကပွိုင့်ပေးပြီး ဆေးလာထိုးမလို့… 😮

    • MaMa

      August 19, 2011 at 2:08 pm

      ဒေါ်ပဒုမ္မာကလည်း ရွာထဲက ပွိုင့်ပေးပြီး ဆေးလာထိုးတဲ့သူတွေအတွက် Special health care အနေနဲ့ ရွာထဲကနေပဲ injection လွှတ်ပေးလိုက်ပါမယ်တဲ့။ 😀
      (ဒေါက်တာ မအား၍ ကွန်ပေါင်ဒါမှ ကိုယ်စားဖြေပေးလိုက်ပါသည်။)

  • nozomi

    August 19, 2011 at 1:10 pm

    မပုဒုမ္မာ ရေးတဲ့ဟာ အစအဆုံးဖတ်ဖြစ်ပါတယ်

    ဖတ်ပြီး သဘောကျတာတွေ ပြောချင်တာတွေ အများကြီးပါ ၊ ပြောလိုက်မှ ပြောချင်တာကို မရောက်မှာစိုးလို့ ဘာမှမပြောဖြစ်ခဲ့ပါ

    နောက်လဲ ဒါမျိုးလေးတွေ များများရေးပေးပါ
    ၂၀၀ဝ အဖွဲ့ကြီးလဲ အောင်မြင်ပါစေ (ကိုယ်တိုင်လဲ နိုင်တဲ့နေရာက ဝင်ပါချင်ပါတယ်)

  • ဘယ်သူ့အတွက်ဆိုတာ ဘယ်သူ့ကြောင့်ဆိုတာကို ပြောမနေကြတော့ဘဲ
    အခုက စပြီး သူလိုကိုယ်လို သာမန်တိုင်းသူပြည်သားအတွက် ဘယ်လိုကောင်းအောင်
    လုပ်ကြမလဲဆိုတာ ဝိုင်းဝန်းစဉ်းစားကြဘို့လိုပြီထင်ပါတယ်။

    (မိမိတိုင်းပြည် ဓလေ့ထုံးစံတွေ သာယာလှပတာတွေ အမျိုးကို ခင်တွယ်စိတ်တွေ)ဆိုတာကိုသာ
    ဖယ်ထားရင် တိုးတက်တဲ့နိုင်ငံတွေနဲ့ယှဉ်ကြည့်ရင်တော့ ကျနော်တို့ မြန်မာနိုင်ငံငယ်လေးက
    နေချင်စရာ မရှိတာ သူများထက်စာရင်ခေတ်နောက်ကျနေတာ မတိုးတက်တာတွေကလဲ
    ငြင်းမရတဲ့အမှန်တရားပါ။
    ဒီတော့ အပြင်ထွက်နိုင်သူ ထွက်ခွင့်ရသူတွေက ပြန်မလာတော့ ဘဲ
    မထွက်ခွာနို်င်သူတွေ ထွက်ခွာဘို့ အစွမ်းမရှိသူတွေကို ဒီအတိုင်းဘဲထားခဲ့ကြတော့မလား ?
    ကျနော်ကတော့ မြန်မာပြည်ကို ချစ်တဲ့စိတ်ဆိုတဲ့ ပါးပါးလေးကို အားထားပြီး
    ဆယ်လမွန်ငါးလေးတွေအပြန်ကို မျှောနေပါရဲ့။
    (ပဒုမ္မာ က ဆယ်လမွန်ငါးတို့အပြန်သီချင်းစာသားလေး ကူးပြီး ပို့ခိုင်းတာ အခုမှသဘောပေါက်တော့တယ်။)
    ဒီပို့စ်အတွက် ဘိုဆန်ဆန်ပြောရရင် မတ်တတ်ရပ်ပြီး လက်ခုပ်အကြာကြီး တီးပေးလိုက်ပါတယ်။

    • Foreign Resident

      August 20, 2011 at 1:26 pm

      OK OK Ko Pauk 🙂
      I will come back to Myanmar soon & work for a while in Myanmar !!! 😛

  • Thein Soe

    August 20, 2011 at 9:13 am

    Ko Pout,, you are right.
    They should say,, what we should do or what we need to do. I am also working in other country, we know why we are working outside country. No need to say that Because of………………………….

    • Foreign Resident

      August 20, 2011 at 1:24 pm

      OK OK 🙂
      I will come back to Myanmar soon & work for a while in Myanmar !!! 😛

