ကမာ္ဘကြီးရပ်တန် ့ပြီး ၄၅ရက်ကြာ အမှောင်ကျမည်

moonpoemAugust 16, 20111min17519

ခေါင်းစဉ်ရှိ စာသားကို အမည်တပ်ပြီး မြန်မာနိုင်ငံတွင် ဘေးဒုက္ခများကျရောက်တော့မည် ဖြစ်ကြောင်း၊ စစ်မက်ဖြစ်ပွားမည်
လူများသေကြေပျက်စီးမည်ဖြစ်ကြောင်း ထို ့ကြောင့် လွတ်မြောက်ရန်အတွက်ဘာသာတရားကို ကိုင်းရှိူင်းကြရန်နှင့် ချေသင့်သည့် ယတြာများကို
ရေးသားထားသည့် စာရွက်များပဲခူး၊ ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ကျွဲကော့ များအထိပြန် ့နှ ံ့နေသည် ဟုသိရသည်။
ပဲခူးသည် လက်ရှိတွင်လည်း ရေကြီးပြီး အခက်အခဲဒုက္ခများရင်ဆိုင်နေရသည့်အတွက်ကြောင့် ယခုစာရွက်
ရရှိသောအခါ ဗဟုသုတ ဓာတ်ခံ အားနည်းသူ လူထုအဖို့ စိုးရိမ်စိတ်များ ဖြစ်ပွားနေရကြောင်း သိရသည်။
ထိုစာရွက်တွင်ဖြစ်မည့် ရက်စွဲများပါသည်ဟုလည်း သိရသည်။ ၈လပိုင်း ၁၅ရက်နေ ့တွင် စတင်အမှောင်ကျမည်ဖြစ်သည်။
၂၀၁၂တွင် ကမာ္ဘပျက်မည် ဆိုသော ဇာတ်ကားတစ်ကားသည် စိတ်ကူူူးယဉ်ကားဖြစ်သော်လည်း ထိုဇာတ်ကားရုံတင်ပြီးသောအခါတွင်လည်း ၂၀၁၂တွင် ကမာ္ဘပျက်မည်ဆိုသော ကောလဟာလများထွက်လိုက်သေးသည်။
သို ့သော် ထွက်သည့်ကောလဟာလများမှာ မကြာမီမှာပင် ပျောက်ကွယ်သွားသော်လည်း ယခုထွက်သည့် ကောလဟာလမှာ
ဘယ်ကဖြန် ့မှန်းမသိသည့် စာရွက်များပြန် ့နေခြင်းကြောင့် ယုံကြည့်နေကြသည်ဟု သိရှိရသည်။
(ပြည်မြန်မာဂျာနယ်ကို ကိုးကားပါသည်)

19 comments

  • pan pan

    August 16, 2011 at 4:39 pm

    မြွေပူရာ ကင်းကတမှောင့် ဆိုတာလိုပါပဲ
    ဗဟုသုတ ဓာတ်ခံ အားနည်းသူ လူထုအဖို့ စိုးရိမ်စိတ်များ ဖြစ်ပွားနေတယ်ဆိုတော့ စိတ်မကောင်းစရာပါပဲ
    အဲဒီထဲ ပွဲလန့်တုန်းဖျာခင်းချင်တဲ့လူတွေလည်းရှိသေးတော့….
    တကယ်ဖြစ်လာရင် ကမာ္ဘမီးလောင် သားကောင်ချနင်းမယ့်လူချည်းပဲ 🙁

  • True Answer

    August 16, 2011 at 9:00 pm

    pls do wholesome deeds as much as possible,
    especially Vipassana Meditation,
    whether our world will be destroyed or not.

