လျို့ဝှက်လမ်းကလေး…………………

ဖိုးကုလားဘုရား က ပုဂံခေတ်ကတည်ခဲ့တယ်လို့ယူဆနိုင်စရာတစ်ခုတော့ဘုရားနောက်မှာ လျှို့ဝှက်လမ်းကလေးရှိနေတာပါ။

ဒီဘုရားပုံတော်က အရှေ့ဘက်က ဝင်ဝင်ခြင်းဖူးရတဲ့ဘုရား။
ဒီဘုရားရဲ့နံရံနောက်ကို ဒီအပေါက်လေးကနေဝင်ရင်ရပါတယ်။

ဒီအပေါက်ထဲကနေ ဘုရားနောက်ကို ဝင်ခါနီးကလေးတွေကိုရိုက်ထားတဲ့ပုံ သူတို့ကတော့ ဂူနောက်ထဲကို ဝင်ခါနီးပျော်လို့ပါ။
အထဲမှာတော့ ဘာမှ မမြင်ရအောင် မှောင်မဲနေပါတယ်။
ဒီပုံလေးကတော့ဘုရားကို ဘေးတိုက်ဖူးရတာပါ။
စောစောက တောင်ဘက်က ဒါကမြောက်ဘက်က ဘေးတိုက်
ဒီဘုရားလျို့ဝှက်ပေါက်က တောင်ဘက်က ဝင် မြောက်ဘက်ကထွက်ရပါတယ်။
ဒါကမြောက်ဘက်အထွက်က ဘုရားလေးတွေပါ
စောစောက ပုံက မူံမဲမဲ ဒီပုံကတော့ရှင်းရှင်းလင်းလင်း
မြောက်ဘက်ထွက်ပေါက်ဘေးက ဘုရား
ဒီအပေါက်လေးက ထွက်ပေါက်လေးပါဟောဝင်သွားတဲ့ကလေးတွေပြန်ထွက်လာပြီ ပြုံးလို့ရွှင်လို့

ပျက်စီးနေတဲ့ခေါင်မိုး
ဒါကတော့ ခေါင်မိုးပေါ်က လင်းနို့တွေပါ။
ဘုရားအဝင်ဝက သစ်သားတံခါး ထွင်းထားတာလေးက လှမှလှ
ဒါတွေ ကဒီဘုရားထဲမှာရှိတာပါ။
ရွှေစာရံရောက်ရင် ဝင်ဖူးဘို့မမေ့နဲ့နော်……………..

11 comments

  • padonmar

    August 15, 2011 at 11:25 pm

    ထူးဆန်းတယ်နော်၊ဘုရားကို လျှို့ဝှက်လမ်း လုပ်ထားတယ်ဆိုတော့ ရန်သူလာရင် ဒီမှာလာပုန်းမယ်စိတ်ကူးနဲ့များတည်ထားလေသလား၊

    • pan pan

      August 16, 2011 at 9:38 am

      ပုဂံကဘုရားတွေမှာလည်း အဲလိုရှိပါတယ်တဲ့
      ဘယ်ဘုရားလည်းတော့မမှတ်မိတော့ဘူး (သိတဲံလူများလည်း ပြောပေးပါ)
      ရန်သူလာရင် ဘယ်မှာပုန်းဖို့၊ ဘယ်ကဝင်ဖို့ ဘာညာပေ့ါ
      အဲဒီဘုရားရောက်တုန်းက သူများပြောလို့သိရတာပါ

