မြို့လည်ခေါင်မှာ. ထော်လာဂျီ .. ခပ်တည်တည်နဲ့ ဝင်ဆော်သည်

fattyAugust 16, 20111min13116

အားတော့နာပါရဲ့ ဝင်ဖတ်တဲ့သူတွေကို ………..
အကြောင်းအရာကဘာမှမဟုတ်လှပါဘူး ……..
ဒီနေ့ မြို့လည်ခေါင် ရောက်တုန်း အဝေးနေသူတွေ ရန်ကုန်မြို့ကြီး
ဘယ်လောက်တိုးတက်နေပြီလဲ ဆိုတာသိစေချင်လို့ ….
အလွမ်းပြေလေးလဲ ကြည့်ရအောင်ဆိုပြိး ချိန်လိုက်တာ ……..
ရိုက်ကွင်းထဲဝင်လာတာက မြင်တဲ့အတိုင်းဘဲလေ …။
သီးခံပြီးဘာမှမဟုတ်တာလေးကို ကြည့်လက်စနဲ့ပြီးအောင်သာကြည့်ကြပါတော့လို့ ..။

သူတို့လဲ သတင်းယူတာဘဲဗျ ….။

အောက်ဆုံးပုံကတော့ ဆန့်ကျင်ဘက်
မြင်ကွင်းပေါ့နော .. သတင်းပုံအနေနဲ့
Auto နဲ့ဘဲနှိပ်ထားတော့ ပုံကတော့
သိပ်မကောင်းဘူးပေါ့ဗျာ …။

မြို့လည်ခေါင်မှာ ကင်မရာကြီးတကားကားနဲ့
ဆိုတော့ သိပ်တော့စိတ်မချရသေးဘူးဗျ။
မတော် .. ကိုယ်ကလဲ ကင်မရာချိန်နေ ..
တိုက်ဆိုင်ပြီး ပေါက်ကွဲမှုကလည်းဖြစ်လိုက်ရင်
ဆိုင်ကယ်စီးခိုင်းနေမှာစိုးရသေးတယ်။
မစီးရတာကြာပြီလေ ..။ ကျနော်တို့မှာ
အကြောက်တရားတွေရှိနေဆဲပါလား ..။

16 comments

  • ပေါက်ဖော်

    August 16, 2011 at 4:48 pm

    နှမြောလိုက်တာ နာ့ထော်လာဂျီလေး..
    အော်မှန်လေးတွေ ကွဲပြီး..တစ်စစီ အမှုန် ့ဖြစ်သွားလို ့.အစတောင် ရှာမရတော့ဘူး..
    ပြန်ပြင်ရင် မနဲ ကုန်တော့မယ်..ရောင်းရင်လဲ တိုက်ကားမိုလို ့ဈေးနှိမ်ခံရဦးမယ်..
    အဟီ :p

    စတီးတန်းကြီး တောင် လိမ်သွားတာ..အရှိန်တော့ မသေးလောက်ဘူး

    thank u fatty!

  • pan pan

    August 16, 2011 at 4:55 pm

    ဒီလောက်ကားရှုပ်တဲ့ဆူးလေမှာ ထော်လာဂျီက ဘယ်လိုသွားမှာလဲမသိ
    သူက နှေးနှေးလေးသွားတာဆိုတော့လေ…
    ဒီမိုကရေစီသာဆိုတယ် မြို့ထဲမှာ ကင်မရာတောင်လွတ်လွတ်လပ်လပ် မကိုင်ရဲရပါလားနော်… 🙁

  • nozomi

    August 16, 2011 at 5:00 pm

    တခြားထော်လာဂျီတွေတော့ မြို့ထဲ ဝင်လို့မရလောက်ဘူးထင်တယ်
    စည်ပင် နဲ့ ပတ်သက်တဲ့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်နေတဲ့သူတွေ ဖြစ်မယ်
    ဘာမှ မဖြစ်တာ အကောင်းဆုံးပဲ မတော်တဆမှု တစ်ခုခု ဖြစ်ပြီဆို တိုက်လိုက်လဲမကောင်း ခံရလဲမကောင်း
    ငွေကုန် အလုပ်ရှုပ်နဲ့ တော်တော် စိတ်ညစ်ဘို့ကောင်းတာ

  • Harumoto

    August 16, 2011 at 5:01 pm

    အော်…. မြို့ထဲသွားရင်း တွေ့မိပါတယ်..
    စည်ပင်က ထော်လာဂျီ သဲအိတ် ဘိလပ်မြေအိတ် တွေတင်ပြီး
    ဘယ်နေရာပြင်ဘို့လဲလို့တလွဲ တွေးမိ သွားတယ်..
    အဖြစ်မှန်က ဒီလိုကိုး….
    ကျေးဇူးပါခင်ဗျာ။

  • manawphyulay

    August 16, 2011 at 5:32 pm

    လမ်းပြင်တာမဟုတ်ဘူးလား။ ပီပီနဲ့တော့ တွေ့နေပြီ… ဘယ်လောက်တောင်းနေလဲမသိ….