  • padonmar

    August 20, 2011 at 7:34 pm

    သဂျီးတော်တော် ဆိုးပါတယ်ဗျို့၊အစကတော့ ဒီအချိန်မှာလည်ပြန်ကြည့်နေကြပါတယ် ဘာညာနဲ့ ၊ခြင်္သေ့လည်ပြန်သီချင်းတောင်ဆိုရတော့မလိုလို၊FR ရော တူတူဘဲ၊
    အခုမှ အကြောင်းတွေပြနေပါတယ်နော၊:D :D:D
    ကျွန်မတို့ကလည်း ကိုပေါက်ပြောသလို ပြောပြစရာမလိုဘဲနားလည်ပါတယ်။
    ဒါပေမယ့် ပြန်လာဘို့ဆိုရာမှာ အပြီးဒီပြန်နေပါလို့ ဆိုရင် ကိုယ်ချင်းမစာရာရောက်မှာပေါ့၊
    အကြံအားဉာဏ်အားတွေလည်းလိုတာပါဘဲ၊
    နောက်ပြီး ဟိုနှစ်တွေက ORBIT ဆိုပြီး လေယာဉ်နဲ့ မျက်စိလာခွဲပေးတာတွေ၊
    စင်ကာပူကဆရာဝန်တွေ နှလုံးခွဲစိတ်မှုလာလုပ်ပေးတာတွေ၊(နောက်ကွယ်မှာ သူတို့ဘာအကျိုးကျေးဇူးတွေ ရသလဲတော့ မသိဘူးနော်၊ကျွန်မတို့ကတော့ ဆင်းရဲသားပီပီ လုံးဝမရှိတာထက်စာရင် ဘာရရ ကြိုုက်တာဘဲ)
    အဲဒီလိုမျိုးတွေတောင် မလုပ်ပေးချင်ကြဘူးလား။
    ပြောရရင်တစ်ချိန်ကဒေါ်ခင်ဝင်းရွှေရဲ့ သူငယ်ချင်းတွေဆိုပြီး နိုင်ငံတော်ဧည့်ခံပွဲတောင် လုပ်ခဲ့သေးတယ်။နှုတ်ခမ်းကွဲအာခေါင်ကွဲကလေးတွေကို Plastic surgery လုပ်ပေးသွားသေးတယ်၊
    နောက် NGO လာလုပ်နေတဲ့ နိုင်ငံခြားသားတွေ သူတို့မှာလည်း နေရမယ့်အိမ် ၊ဆပ်ရမယ့် loan တွေ grant တွေ၊
    စောင့်ရှောက်ရမယ့် သားသမီးတွေ ရှိမှာပါ၊ဒါလည်း (နောက်ကွယ်မှာ သူတို့ဘာအကျိုးကျေးဇူးတွေ ရသလဲတော့ မသိဘူးနော်၊ကျွန်မတို့ကတော့ ဆင်းရဲသားပီပီ လုံးဝမရှိတာထက်စာရင် ဘာရရ ကြိုုက်တာဘဲ)
    (ငြင်းခုန်ခြင်းအနုပညာပါ၊)

    ဦးကြောင်အတွက်တော့ (လူကလေးမောင်မင်း အင်ဂျက်ရှင်းထိုးမယ်)နော်။

  • naywoonni

    August 20, 2011 at 10:24 pm

    နေရာတိုင်းမှာ ပရဟိတ လုင်န်းကအရေးတကြီးလိူအပ်နေပြီ…။ လို့ထင်တာပဲ…။ လားရှိုးမှာ ပရဟိတဆေးရုံလုပ်ထားတာ တရားခွေ တစ်ခွေထဲမှာတွေ့ဖူးတယ်…။ ဆောက်ထားလိုက်တာကလဲ ဟီးလို့ လူမျိုးမရွေး ဘာသာမရွေး လူမှုုရေး ကုညီမှုအသင်းတဲ့…။ အဲဒိလိုဆေးရုံတွေ ဝိုင်းဝန်းလုပ်မပေးချင်ဘူးလား…။ စောစောကပြောနေတဲ့ ဆရာဝန်တွေ ဟိုမှာရနေတဲ့ လစာအခွင့်အရေးပေးပေါ့…။ လုပ်စပဲလစာယူချင်စိတ်ပေါ်မှာပါ..။ ကိုယ့်ကိုလစာပေးနေတဲ့ အဖွဲ့ အစည်းက ဘာအကျိုးအမြတ်မှ မယူဘဲ လစာပေးနေတာတွေ့ရရင် သူတို့ ပေးသလောက် ယူရက်မှာတောင်မဟုတ်ဘူး…။ နော် မြန်မာတွေပဲ..။ ဒီလိုအသင်းအပင်းတွေ တစ်ယောက်အားနဲ့မရရင်တောင် အများအားနဲ့လုပ်သင့်ပြီ…။ ဆရာအောင်သင်းပြောဖူးတယ်..။ လူကြီးတွေ အားကိုးမနေနဲ့ ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်တဲ့……….။

    • Foreign Resident

      August 21, 2011 at 3:51 am

      Dear Nay Woon Ni,

      ( စောစောကပြောနေတဲ့ ဆရာဝန်တွေ ဟိုမှာရနေတဲ့ လစာအခွင့်အရေးပေးပေါ့ ) 😛

      ( Registered, Experienced & Fellowship ) Doctor in Australia,
      Daily income is around 1500 A$ per day ( 1575 US$ ). 😛

      About one year ago,
      one clinic offered ( some body ) with 150 A$ per hour. 😀
      But, ( some body ) refused this offer. 😛

      One Famous Myanmar Doctor ( my wife’s closed friend ) admitted,
      His income is around 500,000 A$ per annual ( 525,000 US$ ). 😛
      ( I mean, income, before tax )

      This is just for your information & consideration &
      I admitted, our country deserved serving for &
      I am sure, one day, we will return & serve for our country. 🙂

  • kai

    August 21, 2011 at 1:00 am

    အပြင်ရောက်နေတဲ့သူတွေ.. ခံစားချက်..အခြေအနေတွေသေချာသိမှ.. ပြန်ခေါ်ချင်ရင်..ပြန်ခေါ်မဲ့. .နိုင်ငံရေးသမားတွေ. .အမတ်တွေက… ခေါင်းစားပြီး(Brainstorming လုပ်ပြီး).စဉ်းစားနိုင်..လုပ်ထုံးနည်းဥပဒေတွေချနိုင်မှာပေါ့…။