  • ဆူး

    August 16, 2011 at 9:23 pm

    မှောင်သွားတာမှ ပြောမနေနဲ့.. ညတုန်းကပေါ့.. ကောင်းကင်ကြီး အမှောင်ဖုံးသွားတာ.. ကြောက်ကြောက်နဲ့ မျက်စိမှိတ်ထားတာ အလင်းပြန်လာမှ ဖွင့်တယ်။

  • aung soe moe

    August 16, 2011 at 11:13 pm

    ဆူးရယ် အဟုတ်မှတ်လို့ အော် ဒါနဲ့ ဆူးကဆူးတတ်လား

    • etone

      August 17, 2011 at 12:52 pm

      ထိကြည့်လေ… ဆူးလားမဆူးလားတော့ မသိဘူး.. မီးတော့ ပွင့်သွားလိမ့်မယ် ဟဲဟဲ … ။

  • pyinlepyaw

    August 17, 2011 at 12:09 am

    ကိုအောင်စိုးမိုးရေ သွားမစပါနဲ့ မဆူးက စိတ်တိုရင် မရဘူးနော၊ ကြုံဖူး မြင်ဖူး လို့ သိနေပါတယ်၊
    မဟုတ်တာ ဖြစ်လို့ကတော့ ဆတ်ဆတ်ထိမခံ တတ်ဘူးဗျ၊

  • minthakhin

    August 17, 2011 at 1:46 am

    ကျန်တဲ့မြို ့တွေတော့မသိဘူး။ကျွန်တော်တို ့တောင်ငူမှာတော့တော်တော်ပြန် ့နေတယ်ဗျ။ စာရွက်တွေလိုက်ဝေနေတာ။ကျွန်တော်တော့မရပါဘူး။ပြောတာကြားတာကတော့ ဘုန်းကြီးကပြောတာတဲ့၊ဘုန်းကြီးကိုတော့သိကြားမင်းကအိမ်မက်ပေးတာဆိုလားပဲ (ကြားမိတာပြန်ပြောပြတာနော်)။ ကြားနေတာကြာပြီဗျ။ ကြားကြားချင်း (ဘုန်းကြီးဆီမှလို ့မကြားရသေးခင်) ထုံးစံအတိုင်းအင်တာနက်ပေါ်မွှေနှောက်ရှာရတာပေါ့ဗျာ။ ငါမသိလိုက်တဲ့ ဘာသတင်းတွေများ ရှိလဲပေါ့။ အရင်တခါ တွေ ့မိတဲ့သတင်းကတော့ နေ ၂စင်း(နောက်တစ်စင်းသည်နေကဲ့သို ့ထွန်းလင်းတောက်ပနိုင်သည်) ထွက်မည်ဆိုတဲ့သတင်းပါ။
    အဲဒါနဲ ့အချိ်န်သာကုန်သွားတယ်ဘာမှမတွေ ့ဘူး။ ဒါနဲ ့မကျေနပ်နိုင်ဘဲ ဆက်စုံစမ်းကြည့်တော့မှ။
    အားလားလား တယ်ကြောက်ဖို ့ကောင်းတဲ့သူတွေ။ နည်းနည်းလေးဟော့နိုင်တဲ့သတင်းဆို အီးမှန်းချီးမှန်း
    မသိတော့ဘူး ။ အကုန်လျှောက်ဖြန် ့တော့တာဘဲ။ သူဘဲအရင်စပြောနိုင်ရင် ဆရာကြီးကျနေတာဘဲ။
    အဲဒါနဲ ့15ရက်နေ ့ရောက်မှရပ်သွားတယ်။ အရင်တခါလည်းဖြစ်သေးတယ် ဟေတီနိုင်ငံ ငလျှင်လှုပ်ပြီးတော့ နှစ်ပါတ်လောက်နေတော့ weekly eleven မှာ ငလျှင်ကြောပေါ်မှာရှိတဲ့မြို ့တွေပါလာတယ်။တောင်ငူမြို ့လည်းပါလာပါတယ်။ eleven မှာပါတာက ငလျှင်လှုပ်ရင် သိထားသင့်တဲ့အချက်တွေရေးထားတာ။ ပြသနာအဲဒီမှာစတာဘဲ။ နောက် 10 ရက်နေရင်တောင်ငူမြို ့ငလျှင်လှုပ်မယ်ဆိုပြီး ကောလဟာလ ဖြစ်ပါလေရော။ ကျွန်တော်က လာလာပြောနေတဲ့သူတွေကို မေးတယ် (ခင်ဗျားတို ့) ဘယ်လိုသိလဲပေါ့။ ဟာ ဂျာနယ်ထဲမှာပါတာလေ မင်းမသိဘူးလားတဲ့ ။ကောင်းရော ဘယ်ဂျာနယ်မှန်းလည်းသူသိတာမဟုတ်ဘူး သူများပြောတာကို သူဘဲဖတ်လာရသလို နဲ ့ပြောနေတာ။ ကျွန်တော်ပြောခဲ့ဖူးသလိုပါဘဲ ကျွန်တော်တို ့နိုင်ငံရဲ ့ပညာရေး စနစ်ကလဲနိမ့်၊ စာဖတ်အားကလည်းနည်းတော့ ဘာမှကိုမဆင်ခြင်မသုံးသပ်ကြတော့ပါဘူး။ အရာရာတိုင်းကိုလက်တွေ ့ဖြစ်မှယုံခိုင်းတာမဟုတ်ပါဘူး။ အကြောင်းအရာတစ်ခုပေါ်မှာ ဆင်ခြင်သုံးသပ်နိုင်တဲ့ အတွေးအခေါ်မျိုးကိုတော့ဖြင့် အထိုက်အလျှောက်ရှိစေချင်ပါတယ်။အဲဒါကြောင့် ကျွန်တော်တို ့လူမျိုးတွေ ဒါမျိုးတွေမှာမနိမ့်ကျအောင် ကျွန်တော်တို ့အားလုံးမှာတာဝန်ရှိပါတယ်လို ့ပြောချင်ပါတယ်။
    IQ နဲ ့EQ ထက်ကို reasonable thinking , critical thinking မြင့်ပါမှာ ဒါတွေကိုဖယ်ရှားဖြစ်နိုင်မှာပါ။

