ကလေးအတွေးရဲ ့ပဲ ့ကိုင်ရှင်

ကာယ ့ကျင့်ခန်းတွေ အရမ်းလုပ်ခိုင်းတဲ ့ ကာယဆရာ ပြောင်းသွားတော့ အားလုံးထက် ကျွန်တော်က
ပိုပြီး ဝမ်းသာခဲ ့ပါတယ်..။ ကျနော်က သူများလို ပြေးပြေးလွှားလွှား လည်းသိပ်မလုပ်နိုင်လို ့ပါ..။

ဆရာရဲ ့နေရာမှာ ပုံပြောကောင်းတဲ ့ဆရာမ အစားသစ် ရောက်လာခဲ ့တယ်။ ဆရာမအသစ်ဟာ..ကာယချိန်မှာ ကျွန်တော်တို ့ကို လေ ့ကျင့်ခန်း တခါတရံ မှာပဲ လုပ်ရပြီး ပုံပြင်တွေ ဘဲ ပြောပြနေပါတယ်။ ကစားချင်တဲ ့သူတွေ ရှိပေမဲ ့..ဆရာမရဲ ့စုန်း ၊ တစေ၊ သရဲပုံပြင ်တွေကြောင့် တစ်တန်းလုံး တိတ်ဆိတ်ပြီး နားထောင် နေကြပါတယ်။ ကျွန်နော့် အနေနဲ ့ကတော့..ကျွန်တော်တခါမှမကြားဘူးတဲ ့ပုံပြင်တွေ မို ့လို ့ပိုလို ့စိတ်ဝင်စားပါတယ်..။

ကျွန်နော် စာအုပ်တွေ ငယ်ငယ်ထဲ က ဖတ်တယ် ဆိုပေမဲ ့..အဲ ့သလိုစာမဖတ်ခဲ ့ရပါဘူး..။ကျွန်နော် ့အိမ်မှာလည်း ဖေဖေ က မထားတတ်ဘူးလေ၊..ကျွန်နော် ဖေဖေ နဲ ့မေမေ ကတော့ အဲ ့သလိုစာတွေ ပုံတွေ မဖတ်ခိုင်းခဲ ့ပါဘူး…။

ခုရက်နောက်ပိုင်းကျွန်နော်…အိမ်နောက်ဘေးလည်း တစ်ယောက်တည်း မဝင်ရဲ ဘူး၊ ပြီးတော့..ဟိုအကို ဒီအကိုနား အတင်း ကပ်နေတာကို ဖေဖေက သတိပြုမိနေပါတယ် ။

“ခုတစ်လော မင်းကိုကြည့်ရတာ တစ်မျိုးဘဲသား…ဘာဖြစ်နေတာလည်းသား..”

ကျွန်တောာ်ဖြေဖို ့အသံတိတ်နေ တုံးကိုကိုက

” ညီညီကကြောက်လို ့ဖေဖေ.. “လို ့ဖြေခဲ ့တယ်…။

” လာပါအုံးသားငယ်…မင်းက ဘာကိုကြောက်တာလည်း….”

” ကျွန်နော် ဘာကိုကြောက်နေတာလည်းတော ့မသိဘူး..ဖေဖေ…”၊

ဒါနဲ ့ဖေဖေက

“သားရေ ..လူတိုင်းတော့ ကြောက်တက်ကြပါတယ် ။..
ဘာမှမကြောက်ဘူးဆိုတဲ့သူတောင် တစ်ခုခုကိုကြောက်နေတဲ့သူလို့ ထင်မှာတော့ကြောက်ကြမှာပါ။
ထားပါ….။ ဖေဖေသိ သလောက်ပေါ့ကြောက်တဲ့နေရာမှာ သုံးမျိုးရှိတယ်သား ”

* သိလို့ကြောက်တာရယ်။

* မသိလို့ကြောက်တာရယ်။

* အထင် နဲ ့ကြောက်တာရယ်..။

တစ်ခါတစ်လေမှာ သိရင်ကြောက်ပါတယ်။

ဥပမာ..အိမ်ရှေ ့အိမ်က ခွေး ကိုက်တက်သည်။
အဲ ့ဒိ့အိမ်ကခွေးကိုက်တာ သိတော့သားမကြောက်ဘူးလား…..ကြောက်တယ်မလား။