    အဲဒါကြောင့်ရေးပြတာပါ..။
    ဆိုတော့..
    ပဒုမ္မာမမ…ရေးမေးထားတဲ့… သူတို့တွေရဲ့..နောက်ကွယ်မှအကျိုးကျေးဇူးတွေ.. စဉ်းစားပြီးရေးပြပေးဦးမယ်..။
    အန်ဂျီအို..အန်ပီအိုတွေအကြောင်းပေါ့..။

  • တညင်သား

    August 21, 2011 at 9:01 am

    *****ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီကနေ့ ကျင်းပတဲ့ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားနဲ့ ပထမနေ့ အစီအစဉ်များ ကိုတော့ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

    နောက်ထပ် ညီညွတ်ရေးအတွက် တိုးတက်မှု တစ်ခုကတော့ ပြည်ပရောက် အတိုက်အခံ တစ်ဦးဖြစ်တဲ့ စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦးလည်း နေပြည်တော်ကို ရောက်ရှိနေပြီး အဲဒီ အလုပ်ရုံ ဆွေးနွေးပွဲမှာ စာတမ်း ဖတ်သွားတဲ့ သတင်း ဖြစ်ပါတယ်။ ဒေါက်တာ ဇော်ဦးဟာ ယခင်က ABSDF ကျောင်းသား တပ်မတော်ရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး အမေရိကန် နိုင်ငံမှာ နို်င်ငံတကာ လေ့လာရေး ဘာသာရပ်နဲ့ စီးပွားရေး ဘာသာရပ်ဆိုင်ရာ မဟာဘွဲ့များ ရရှိထားသူ ဖြစ်ပါတယ်။ ဩဂုတ်လ ၁ရ ရက်နေ့က သမ္မတ ဦးသိန်းစိန်က ပြည်ပရောက် မြန်မာနို်င်ငံသားများ နိုင်ငံကို ပြန်လာပြီး နိုင်ငံ တည်ဆောက်ရေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ ပြီးတဲ့နောက် ဒေါက်တာဇော်ဦး နေပြည်တော်မှာ စာတမ်းဖတ်တယ် ဆိုတဲ့ သတင်းကို ပြည်တွင်းထုတ် The Voice ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

    သတင်းရပ်ကွက် တစ်ခုကတော့ ဒေါက်တာဇော်ဦးဟာ ပြီးခဲ့တဲ့ ဇွန်လက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ဆန်စပါး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကိုလည်း တက်ရောက်ခဲ့ သေးကြောင်း ပြောပါတယ်။ ဒီသတင်း ကိုတော့ သီးခြား အတည် မပြုနိုင်ပါဘူး။ ****

    အန်တီပဒုမ္မာ ရေးတာကို အစအဆုံးဖတ်ပါတယ် …ဘယ်လို Comment ပေးရမှန်းတောင်မသိဘူး ..တခြားဆိုဒ်က တွေ့တာလေး သူကြီးတို့ ကိုForeign Resident တို ဖတ်ရအောင်လို့ ဝင်ရောက်မန်းလိုက်ရပါသည်ခင်ဗျားးး

  • Foreign Resident

    September 2, 2011 at 5:28 am

    Dear Padonmar,

    Your article “ နိုင်ငံကို တကယ်မချစ်လို့ စွန့်ရစ်လေရော့သလား ” is really great &
    Now, your article spread out all over the Myanmar communities.
    ( Face Book, G-mail & now, even web pages )
    I even received your article in My G-mail a lots of times.

    http://www.irrawaddyblog.com/2011/09/blog-post_4912.html—
    —http://www.naytthit.net/?p=18262—
    —http://drkokogyi.wordpress.com/2011/09/01/%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%80%E1%80%AD%E1%80%AF-%E1%80%90%E1%80%80%E1%80%9A%E1%80%B9%E1%80%99%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%9C%E1%80%AD%E1%80%AF/—
    —http://www.freedomburma.org/2011/08/blog-post_31.html—
    —http://www.pnsjapan.org/2011/09/blog-post_760.html—
    —http://www.lanpyakye.com/2011/09/blog-post_3757.html—

    Congratulations !!!
    Well done & you really made the good job !!!

  • padonmar

    September 4, 2011 at 8:54 pm

    FR ရေ
    သတင်းကောင်းလေးပေးတဲ့ အတွက် ကျေးဇူးအထူးပါ။
    ကိုယ့် ခံစားချက်လေး နှစ်ခြိုက်ကြတယ်ဆိုတော့ ဝမ်းသာလွန်းလို့ မျက်ရည်များတောင်လည်ရှာတယ် ဆိုသလိုပါဘဲ၊
    စာရေးတဲ့လူတွေရဲ့ ပီတိဆိုတာ ဒါမျိုးနေမယ်ထင်ပါရဲ့။
    FR ပေးတဲ့ Link တွေ လိုက်ကြည့်လိုက်တော့ ကျမရဲ့ post လေးကို ပိုကြည့်လို့ ဖတ်လို့ကောင်းအောင်
    high light လုပ်တန်တာလုပ် italic လေးတွေ font color လေးတွေ ထည့်၊စာလုံးပေါင်းသတ်ပုံလေးတွေပြင် လုပ်ပေးထားကြတော့
    ကျမထုတဲ့ သစ်သားပန်းပုကြမ်းကြမ်းလေးဟာ မင်းသမီးလေးဖြစ်သွားသလို ခံစားရပါတယ်၊
    ကျမက ကျမရေးတဲ့စာကို over 40 တွေဘဲ ခံစားနားလည်မယ်လို့ထင်ထားမိပါတယ်၊
    ဒီစာလေးကို လှအောင်ပြင်ပေးတဲ့သူတွေဟာ ကွန်ပျူတာကို ကျမတို့ အရွယ်တွေထက် ပိုကျွမ်းကျင်တဲ့ လူငယ်တွေဖြစ်မယ်ထင်ပါရဲ့။
    ဒီလိုသာဖြစ်ရင်တော့ သူတို့လည်း နားလည်ခံစားရလို့ဖြစ်မှာပေါ့နော်၊
    လေထဲကမိတ်ဆွေလေးတွေကို ဒီနေရာကနေဘဲ ကျေးဖူးတင်ကြောင်းပြောပါရစေ။