    • kai

      August 17, 2011 at 4:09 am

      အဲဒီလို ..သချာင်္မတတ်..စာမတတ်.. နိုင်ငံတကာအတွေ့အကြုံမရှိသူတွေစကား.. မယုံပါနဲ့လို့..ပြောချင်နေတာ…။
      ကိုရင်မင်းသခင်ပြောလိုက်မှပဲ.. ပြတ်တော့တယ်.။
      ဒီလို အတွေးအပြောကို..အားပေးတယ်..။ ဆက်လုပ်ဗျို့.. 🙂

  • ကြောင်ကြီး

    August 17, 2011 at 8:18 am

    စိတ်ကောင်းမွေး အကုသိုလ်မလုပ်နဲ့ ငါးပါးသီလလုံကြဗျို့။ တတ်နိုင်ရင် ဗလိနတ်စာကျွေးပြီး မိတ်ဖြစ်ဆွေဖြစ် လုပ်ထားတာမမှားဘူး။ ညအိပ်ရင်လည်း ကမာ္ဘစောင့်နတ်ကို တိုင်တည်ပြီးမှအိပ်။ ရထားတဲ့ ယတြာတွေလည်း အကုန်လုံး လိုုလိုမယ်မယ်လုပ်ထား။ ကိုယ်ဖြစ်ကိုယ်ခံ တကယ်တမ်းဖစ်ရင် သဂျီးက လာကယ်မှာ မဟုတ်ဘူး။ ပဲခူး၊ တောင်ငူနဲ့ လော့စ်အိန်ဂျလိစ်ဆိုတာ အဝေး………..ကြီး။

  • moonpoem

    August 17, 2011 at 12:31 pm

    ဘာပဲဖြစ်ဖြစ် ဘုရားတရားလုပ်ဖြစ်တယ်ဆိုရင်တော့ ကိုယ့်အတွက် အမြတ်ပါပဲလေ

  • thit min

    August 17, 2011 at 12:46 pm

    That is simple, after the sun set, the dark will come, of course. Let me quote here, “Education teaches “how to think what is true of false”.Be wiser!

