ခေါင်းစဉ်ရှိ စာသားကို အမည်တပ်ပြီး မြန်မာနိုင်ငံတွင် ဘေးဒုက္ခများကျရောက်တော့မည် ဖြစ်ကြောင်း၊ စစ်မက်ဖြစ်ပွားမည်
လူများသေကြေပျက်စီးမည်ဖြစ်ကြောင်း ထို့ ကြောင့် လွတ်မြောက်ရန်အတွက်ဘာသာတရားကို ကိုင်းရှိုင်းကြရန်နှင့် ချေသင့်သည့် ယတြာများကို
ရေးသားထားသည့် စာရွက်များပဲခူး၊ ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ကျွဲကော့ များအထိပြန့် နှ့ံနေသည် ဟုသိရသည်။
ပဲခူးသည် လက်ရှိတွင်လည်း ရေကြီးပြီး အခက်အခဲဒုက္ခများရင်ဆိုင်နေရသည့်အတွက်ကြောင့် ယခုစာရွက်
ရရှိသောအခါ ဗဟုသုတ ဓာတ်ခံ အားနည်းသူ လူထုအဖို့ စိုးရိမ်စိတ်များ ဖြစ်ပွားနေရကြောင်း သိရသည်။
ထိုစာရွက်တွင်ဖြစ်မည့် ရက်စွဲများပါသည်ဟုလည်း သိရသည်။ ၈လပိုင်း ၁၅ရက်နေ့ တွင် စတင်အမှောင်ကျမည်ဖြစ်သည်။
၂၀၁၂တွင် ကမ္ဘာပျက်မည် ဆိုသော ဇာတ်ကားတစ်ကားသည် စိတ်ကူးယဉ်ကားဖြစ်သော်လည်း ထိုဇာတ်ကားရုံတင်ပြီးသောအခါတွင်လည်း ၂၀၁၂တွင် ကမ္ဘာပျက်မည်ဆိုသော ကောလဟာလများထွက်လိုက်သေးသည်။
သို့ သော် ထွက်သည့်ကောလဟာလများမှာ မကြာမီမှာပင် ပျောက်ကွယ်သွားသော်လည်း ယခုထွက်သည့် ကောလဟာလမှာ
ဘယ်ကဖြန့် မှန်းမသိသည့် စာရွက်များပြန့် နေခြင်းကြောင့် ယုံကြည့်နေကြသည်ဟု သိရှိရသည်။
(ပြည်မြန်မာဂျာနယ်ကို ကိုးကားပါသည်)

moonpoem

About moonpoem

has written 159 post in this Website..

ရယ်သောသူ အသက်ရှည်၏ THAKHIN CJ #2212011 ( 5/5/16)