    ဒီလိုဘဲ ကျမတို့ လက်ထက်မှာထုဆစ်လို့ မပြီးပြတ် မလှပသေးတာကို နောက်မျိုးဆက်လူငယ်လေးတွေ ဆက်လက်ပြီး ကျမတို့ထက်သာအောင် ပုံဖော်နိုင်ပါစေလို့ဆန္ဒပြုမိပါတယ်။

  • ကြောင်ကြီး

    September 6, 2011 at 10:30 am

    မှတ်ထားကွ၊ ပဒုမ္မာတဲ့ဟေ့။ ရွာမှာလွှတ်တဲ့ မီးပုံးပျံမဟုတ်ဘူး၊ ကမာ္ဘပတ်တဲ့ ဂြိုလ်တုကွ…။

  • padonmar

    September 7, 2011 at 8:29 pm

    ဦးကြောင်ကြီး ပြောမှ ကိုယ့်နောက်ကိုယ်ပြန်လှည့်ကြည့်ရတယ်။
    မီးခိုးတွေများထွက်နေလားလို့၊:D:D
    ဘာဘဲဖြစ်ဖြစ် ခုလိုအားပေးတာကျေးဇူးတင်တဲ့ အနေနဲ့ အင်ဂျက်ရှင်း အလကားထိုးပေးပါမယ်။
    နောက်ထပ်ကိုယ်တွေ့လေးတွေလည်း ရေးပြီးတင်ဘို့ကြိုးစားနေပါတယ်၊
    အားပေးကြပါအုံးနော်၊

  • sitminnaing

    September 7, 2011 at 8:49 pm

    ကဲ…အခုတော့ ဦးစိန်လှိုင်ကျော်ကတော့ သိန်းတစ်ထောင်၊ကားတစ်စီး၊အိမ်တစ်လုံးရသွားပြီ နောက်ဘယ်သူလိုချင်သေးလဲ…
    စရံပေးစရာမလိုပါ ကြိုတင်အခန်းရှင်းပေးထာမယ်။

  • sitminnaing

    September 7, 2011 at 8:55 pm

    ဆောရီးပဲ…စာရေးလောသွာလို့…ဦးစိန်ကျော်လှိုင်ပါ။ခေါ်တဲ့လူကခေါ်တယ်…ဆွဲတဲ့လူက ဆွဲထားလိုက်တယ်….တော်တော်တရားကျဖို့ကောင်းတဲ့လူတွေ…

  • ကြောင်ကြီး

    September 10, 2011 at 2:26 pm

    ဒီနေ့ ဖိုးတရုပ်ကင်းဘလောဂ်မှာ မပဒုမ္မာရဲ့ ဆောင်းပါးအမှတ်(၁) တင်ထားတာတွေ့လို့ လက်တို့သတင်း ပို့ပါတယ်။ ဒုတိယအကြိမ်မြောက် ကွန်ဂရက်ကျူလေးရှင်းပါ။ 🙂
    http://www.photayokeking.org/truewords/open-letters/684-nai-ngai-daw-ko-sunt-hkawr-tawr-kya-byi-lar

  • padonmar

    September 10, 2011 at 6:22 pm

    သတင်းပေးတာကျေးဇူးအထူးပါ ဦးကြောင်ရေ။
    Blog တော်တော်များများက ဝင်ကြည့်လို့မရပါဘူး၊
    အဲဒီက ဘာတွေ comment ပေးကြလဲတော့မသိရဘူးပေါ့၊
    နောက်ပြီး ဒီရွာမှာက အရေးပိုင်မင်းနဲ့ သဂျီးမင်းရဲ့ မေတ္တာရိပ်ခိုလှုံပြီး အေးချမ်းလို့ ဒီ site ဘဲဖတ် ဒီ site မှာဘဲ ရေးနေတော့ အပြင် သတင်းတွေလည်းမသိပါဘူး၊
    ပြည်တွင်းမှာတော့ newsweek journal မှာ forwarded mail အနေနဲ့ ပါလာတယ်လို့ မိတ်ဆွေတွေကပြောကြပါတယ်၊
    ဖတ်ရှုအားပေးသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