ဥပမာ..ခွေးမကိုက်တက်ပါ။
အဲ ့ဒီ ့ခွေး မကိုက်မှာသိရင်တော့ ဘယ်ကြောက်မှာလဲနော်။ ခွေးမကိုက်ဘူးဆိုတာ မသိလို့လဲကြောက်တာပေါ့။

တစ်ခါတစ်လေကြတော့

သိလို့လဲ ကြောက်တယ် မသိလို့လဲ ကြောက်တယ်။

ဥပမာ.ဓာတ်တိုင်ပေါ်ဖတ်တက်ပြီး မီးကြိုးတွေဖြုတ်ရမယ်ဆိုပါစို သား..။ ဓာတ်လိုက်ရင် သေတက်တယ်ဆိုတာ သားလည်းသိတယ်နော်….ဒါက သိလို့ကြောက်တာနော်။

ပြီးတော့ ဓာတ်မလိုက်အောင် ဘယ်လိုကြိုးတွေဖြုတ်ရမလဲ ဆိုတာ သားကမသိဘူး မသိလို့လဲကြောက်တတ်တယ်။

တစ်ချို့ကြောက်တာက အထင်နဲ့ကြောက်တာ။

သိလားဆိုတော့ သေသေချာချာတော့မသိဘူး။ မသိဘူးလားဆိုတော့ ကြားတော့ကြားဖူးနေတယ်။

လူတိုင်းလဲ တော်တော်များများလဲယုံကြည်ထားတယ်။ လူတိုင်းနည်းပါးလည်းကြောက်ကြတော့ ကိုယ်ပါလိုက်ကြောက်နေရတာ။

ဥပမာ..သရဲကြောက်တယ်ပေါ့။(ဖေဖေလည်း အထင်နဲ့ကိုကြောက်ပါတယ်)

မင်း သရဲဆိုတာသိလားမေးရင်တော့ ဘယ်လိုဖြေမလဲ..နော်။ မသိဘူးလားဆိုတော့ သိတော့သိတာပေါ့

သရဲ ကို သိလား၊ သရဲ ကို တွေ ့ဘူးလား ဆိုတော့ သိတော့မသိဘူး ၊တွေ ့လည်းမတွေ ့ဘူးဘူး ။ အဲလိုနဲ့ အထင်ကြောက်ကြတယ်ဆိုပါတော့။

ကဲ အခုသိပြီလား…သားဖေဖေပြောပြတာရှင်းရဲ ့လား
.သားက…အခုဘာကိုကြောက်တာလည်း….”

ဖေဖေစကားအဆုံးမှာကျွန်တော်က..ကျောင်းကဆရာမပြောတဲ ့ပုံပြင်တွေ အကြောင်းပြောပြလိုက်ပါတယ်..။

” ကဲ ့ဒီည အိပ်တော့. သား.။မနက်ဖြန်ဖေဖေ ကျောင်းလိုက်ခဲ ့မယ် ၊စိတ်မပူနဲ ့သား မင်း ဆရာမကိုလည်း ဖေဖေစကားပြောချင်တယ်၊….”

……………………….

နောက်တစ်နေ ့မနက်.. မနက်စားစားရင်း

” ဖေဖေ ကျောင်းလိုက်ခဲ ့မယ်သား..ဒါဟာအရေးကြီးတယ် ၊ ဖေဖေ ့သားဟာ..တခါမှမကြောက်တတ်ဘူး.၊

ဒါဘယ်ကစလည်း တွေးရင် ကလေးဘဝက စခဲ ့တာပဲ….