  • မီးမီး သော်

    August 15, 2011 at 11:39 pm

    ဒီလို ဘဲဖြစ်မှာပါ။ဘုရားထဲဝင်ပုန်းတော့လွတ်နိုင်မယ်ထင်ပါတယ်

  • ဆူး

    August 16, 2011 at 12:43 am

    လျို့ဝှက်လမ်းက အခုတော့ လင်းနို့ အတွက် အိမ်ယာစီမံကိန်း ဖြစ်နေလောက်ရောပေါ့။

  • MaMa

    August 16, 2011 at 7:05 am

    မြောက်ဖက်အထွက်က ဘုရားလေးတွေက နံရံအပေါ်မှာ ပန်းချီပုံတွေ ထင်တယ်။ သစ်သားတံခါးကလည်း ခုခေတ်လက်ရာတွေ လိုက်လို့မမှီဘူး။ လှမှလှ။ ပန်းတမော့လက်ရာတွေကလည်း ထုကြီးထည်ကြီးတွေ။ ကျောက်စာဖတ်ရတာတော့ မြန်မာစာဖြစ်နေပြီနော်။ သိင်္ဃသူ့သမီး ကျောက်စာတို့နဲ့စာရင် နောက်ကျမယ်ထင်တယ်။ မြန်မာလို ဖတ်လို့ရတယ်။

  • nature

    August 16, 2011 at 10:05 am

    ပုဂံဘုရားတွေက ကျနော့်အမြင်မှာတော့ ထုကြီး ထည်ကြီးနဲ့ ခံတပ်ကြီးနဲ့တူတယ်။ အပေါ်တက်ဖို့ လျှို့ဝှက်လမ်းလေးတွေကလည်း မထင်မှတ်တဲ့ နေရာမှာ ရှိတတ်တယ်။ ညနေစောင်းဆို ဘုရားပေါ်ကနေ sunset ကြည့်သူတွေများတယ်။

  • နွယ်ပင်

    August 16, 2011 at 10:45 am

    ဘုရားမှာ လှို့ဝှက်လမ်းကလေးပါ ပါတယ်ဆိုတော့
    အရင်ခေတ်က လူတွေရဲ့ စိတ်ကူးကောင်းလေး တစ်မျိုးထင်တယ်နော် ……….

  • etone

    August 16, 2011 at 3:45 pm

    လေးပေါက်ပုံကြည့်ပြီး သမီးအသက်ရှု ကြပ်လာတယ် …။ ( ဘာမှန်းမသိတဲ့ စိတ်)
    ဟိုးတခါ ရွှေဥမင်လှိုဏ်ဂူတော် (ပင်းတယ) သွားတုန်းက … ကြောက်လွန်းလို့.. လှိုက်ဂူထဲ မဝင်ရဲဘူး … ဘာမှန်းမသိတဲ့ စိတ်နဲ ့ပေါ့ … အဒေါ်တွေက လူတိုင်း ဝင်တာ မကြောက်နဲ့ ဘာမှ မဖြစ်ဘူး… အထဲမှာ ကျယ်တယ်ပြောလည်း မဝင်ဘူး … စိတ်ထဲမှာ အပေါ်က လှိုက်ဂူများ တုန်ခါမှူကြောင့် တစ်ခုခု ဆိုတဲ့ အတွေးမျိုးတွေးပြီး အသက်ရှုကြပ်တာ… လူက မူးချင်သလိုလိုတောင် ဖြစ်တယ် .. ကြံဖန်ကြောက်တာပါ… နောက်တော့ အားလုံးက ဆွဲပြီး ခေါ်တော့မှ ကြောက်ကြောက်နဲ့ပါသွားတာ … အထဲရောက်တော့ ခေါင်းလေး ကလည်ကလည်နဲ့ ဟိုကြည့်ဒီကြည့်ပေါ့… 😀
    အပြင်ထွက်မှ အသက်ဝဝရှု ရဲတယ် .. ဘာဖြစ်လို့လည်း နားမလည်ဘူး 🙁

  • လေးပေါက်ကတော့ ပုဂံမနူဟာဘုရားရောက်တော့ အသက်ရူကျပ်လာတာပါ။
    မွန်းမွန်းကျပ်ကျပ်ကြီးဖြစ်သွားဘူးတယ်။
    ပုဂံကိုသွားပြီး ဓါတ်ပုံရိုက်ချင်သေးတယ်ဗျာ။

  • weiwei

    August 16, 2011 at 9:52 pm

    မန်းလေးတောင် သွားလည်ချင်စိတ်ပေါက်နေပြီ ..
    အခုတလော ပုံတွေကြည့်ရတာများလာပြီး စိတ်ပါလာပြီ …

Leave a Reply