  • padonmar

    September 10, 2011 at 6:24 pm

    သီးလေးသီးအငြိမ့်အဖွဲ့ ပြည်တော်ပြန်လာမယ်လို့ ကြားပါတယ်။

  • zaw min

    September 10, 2011 at 9:37 pm

    ဟုတ်ပါတယ်..မနက်ဖန်ညနေမှာ အဲပုဂံလေကြောင်းနဲ့ သီးလေးသီးမှအဖွဲ့ဝင်များဖြစ်ကြသော စိန်သီး၊ဇီးသီး၊ဂေါ်ဇီလာနဲ့ မင်းသမီးချောစုမျိုးတို့ဖြစ်ကြပါတယ်၊အဲဒီလေယဉ်နဲ့ ထိုင်းနိုင်ငံရှိ တစ်ခြားနိုင်ငံရေးလှုပ်ရှားသူများလည်းပါဝင်ပါတယ်လို့သိရပါတယ်…ကိုပန်းသီးကတော့ သူ့ရဲ့ဆရာ ကိုဇဂနာလွှတ်မြောက်မှပဲ ပြည်တော်ပြန်ပါ့မယ်လို့သိရပါတယ်…

  • padonmar

    September 10, 2011 at 10:10 pm

    ကိုပန်းသီးလည်း မကြာခင်ပြန်လာနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

  • ကြောင်ကြီး

    September 12, 2011 at 8:23 am

    နောက်ထပ်တွေ့တဲ့ဆိုက်ဒ်ပါ..။ http://burmese.assknetwork.org/knowledge-centre/letter/296-2011-09-09-04-18-34.html
    မပဒုမ္မာ ပြင်ပကဆိုက်ဒ်တွေ ဝင်ဖတ်ကြည့်လို့မရဆိုတာမို့ နေ့သစ်မှာတွေ့တဲ့ ကွန်းမန့်တွေ ကူးပေးလိုက်ပါတ်။ ဧရာဝတီဘလော့ဂ်မှာတော့ မတွေ့တော့ဘူး။ သူတို့ဆီက မော်တော်ကားရှိုးပွဲဓာတ်ပုံတွေကို ရွာသူတယောက်က ယူသုံးတယ်နဲ့ ကန့်ကွက်ထားဖူးလို့ ဒီမှာတင်ထားမှန်းသိတာနဲ့ ပြန်ဖျက်လိုက်လားမသိဘူး..။
    နေ့သစ်ဆိုက်မှ
    17 Responses to “နိုင်ငံကို တကယ်မချစ်လို့ စွန့်ရစ်လေရော့သလား”
    victor August 31, 2011

    U show our feeling.We are far away from motherland.Thank u so much.We want to go back home all the time but we are struggle around the world.We want to serve for motherland as soon as we can.But we do not believe our government.They can arrest and they can put in jail the whole life for no reasons.We love so much and we want to get smell our country’s ground and fresh air.Thank u for your article.
    Reply
    ကောင်းမြတ် August 31, 2011

    ဒေါက်တာရေ…ဒီပို ့စ်လေးကို ဖတ်ရတာ အလွန်အမင်း ရင်ထဲမှာ မကောင်းပါ။ပြောချင်တာတွေ များလှပေမယ့် စကားလုံးမရှာတတ်လောက်အောင်ပါပဲခင်ဗျာ။ ဒါပေမယ့်လည်း ကျွန်တော်တို ့အားလုံးရဲ့ ခံစားချက်ကို ဒီပို ့စ်လေးက အကောင်းဆုံး အထိရောက်ဆုံး ဖေါ်ပြပြီးသွားပြီလို ့ ခံစားရပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။
    Reply
    Sandy August 31, 2011

    ဒေါက်တာ အရေးက ကျွန်မတို ့ရင်ထဲရှိတာကို ပြောပြပေးသလိုပါပဲ။ အမှန်တကယ် သဘောထားကြီးပြီး ကိုယ့်လူမျိုးကို တန်ဖိုးထားတဲ့ နိုင်ငံမှာနေရတာ သုခတခုပါ
    Reply
    sawhtoo August 31, 2011

    ကျေးဇူးပါ ဗျာ…. ကျွန်တော် လည်း ဆယ်လမွန်ငါး တကောင်ပါ….. ဘယ်အချိန်များ အမိမြေမှာ ရေကြည်ပြီး မျက်နု မလဲ …. အဲ့ဒါတွေ မဖြစ်သေးရင်လည်း ရပါ တယ် ဗျာ…. မျှတပြီး ပြည်သူကို တန်ဖိုးထားရင် ပဲ ပြန်ချင်လှပါ ပြီ…..
    Reply
    Aung Aung September 1, 2011

    ” နိုင်ငံခြားမှာရနေတဲ့ လစာ၊ အခွင့်အရေးတွေထက်မနည်း ရစေမယ်လို့ ” အာမခံစရာမလိုပါဘူး…….. ကိုယ်လုပ်ချင်တာ ကိုယ်မှန်တယ်ထင်တာ ပြည်သူတွေကိုအကြိုးပြုမဲ့အလုပ်တွေကို ဘယ်သူ့မျက်နှာကိုမ မော်မကြည့်ပဲ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရရင်ပြန်မှာပါ…..
    Reply
    Anonymous September 1, 2011