ကိုယ် ့နဲ ့ဘဝတစ်လျောက်လုံးသိခဲ ့တဲ ့အကြောက်တရားက လောကမှာ ကြောက်စရာအကောင်းဆုံးက

အကြောက်တရားပဲသား…..။

ကလေးတွေရဲ့ အကြောက်တရားကိစ္စ သိပ်အရေးကြီးပါတယ်။

တိုင်းပြည်တပြည်ရဲ ့ အဖိုးအထိုက်တန်ဆုံးက ကလေးတွေပါဘဲ…။

သားဟာ..ဖေဖေရဲ ့ရတနာဖြစ်သလို..တိုင်းပြည်ရဲ ့ရတနာဘဲ…၊ ”

ဒါတွေ ကို သားက ငယ်သေးတယ်သိမှာမဟုတ်ဘူး….ဒါကြောင့်သိနိုင်မယ့်သူတွေ ကို ဖေဖေပြောပြမယ်
ကလေးတွေ တန်ဖိုးထားမှု ဟာ ယဉ်ကျေးမှုကိုတန်ဖိုးထားခြင်းပဲ။….”

မဟုတ်မခံတတ်တဲ ့စိတ် နဲ ့ကလေးတွေ ရဲ ့စိတ်ကို တန်ဖိုးထားတဲ ့ဖေဖေ က ကျောင်းအုပ်ကြီးဆီ အရင်ဝင်ပါတယ် ၊ပြီးတော့..ကာယ ဆရာမကိုလည်း ဝင်တွေ ့လိုက်ပါတယ်။

ကျွန်နော့်ကို မေးတဲ ့မေးခွန်းမျိုးတွေ မေးပါတယ် ၊

အဲ ့ဒိနေ ့ကစပြီး..ကျွန်တော်တို ့တွေ လည်း ပုံပြင် နားမထောင်ရတော့ဘူး..လေ့ကျင့်ခန်းဘဲ လုပ်နေရတယ်၊ ကျွန်တော့် ကိုတော့ ပိုခိုင်းတော့ မှာဘဲထင်မိပေမယ့်…ဆရာမက တူတူဘဲခိုင်းပါတယ်။

ချစ်ခင်လေးစားသော

ရွှေအိမ်စည်

ဤဆောင်းပါးကိုကြိုက်နှစ်သက်လျှင်စာရေးသူကမည်ထိ ကူးပြီးဝေဌာနိုင်ပါသည်။

ဖေဖေပြောသလိုပါဘဲ လူြလောကကမာ္ဘထဲကို မှန်မှန်ကန်ကန် တွေးတောနိုင်ဖို ့ လက်ဦးဆရာတွေ ရဲ ့ပဲ ့ကိုင်ကျွမ်းကျင်မှု ကလည်း အရေးကြီးလှပါတယ်

3 comments

  • pan pan

    August 24, 2011 at 12:02 pm

    ကျွန်မလည်း ကြောက်တတ်တယ်ရွှေအိမ်စည်ရေ
    မကြောက်ဘဲ သတ္တိရှိတဲ့လူတွေ လုပ်ဆောင်သွားတာ လိုက်မလုပ်ရဲဘူး
    ကြောက်လို့…
    သိလို့လည်း ကြောက်တာပါ
    မသိလို့လည်း ကြောက်တာပါ
    အထင်နဲ့လည်း ကြောက်တာပါ

  • မီးမီး သော်

    August 24, 2011 at 1:38 pm

    အော် ကလေးအရွယ်မှာ အမှတ်မှား သွားရင် တသက်လုံးလိုက်ပြင်ဖို ့ရာ မလွယ်တော့တာလေးကိုမြင်အောင်ရေးပြသွားတာပါ။ကျေးဇူးဘဲနော် ရွှေအိမ်စည်ရေ

  • မီးမီး သော်

    August 24, 2011 at 1:42 pm

    * သိလို့ကြောက်တာရယ်။
    * မသိလို့ကြောက်တာရယ်။
    * အထင် နဲ ့ကြောက်တာရယ်..။
    ဒါကြောင့်ပေါ့ ဒီကနေ ့ဘယ်သူ ့မေးမေး စစ်သားဆိုရင် ကိုကြောက်နေကြရော။ဘီလူး၊သဘက်၊သရဲ ထက်စိုးသေး. ဟွန် ့

Leave a Reply