အင်းပြောမယ်သာပြောရပါတယ်။ကြားရသူ အပေါင်းနားနဲ့ မနာ ဖဝါးနဲ့ နာစေ့ချင်ပါတယ်။မှားကြပြန်ပါပီတဲ့။အဲဘယ်လို များတုန်း။ဘယ်တုန်းကလဲ။ဘယ်သူတွေလဲ။ဘာကြောင့်လဲ။အမျိုးမျိုးသော မေးခွန်းတွေ လားပေါင်းများစွာ အဖြေကျပ်အနေကျပ်လှပါရဲ့ ။ချစ်သူ သမီးရည်းစား တွေ ချိန်းတွေ့ ကြရာက နေဖြစ်ကြတာပါတဲ့။အယ် ချိန်းတွေ့ ကြတာ ဘာဆန်းသလဲ မမေးပါနဲ့  ဟုတ်ဖူးလား။ဟုတ်ပါတယ် ဘာသာဘာဝ ရှိကြတာပေါ့။ခုက နည်းနည်းပို ဆန်းနေမလားဘဲ။ဘယ်လို မှထင်မထားတဲ့ လက်လွန်ခြေလွန် နယ်ကျော်ကြတာပါတဲ့။ဘယ်လိုကြီးလဲနော်—?ဒီပို့ စ်ကို ရေးမယ်ဆိုတော့ ဒီအဖြစ်က ဟုတ်မှဟုတ်ပေါ့ မလား. စုံစမ်းရသေးတယ်။ဒေသခံတွေရော၊နယ်မြေရဲစခန်းပါ၊ကျောင်းသားတွေပါ မကျန် အားလုံးလိုက်မေးရတော့တာပေါ့။ဘယ်သူ တဦးတယောက်ကိုမှ မနစ်စေလိုတဲ့ အတွက်နာမည်များကို ချန်လပ်ခဲ့ပါမယ်။

ဖြစ်ပျက်တာက မုဒိမ်းမှုလား၊အလိုတူအလိုပါများလား ရွာသားများကူပြီးစဉ်းစားပေးကြပါဦး။ဘယ်လိုဖြစ်ပါစေ အားလုံးအတွက်တန်ဖိုးရှိမယ့်မက်ဆေ့စ်လေး ဖြစ်မယ်ဆိုရင်ဝေငှ ရကျိုးနပ်ပါပီ။
ဒီလိုပါ—စစ်တွေတက္ကသိုလ် ပထမနှစ် ဓာတုဗေဒ ကျောင်းသူလေးက သူ့ ချစ်သူ ကောင်လေးနဲ့ ချိန်းတွေ့ ဖို့ ရာ ကျူရှင်ကနေ လိုက်သွားရာကစတာပါဘဲ။သွားချိန်းကြတဲ့နေရာက. စစ်တွေမြို့မရုပ်ရှင်ရုံပါတဲ့။ရုပ်ရှင်ကြည့်ရင်းနဲ့ အတွဲတွေ ချိန်းကြတာမဆန်းပါဘူးနော်။ကောင်လေးက ရေသန့် ဗူးလေးတဗူးနဲ့ စားစရာ အချို့ ဝယ်တယ်ပေါ့။ဒီလိုနဲ့ စကားပြောလိုက်၊ရုပ်ရှင်ကြည့်လိုက်၊ရေသောက်လိုက်၊မုန့် စားလိုက်ပေါ့။ချစ်သူဘာဝ ဟိုတို့ သည်တို့ ပေါ့။ကောင်လေးကလဲ စားလိုက်သောက်လိုက်ပါဘဲ။ဒါပေမယ့် ရေသန့် ဗူးထဲမှာ ကောင်လေးကကြိုပြီး စိတ်ကြွဆေးတွေထည့်ထားပါသတဲ့။မိန်းကလေး ကိုဘဲတိုက်တာမဟုတ်ပါဘူး။နှစ်ယောက်စလုံးအတူတူဒီဗူး ကိုဘဲသောက်ကြတာလေ။ဆေးအချိန် တက်လာတော့ပြဿနာကစပါပီ။အတင်းဖက်လဲတလင်း နဲ့ပေါ့။ထိန်းမနိုင်သိမ်းမရနဲ့ လွန်ကဲလာတော့ ဘေးဘီက လူများဝိုင်းဟန့် ပေမယ့် လုံးဝမရတော့လို့ ရဲစခန်း ဖုန်းဆက်ခေါ်ရပါတော့တယ်။တာဝန်ရှိသူ တွေရောက်လာတော့လဲ. ဆေးရှိန်မပြေ သေးတဲ့ နှစ်ယောက်ဟာ ဝုန်းဒိုင်းကြဲ သောင်းကျန်းနေကြတုန်းပါဘဲ။ အားလုံးသောရုပ်ရှင်ကြည့်ပရိသတ်များလဲ ရုပ်ရှင် မကြည့်ကြတော့ဘဲ ဇာတ်ဝင်ခန်း အချစ်ဖွင့်ခန်းကို ဝိုင်းကြည့် နေလိုက်ကြတာ ဟိုနှစ်ယောက်ကို ရဲကဝိုင်းပြီး ကိစ္စပြီးငြိမ်သည်ထိ ယိုင်ကာသလိုကာပေးကြရပါတယ်တဲ့။နောက်တော့ ဆိုင်ရာလူကြီးများကခေါ်ယူ စစ်ဆေးပြီး အရေးယူထားပါတယ်တဲ့။ယောကျာ်းလေးကတော့ခု အချုပ်ထဲမှာပါ။မိန်းကလေး ဖြစ်သူက သူသတိရလာတဲ့အခါ သူဘာကိုမျှမမှတ်မိကြောင်း၊ရုပ်ရှင်ကြည့်တာတော့ ဟုတ်မှန်ကြောင်း၊ရုပ်ရှင်ကို သွားဖို့ သူ့ ကောင်လေးက ကျူရှင်တွင်လာခေါ်ကြောင်းနဲ့ သူ့ စက်ဘီးကျူရှင်တွင်ကျန်ခဲ့ကြောင်းထွက်ဆိုပါတယ်။မိန်းကလေး မိဘများက မူးယစ်စေသော စိတ်ကြွဆေးဖြင့်မြူဆွယ်သည်ဟု တိုင်တန်းတရားစွဲဆိုထားကြောင်းပါ။
မူးယစ်ဆေးကြောင့် မှားကြတာလား၊နဂိုက ရောဘယ်နှစ်ကြိမ်မှား ဘူးကြသလဲကတော့ သူတို့ သမီးရည်းစားဘဲသိမှာပါ။ဘယ်လို အရေးယူမလဲ ကတော့ ခုထိမသိရသေးကြောင်းပါ။ကိုယ့်ချစ်သူအပေါ် မှာ ယုံလို့ ပုံအပ်မိပါတယ်ဆိုမှ ခုလိုကြီးလူမြင်ကွင်းကြီးထဲဖြစ်ပျက်တာကတော့—–

About အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး

အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး has written 139 post in this Website..

ကြောက်တတ် ရင် နှစ်ခါ သေတယ်။