    I really appreciate,the above article and also agree the above commentors post.Yes,I am also a person,who left our country.Still,I am missing my parents,my relatives,friends and my country.
    Actually,I did not want to leave my country,but because of these Rebel minded,Greedy,Selfish,Crazy,Foxy,
    Dirty,Etc:…Junta government.Now,some person think,Burma has changed,Than Shwe have gone,no..totally nothing has change in Burma.
    Recently,he has appointed his Trust worthy Major General Soe Shein,as *SaYaPha,(Intell.) chief,that shows,he is still holding the power from back behind the curtain.We were become poor and work as a labour in Abroad,(now),because of this government.They intentionally have took away all our properties,and we have nothing left,so,we have to come abroad,and become asyllum.Only stupids people will trust,that Burma has change.Nothing improve,no signs of releasing the Politicals prisoners,Civil War,with the minority Races,and many ,many things has’nt change.How to trust and come back to Burma,according to General Thein Sein’s amnesty,that has given by vival promise,and how to trust them…???????Sure we have to stay behind the Bars in Insein Jail.Think,Consider,and waits,then,decide,that what will be the best for all the people,who are in Abroad,staying as Asyllum Card Holders.Don’t ever trust their empty ,fake promise,that they using the whole of their life.
    Reply
    သူရအောင် September 1, 2011

    လေးစားပါတယ်ဆရာမ ကျနော်တို့လဲ တိုင်းပြည်ကို အလုပ်အကျွေးပြုချင်သူတွေပဲ နိုင်ငံပြောင်းအလဲကို ပြုလုပ်လိုတဲ့စိတ်ကြောင့် ပြည်ပကို ထွက်ပြေးခဲ့ရတယ် ပြည်သူ့ဆေးဝန်ထမ်းအဖြစ် 15 ခန့်လုပ်ခဲ့ဘူူးတယ် တခြားတိုင်းပြည်မှာရောက်တိုင်းကိုယ့်တိုင်းပြည်ရဲ့လိုအပ်ချက်ကိုပိုသိလာတယ် အကျိုးပြုချင်တယ် တကယ်ပြုခွင့်ရှိမယ်ဆိုရင် နေ့ချင်းတောင်ပြန်ချင်တယ် အချိန်တွေဆွဲနေရင်တော့ မတတ်နိုင်ဘူးဆရာမရေ့
    Reply
    Zaw Min Oo September 1, 2011

    It is unfair to say we do not love the country. We want to serve for our country. But they didnt give us a chance.Intellectuals will leave a place if it doesnt value them. This is happening all around the world. But it is not entirely bad thing.
    Cause one day, when the conditions allow, those who return from oversea will take a lot of experience and knowledge with them. And these will help develop our country,not only in medical field, in all areas. Will give a boost to our country development. We are waiting for that time, keep studying and saving money. But still i respect those who decide to stay in our country, whatever the reason for their stay, they are helping our people. I really hope one day I can return to Myanmar and serve for the people who lived in the same land, drink same water, speak the same language.
    Reply
    KoKo September 1, 2011

    စေတနာကို စာမှာ မြင်ရပါတယ်။ ဆရာမကြီးအနေနဲ့ အတွေ့အကြုံတွေ အတွေးအမြင်တွေက ရိုးသားစွာ ဖြတ်သန်းခဲ့ရသူ တစ်ယောက် ဖြစ်နေတယ် ဆိုတာကို စာဖတ်ပြီးတာနဲ့ သိလိုက်ရတယ်။ ကိုယ်ကိုယ်တိုင် ရေးချင်စိတ် မရှိပေမယ့် အခုလို စာကောင်းတစ်ခုကို ဖတ်ရတော့ ကျေးဇူးတင်နေမိတယ်။ ကိုယ်ကိုယ်တိုင် ဆယ်လမွန် ငါးတစ်ကောင် ဖြစ်မှန်းမသိ ဖြစ်နေခဲ့လေတော့ အားလုံးနဲ့ မျှဝေ ခံစားရင်း ချစ်ခြင်းမေတ္တာတရားနဲ့ ပြုံးအလှစေတနာ တရားတို့ ထုံမွှမ်းရာ အမိမြန်မာနိုင်ငံတော်ကြီးအတွက် ပြန်လည် ပေးဆပ်ရမည့် နေ့ရက်တို့ကို ချိုးရေတွက်လျက် . . .
    Reply
    မိုး September 1, 2011

    ဖတ်ရင်းနဲ ့မျက်ရည်ကျမိတယ်။ ကျွန်မဆို အတန်းထဲမှာ စာအသင် ့အတင့်တော်တဲ ့အထဲမှာပါပြီး physician ဖြစ်ချင်သူပါ။ ဒါပေမယ် ့ကျွန်မမိဘတွေက ရိုးရိုး ဝန်ထမ်းတွေ၊ ကျောထောက်နောက်ခံ အကောင်ကြီးကြီးတွေလည်းမရှိတော ့medicine ဖြေဖို ့မရဲဘူး။ ကိုယ် ့ထက်စာတော်တဲ ့သူတွေတောင် အကပ်မရှိရင် တဖုတ်ဖုတ်ကျနေတော ့ကျွန်မ risk မယူရဲဘူး။ တကယ်ဆို ကျွန်မတို ့၆နှစ်လု ံးလုံးကြိုးစားခဲ ့တဲ ့အမှတ်တွေကို ပြန်ကြည့်သင့်တယ်။အခုက လုံးဝပြန်မကြည် ့ဘူး။အတိတ်က ဘယ်လောက်ပဲစာတော်တော်၊ entrance မှာကျရင်သွားပြီ။ဒီလိုနဲ ့ပဲ ဖြစ်ချင်တာထက်ဖြစ်သင် ့တာကိုပဲ ရွေးချယ်လိုက်ပြီး တိုင်းတပါးရောက်လာရတာပါပဲ။ ဒါပေမယ် ့မျှော်လင် ့ချက် ရေးရေးလေးကိုတော ့အမြဲထားဆဲပါ။ ့မြန်မာပြည်ဆေးရုံမှာလူနာတွေကို ဆေးတွေ၊ အပ်တွေ၊ ဂွမ်းတွေ ဝယ်ခိုင်းစရာမလို တော ့တဲ ့ ့အချိန်ကျရင် အနိမ် ့ဆုံး လက်ထောက်ဆရာဝန်ဘဝနဲ ့ဘဲလုပ်ရ လုပ်ရ ပြန်လုပ်ဖို ့ဝန်မလေးပါဘူး
    Reply
    Dr Ko Ko Gyi September 1, 2011