  • MaMa

    August 16, 2011 at 5:53 pm

    ကြုံလို့ ပြောရဦးမယ်။ မြစ်ကြီးနားက ကားလမ်းပုံ ပိုစ့်တက်တုန်းက ငါတို့ဆီက ကားလမ်းကိုလည်း ရိုက်ပြီး တင်လိုက်ဦးမယ်လို့ စဉ်းစားမိတယ်။ တကယ်တမ်းကျတော့ ကင်မရာကိုင်ပြီး လူကြားထဲမှာ လိုက်မရိုက်ရဲတာနဲ့ပဲ မတင်နိုင်တာ။ ဘုရင့်နောင်တံတားက အသေးစားယာဉ်တိုက်မှုဆိုပြီး လျှပ်တပျက်ရိုက်ချက်တွေနဲ့ ပိုစ့်တင်တဲ့ etone ကို ချီးကျူးမိတယ်။

    • Foreign Resident

      August 17, 2011 at 3:39 am

      ” ကင်မရာကိုင်ပြီး လူကြားထဲမှာ လိုက်မရိုက်ရဲတာနဲ့ပဲ ” 😛
      Don’t worry much, nothing will happen, be brave !!! 😀

      • etone

        August 17, 2011 at 3:49 pm

        အောင်မလေး ကိုနိုင်ငံခြားသားကြီးရယ် .. ထင်လို့ပါ …။
        အခုနောက်ပိုင်း ကင်မရာကိုင်လျှင် မပြောနဲ့ … အခင်းဖြစ်ပွားတဲ့ အချိန် ဖုန်းပြောနေလျှင်တောင် ခေါ် အစစ်ဆေးခံရတယ်(ဖုန်းနဲ့ ဓါတ်ပုံရိုက်မှာစိုးလို့… ) .. ကိုယ်တွေ့ရှင့် …. ကိုယ်တွေ့ … ။ ပြန်စဉ်းစားမိလျှင် ဒေါသထွက်တယ် တယ်တုံးတဲ့ ငါပါလားလို့လေ … 🙁 🙁

  • naywoonni

    August 16, 2011 at 7:55 pm

    ထော်လာဂျီ ဆိုလို့ အမှတ်ရပါသေးရဲ့…။ အခါတစ်ပါးက မြစ်ကြီားဖက်က တပ်ရင်းမှူးတစ်ယောက်ဆဲတာ…။ အဟုတ်… ထော်လာဂျီအသံကြားတိုင်းဆဲတာ…။ ” ရိုးမ ဟာတွေ…။ ပလပ်စတစ်နဲ့ နှိပ်စက်ရုံနဲ့ အားမရလို့ အသံနဲ့ပါထပ်နှိပ်စက်နေတယ်” တဲ့…။ စဉ်းစားသာကြည့်တော့..။

  • PMP

    August 17, 2011 at 12:24 am

    ဘဲဥ နဲ့ဈေးညှိနေပုံလည်း ပါတယ်တော့..:P

  • kai

    August 17, 2011 at 3:49 am

    အင်မတန်စိတ်ဝင်စားစရာ ဓါတ်ပုံသတင်းပါ..။
    ဘယ်နှယ်.. ရန်ကုန်မြို့လည်ကြီး..နေ့ခင်းကြောင်တောင်… ထော်လာဂျင်္ီက.. လမ်းလယ်အကာဝင်တိုက်တာကိုး..။

    သမိုင်းကျန်ရစ်မဲ့ ပုံပါပဲ..။
    ကျေးဇူး…။

  • မီးမီး သော်

    August 17, 2011 at 12:01 pm

    ဟာ ဘဲဥတော့ ဒီနေ ့ဗိုက်ခွေးနမ်းပီ. ဟိ ဟိ။တောင်းလို ့ရသမျှ အရက်ဆိုင်ဘဲရောက်မလား၊ကာရာအိုကေဘဲရောက်မလား။ပုံကိုက ဝမ်းသာမဆုံးတပြံ ုးပြံ ုးနဲ ့။ဒိန်းဒေါင်းသမားကမျာမတော့ ဟင့် ဟင့်

  • zawana

    August 17, 2011 at 12:36 pm

    ဦးဖက်တီးရဲ့ ရိုက်ချက်တွေကတော့ ကောင်းပါ့ဗျား …. နောက်လည်း မြင်ချင်ပါသေးတယ် … အားပေးလျက်ပါ ခင်ဗျာ …..

  • windtalker

    August 17, 2011 at 12:56 pm

    မော်တော်ပီကယ် က
    တောင်းနေတာ မဟုတ်ဘူး ဗျ
    ကူထုတ်ပေးနေတာ
    ထော်လာဂျီခေါင်း စတီးတိုင်ကြားညှပ်နေလို ့
    ကူညီပါရစေ ပါဆိုမှ
    မယုံ ကိုဖက်တီးမေးကြည့်

  • pasi

    August 18, 2011 at 1:28 pm

    ဟားဟား သတင်းထောက်အရမ်းတော်တယ်ဗျာ ပေစိတော့သိပ်သိပ်ကြိုက်

  • cobra

    August 18, 2011 at 3:28 pm

    တိုက်ဆိုင်မှုကတေ့ာကောင်းလိုက်တာဗျာ….
    သတင်းပါတင်လို့ရတယ်။

Leave a Reply