  • မီးမီး သော်

    August 17, 2011 at 12:55 pm

    ဒီလို မျိုးကောလဟ တွေကြောင့်လဲ ဗဟုသုတ ဓါခံအားနည်းသူတွေကလဲ ယုံကြလွန်းပါတယ်။ကျွန်မတို ့လို တောမကျ မြိ ု့မကျနေရာတွေက ပိုယုံလွယ်ကြမယ်ထင်ပါတယ်။လိမ်လို ့ညာလို ့လှည့်လို ့ပတ်လို ့အမြဲ ခံ ခံနေရလို ့ပါ။

  • zawmaung

    August 17, 2011 at 1:05 pm

    Myanmar celebrity news is more interesting. This topic is boring.

  • cobra

    August 17, 2011 at 3:06 pm

    ရူးနေကြလား..
    ဘယ်လိုကောင်မျိုးကဒါမျိုးတွေလာလုပ်နေတာလဲ
    အရေးမပါတဲ့ကောင်တွေပဲ။

  • mnoe

    August 17, 2011 at 11:48 pm

    moonpoem မဖတ်လိုက်မိလို့ထင်တယ်၊ ဒီသတင်းက တော်တော်ကြာပါပြီ။ Forward mail တွေထဲမှာကော ဆိုက်တွေထဲမှာပါ ပလူပျံနေပြီးလို့ ရင်ပူ သောကများနေခဲ့သူတွေတောင် မေ့သွားလောက်ပါပြီ။ အခုပြန်စတာလားမသိနော်။ လူတွေမှာ ကိုယ့်သောကနဲ့ကိုယ် လုံလောက်နေပါပြီ။ တော်ကြာ ကမာ္ဘပျက်လို့မသေဘဲ ကြောက်လု့ိ သေနေဦးမယ်။ ဘုရားတရားလုပ်တာကတော့ ကောင်းပါတယ်။ ကမာ္ဘမပျက်လဲ ဒါကတော့ လုပ်နေကြရမှာပဲလေ။ ငါးပါးသီလလုံရင်တော့ ယတြာတောင်မလိုဘူးထင်ပါတယ်။

  • pasi

    August 18, 2011 at 1:36 pm

    မိုးပြိုရင် လူအများပဲ ပေစိတို့တော့ တစ်တီတူးလို ခြေထောက်ထောင်အိပ်တယ် တို့နားလာအိပ်တဲ့လူ မိုးပြိုတဲ့ ဘေးကလွတ်မယ် (မှတ်ချက်။အအိပ်ကြမ်းရင် လက်မခံဘူး)

  • O2

    August 19, 2011 at 2:24 pm

    မြန်မာပြည် အမှောင်ကျနေတာ နှစ်ပေါင်းများစွာ ကြာနေပြီပဲ။ ညဆို မီးမလာလို့ မှောင်တယ်။ လူတွေရဲ့ အတွေးအခေါ်နဲ့ အသိပညာကလည်း အသုံးမကျတဲ့ ပညာရေး စနစ်ကြောင့် အမှောင်ဖုံးသွားတာ ကြာပေါ့။

  • nature

    August 19, 2011 at 7:02 pm

    …၈လပိုင်း ၁၅ရက်နေ ့တွင် စတင်အမှောင်ကျမည်ဖြစ်သည်။…
    ဒီနေ့ ၈လပိုင်း ၁၉ ရက်နေ့ရော်နေပြီ။

Leave a Reply