    With my some what good academic record and working experience as a Demonstrator, I wrongly hope to be able to attend Internal/Local Masters.
    But once I was told, during the tail end of Gen Ne Win’s time, by the Paediatrician/DGME that they could not choose a KALA for MSc, I sadly resigned and left Burma. I felt that if I continue to stay in Burma, it would be like letting my brain in the drain.
    But it was my luck, because that discrimination was not much before and nowadays and many Myanmar Muslims including my youngest brother who was my student in Anatomy and Surgery passed the MSc. I was failed 4 times in Burma but passed MRCOG Part 1 in Singapore within SIX months.
    If Myanmar fails to practice EQUAL RIGHTS on all the civilians, (because now they R favouring the Military, ex-military & their cronies) Ethnic Minorities and religious minorities, Brain Drain will continue. Forget about Brain Gain or Recirculation of drained Brains. There is discrimination everywhere in the whole world but I still felt that I had suffered enough in Myanmar.
    Reply
    Dr Ko Ko Gyi September 1, 2011

    Kindly allow me to share your post in my blog @ http://drkokogyi.wordpress.com/

    EQUAL RIGHTS = Civil and political rights are a class of rights that protect individuals’ freedom from unwarranted infringement by governments and private organizations, and ensure one’s ability to participate in the civil and political life of the state without discrimination or repression.

    Civil rights include the ensuring of peoples’ physical integrity and safety; protection from discrimination on grounds such as physical or mental disability, gender, religion, race, national origin, age, sexual orientation, or gender identity;[1][2][3] and individual rights such as the freedoms of thought and conscience, speech and expression, religion, the press, and movement.

    Political rights include natural justice (procedural fairness) in law, such as the rights of the accused, including the right to a fair trial; due process; the right to seek redress or a legal remedy; and rights of participation in civil society and politics such as freedom of association, the right to assemble, the right to petition, and the right to vote.

    Civil and political rights form the original and main part of international human rights.[4] They comprise the first portion of the 1948 Universal Declaration of Human Rights (with economic, social and cultural rights comprising the second portion). The theory of three generations of human rights considers this group of rights to be “first-generation rights”, and the theory of negative and positive rights considers them to be generally negative rights.

    The phrase “civil rights” is a translation of Latin ius civis (rights of citizens). Roman citizens could be either free (libertas) or servile (servitus), but they all had rights in law.[5] After the Edict of the Milan in 313, these rights included the freedom of religion.[6] Roman legal doctrine was lost during the Middle Ages, but claims of universal rights could still be made based on religious doctrine. According to the leaders of Kett’s Rebellion (1549), “all bond men may be made free, for God made all free with his precious blood-shedding.”[7]

    In the 17th century, English common law judge Sir Edward Coke revived the idea of rights based on citizenship by arguing that Englishman had historically enjoyed such rights The English Bill of Rights was adopted in 1689. The Virginia Declaration of Rights, by George Mason and James Madison, was adopted in 1776. The Virginia declaration is the direct ancestor and model for the U.S. Bill of Rights (1789).

    In early 19th century Britain, the phrase “civil rights” most commonly referred to the problem of legal discrimination against Catholics. In the House of Commons support for the British civil rights movement was divided, many more largely known politicians supported the discrimination towards Catholics. Independent MPs (such as Lewis Eves and Matthew Mountford) applied pressure on the larger parties to pass the civil rights act of the 1920s.

    In the 1860s, Americans adapted this usage to newly freed blacks. Congress enacted civil rights acts in 1866, 1871, 1875, 1957, 1960, 1964, 1968, and 1991.

    http://en.wikipedia.org/wiki/Civil_rights

    Meritocracy, in the first, most administrative sense, is a system of government or other administration (such as business administration) wherein appointments are made and responsibilities are assigned to individuals based upon their “merits”, namely intelligence, credentials, and education,[1] determined through evaluations or examinations.

    Meritocracy itself is not a form of government, but rather an ideology. In government applications, individuals appointed to a meritocracy are judged based upon certain merits which could range from intelligence to morality to general aptitude to specific knowledge.

    Supporters of meritocracies do not necessarily agree on the nature of “merit”, however they tend to agree that “merit” itself should be a primary consideration during evaluation.

    Although meritocracy as a term is a relatively recent invention, the concept originates from the works of Confucius, along with other Legalist and Confucian philosophers. The first meritocracy was implemented in the 2nd century BC, by the Han Dynasty, which introduced world’s first civil service exams evaluating the “merit” of officials.[2] Meritocracy as a concept spread from China to British India during the 17th century, and then into continental Europe and the United States.[3] With the translation of Confucian texts during the Enlightenment, the concept of a meritocracy reached intellectuals in the West, who saw it as an alternative to the traditional ancient regime of Europe.[4]

    Meritocracy in its wider sense can be any general act of judgment upon the basis of people’s various demonstrated merits; such acts are frequently described in sociology and psychology. Thus, the merits may extend beyond intelligence and education to any mental or physical talent or to work ethic. In rhetoric, the demonstration of one’s merit regarding mastery of a particular subject is an essential task most directly related to the Aristotelian term Ethos. The equivalent Aristotelian conception of meritocracy is based upon aristocratic or oligarchical structures rather than in the context of the modern state.[5][6]

    The most common form of meritocratic screening found today is the college degree. Higher education is an imperfect meritocratic screening system for various reasons, such as lack of uniform standards worldwide [7] [8], lack of scope (not all occupations and processes are included), and lack of access (some talented people never have an opportunity to participate because of the expense, most especially in developing countries).[9] However, academic degrees serve some amount of meritocratic screening purpose in the absence of more refined methodology. Education alone, however, does not constitute a complete system, as meritocracy must automatically confer power and authority, which a degree independently does not accomplish.

    http://en.wikipedia.org/wiki/Meritocracy
    Reply
    Ashin Acara September 1, 2011

    မချစ်လို့တော့ မဟုတ် . . . . . . သင်သိပါသည် သင် သိပါ သည် ဧရာဝတီ
    Reply
    tharsanhtun September 2, 2011

    ပညာမဲ့တဲ့အစိုးရကဘယ်တော့မှပညာတတ်တွေရဲတန်းဖိုးကိုနားလည်မှာမဟုတ်ဘူး။အရာရာကိုလူမိုက်နည်းနင့်အားပဲသုံးမှာဘဲ။ကမ္ဘာမှာထိပ်တန်းနိင်ငံတွေကိုကြည့်ပညာရှင်တွေရဲစကားကိုအမြဲတန်းဖိုးထားလိုက်နာတယ်။ဗမာပြည်မှာဒီလိုစနစ်မရှိတာပဒေသရာဇ်ကစခဲတာပါ။အခုလည်းအတူတူပါဘဲ
    Reply
    Name (required) September 2, 2011

    ဆယ်လမွန်ငါးတို့ အပြန် …
    Everyone interpret that is return of Salmon to their home like as end journey.
    In nature, animals know their birth place by instinct. Salmon return to home for breeding the next generation, then follow down-stream to ocean.
    Giant fish habitat is ocean with supporting to home. That is true nature.
    Reply
    Potar September 8, 2011

    Would you mind sharing your post for my abroad friends?
    Reply
    myo aung September 10, 2011

    dear sayama(Padommar)
    I’m not someone who left the country and working overseas. But I don’t blame those who left the country and they have their own ‘reasons’. I fully sympathize with and understand their grievances for those(including you) whom sayama has mentioned for unfair treatment they had experienced. The best and the brightest from our country have been forced to leave by the policy makers and the unfair practices of those in responsible positions. This is especially true in the ministries of education, health, and science and technology.
    I appreciate the president’s call for our people to come back but he is too hasty in doing so without preparation and details. How can you expect a family settled in NY or LA to come back with no ‘place’ for him. Our country is not ready yet to welcome back our educated people. We have to create an environment where they can fit in and the the basic facilities( I don’t say living standard) they are used to. We need to to take time – 10 years, 20 years,………..

  • padonmar

    September 12, 2011 at 9:04 pm

    ဦးကြောင်ကြီးရေ၊ နောက်ထပ်ကျေးဇူးအနန္တပါ၊
    အော် ကိုယ့်လိုခံစားရတဲ့ ကိုယ့်ထက်ပိုခံစားရတဲ့သူတွေ အများကြီးပါလား၊

  • padonmar

    September 2, 2015 at 6:32 pm

    သူကြီးရေ
    ဒီ အဟောင်းလေး ပြန်ရှာပြီး လင့်ခ် ပေးတာ ကျေးဇူးပါ။
    ကိုယ့်ဖာသာ ဆို မရှာ နိုင်တော့လို့။
    အော်…တွက်ကြည့်တော့ ၄နှစ်တောင် ရှိသွားပြီ။
    ရွှေပြည်ကြီးကတော့ အရေးပါတဲ့ နေရာတွေမှာ ထိုနည်း လည်းကောင်းပဲ ရှိပါသေးလား။
    ဒီအတိုင်းသာ ဆက်သွားကြမယ်ဆိုရင်ဖြင့်
    (မလတ်ပြောသလို ဘာရေးရေး ဒါနဲ့ပဲ အဆုံးသတ်မယ် မှတ်)
    (စကားအတင်းစပ်..ကြောင်ကြီးက အဲဒီတုံးက အတော် ချစ်ဖို့ ကောင်းတာပဲ)

    • ဦးကြောင်ကြီး

      September 3, 2015 at 8:03 am

      ခိုနီဒုံဂ ျီး ဆတ်ယုန်တွင် အလှုပ်သမား သပ်မဂ အမြန်ဖွဲ့ယံ တိုက်တွမ်းပါသီ..

  • Mike

    September 3, 2015 at 1:21 pm

    .“တွက်ကြည့်တော့ ၄နှစ်တောင် ရှိသွားပြီ။” ဘာမှထူးခြားပြောင်းလဲမလာ..ပို၍သာဆိုးလာသည်..ဒုက္ခ

Leave a Reply